Thursday, June 21, 2012

ပထမဆုံးသတင်းစာ၊ ပထမဆုံးမဂဇင်း၊ ပထမဆုံးလူသတ်မှု


by သီဟ ပျံချီ on Thursday, June 21, 2012 at 5:44am 

ဒီစာကို ရေးဖြစ်တာ အကို ကိုဇော်လင်းကိုရဲ့ အမေးတစ်ခုဖြစ်တဲ့ ပြည်နှင်ဒဏ်ပေးခံလိုက်ရတဲ့ ဦးရွှေကြူးဆိုတဲ့သူတစ်ယောက်အကြောင်းက စပါတယ် ။  . . . . ။ 
ဦးရွှေကြူးတည်ထောင်ခဲ့တဲ့ မြန်မာ့အလင်းဟာ သတင်းစာလား၊မဂ္ဂဇင်းလားဆိုတာပါ ရှင်းလင်းပါမယ်။ 
ဦးရွှေကြူး ဘာကြောင့် ပြည်နှင်ဒဏ်ပေးခံလိုက်ရတာလည်းဆိုတာ မပြောခင် သူရဲ့သမိုင်းဇာတ်ကြောင်း လေးကို ဖော်ပြပါမယ်။တစ်ဆက်တည်း မြန်မာ့အလင်းသတင်းစာတိုက်က အယ်ဒီတာဆရာသင် ဓားထိုးပြီး အသတ်ခံရတဲ့ အမှုအကြောင်းပါ ဖော်ပြသွားပါမယ် . . . .။

သတင်းစာအစ
သတင်းစာကို အရင်တုန်းက သိတင်းစာလို့ သုံးနှုန်းပါတယ်။အခုလို့ နေ့စဉ် မဟုတ်ပါဘူး။တစ်ရက်ခြား၊နှစ်ရက်ခြား၊တစ်လ တစ်ကြိမ် ထုတ်ဝေတာ ဖြစ်ပါတယ်။


မြန်မာ့နိုင်ငံရဲ့ စာနယ်ဇင်းသမိုင်းဟာ နိုင်ငံရေးသမိုင်းနဲ့ ဆက်စပ်နေပါတယ်။ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲ(1824-1826)ခုနှစ်မှာ အင်္ဂလိပ်တွေ စစ်နိုင်ပြီး ရခိုင်နဲ့တနင်္လာရီကို သိမ်းပိုက်လိုက်တယ်။

အဲဒီ့မှာပဲ မော်လမြိုင်မှာ စပြီး သတင်းစာတွေ စတင်ပေါ်လာခဲ့တယ်။ပေါ်လာရတဲ့အကြောင်းရင်းက အဲဒီ့အချိန်ဟာ ကမ္ဘာနိုင်ငံအများအပြားမှာ သတင်းစာတွေ ပေါ်နေပြီး သတင်းစာရဲ့ အရှိန်သြဇာကို

သိတဲ့ ခရစ်ယာန်သာသနာပြုတွေနဲ့ဗြိတိသျှတွေက သူတို့ကိုလိုနီနယ်တွေဖြစ်တဲ့ နေရာတွေမှာ ၀ါဒတွေဖြန့်ဖို့အတွက် အသုံးချဖို့ စတင်ရည်ရွယ်လုပ်ဆောင်ရင်း သတင်းစာလောကဟာ

စတင်မွေးဖွားလာရတယ်လို့ မြင်ပါတယ်။ဒီအဆိုကို ကတ်သီးကတ်သတ်ငြင်းချင်တယ်ဆိုရင်တော့ ပုဂံခေတ်က ကျောက်ထွင်းစာ၊သစ်ထွင်းစာ၊ရွံထွင်းစာတွေကနေ စတင် သန္ဒေတည်ခဲ့တယ်လို့ ဆိုချင်ဆိုနိုင်ပါတယ်။

ဒီလိုနဲ့ သာသနာပြုဆရာဟောက်ဆိုတဲ့သူကနေ မြန်မာ့နိုင်ငံရဲ့ ပထမဆုံးသတင်းစာဖြစ်တဲ့ မော်လမြိုင်ခရော်နီကယ် ဆိုတဲ့ သတင်းစာကို 1836ခုနှစ် မတ်လ ၃ရက်မှာ အင်္ဂလိပ်ဘာသာနဲ့ စတင် ထုတ်ဝေခဲ့တယ်။

အဲဒီ့အဆိုကိုလည်း ဖင်ပိတ်ငြင်းချင် ငြင်းနိုင်ပါသေးတယ်။ဘာကြောင့်လည်းဆိုတော့ အဲဒီ့ခေတ် နှစ်ဦးပိုင်းမှာ Morning Star ဆိုတဲ့ သတင်းစာတစ်စောင် ထွက်ရှိခဲ့သေးလို့ ဖြစ်ပါတယ်။အဲဒီ့သတင်းစာဟာ

စကောကရင်ဘာသာနဲ့ ထုတ်ဝေတဲ့ ပထမဆုံးတိုင်းရင်းသားဘာသာသတင်းစာပဲ ဖြစ်ပါတယ်။ပထမဆုံး မြန်မာဘာသာနဲ့ ထုတ်ဝေတဲ့ သတင်းစာကတော့ 1842ခုနှစ်မှာ စတင်ထုတ်ဝေတဲ့

ဓမ္မ သိတင်းစာပဲ ဖြစ်ပါတယ်။ဒီလိုနဲ့ နောက်အနှစ်20အကြာမှာ ဂျပန်နဲ့ရုရှားစစ်ဖြစ်တယ်။ဂျပန်နိုင်တယ်။ဂျပန်ငပုတွေက လူကောင်ထွားရုရှားတွေကို နိုင်လိုက်တော့ မြန်မာတွေအတွက် အားကျစရာဖြစ်ခဲ့တယ်။

အဲဒီ့အထဲမှာ ဆရာတော် ဦးဥတ္တမလည်း ပါတယ်။ဆရာတော်ဦးဥတ္တမရဲ့ ဟောပြောမှုကြောင့် နိုင်ငံရေးစိတ်ဓာတ်တွေ နိုးကြားလာသူတွေထဲမှာ ၀ိုင်အမ်ဘီအေက ဦးဘဘေလည်း ပါတယ်။

1907ခုနှစ်မှာ ဦးဥတ္တမဟာ ဂျပန်ကို သွားပြီး အပြန်မှာ ဦးဘဘေကို ၀ိုင်အမ်ဘီအေရဲ့ စည်းရုံးရေးလက်နက်အဖြစ် သတင်းစာတစ်စောင် ထုတ်ဝေဖို့ တိုက်တွန်းတယ်။အဲဒီ့အချိန်မှာ

ဗြိတိသျှအလိုတော်ရိသတင်းစာတွေကလည်း ရှိတယ်။ ဦးဘဘေလည်း လည်း သတင်းစာလုပ်ငန်းမှာ အတွေ့အကြုံရှိတဲ့ ဦးလှဖေနဲ့တွဲပြီး သတင်းစာတစ်စောင်ထုတ်ဝေတယ်။

ဒီလိုနဲ့ သူရိယသတင်းစာဟာ ထွက်ပေါ်လာခဲ့တယ်။

မဂဇင်းအစ

မဂဇင်းအစ မြန်မာ့မဂဇိန်က ဆိုတဲ့အတိုင်း မြန်မာ့မဂဇိန်ဟာ ပထမဆုံးဖြစ်ပါတယ်။ခေတ်ဦးမဂဇင်းကာလက ထုတ်ဝေတဲ့ မဂဇင်းတွေဟာ လုပ်ငန်းကြော်ငြာတွေ အသားပေးဖော်ပြတဲ့

ကြော်ငြာမဂဇင်းတွေများပါတယ်။မြန်မာ့မဂဇိန်ဟာ ဦးမောင်မောင်ဆေးတိုက်မှ ထုတ်ဝေပါတယ်။ကြော်ငြာမဂဇင်းတွေ များနေပေမယ့် သြဇာကြီးတဲ့ မဂဇင်းကတော့

သူရိယမဂဇင်းတစ်စောင်တည်းပဲ ဖြစ်ပါတယ်။1912ခုတည်းက စတင်ခဲ့တဲ့ မြန်မာ့အလင်းမဂဇင်းဟာလည်း ကြော်ငြာမဂဇင်းဖြစ်နေတဲ့အတွက် တခြားနောင်တော်မဂဇင်းတွေလို

ထင်ရှားခြင်း မရှိပါဘူး။မြန်မာ့အလင်းနဲ့ခေတ်ပြိုင် ပညာအလင်းမဂဇင်းဟာလည်း တစ်ချိန်တည်း ပေါ်ထွက်လာခဲ့ပါတယ်။

မြန်မာ့အလင်း

မြန်မာ့အလင်းသည် သတင်းစာလည်း ထုတ်ခဲ့သည်။ဂျာနယ်လည်း ထုတ်ခဲ့သည်။မဂဇင်းလည်း ထုတ်ခဲ့သည်။

မြန်မာ့အလင်းအစသည် ဦးရွှေကြူးဖြစ်သည်။ဦးရွှေကြူးသည် ဦးရွှေကြူးကုမဏီဆိုပြီး ကုမဏီပိုင်တစ်ခုရှိသည်။

ကျွန်တော်သိသလောက် မြန်မာ့အလင်းဟာ မဂဇင်းကို အရင်ထုတ်ပါတယ်။

ပီမိုးနင်းရဲ့ စာအရ `ရန်ကုန်သို့ရောက်ပြီး များမကြာမှီအတွင်း သူရိယသတင်းစာတိုက်တွင် စစ်သတင်းများကို ဘာသာပြန်ဆို ရေးသားရသော(နိုင်ငံခြားသတင်း ဘာသာပြန်) အလုပ်ကို စ၍ လုပ်ရလေသည်။ထိုသို့ လုပ်ကိုင်ရသည်မှာ

အားမလို အားမရရှိသဖြင့် သူရိယသတင်းစာတိုက်မှ ထွက်ခဲ့ပြန်လေည်။ထိုအခါမှ မြန်မာ့အလင်းကို စတင်တည်ထောင်သူ ဦးရွှေကြူးနှင့် တွေ့ပြန်ရာ ဦးရွှေကြူးလည်း ကျွန်ုပ်၏ တိုက်တွန်းနှိုးဆော်ချက်အရ နေ့စဉ်သတင်းစာတစ်စောင်ကို

မြန်မာ့အလင်းအမည်ဖြင့် ထုတ်ဝေခဲ့လေသည်။ကျွန်ုပ်သည် သူရိယမှာ လုပ်စဉ်ကထက် စစ်ကြေးနန်းသတင်းများကို အထူးကြိုးစားကာ ကောင်းသည်ထက်ကောင်းအောင်၊စုံသည်ထက် စုံအောင် မြန်မာ့အလင်းနေ့စဉ်ထုတ်သတင်းစာတွင် ရေးသားလေသည်။

´ဆိုသော စာအရ မြန်မာ့အလင်းသတင်းစာဖြစ်လာတာ ပီမိုးနင်းရဲ့ တိုက်တွန်းချက်အရရယ်၊အဲဒီ့အချိန်က ဥရောပမှာ စစ်ရိပ်စစ်ငွေ့သန်းလာတဲ့အတွက် ပြည်သူက စစ်သတင်းတွေ ပိုပြီး

သိချင်လာတာရယ် စတဲ့အကြောင်းရင်း၂ချက်ကြောင့်လို မြင်ပါတယ်။

ဒီလိုနဲ့ ပထမကမ္ဘာစစ်ကြီးဖြစ်ပွားတဲ့1914ခုနှစ် သြဂုတ်လ၄ရက်နေ့မှာ မြန်မာ့အလင်းဟာ မဂဇင်းကနေ သတင်းစာအဖြစ်ကို ပြောင်းလဲဖို့ စလုပ်တော့တယ်။သြဂုတ် 15ရက်နေ့ကစပြီး ရက်ခြားသတင်းစာအဖြစ် ထုတ်ခဲ့တော့တယ်။

1914ခုနှစ်မှာ မြန်မာ့အလင်း ကြေးနန်းသတင်း အမည်နဲ့ ညနေသတင်းစာတစ်စောင်ကို ထုတ်ဝေတယ်။မြန်မာ့အလင်း သတင်းစာဟာ စစ်သတင်းကို အကြောင်းပြုပြီး အရမ်းရောင်းကောင်းအောင်မြင်ခဲ့တယ်။

ဒီလိုနဲ့ တစ်နှစ်အကြာ 1915 မတ်လထဲမှာ ကြော်ငြာတစ်ပုဒ်ကြောင့် အင်္ဂလိပ်အစိုးရဟာ အာမခံငွေ ငါးထောင် တောင်းခံရတယ်။ဒါဟာ မြန်မာ့သတင်းစာသမိုင်းမှာ ဒုတိယအကြိမ် အာမခံတောင်းခံရမှုနဲ့အများဆုံးတောင်းခံမှုပဲ ဖြစ်ပါတယ်။

ပထမအကြိမ်က သူရိယသတင်းစာမှာ စစ်သတင်းတစ်ပုဒ်ကြောင့် နှစ်ထောင် တောင်းခံရတာ ဖြစ်ပါတယ်။မြန်မာ့အလင်းတိုက်ကို ဘာလို့ အင်္ဂလိပ်အစိုးရက အာမခံငွေတောင်းလည်းဆိုရင် အဲဒီ့အချိန်မှာ အိန္ဒိယသမုဒရာထဲမှာ

အမ်မဒင်ဆိုတဲ့ဂျာမန်စစ်သဘောင်္ ကြီးက အဲဒီ့နေ့မှာ တစ်ခုခုဖြစ်မယ်ဆိုတာ အရိပ်အငွေ့အဖြစ် ဖော်ပြသလိုဖြစ်နေတဲ့အတွက် ဖြစ်ပါတယ်။သတင်းစာတိုက်ဘက်ကတော့ ဒီသတင်းဟာ ပီမိုးနင်းရဲ့ စာအုပ်ထွက်မယ့်နေ့လို့

ပြန်လည်ခုခံချေပထားပါတယ်။ဦးရွှေကြူးဟာ ဒီအာမခံငွေတောင်းတာကို မပေးဘဲ ငြင်းဆိုပြီး သတင်းစာထုတ်ဝေခြင်းကို ရပ်စဲလိုက်တယ်။ဒါဟာ ဦးရွှေကြူး ပြည်နှင်ဒဏ်ခံရဖို့

အစပျိုးလာတဲ့ အကြောင်းရင်းလည်း ဖြစ်ပါတယ်။ပီမိုးနင်းလည်း သတင်းစာရပ်သွားတာမို့ ပညာအလင်းမဂဇင်းတိုက်ကို ရောက်သွားတယ်။

(ပညာအလင်းမဂဇင်းလည်း 1918ခုနှစ်မှာ မဂဇင်းကနေ သတင်းစာအဖြစ် ပြောင်းသွားတယ်)

ဦးရွှေကြူးပြည်နှင်ဒဏ်ခံရခြင်း

(ဆက်လက်ေ၇းသားပါမယ်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...