Tuesday, June 12, 2012
သစ်ထူးလွင် သတင်းစုစည်းမှု (၁၂-၆)
သစ်ထူးလွင်
Posted: 12 Jun 2012 04:59 AM PDT
အရေးပေါ် အခြေအနေ ထုတ်ပြန်ထားသော စစ်တွေမြို့ တွင် ဇွန်လ ၁၂ ရက်နေ့ ညနေ ၆ နာရီခန့်က အဓိက လမ်းမကြီး တစ်ခုအား တွေ့မြင်ရစဉ်။
ရန်ကုန်၊ ဇွန် ၁၂
ဆူပူ အကြမ်းဖက်မှုများ ဖြစ်ပွားနေသော ရခိုင်ပြည်နယ် စစ်တွေမြို့ တွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေကြသော တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များမှာ ဘင်္ဂါလီ ဆူပူအကြမ်းဖက်သူများက သေနတ်များဖြင့်ပစ်ခတ်မှုကြောင့် ထိခိုက်ဒါဏ်ရာ ရရှိနေသည့်တိုင်အောင် ပြန်လည်ပစ်ခတ်ခြင်းမရှိသေးကြောင်း စစ်တွေမြို့သို့ရောက်ရှိနေသော The Voice Weekly သတင်းထောက်ထံ ဆက်သွယ်မေးမြန်းချက်အရသိရသည်။
ယင်းသို့ ဘင်္ဂါလီများက သေနတ်များဖြင့် ပစ်ခတ် နေသော်လည်း လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် တပ်မတော်သားများမှာ ပြန်လည် ခုခံပိုင်ခွင့်မရှိဘဲ သေနတ်များကို အပေါ်သို့သာ ထောင်ပစ် နေရကြောင်း၊ ယင်းသို့ ပစ်ခတ်မှုကြောင်း တပ်မတော်သား တစ်ဦးမှာ ဒါဏ်ရာ အပြင်းအထန် ရရှိကာ စစ်တွေမြို့  ပြည်သူ့ ဆေးရုံကြီးသို့ အမြန် ပို့ဆောင်လိုက်ရပြီး ၊ ဒါဏ်ရာရသူ ရခိုင် တိုင်းရင်းသား များစွာ ရှိကြောင်း ဒေသခံများက ပြောကြားသည်။
ရခိုင် ပြည်နယ်အတွင်း ဆူပူ အကြမ်းဖက်မှုများကို ပြုလုပ်နေသည့် ဘင်္ဂါလီ လူမျိုးများသည် စစ်တွေမြို့ရှိရခိုင် တိုင်းရင်းသားများ၏ နေအိမ်များနှင့် ရပ်ကွက်များကို မီးရှို့ ဖျက်စီးနေကြပြီး ယင်းဆူပူများကို ထိန်းသိမ်းနေ သည့် လုံခြုံရေး ရဲတပ်သားများနှင့် တပ်မတော်သားများကိုပါ ၎င်းတို့၏ သေနတ်များဖြင့် ပစ်ခတ် နေကြကြောင်း ဒေသခံ များက The Voice Weekly သို့ပြောကြားသည်။
“နေ့ဘက်မှာတောင် သေနတ်တွေနဲ့ ပစ်နေတာ ညဆိုရင်ပိုဆိုးကုန်မှာပေါ့ “ ဟု ဒေသခံအမျိုးသားတစ်ဦး ကဆိုသည်။
The Voice Weekly
Posted: 12 Jun 2012 03:49 AM PDT
ဇွန် ၁၂၊ ၂၀၁၂၊ YPI
လှည်းကူးမြို့နယ် ဖောင်ကြီးဒေသ ဆေးရုံကုန်းရပ်ကွက်ရှိ ဒေသခံအခေါ် အင်တာနက် ရုံးကို ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ကာ  မေလနှောင်းပိုင်း၌ ရုံးအဆောက်အဦရှိ အခြားသော အသင်းအဖွဲ့များကို နှင်ထုတ်လျှက်ရှိသည်ဟု လှည်းကူးမြို့နယ် အန်အယ်လ်ဒီမှ ကိုညိုထွန်းက ပြောသည်။
“ဒီအဆောက်အဦက ရွာပိုင်မြေပေါ်မှာ ကျေးလက်ဒေသ ဆက်သွယ်ရေးဋ္ဌာနအဖြစ် ဖွင့်ဖို့ အာဆီယံနိုင်ငံ အလှူရှင်များအသင်းက ဆက်သွယ်ရေးပစ္စည်းလှူပြီး  ၂၀၀၄ ခုနှစ် အစပိုင်းမှာဖွင့်ခဲ့တာပါ” ဟု ၎င်းက YPI သို့ပြောသည်။
ထိုစဉ်က ကျေးလက်ဒေသ ဖွံ့ဖြိုးရေး စီမံကိန်းအဖြစ် ဆက်သွယ်ရေးနည်းပညာများနှင့် ကျေးလက်လူထုထိတွေ့နိုင်ရန် အာဆီယံနိုင်ငံများမှ အကူအညီဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
စတင်ဖွင့်လှစ်စဉ်က ကြံ့ခိုင်ရေးမှာ အသင်းသာဖြစ်နေသည့်အတွက် ယင်းရုံးကို စောင့်ရှောက်ရန် အပ်နှံထားခြင်းဖြစ်၍ ယင်း စီမံကိန်း ရပ်ဆိုင်းသွားသည့် ၂၀၀၇ ခုနှစ်ဝန်းကျင်နောက်ပိုင်း၌ ယင်းအဆောက်အဦတွင် ကျေးရွာ နာရေးကူညီမှု အသင်းဆိုင်းဘုတ်တင်ကာ ဖွင့်လှစ်ထားခဲ့သည်။
ယင်းသို့ရှိရာမှ ပြီးခဲ့သည့် ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ တရက်အလိုတွင် ကြံ့ခိုင်ရေးပါတီမှ ဆိုင်းဘုတ်ပြန်လည် တင်ခဲ့ပြီးရက်သတ္တပတ်အတန်ကြာ၌ ရုံးအဆောက်အဦတွင်း အခြေစိုက်သည့် အခမဲ့နာရေး ကူညီမှုအသင်းကို နှင်ထုတ်ကာ ချိတ်ပိတ်သွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံ ကိုညိုထွန်းက ပြောသည်။
