ဝင်းဦးရဲ့ ဂီတနက်သန် သီဆိုမှု
by Maung Maung Than on Thursday, June 21, 2012 at 4:32am ·
ဝင်းဦးဆိုတားတဲ့ ဂီတနက်သန် သီချင်းတွေ အကြောင်းရေးမလို့  ၀င်းဦး ဂီတနက်သန်
ဒီခေတ်ကလေးတွေက ရီကြမယ်၊ ကက်ဆက်ပါလာတာများ အဆန်းတကျယ်။
အဲဒီအချိန်အထိ ကျနော့်အိမ်မှာ ကျနော့် အမျိုးသမီး အလုပ်ဝင်ကထဲက ၀ယ်ထားတဲ့ Raja အမျိုးအစား ဓါတ်ခဲ ၂လုံးထိုး ကုလားရေဒီယို အစုတ်ကလေးတလုံးပဲရှိတယ်၊ တီဗွီဆိုတာ ဝေလာဝေး။
နယ်သာလင်တုံးက အပိုဆောင်းဘောက်၂ခု ၀ယ်ထားတာကို ကျနော် မရမကသယ်လာပြီး အိမ်မှာ လေးဘက်လေးတန် ဆင်ပလိုက်တယ်၊ ကက်ဆက်က နယ်သာလန် ဖီလစ် အမျိုးအစား တကယ်ကောင်းပါတယ်၊ ဂီလဒါ ၄၀လောက်ထင်ပါ့ ပေးရတယ်။ ဒေါ်လာ၂၀ပေါ့
အဲဒီအချိန်မှာ ကျနော့် အမျိုးသမီးက ဆောက်လျှပ်ကော်ပိုရေးရှင်းကို စာရင်းစစ်ကြနေတယ်၊ သူတို့ စာရင်းစစ်ရတဲ့ ရုံးထဲမှာ တိတ်ခွေတွေ ရောင်းတာတွေလဲပါတော့ လက်ဆောင်ရလာတယ်၊ ၀င်းဦးရဲ့  ငွေဝန်းသော်တာ စီးရီး၊ ဂီတနက်သန် သီချင်းများ
တီးထားတာက ၂ဖွဲ့ လို့ ထင်တယ်၊ ကိုတင်ဝင်းလှိုင်ရယ် မောင်မျိုးခင်ရယ်လားမသိ၊ ကိုတင်ဝင်းလှိုင် တစ်ယောက်ထဲလဲ ဖြစ်နိုင်တယ် ကျနော် ကာဗာ ပြန်ကြည့်လိုက်အုံးမယ်
တက္ကသိုလ်အနုပညာ အသင်းမှာတုံးက ဂီတနက်သန်ကို မိုးသက်လေနှင်နဲ့ ပွင့်ဦး နှစ်ပုဒ်ပဲ မှတ်မှတ်ရရ ခံစားခဲ့မိတယ်။
သူငယ်ချင်းချိုသန်းနဲ့  ဌေးဝင်းက တစ်ခါတစ်လေ သည်ဆောင်းဟေမန်ကို ဆိုကြတယ်၊ ကျနော်လဲ သင်္ကေတကူးထားတယ် ၊ ဒါပေမဲ့ မတီးဖြစ်ဘူး၊ သိတ်လဲ နားမထောင်မိဘူး၊
မိုးသက်လေနှင်ကတော့ ကြိုက်လွန်းလို့  အလွတ်တီးနိုင်တဲ့ အထိကို ကျင့်ထားတယ်၊ မိုးထဲရေထဲမှာကို အလုပ်တွေလုပ်ရင်းဆိုမိတယ်။
အခုကြမှပဲ ဒီသီချင်း ၁၂ပုဒ်ကို တစ်ခါထဲ ခံစားလိုက်ရတော့တယ်။
ကိုဝင်းဦး အသက်ကြီးမှ သွင်းတဲ့ သီချင်းတွေပါ၊ ငွေဝန်းသော်တာ အခုမှ ကြားဘူးတာ။ စိတ်ထဲကို စွဲသွားတယ်၊ မြနဒီဟာ ကျနော် ဆင်ဖြူကျွန်းမှာ တက်ဘူးတယ်၊ အခု တကယ်စွဲသွားခဲ့တယ်။
လှိုင်းရေယဉ်ဦးနဲ့  ၀သန်ခါဦး၊ ဒီတိုင်းပဲ
သစ္စာ၊ အကြိုက်ဆုံးတပုဒ်ဖြစ်သွားတယ်
အဲဒီအချိန်ကနေစပြီး ကျနော် ဂီတနက်သန် ကေ၇ဇီ ဖြစ်သွားပါတော့တယ်ဗျား
ဒီမှတ်စုမှာ စာသားတွေရော၊ သီချင်းတွေပါ အလွယ်တကူ ရယူနိုင်အောင် ဆောင်ရွက်ပေးထားပါတယ်၊
အကူအညီပေးကြသူ အားလုံးကိုလဲ ရှဲရှဲပါပဲဗျာ။
0 comments:
Post a Comment