Friday, June 1, 2012

ဘီအေဘီနှင့် ဖေဖေနှင့် သား (၂၀၁၂ ဗားရှင်း)



by ThuRa ThaWah on Friday, June 1, 2012 at 10:21pm ·

အခန်းထဲတွင် ဖခင်ဖြစ်သူ စားပွဲတွင်ထိုင်၍ စာရွက်စာတမ်း များနှင့် အလုပ်ရှုပ်နေစဉ် ဘီအေဘီ ပုလင်းအလွတ်ကလေး ကိုင်၍ သားဖြစ်သူ ဝင်လာသည်။ 
“ဖေဖေ .. သားကို ဒါညိုးလေး ဝယ်ပေးပါ ဖေဖေ”

(ဖခင်ဖြစ်သူ စိတ်ရှုပ်ဟန်ဖြင့်)
“နေပါဦး သားရယ် ၊ ဖေဖေ အလုပ်ရှုပ်နေလို့ပါ”
“ဖေဖေက ဘာတွေ လုပ်နေတာလဲ”
“ချဲတွက်နေတယ်လေ သားရဲ့”
“အာ .. ညဝူးဂျာ .. အညဝူး၊ ဒါညိုးလေး ဝယ်ပေးပါ ဆိုနေမှ”

တားမရသည့် အဆုံး ဖခင်ဖြစ်သူမှာ အနားရှိ ဂျာနယ်တစ်စောင်ထဲမှ စာရွက်တစ်ရွက် ယူကာ တစ်စစီဖြဲဆုတ်၍ သားဖြစ်သူကို ပေးလိုက်ပြီး
“ကဲ .. ရော့၊ အဲဒါလေးတွေကို တစ်ခုတည်းဖြစ်အောင် ပြန်ဆက်ခဲ့”
“ဟင် .. ဖေဖေ ပေးတာကလည်း တင်ချာနွင့်ကျော် ပုံကြီး”
“သဉ္ဇာဝင့်ကျော် လုပ်ပါကွာ .. မင်းကလည်း”
“ဖေဖေကလည်း .. သားမှ စကား အပီတာကိုးဂျ” ဟု ဆိုကာ သားငယ်မှာ ဘောက်ဆတ် ဘောက်ဆတ်နှင့် ထွက်သွား လေ၏။ ဆယ်မိနစ်၊ ဆယ့်ငါးမိနစ်ခန့် ကြာသော် ..

“ရပြီ ဖေဖေ”
“အေး .. ဖေဖေ့ကိုပြ”
“ဒီမှာ ဖေဖေ”
“ဟာ .. ဟေ့ကောင်၊ မင်းကလည်း တစ်ကိုယ်လုံး ဆက်ထားတာမှန်ပြီးတော့ တင်ပါးနဲ့ ရင်ဘတ်ကျမှ မှားဆက်ရသလားကွ ဟေ”
“အာ .. အတိဝူးဂျာ ဖေဖေကလည်း၊ ဆက်ဆိုလို့လည်း ဆက်ရသေးတယ်”
“ဟား ဟား .. အေးပါကွာ၊ ဖေဖေက သားကို စတာပါ၊ သားလိုချင်တဲ့ ဘီအေဘီကို ဖေဖေ ဝယ်ပေးမယ်နော် .. လာ”
“ဟင့်အင်း .. သား ဘီအေဘီ အလိုချင်တော့ဝူး”
“ဟေ .. ဒါဖြင့် ဘာလိုချင်တာတုန်း”
“တင် … ချာ … နွင့် … ကျော်”
“ဟ .. ဘီအေဘီဆို .. ဘယ်လိုဖြစ်သွားတာတုန်း ဟကောင်ရ”
“အတိဝူးဆို အတိဝူးဂျာ .. တင်ချာနွင့်ကျော်ပဲဝယ်ပေး .. အဲဒါပဲချားမယ်”
“ကဲ .. သားဖက်မှာ တင်ချာနွင့်ကျော် ရှိနေမှတော့ ဖေဖေ အရှုံးပေးလိုက်ပါပြီကွာ”

သားအဖနှစ်ယောက် ပြေလည်သွားပြီး အပြင်ထွက်၍ ဝယ်မည်အပြုတွင် မိခင်ဖြစ်သူ အခန်းထဲဝင်လာပြီး
“ဒီသားအဖ နှစ်ယောက် ဆူဆူညံညံနဲ့ ဘာတွေဖြစ်နေကြတာတုန်း”
“အေးကွာ .. မင်းသား ဒီမှာ ဘီအေဘီ မသောက်ချင်တော့ဘူး လုပ်နေလို့ဟေ့”
ထိုအခါ အမေဖြစ်သူက ဘာမှမပူနဲ့ဟူသော ဟန်ပန်ဖြင့်
“ဒါဆိုရင် ကျွန်မ သားလေးကို နေ့တိုင်းတိုက်တဲ့ Grand Royal တိုက်ကြည့်ပါလား” ဟူ၍ ပြုံးပြုံးကြီး ပြောလိုက် လေသတည်း။
ဤတွင် ဘီအေဘီနှင့် ဖေဖေနှင့် သား (၂၀၁၂ ဗားရှင်း) ပြီး၏။

(PS. ဘာရယ်မဟုတ်ဘူး ... အပျော်သက်သက်၊ ရယ်စရာပါနော် .. စာဖတ်သူများ ရယ်ဖို့ကလွဲရင် ဘာရည်ရွယ်ချက်မှ မရှိပါဘူး)

သူရဿဝါ
၂ - မေ - ၂၀၁၂

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...