ယခုအဖြစ်အပျက်ကို လှည်းကူးမြို့နယ် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းကို တင်ပြထားကာ သမ္မတ ဦးသိန်းစိန်ထံလည်း တိုင်ကြားစာ ပေးပို့သွားမည်ဟု ၎င်းက ပြောသည်။     ။
ဆေးရုံကုန်းရပ်ကွက်ရှိ ဒေသခံအခေါ် အင်တာနက် ရုံး
 by Yangon Press International
Posted: 12 Jun 2012 03:46 AM PDT
ရန်ကုန်၊ ဇွန် ၁၁
လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းစက်မှုဇုန် ရွှေပြည် သာတံတားအဆင်း၌ ဇွန်လ ၁၁ ရက်နေ့ ညနေပိုင်းက ညောင်တုန်း သဘာဝဓာတ်ငွေ့ စက်ရုံနှင့် ဆက်သွယ်ထားသော ဂက်စ်ပိုက်လိုင်း မီးလောင်မှုဖြစ် ပွားခဲ့ရာ အနီးရှိ လူနေအိမ်တစ်ခု သို့ မီးကူးစက်လောင် ခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။
ဖြစ်ပွားပုံမှာ အဆိုပါနေ့ ညနေ ၄ နာရီအချိန်၌ ရွှေလင်ပန်းစက်မှု ဇုန်၊ ဆိပ်ကမ်းသာလမ်း၊ အကွက် အမှတ် ၄၃၅ တွင်ရှိသော ရွှေနဒီ ကုမ္ပဏီမှ ၄င်းကုမ္ပဏီအရှေ့ရှိ အမှိုက်များအား ဘက်ဟိုးဖြင့် ရှင်း လင်းရာ မြေအောက် ၌ မြှုပ်၍ သွယ်တန်းထားသော လေးလက်မ ပတ်လည် အရွယ်အစားရှိ ဂက်စ် ပိုက်လိုင်းအား ထိုးကော်မိသဖြင့် ဂက်စ်ပိုက်ပေါက်၍ မီးပွားလွင့် ထွက်ကာ မီးလောင်မှု စတင်ခဲ့ ကြောင်း၊ ထို့နောက် ဂက်စ်ပိုက်အနီး ရှိ တဲအိမ်တစ်လုံးနှင့် ကောင်းမြတ် သူသဲလုပ်ငန်းသို့ မီးကူးစက်လောင် ခဲ့ ကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦး က ပြောသည်။''ဂက်စ်ပိုက်ပေါက်ပြီး မီး လောင်တာဆိုတော့ မီးက တော် တော်လေးများတဲ့အပြင် မီးတောက် ကလည်း လူတစ်ရပ်ကျော်တဲ့ အထိ တော်တော်လေးကြီးတယ်။ မီးသတ် ကားတွေရောက်လာပြီး ဝိုင်းငြှိမ်း ပေမယ့် တစ်နာရီကျော်ကြာတဲ့အထိ မီးမငြိမ်းဘူး။ နောက်ဆုံးစွမ်းအင်က လူတွေရောက်လာပြီးတံတားအောက် က ဂက်စ်ဘားကို ပိတ်ပြီး မီးငြှိမ်း တော့ မှ ညနေ ၆ နာရီ ထိုးခါနီးမှမီး ငြိမ်းသွားတယ်''ဟု ၄င်းက ဆို သည်။မီးလောင်မှုကြောင့် တဲအိမ် တစ်လုံး၊ အင်ဂျင်တစ်လုံး၊ မီးစက် တစ်လုံး၊ ငွေသားသိန်းနှစ်ရာနှင့် ဂက်စ်ပိုက်လိုင်းမှ ဓာတ်ငွေ့ အများ အပြား မီးလောင်ပျက်စီးခဲ့ပြီး စုစုပေါင်း ငွေကျပ် ၃ဝ၂ သိန်းကျော် ဆုံးရှုံးခဲ့သည့်အပြင် အမျိုးသားနှစ်ဦး နှင့် အမျိုးသမီး တစ်ဦး တို့မှာ မီး လောင်ဒဏ်ရာများရရှိခဲ့သည့် အတွက် လှိုင်သာယာဆေး ရုံသို့ ပို့ဆောင်ကုသထားရကြောင်း၊ ၄င်းမီးလောင်မှုနှ င့်ပတ်သက်၍ လှိုင်သာယာ ရဲစခန်းမှ ဘက်ဟိုးယာဉ် မောင်းအား (ပ) ၃၁ဝ/၂ဝ၁၂ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထား ကြောင်း မီးသတ်ဦးစီးဌာနမှ သိရ သည်။
သူရထွန်း-Popular Myanmar News Journal
Posted: 12 Jun 2012 03:41 AM PDT
by Burma VJ Media Network on Tuesday, June 12, 2012 at 4:30am ·
By ဇာဏီ၊ ၂၀၁၂ခုနှစ် ဇွန်လ ၁၂ရက်နေ့။
မန္တလေးတိုင်းဒေသကြီး၊တောင်သာမြို့နယ် ဝဲလောင်တိုက်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးဖွင့်ပွဲအခမ်းအနားကျင်းပသည့် အိမ်ရှေ့တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီဝင်များက ဆိုင်းဘုတ်များကိုင်ဆောင်ပြီး လာရောက်သပိတ်မှောက်ဆန္ဒပြခဲ့သည်ဟု သိရပါသည်။
ရုံးဖွင့်ပွဲကို ၂၀၁၂ခုနှစ် ဇွန်လ ၉ ရက်နေ့ နံနက် ၉း၃၀ အချိန်တွင် ကျင်းပခဲ့ပြီး တောင်သာမြို့နယ်၊ မြင်းခြံမြို့နယ်၊ ကျောက်ပန်းတောင်းမြို့နယ်၊ နွားထိုးကြီးမြို့နယ်နှင့် အနီးအနား ကျေးရွာတို့မှ အမျိုးသားဒီမိုကရေစီ ပါတီဝင်များနှင့် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများ အယောက် ၇၀၀ ကျော် တက်ရောက်ကြပါသည်။
အဆိုပါရုံးဖွင့်ပွဲကို မကျင်းပရန် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မြင်းခြံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်မှ ကျေးရွာလူထုနှင့် အမျိုးသားဒီမိုကရေစီ ဆိုင်းဘုတ်တင်မည့် အိမ်ရှင်တို့အား ၂၀၁၂ခုနှစ် ဇွန်လ ၆ရက်နေ့ကတည်းက သွားရောက် ပြောဆို စည်းရုံးခဲ့ပါသည်။ ထိုရုံးဖွင့်ပွဲကို မပြုလုပ်ရန် ပြည်ခိုင်ဖြိုးပါတီဝင်
မြင်းခြံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဝဲလောင်ရွာဇာတိ ဦးဝင်းမြင့်မှ ကျေးရွာလူထုနှင့် အိမ်ရှင်တို့အား  "ဝဲလောင်ရွာသည် အဘဦးအောင်သောင်း နယ် ဖြစ်သဖြင့် အဘစိတ်ဆိုးမည်ဆိုးသဖြင့် ရုံး မဖွင့်ရန်၊ ဖွင့်လျှင်လည်း နောက် ၆-လ လောက်နေမှ ဖွင့်ရန်" စသဖြင့် ပြောဆိုသွားပါသည်။ ထိုအပြင် အနီးအနားမှ ဆရာတော်ကြီးများကိုလည်း ရုံးမဖွင့်ဖို့ သွားရောက်ပြောဆိုပေးရန် ဦးဝင်းမြင့်မှပဲ သွားရောက်လျှောက်ထားခဲ့ပါသည်။
ထိုသို့ ပြောဆိုမရသဖြင့် ထိုသူနှစ်ယောက်မှ ဦးဆောင်ပြီး ရုံးခန်းဖွင့်လှစ်သည့်နေ့တွင် တောင်သာမြို့နယ်အနီး ကျေးရွာများမှ ဒေသခံ ရွာသူရွာသားများနှင့် ကြံ့ခိုင်ရေးပါတီဝင်များ အယောက် ၅၀ကျော် စုစည်းပြီး   ဝဲလောင် အမျိုးသား ဒီမိုကရေစီရုံးခန်းဖွင့်လှစ်မည့် အိမ်ရှေ့တွင်  "ကျေးရွာကို မဖြိုခွဲပါနှင့်၊ ကျေးရွာကို စိတ်ဝမ်း မကွဲပြားပါစေနှင့်" "ဖွံ့ဖြိုး တိုးတက်မှုကို လိုလားသည်" ဖွံ့ဖြိုးတိုးတက်မှုကို မဖျက်ဆီးပါနှင့်"၊ "ဒေသဖျက်ဆီးသူများကို တို့မလိုလား"၊ "တည်ငြိမ်အေးချမ်းမှုကို မဖျက်ဆီးပါနှင့်" စသော ဆိုင်းဘုတ်များကို ကိုင်ဆောင်ခိုင်းပြီး သပိတ်မှောက်ဆန္ဒပြခိုင်းခဲ့ပါသည်
ရုံးဖွင့်ပွဲကျင်းပနေစဉ် "ဒေသဖျက်ဆီးသူများကို အလိုမရှိ"၊ "တည်ငြိမ်အေးချမ်းမှုကို မဖျက်ဆီးပါနှင့်" စသည့်ကြွေးကြော်သံများကို အော်ဟစ်နေပြီး တချို့မှာ အရက်အလွန်အကျွံမူးနေပြီး ရုံးခန်းအတွင်းသို့ ဝင်ရောက်နှောင့်ယှက်တာမျိုး၊ ရုံးခန်းဖွင့်လှစ်ပွဲအပြီး အပြန်တွင်လဲ "အလိုမရှိ အလိုမရှိ"လို့ နောက်မှ လိုက်လံ အော်ဟစ်ကြွေးကြော်ခဲ့ပြီး ဒေသခံ အာဏာပိုင်တွေက လာရောက်တားဆီးခဲ့ခြင်းမျိုးကိုလဲ မတွေ့ရဘူးလို့ ရုံးဖွင့်ပွဲသို့ တက်ရောက်ခဲ့သူ တဦးက ဘားမားဗီဂျေ မီဒီယာကို ပြောပြခဲ့ပါသည်။
Posted: 12 Jun 2012 03:39 AM PDT
နာရီ တွင် ကျင်းပခဲ့ပါသည်။ ရုံးဖွင့်ပွဲသို့ မြင်းခြံမြို့နယ်၊
တောင်သာမြို့နယ်၊ နွားထိုးကြီးမြို့နယ်၊ ကျောက်ပန်းတောင်းမြို့နယ်တို့မှ
NLD ပါတီဝင်များနှင့် ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူ (၅၀၀)ကျော်
တက်ရောက်ကြသည်။
         ထိုရုံးဖွင့်ပွဲကို မပြုလုပ်ရန် ပြည်ခိုင်ဖြိုးပါတီဝင်
မြင်းခြံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၀ဲလောင်ရွာဇာတိ
ဦးဝင်းမြင့်မှ ကျေးရွာလူထုနှင့် အိမ်ရှင်တို့အား  "၀ဲလောင်ရွာသည်
အဘဦးအောင်သောင်း နယ် ဖြစ်သဖြင့် အဘစိတ်ဆိုးမည် ဆိုးသဖြင့်
ရုံးမဖွင့်ရန်၊ ဖွင့်လျှင်လည်း နောက် ၆-လ လောက်နေမှ ဖွင့်ရန်" စသဖြင့်
ပြောဆိုသွားပါသည်။ ထိုအပြင် အနီးအနားမှ ဆရာတော်ကြီးများကိုလည်း
ရုံးမဖွင့်ဖို့ သွားရောက်ပြောဆိုပေးရန် ဦးဝင်းမြင့်မှပဲ
သွားရောက်လျှောက်ထားခဲ့ပါသည်။
         ဦးဝင်းမြင့်မှပဲ ဦးဆောင်ပြီး အနီးအနားကျေးရွာများမှ
ကျေးရွာလူထုတချို့ကို နေ့စား ငွေ ၃၀၀၀ ကျပ်နှင့် ထမင်းတစ်ထုပ်စီ ပေးပြီး
တချို့ကိုလည်း ၀ဲလောင်NLDရုံးဖွင့်ပွဲတက်ရောက်ရန် တဖက်လှည့်ဖြင့်
ပြောဆိုစည်းရုံးပြီး ၀ဲလောင်ရောက်သောအခါ  "ဖွံ့ဖြိုးတိုးတက်မှုကို
မဖျက်စီးပါနှင့်"၊  "တည်ငြိမ်အေးချမ်းမှုကို မဖျက်စီးပါနှင့်"၊
"စည်းလုံးညီညွတ်ရေးကို မဖြိုခွင်းပါနှင့်"၊ " ဒေသဖျက်စီးသူများကို
ဒို့မလိုလား"၊  " ကျေးရွာကို မဖြိုခွဲပါနှင့်၊ ကျေးရွာကို
စိတ်ဝမ်းမကွဲပြားပါစေနဲ့"  စသည့်ဆိုင်းဘုတ်များပေးပြီး ရုံးအနီးသို့
သွားရောက်အော်ခိုင်းပါသည်။
         ထိုနေ့ ၉-၆-၂၀၁၂ ရက်နေ့ ညတွင်လည်း ကျေးရွာ
ပြည်ခိုင်ဖြိုးပါတီဝင် ၅၀ ခန့်သည်  NLD ရုံးဖွင့်ထားသည့်
အိမ်သို့သွားရောက်ပြီး အထက်ပါ ကြွေးကြော်သံများအတိုင်း အော်ခဲ့ပါသည်။
Myanmar  News Now
Posted: 12 Jun 2012 03:33 AM PDT
ဒါကာ၊ ဇွန် - ၁၁
အိမ်နီးချင်းမြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာများနှင့်ဆက်နွှယ်သော ပဋိပက္ခများနှင့် ဆူပူအုံကြွများဖြစ်ပွားလျက်ရှိခြင်းကြောင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျောက်တွင် လုံခြုံရေး တိုးမြှင့်လိုက်ကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရတာဝန်ရှိသူများ၏ထုတ်ပြန်ချက်ကို CNA သတင်းတွင်ဖော်ပြထားသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်မြို့တစ်မြို့ဖြစ်သော ကောက်ဘဇားတွင် နယ်စပ်လုံခြုံရေးတပ်များကို တိုးမြင့်ထားပြီး၊ယင်းဒေသရှိ ရိုဟင်ဂျာ ၃သိန်းခန့်နေထိုင်သော ဒုက္ခသည်စခန်းကိုလည်း ဘင်္ဂလားဒေ့ရှ်ရဲများက သတိထား၍စောင့်ကြည့်လျက်ရှိကြောင်း ဘင်္ဂလားဒေ့ရှ် အစိုးရတာဝန်ရှိသူတစ်ဦးဖြစ်သူ Jasim Uddin ကပြောကြားသည်။
မြန်မာနှင့်နယ်နမိတ်ချင်းထိစပ်နေသော ကီလိုမီတာ ၂၀၀ (မိုင် ၁၂၅မိုင်)တလျောက်တွင် နယ်စပ်လုံခြုံရေးကိုတိုးမြှင့်ထားရန်အမိန့်ပေးထားကြောင်း ဘင်္ဂလားဒေ့ရှ် နယ်စပ်လုံခြုံရေးတပ်ဖွဲ့အကြီးအကဲ ဗိုလ်မှုးချုပ် Anwar Hossain က Daily Star သတင်းကိုပြောကြားသည်။
ထို့ပြင် ကောက်ဘဇားဒေသရှိ ရခိုင်ဘုရားပုထိုး များတွင်လည်း လုံခြုံရေးတိုးမြှင့်ထားကြောင့် ကောက်ဘဇားရဲတပ်ဖွဲ ဒုရဲချုပ် Uttam Kumar က AFP သတင်းဌာနသို့ပြောကြားသည်။
The Voice Weekly
Posted: 12 Jun 2012 03:29 AM PDT
ဘင်္ဂလီလူမျိုးများ မီးရှို့မှုကြောင့် စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်ရှိ နေအိမ်များ မီးလောင်ကျွမ်းနေပုံ
စစ်တွေမြို့ကျောင်းကြီးလမ်း အောင်မင်္ဂလာရပ်ကွက်အနီးတွင် ဘဂါင်္လီများမှာ ၄င်းတို့နေအိမ်များကို ၄င်းတို့ကိုယ်တိုင်မီးရှို့သဖြင့် ယခုအခါ ရခိုင်တိုင်းရင်းသားများ၏ နေအိမ်များကိုပါ မီးကူးစက်လောင်ကျွမ်းနေကြောင်း၊ အဆိုပါမီးလောင်မှုကို မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံရခိုင်တိုင်းရင်းသားများက မီးငြှိမ်းသတ်နေကြစဉ် ဘဂါင်္လီများက သေနတ်များဖြင့် ပစ်ခတ်နေကြကြောင်း၊ ယင်းကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်အင်အား အယောက် ၃၀ ခန့် ရောက်ရှိလာကာ ဘင်္ဂါလီများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အပြန်အလှန်ပစ်ခတ်နေကြကြောင်း ရခိုင်ပြည်နယ်သို့ ရောက်ရှိနေသော The Voice Weekly သတင်းထောက်က သတင်းပေးပို့ ထားကြောင်း The Voice Weekly - Facebook အင်တာနက်စာမျက်နှာမှာဖော်ပြထားပါသည်။
Posted: 12 Jun 2012 03:23 AM PDT
စစ်တွေမြို့ ဓညဝတီရပ်ကွက် ကုန်သည်လမ်းတွင် လုံခြုံရေး ကင်းလှည့်နေသော တပ်မတော်သားများကို တွေ့မြင်ရစဉ် ဓါတ်ပုံ- The Voice Weekly
စစ်တွေမြို့ချင်းပျံလမ်းရှိ ရခိုင်လူမျိုးများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးနေသော ဘင်္ဂါလီလူမျိုးများအား စစ်တပ်မှ ၀င်ရောက် ထိမ်းသိမ်းရာတွင် ဘင်္ဂါလီလူမျိုးများက သေနတ်များဖြင့် ပြန်လည်ပစ်ခတ်မှုကြောင့် ၀င်ရောက်ထိမ်းသိမ်းလာသူ တပ်မတော်သားတစ်ဦးမှာ ထိခိုက်ဒါဏ်ရာရ ရှိသွားပြီး စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးသို့ ချက်ချင်းပို့ဆောင်လိုက်ရကြောင်း ဒေသခံများထံမှ သိရှိရသည်။
ရခိုင်ဆူပူအကြမ်းဖက်မှု ခေါင်းဆောင်သူဟု ယူဆရသူတစ်ဦးကို သက်ဆိုင်ရာ ဖမ်းဆီး
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသော ဆူပူအကြမ်းဖက်မှု၊ နေအိမ်များ မီးရှို့မှုတို့ကို ဦးစီး လုပ်ဆောင်နေသူဟုယူဆရသည့် ကျန်းမာရေးထောက်ပံ့မှုများကို အဓိကလုပ်ဆောင်နေသော နိုင်ငံတကာ အစိုးရမဟုတ်သည့် လူမှုရေးအဖွဲ့အစည်းတစ်ခုမှ ၀န်ထမ်းတစ်ဦးဖြစ်သူ ဦးကျော်လှအောင်ကို သက်ဆိုင်ရာက ဇွန်လ ၁၂ရက်နေ့တွင် ဖမ်းဆီးထိန်းသိမ်းထားပြီး ၄င်း၏နေအိမ်နှင့်ရုံးကိုပါ ဆက်လက် စုံစမ်းရှာဖွယ်လျက်ရှိကြောင်း သက်ဆိုင်ရာထံမှ စုံစမ်းသိရှိရသည် The Voice Weekly - Facebook အင်တာနက်စာမျက်နှာမှာ ရေးသားဖော်ပြထားပါသည်။
The Voice Weekly
Posted: 12 Jun 2012 03:30 AM PDT
အောင်မင်္ဂလာရပ်ကွက်ရှိ မီးလောင်ဆုံးရှုံးခဲ့သော နေအိမ်များ။
စစ်တွေမြို့ အဓိဌာန် ဘုန်းတော်ကြီးကျောင်းအနီး ရွာသာယာကျေးရွာကို ဘင်္ဂါလီများဝင်ရောက်မီးရှို့ဖျက်ဆီးနေရာ အဆိုပါမီးလောင်မှုကို လာရောက်ကူညီငြှိမ်းသတ်ပေးသူ စစ်တွေမြို့မင်းဂံရပ်ကွက်မှ ဦးလှဌေးမှာ ပွဲချင်းပြီိး သေဆုံးသွားပြီး ဒဏ်ရာရသူများစွာလည်း ရှိကြောင်း စစ်တွေမြို့သို့ရောက် ရှိနေသော The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။
အဆိုပါကျေးရွာတွင် မီးလောင်နေသည့်အပြင် မီးရှို့သူဘဂါင်္လီများနှင့် ရခိုင်တိုင်းရင်းသားများအကြား ပဋိပက္ခများ လည်း ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါကျေးရွာတွင် လုံခြုံရေး မရှိသဖြင့် ဒေသခံများကိုယ်တိုင် ကာကွယ်နေရကြောင်း ဒေသခံများက ဆိုသည်။
စစ်တွေမြို့ပေါ်ရှိ ရပ်ကွက်အများအပြားတွင် လုံခြုံရေးအားနည်း လျက်ရှိကြောင်း ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီမှ တာဝန်ရှိသူများက ပြောကြားသည်။
The Voice Weekly
Posted: 12 Jun 2012 03:02 AM PDT
 UNHCR မောင်းတောရုံးမှ အကြီးတန်းလက်ထောက် ဒေါ်မြနန္ဒာအောင်
ယမန်နေ့ (၁၁.၆.၂၀၁၂)နေ့လည် ၁နာရီတွင် မောင်းတော မှ စစ်တွေ သို့  ရောက်ရှိလာသော
 UNHCR မောင်းတောရုံးမှ အကြီးတန်းလက်ထောက် ဒေါ်မြနန္ဒာအောင် ကို
အယ်ခိုင်ဒါနှင့်ဆက်သွယ်မှုရှိကြောင်းမသင်္ကာမှုဖြင့် စစ်တွေမြို့၌ သက်ဆိုင်ရာမှထိန်းသိမ်းခဲ့ရာမှ
ယနေ့နေ့လည်၁နာရီခန့်တွင် ပြန်လည်လွတ်ပေးလိုက်ကြောင်း မိသားစုဝင်တဦးထံမှသိရှိရပါသည်။
ရန်ကုန်မြို့သို့ ယနေ့နေ့လည် လေကြောင်းခရီးဖြင့် ပြန်လည်လိုက်ပါလာမည်ဟုလည်း
Myanmar News Now မှ စုံစမ်းသိရှိရပါသည်။
သွားဆရာဝန်တဦးသာဖြစ်ပြီး ခုအခါ မောင်းတော န.စ.ကမှ ထိန်းသိမ်းကာ ဆက်လက်
စုံစမ်းစစ်ဆေးနေဆဲဟုသိရပါသည်။
Posted: 12 Jun 2012 02:45 AM PDT
ဇွန်လ ၁၂ ရက်နေ့
ဘင်္ဂါလီ ရိုဟင်ဂျာများကြောင့် မီးလောင်ကျွမ်းနေသော ကျောင်းကြီးလမ်း ရပ်ကွက် နှင့် နာဇီရပ်ကွက် မြင်ကွင်းအား နေ့လည် ၂း၃၀ နာရီခန့်က တွေ့ရစဉ်  ဓါတ်ပုံ- Eleven Media Group
စစ်တွေမြို့တွင် ဘင်္ဂါလီရိုဟင်ဂျာများက ကျောင်းကြီးလမ်းရပ်ကွက်တွင်ရှိသည့် ရခိုင်လူမျိုးများ၏ အိမ်ကို မီးရှို့မှုကြောင့် မီးလောင်ကြွမ်းမှုမှာ ဆက်လက် ဖြစ်ပွားနေပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များက သေနတ်ပစ်ဖေါက် သတိပေးနေကြောင်း အဆိုပါနေရာသို့ရောက်ရှိနေသည့် Eleven Media Group သတင်းထောက်က မွန်းလွဲ ၁ နာရီ ၅၅ မိနစ်တွင် သတင်းပေးပို့ပါသည်။
အလားတူ စစ်တွေမြို့ ဖေရာလမ်းရှိ ဟိန္ဒူ ဘုရားကျောင်းတစ်ကျောင်းနှင့် အိမ်များအား ရိုဟင်ဂျာ ဘင်္ဂါလီများက မီးရှို့လျှက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များလည်း ရောက်ရှိလာပြီဖြစ်ကြောင်း Eleven Media Group သတင်းထောက်က မွန်းလွဲ ၂ နာရီတွင် သတင်းပေးပို့ထားကြောင်း Eleven Media Group - Facebook အင်တာနက်စာမျက်နှာမှာဖော်ပြထားပါသည်။
