Wednesday, June 20, 2012

သစ်ထူးလွင် သတင်းစုစည်းမှု (၂၀-၆)


သစ်ထူးလွင်



Posted: 20 Jun 2012 04:53 AM PDT

ယခုနှစ် သင်္ကြန်ကာလပြီး ကတည်းက ပြင်ဦးလွင်မြို့တွင် ဗီဒီယို ဇာတ်ကားများ
သွားရောက် ရိုက်ကူး ခဲ့ပြီး ယခုအချိန် တွင် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးရန်ပုံငွေဖျော်ဖြေပွဲအတွက် ဇာတ်တိုက်လေ့ကျင့်မှုများပြုလုပ်နေသော သင်ဇာ ဝင့်ကျော် က ဇူလိုင်လအတွင်း သီလရှင်ဝတ်ရန် စီစဉ်ထားကြောင်း 7 Day News သို့ ပြောသည်။
" ၇ လပိုင်းလကုန်လောက် ဒါမှမဟုတ် လလယ်ပိုင်းလောက် ဖြစ်ဖြစ် သီလရှင်ဝတ်ဖြစ်မယ်။ မွေးနေ့ကြောင့်လည်း မဟုတ်ပါ ဘူး။ ဒီတိုင်းပဲ ဝတ်ချင်လို့ ဝတ်ဖြစ်မှာပါ"ဟု သူမကပြောသည်။ ယခုနှစ်သင်္ကြန်ကာလအတွင်း သူမ၏ဝတ်စားဆင်ယင်မှု သတင်းများနှင့် သူမ၏ ဖခင်နှင့်ပတ်သက်သည့်သတင်းများအပေါ် သင်ဇာဝင့်ကျော်က "အဲဒီအကြောင်းတွေဘာမှမပြောချင်ပါဘူး။ အနုပညာရှင်တစ်ယောက်ရဲ့ ဘဝနဲ့ ပြင်ပကလူမှုဘဝကိုလည်းြေူ-ခေညန မျှအောင် ဘယ်တော့မှမစဉ်းစားခဲ့ဘူး။ ဒါပေမဲ့ လူ့ဘဝဆိုတာ တိုတိုလေး။ ကိုယ်နေနေကျ လိုက်ဖ်စတိုင်လ်အတိုင်းနေမယ်။ အဓိက အရေးကြီးတာက ကိုယ်ဒီလိုအလုပ်လုပ်နေတဲ့အတွက် ဒီအလုပ်ပေါ်စေတနာထားဖို့ အရေးကြီးတယ်" ဟု ဖြေကြားသွားခဲ့သည်။
မေလအတွင်း ဗီဒီယိုဇာတ်ကားတစ်ကားကိုလက်ကျန်ဇာတ်ဝင်ခန်းများ ရိုက်ကူးပေးရန်ရှိပြီး ပြင်ဦးလွင်တွင်ရိုက်ကူးခဲ့သော 'တက်တူး' ဗီဒီယိုဇာတ်ကား ဇာတ်ဝင်ခန်းအတွက် တက်တူးများထိုးခဲ့ရာ တက်တူးထိုးခြင်းအပေါ် သူမ၏ အမြင်ကိုမေးရာ၌ " တက်တူးကို ကြိုက်လို့ထိုးခဲ့တာပါ။ လူစိတ်ဝင်စားအောင်ထိုးတာမဟုတ်ပါဘူး။ ဒီဇာတ်ကားကာရိုက်တာဝင်အောင် ထိုးတာလည်းမဟုတ်ပါဘူး"ဟု ပြောသည်။

ကြူကြူဟန်
BY 7DAY NEWS
Posted: 20 Jun 2012 04:50 AM PDT

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၌ ဖြစ်ပွားခဲ့သည့် အုပ်စုဖွဲ့ ၀ိုင်း ရိုက်နှက် မှုကြောင့် လူ ၁၀ ဦး
သေဆုံးခဲ့ခြင်းနှင့် ပတ်သက်၍ မျက်မြင် သက်သေ များအား တွေ့ဆုံ မေးမြန်းမှုများကို အမှတ်(၅)၊ စစ် ဆင်ရေး ကွပ်ကဲ မှု ဌာနချုပ်၊ တောင်ကုတ်တွင် စတင်ပြု လုပ်နေပြီဖြစ်ကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။
ဇွန်လ ၂ ရက်က ဖြစ်ပွားခဲ့သည့် ယင်းဖြစ်စဉ်တွင် ပါဝင်သူများအား စုံစမ်းရန် ဖွဲ့စည်းခဲ့သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့က ယနေ့သုံးရက်မြောက်တွေ့ဆုံမေးမြန်းခြင်း များကို ပြုလုပ်လျက်ရှိပြီး လူပေါင်း ၃၀ ကျော်လာရောက်ထွက်ဆိုသွားပြီဖြစ်ကြောင်း ယင်းစုံစမ်းမှုတွင် ပါဝင်သူတစ်ဦးက ပြောသည်။ “လူတွေကို ဟိုဘက်ခေတ်ကလို စစ်ဆေးမှုမျိုးမပြုလုပ်ပါဘူး။ မြို့နယ်အုပ်ချုပ်ရေးမှူးကိုယ်တိုင်က လာရောက်ဖြေကြားတဲ့လူတွေကို လေးလေးစားစားပြောဆိုဆက် ဆံပါတယ်။ အရပ်သား နား၊ မျက်လုံးနဲ့ ကြည့်ရရင်တော့ ကျေနပ်တယ်လို့ပြောရမယ်”ဟု အခင်းဖြစ်ပွားချိန်တွင် အခြားတစ်မြို့သို့ ရောက်ရှိနေပြီး ယခု ခေါ်ယူမေး မြန်းခံရသည့် တောင်ကုတ်မြို့မှ ရခိုင်အမျိုးသားတစ်ဦးက 7 Day News သို့ပြောသည်။
ယင်းပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး အပါအ၀င် အဖွဲ့ဝင် ၁၆ ