Friday, June 1, 2012

ဟရီရွန်က ဆေးထိုးအပ်ထဲဝင်ပြီး ကံကြမ္မာကို တိတ်တိတ်လေး လက်စားချေနေတယ်


by ဇာ တိ on Monday, June 20, 2011 at 3:26am 


နာကျင်မှုဆိုတာ သန့်စင်ခန်း နံရံဘေးက ဆေးထိုးအပ်တန်းလန်းနဲ့ စိတ်ဖြေဖျောက်မှု တစ်ခုပဲ။ 
ဟရီရွန် ကိုယ့်ကိုကိုယ် သစ္စာမဖောက်ချင်ရင် တစ်ပါးသူတစ်ယောက်ကို ဘယ်တော့မှ 
မယုံကြည်ပါနဲ့၊ ဆိုတော့ကာ . . . ဘုရားသခင်ဟာ အရာအားလုံးကို မသိနိုင်ဘူးဆိုတဲ့ 
ဆူးခက်မင်းရဲ့ defination ဖွင့်ဆိုမှုအပြီး ဘယ်နှစ်ကြိမ်မြောက်မှန်းမသိ ဘုရားသခင် ပြုံးမိသွားတယ်။ 
နင်ဟာ ပစ်ပစ်ခါခါ လှပနေတဲ့ သတို့သမီးပဲ ခွင့်လွှတ်မှုနဲ့လူသတ်မှု။ဟရီရွန် rapping တွေရွတ်နေတုန်းလား


တခဏတာအာသီသ ဖြေဖျောက်ဖို့အတွက် porn တွေကြည့်နေတုန်းလား ဆေးထိုးအပ် တန်းလန်းနဲ့ 
အုတ်ကန်ထဲ လဲလျောင်းနေတုန်းလား။ ခစ်ခစ်!!! ဟာသပဲ   ဟရီရွန် လူဝင်မှုကြီးကြပ်ရေးနဲ့ အထူးပြုဖန်တီးထားတဲ့လိင်မှုဆိုင်ရာ ဥပဒေသ။အပြင်းစား ထိုးသွင်းထားတယ်၊လျှောက်ချင်တာတွေ လျှောက်နေတာ (ယမန်နေ့ကအောင်ဆန်းစုကြည်ရဲ့ မွေးနေ့ဖြစ်သည်) ဇာတိ လူညာ ယိုးစွပ်ကြည့်ရုံပဲ၊တန်ပြန်တုန့်ပြန်မှု လက်နက်ကိုင်များစစ်သွေးမကြွကြသူများ တနည်း ကြွချင်နေသူများ သယံဇာတများ ဆုံးရှူံးမှုကို ပြည့်ဝစွာ လက်ခံရရှိတယ်။

ဟရီရွန် ဘုရားဌာပနာမှာ ဘားးးးမှမရှိဘူး ဘီယာဘားနဲ့စတိတ်စင်၊Beautiful Girl နည်းနည်းလေးထပ်ရွေ့လိုက် ဗိုလ်ချုပ်ရဲ့ မိန့်ခွန်းဟာ အားလုံးမမှန်ကန်ဘူး။လွတ်လပ်ချင်သူတွေ ထောင်ထဲဝင်သင့်တယ် ဒါမှမဟုတ် ၀င်ကြတယ်။ ဒါမှမဟုတ် ဒါအမှန်တရားမဟုတ်ဘူး ဗျည်းခက် ငါတို့ယုံချင်တာကို ယုံကြမယ်။ ထွက်ပေါက်ပိတ်ဆို့မှုအတွက်အရှင်ဘုရား   သခင်ကို သတ်ပစ်ချင်သူတွေများနေတယ်၊ ခန်းနားလှပတဲ့ disco ပွဲ ပြင်းထန်စွာ ယုံကြည်ထားတဲ့ drug ။

ဆေးထိုးအပ်ထဲမှာ ကံကြမ္မာရှိတယ် မယုံဘူးလား ဟရီရွန် သေချာပေါက် ရှိကိုရှိနေတယ်၊ Alonely Fairy ဘယ်တွေရောက်နေလဲ၊ Main Menuမှာ  ဘာမှာမရှိဘူး ဟရီရွန် သေချာတာတစ်ခုကတော့ Rock and Roll ခေတ်ကတော့ ကုန်ဆုံးသွားပြီ ဟရီရွန် နောက်ဆုံး Metal တစ်ယောက်ရဲ့ ကဗျာလွတ်ကပွဲ၊ ကမ္ဘာကြီးဟာ ဟာသတစ်ထည်လဲ ဖြစ်တယ်။

တနည်း ဟာသအရေခွံကို ခြုံလွှမ်းထားတယ်။နှစ်ပေါင်းများစွာ လုပ်ကြံဖန်တီးထားတဲ့ အချစ် ပြသနာပဲ ဟရီရွန်အချစ်ဆိုတာ လှပစွာ လုပ်ကြံထားတဲ့ ဇာတ်ကောင်အတုပဲ အားလုံးဟာ ဒဏ္ဍာရီ အဖြစ် ဖြစ်ကျန်ရစ်ခဲ့လိမ့်မယ်။

အဲ့ဒီအချိန်မှာ နင်မငိုရဘူး ဟရီရွန် လိုအပ်ချက်တွေ အားလုံး ပြည့်စုံဖို့အတွက် ပိုကာ တစ်ကောင်တော့လိုမယ်။

မချစ်နဲ့ ဟရီရွန် တစ်ယောက်ယောက်ကို ချစ်တယ်လို့ သွားမပြောနဲ့ သွားမပြောမိစေနဲ့ ဒါ မိမိကိုယ်ကို လူညာလို့ပြောလိုက်တာပဲ။ဟရီရွန် ငါတို့နှစ်ယောက် လက်ထပ်ပြီးရင် ကလေးမမွေးဘူး။

Hey Sexy Girl သွေးသားတောင်းဆိုမှု တစ်ခုအတွက် နင်ဟာအသင့်တော်ဆုံးပဲ။
မယုံမရှိနဲ့ ဟရီရွန် ကဗျာဆိုတာ တစ်ကယ်မရှိဘူး။လုံးဝပဲ။တစ်စုံတစ်ဦးက စီးကရက်သောက်နေလိမ့်မယ်။ 
ပြီးတော့ ဒူးလေးပါ နှံ့နေလိမ့်မယ် စောက်သုံးမကျတဲ့ အပြုအမူတစ်ခုပဲ ဟရီရွန် အဲ့ဒါ ငါ ပြောပြောနေတဲ့ သူပဲ။

လူငယ်ဆန်ဆန် လွင့်မျောချင်သလောက် လွင့်မျောနေတဲ့ ကောင်ပဲ။ဖြစ်နိုင်ချေများစွာထဲက အဖွဲ့အစည်းတွေအားလုံးကို ဖြုတ်ချ ထွက်ခွာကြတယ်။ဒါ လူငယ်စတိုလ်ပဲဟရီရွန်၊ပြတင်းပေါက်ကို ကျော်လွန်လိုက်တာနဲ့ မိုးစက်တွေနဲ့စတင် ထိတွေ့ခံစားမိလိမ့်မယ်။broken family! broken family! broken family! ပျော်ရွှင်ဖွယ်ရာ broken family! လွတ်လပ်ချင်သူတွေ အကြောက်ဆုံးက မလွတ်လပ်မှာကိုပဲ ဟရီရွန်၊ ပြည့်တန်ဆာ တစ်ယောက်အတွက် ထီးတစ်ချောင်းနဲ့ဝိုင်တစ်ခွက်ဟာ အချိန်တိုင်းမလိုအပ်ဘူး။

ကမ္ဘာသူ ကမ္ဘာသားများအားလုံး Death Race ကိုစတင်ချင်နေကြတယ်။By သီချင်းသံ ဆိတ်မငြိမ်ခင်။စပြီ။

ဇာတိ(ဖျာပုံ)
20.6.2011
12:54PM

dchitoo88@gmail.com
www.zartinaung.blogspot.com

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...