Posted: 12 Jun 2012 02:46 AM PDT
ဇွန်လ ၁၂ ရက်နေ့
စစ်တွေမြို့တွင် ဘင်္ဂါလီများက ကျောင်းကြီးလမ်းရပ်ကွက်တွင် ရှိသည့် ရခိုင်လူမျိုးများ၏ အိမ်ကို မီးရှို့နေသည့် အတွက် လုံခြုံရေးများ ရောက်ရှိလာစဉ်  ဓါတ်ပုံ- Eleven Media Group
ယနေ့၁ နာရီ ၂၀ မိနစ်တွင် စစ်တွေမြို့ ကျောင်းကြီးတန်းရပ်ကွက် ရခိုင်လူမျိုးနေထိုင်သော အိမ်များကို ရိုဟင်ဂျာဘင်္ဂါလီများက မီးရှို့ပြီး ထွက်ပြေးရန် ဆောင်ရွက်နေကြောင့် ရခိုင်လူမျိုများက လိုက်လံ ဖမ်းဆီးနေကြကြောင်း အဆိုပါနေရာသို့ ရောက်ရှိနေသော Eleven Media Group သတင်းထောက်မှ သတင်းပေးပို့ပါသည်။
"အခုဖြစ်နေတဲ့ နေရာက နာဇီရပ်၊ အခု ဘင်္ဂါလီရိုဟင်ဂျာတွေ ပြေးစရာထွက်ပေါက်မရှိလို့ ရပ်ကွက်ထဲကို ၀င်ဖို့ကြိုးစားနေတယ်။ အခု သူတို့ ၀င်ဖို့ကြိုးစားနေတဲ့ နေရာက ကျောင်းကြီးတန်းရပ်ကွက် ၊ ထွက်ပြေးလာတဲ့ ဘင်္ဂါလီတွေနဲ့ ကျောင်းကြီးတန်းရပ်ကွက်က ရခိုင်တွေနဲ့ ထိပ်တိုက်တွေ့မယ့် အခြေအနေဖြစ်နေတယ်။ ဒီမှာက လမ်းသွယ်တွေက အများကြီးရှိနေတယ်။ လုံခြုံရေး ရောက်လာတာတော့ မရှိသေးဘူး" ဟု အဆိုပါနေရာသို့ ရောက်ရှိနေသော Eleven Media Group သတင်းထောက်က ယနေ့မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် သတင်းပေးပို့ ခဲ့ကြောင်း  Eleven Media Group - Facebook အင်တာနက်စာမျက်နှာမှာဖော်ပြထားပါသည်။
စစ်တွေမြို့တွင် ဘင်္ဂါလီများက ကျောင်းကြီးလမ်း ရပ်ကွက်တွင် ရှိသည့် ရခိုင်လူမျိုးများ၏ အိမ်ကို မီးရှို့ထားသည်ကို တွေ့ရစဉ်  ဓါတ်ပုံ- Eleven Media Group
Posted: 12 Jun 2012 02:46 AM PDT
ဇွန်လ ၁၂ ရက်နေ့
စစ်တွေမြို့ နာဇီဈေး ယခု မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ် မီးလောင်မှုမြင်ကွင်း  ဓါတ်ပုံ- Eleven Media Group
ဇွန်လ ၁၂ ရက်နေ့ နံနက် ၁၁း၁၅ နာရီခန့်တွင် စစ်တွေမြို့နယ် နာဇီကျေးရွာတွင် ရခိုင်တိုင်းရင်းသား ၆၀၀၀ခန့်နှင့် ဘင်္ဂါလီ ရိုဟင်ဂျာ ၁၀၀၀၀ခန့် အဓိကရုဏ်း ဖြစ်ပွားနေကြောင်း သိရှိရသည်။ အဆိုပါ အဓိကရုဏ်း ဖြစ်ပွားသည့်နေရာတွင် ရဲတပ်ဖွဲ့ဝင် ၅၀ ခန့်နှင့် တပ်မတော်မှ ၃၀ ဦးခန့် က ၀င်ရောက်ဖြန်ဖြေ ပေးနေကြောင်း အဆိုပါနေရာသို့ ရောက်ရှိ သတင်းရယူနေသည့် Eleven Media Group မှ သတင်းထောက်က သတင်းပေးပို့ပါသည်။
ဇွန်လ ၁၂ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်က စစ်တွေမြို့ ကသဲရပ်ကွက်တွင် ရိုဟင်ဂျာ ဘင်ဂါလီများက အိမ်ကို မီးရှို့၍ ထွက်ပြေးသွားကြကြောင်း သိရသည်။ မီလောင်မှုကြောင့် ရခိုင်လူမျိုးများ၏ နေအိမ် ၅ လုံးခန့်နှင့် ရိုဟင်ဂျာ ဘင်င်္ဂါလီများ၏ နေအိမ်များလည်း မီးလောင်ပျက်စီးသွားကြောင်း သိရသည်။ မီလောင်မှုမှာ လက်ရှိအချိန်အထိ ဆက်လက်လောက်ကြွမ်းလျှက်ရှိကြောင်း သိရသည်။
စစ်တွေမြို့နယ် နာဇီကျေးရွာတွင် မီးအကြီးအကျယ် လောင်ကြွမ်းနေကြောင်းနှင့် လူအချို့ ပိတ်မိနေသည်ဟု ဒေသခံများက ခန့်မှန်းပြောကြားခဲ့ကြောင်း အဆိုပါနေရာအနီသို့ ရောက်ရှိနေသော Eleven Media Group သတင်းထောက်မှ သတင်းပေးပို့  Eleven Media Group - Facebook အင်တာနက်စာမျက်နှာမှာဖော်ပြထားပါသည်။
စစ်တွေမြို့ နာဇီဈေး ယခု မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ် မီးလောင်မှုမြင်ကွင်း ဓါတ်ပုံ- Eleven Media Group 
နာဇီရွာ မီးလောင်မှုဖြစ်စဉ်တွင် လူမျိုးခြားများ နေထိုင်သည့် နေအိမ်အတွင်းမှ မီးအားပိုမို တောက်လောင်စေသည့် လောင်စာဆီများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ မီးငြှိမ်းသတ်ရာတွင် အခက်အခဲ ရှိစေရန် လမ်းသွယ်၊လမ်းကြား အချို့တွင် အရာဝတ္တုများစွာဖြင့် ပိတ်ပင်ထားကြောင်း ရခိုင်ပြည်နယ် မီးသတ်ဦးစီးမှူး ဦးမင်းစန်းအေး က ပြောကြားခဲ့သည်။
စစ်တွေမြို့ နာဇီဈေး ယခု မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ် မီးလောင်မှုမြင်ကွင်း
ဓါတ်ပုံ- Eleven Media Group
စစ်တွေမြို့ နာဇီဈေး ယခု မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ် မီးလောင်မှုမြင်ကွင်း
ဓါတ်ပုံ- Eleven Media Group
Posted: 12 Jun 2012 02:09 AM PDT
အလင်းတန်း ဂျာနယ် အမှတ်စဉ် ၇၀၈
Posted: 12 Jun 2012 02:02 AM PDT
ရွှေတူးဖေါ်သည့် ဆန္ဒပြလုပ်သားများ နေပြည်တော်သို့ ချီတက်လာစဉ် ( ဓါတ်ပုံ-သစ်ထူးလွင် အွန်လိုင်း မီဒီယာ)
မွန်းလွဲ ၁နာရီခွဲ၊ ဇွန် ၁၂၊ ၂၀၁၂၊ YPI
ရမည်းသင်းမြို့နယ် မိုးထိမိုးမိ ဒေသမှ ရွှေတူးဖေါ်သည့် ဆန္ဒပြလုပ်သားများ နေပြည်တော်သို့ ချီတက်လာရာ ရမည်းသင်းမြို့နှင့် ၆ မိုင်အကွာ ရွှေမြင်တင်တောင်တော်မြတ်၌ လုံထိန်းတပ်ဖွဲ့များ၏ ၀ိုင်းဝန်းပိတ်ဆို့ထားခြင်း ခံနေရသည်ဟု ကူညီဆောင်ရွက်ပေးသူ ကိုဟန်ဝင်းအောင်က ပြောသည်။
ရမည်းသင်းနှင့် မိုင် ၄၀ ကွာဝေးသည့် ရွှေတူးသည့်ဒေသမှ နေပြည်တော်သို့ ချီတက်လာသည့် ဆန္ဒပြလုပ်သားများအား ရမည်းသင်းမြို့အနီးအရောက်တွင် ယခုလိုတားဆီးထားခြင်းဖြစ်သည်။
ပိတ်ဆို့ထားလိုက်သည့်အတွက် အတွင်းမှ လုပ်သားများ အပြင်သို့ထွက်ခွင့်မရှိတော့ သကဲ့သို့ အပြင်မှလည်း အထဲသို့ဝင်ခွင့်မရှိတော့သဖြင့် စားရေးသောက်ရေးမှ အစ ခက်ခဲလာနိုင်သည်ဟု ကူညီပေးနေသူများက ဆိုသည်။
ထို့ပြင် ဆန္ဒပြလုပ်သားများအား ကူညီပေးနေသည့် အလုပ်သမားအရေး ဆောင်ရွက်သူများနှင့် မီဒီယာသမားများ တည်းခိုလျှက်ရှိသည့် ရွှေအိမ်စံ တည်းခိုခန်းပိုင်ရှင်အား ၎င်းတို့ကို လက်မခံရန် နယ်မြေခံ အက်စ်ဘီများက ဖိအားပေးမှုများလည်း ရှိသည်ဟု ကိုဟန်ဝင်းအောင်က ပြောသည်။
ဆန္ဒပြသူများအား ကူညီလိုက်ပါလာသည့် သံဃာ ၁၁ ပါးကိုလည်း မိမိတို့ သီတင်းသုံးရာ ကျောင်းသို့ပြန်ရန်၊ အကယ်၍ မပြန်ပါက ရမည်းသင်းတွင် လူဝတ်လဲလှယ်ခြင်းခံရမည်ဟု ရမည်းသင်းမြို့နယ် သံဃာနာယက အဖွဲ့က ခေါ်ယူပြောဆို သည်ဟုလည်း သိရှိရသည်။
ဆန္ဒပြ ရွှေလုပ်သားများ အနေဖြင့် ပြေလည်ရေးအတွက် ညှိနှိုင်းလာမည်ကို လိုလားလျှက်ရှိသော်လည်း ယခုလို ပိတ်ဆို့တားဆီးလိုက်ခြင်းသည် အပြုသဘောမဆောင်ကြောင်း အလုပ်သမားအရေး ကူညီပေးသူ ၎င်းက ကောက်ချက်ချ ပြောဆိုသည်။ ။
Yangon Press International
Posted: 12 Jun 2012 02:00 AM PDT
ရွှေလုပ်သားများ နေပြည်တော်ကို ချီတက်လာစဉ် (ဓါတ်ပုံ-သစ်ထူးလွင် အွန်လိုင်း မီဒီယာ)
ရမည်းသင်းခရိုင် မိုးထိမိုးမိတောင်ပေါ်တွင် ရွှေလုပ်သားများက အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီ၏ ပေးထားသောကတိဖောက်ဖျက်မှု လက်ရှိလုပ်ကိုင်နေသော လုပ်ကွက်များကို ဆက်လက် လုပ်ကိုင်ခွင့်မပြုတော့သောကြောင့် ယခုလ ဇွန်လ ဆန်းပိုင်းမှစတင်ကာ မိုးထိမိုးမိတောင်ပေါ်တွင် လူအင်အား တစ်သိန်းဝန်းကျင်ခန့် ဖြင့် တောင်းဆိုချက် ခြောက်ချက်တောင်းဆိုကာ  ဆန္ဒပြခဲ့ကြသည်။
ယခုအခါ ၎င်း တောင်းဆိုချက်များကို ကုမ္ပဏီမှ မျက်ကွယ်ပြုထားသည့်အတွက် ၎င်း မိုးထိမိုးမိတောင်ပေါ်မှ ရွှေလုပ်သား အင်အား ၂၅၀၀ ကျော်သည် မြန်မာပြည်၏ သမ္မတရုံးအခြေစိုက်ရာ နေရာဖြစ်သော နေပြည်တော်သို့ ယနေ့တွင် (၁၁.၆.၂၀၁၂) ချီတက်လှမ်းလျှောက် ကာ ၎င်း တို့ချိုးဖောက်ခံခဲ့ရသော ရပိုင်ခွင့်များကို ရရှိအောင် ငြိမ်းချမ်းစွာတောင်းဆို ဆန္ဒပြထုတ်ဖော်သွားနေပါသည်။
ဆန္ဒပြသူများသည် ထိုတောင်ပေါ်တွင် မိမိတို့ဘာသာ သရဏဂုံတည်ဆောက်ကာ အရိုးကျေကျေ အရေခန်းခန်း ဆက်လက်တိုက်ပွဲဝင်သွားမည်ဟုဆိုသည်။ ထိုချီတက်လမ်းလျှောက် ဆန္ဒပြသူများထဲတွင် သက်ရွယ်ကြီးရင့်သူဘိုးဘွားများ ကျောင်းနေအရွယ် ရွှေလုပ်သားများ၏ သားသမီးများ နှင့် အမျိုးသမီးများပါ ပါဝင်ကြောင်း ဦးဆောင် ဆန္ဒပြသူများက
(သစ်ထူးလွင် အွန်လိုင်း မီဒီယာ )ကို သတင်းပေးပို့ ထားပါသည်။
၎င်းတို့တောင်းဆိုသော အချက်များမှာ--
မိုးထိမိုးမိဒေသ အသေးစားရွှေလုပ်ငန်းရှင်များနှင့် မှီခိုလုပ်သားများ၏ တောင်းဆိုချက်များ
၁။ အင်း၊ အယ်တာများကို ယခင်အတိုင်းလုပ်ကိုင်ခွင့်ပေးရန်။
၂။ ဇုန်အသီးသီးရှိ ကျောက်ကြိတ်စက်များ ယခင်အတိုင်းကြိတ်ခွဲခွင့်ပြုရန်
၃။ ထုံးကြီးတောင်ဒေသရှိ ရွှေလုပ်သားများအား အစုခွဲစားခွင့်ဖြင့် ယခင်အတိုင်းလုပ်ကိုင်ခွင့်ပြုရန်။
၎။ အင်း၊ အယ်တာများ နစ်နာကြေးတောင်းခံထားသူများကို နစ်နာကြေးပေးရန်။
၅။ လုပ်ငန်းများရပ်ဆိုင်းထားသည့်အချိန်ကာလအတွက် အသေးစားရွှေလုပ်ငန်းရှင်များနှင့် မှီခိုလုပ်သားများအား
    နစ်နာကြေးပေးရန်။
၆။တောင်းဆိုချက်များအား နှစ်ဦးနှစ်ဖက်အပြန်အလှန်ညှိနှိုင်းပြီး သဘောတူလက်မှတ်ထိုး၍ စာချုပ်ချုပ်ဆိုထားရှိရန်။
စသည့် အချက်များရရှိရေး အတွက် တောင်းဆို ဆန္ဒပြနေခြင်းဖြစ်ပါသည်။
Posted: 11 Jun 2012 06:47 PM PDT
အောင်ကိုကိုလတ် (မြစ်မခ)
by Myit Makha Mediagroup on
နေပြည်တော်တိုင်းဒေသကြီးအတွင်းနှင့် အနီးပတ်ဝန်းကျင်မြို့နယ်များရှိ မွေးမြူရေးဇုန်များတွင်   မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ခြင်း မရှိသေးသည့်  မြေများအား (၃)လအတွင်း ပြန်လည်သိမ်းဆည်း သွားမည်ဖြစ်ကြောင်း မွေးမြူရေးနှင့်ကုသရေးဝန်ကြီးဌာနက သိရှိရသည်။
၎င်းမြို့နယ်များမှာ တပ်ကုန်းမြို့နယ်၊ လယ်ဝေးမြို့နယ်၊ ရမည်းသင်းမြို့နယ်များမှ မွေးမြူရေးဇုန်များ ဖြစ်ပြီး သတ်မှတ်ကာလမှာ ဇွန်လမှစတင်၍  သြဂုဏ်လအထိ ဖြစ်သည်။
“အခုလောလောဆယ်တော့ သိမ်းတာ မတွေ့သေးပါဘူး။ (၃)လကျော်မှ လုပ်ငန်းမလုပ်ကိုင်သေးတဲ့   မြေယာကို   ပြန်သိမ်းမယ်လို့  ပြောထားတာလည်းရှိတယ်” ဟု တပ်ကုန်းမြို့နယ်၊ကန်ကြီးကုန်းကျေးရွာမှ ရွာသားတစ်ဦးက ပြောသည်။
တပ်ကုန်းမြို့နယ်ရှိ မွေးမြူရေးဇုန်များတွင် သိုး၊ ဆိတ်၊ နို့စားနွား၊ ကြက်များအား မွေးမြူရန်၊ လယ်ဝေးမြို့နယ်တွင် ကြက်၊ ၀က်၊ ဆိတ်၊ နို့စားနွားများ မွေးမြူရန်၊ ရမည်းသင်းမြို့နယ်ရှိ မွေးမြူ ရေးဇုန်များတွင် ဆိတ်၊ နို့စားနွား နှင့် နို့ထွက်ပစ္စည်းစက်ရုံများ တည်ဆောက်လုပ်ကိုင်ရန် နေရာချထား ပေးခဲ့ခြင်းဖြစ်သည်။
“ဒီက မွေးမြူရေးဇုန်ကို (၂၀၀၇)လောက်က အကွက် ဖော်ထုတ်ခဲ့တယ်။ ဒါပေမယ့် လုပ်ကိုင်သူလည်း ရှိတယ်။ မလုပ်ကိုင်ဖြစ်သေးတဲ့   နေရာတွေလည်းရှိနေတယ်။ အစမှာလုပ်ပြီး နောက်မလုပ်ဖြစ်တဲ့ နေရာတွေလည်း ရှိတယ်။ အခုကနေ သုံးလကျော်ရင်တာ့ မလုပ်နိုင် တဲ့ သူတွေဆီက မြေပြန် သိမ်းသွားမယ်” ဟု နေပြည်တော် မွေးမြူရေးနှင့်ကုသရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ မွေးမြူရေးဇုန်များကို (၂၀၀၇) ခုနှစ်တွင် မွေးမြူရေးလုပ်ကိုင်လိုသူလူဦးရေ (၇၀)ကျော်အား နေရာချထားပေးခဲ့ပြီး လက်ရှိတွင် လုပ်ငန်းလုပ်ကိုင်သူ (၂၀)ဦးဝန်းကျင်သာ ရှိကြောင်းသိရသည်။
...
0 comments:
Post a Comment
စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ
Followers
Total Pageviews
အမှာပါးစရာများရှိနေရင်
Pop up my Cbox
Blog Archive
အက်ဒမင်
အခြားကဏ္ဍများကို လေ့လာရန်
ရှာဖွေလေ တွေ့ရှိလေ
စာပေမြတ်နိုးသူများ
free counters
Related Posts Plugin for WordPress, Blogger...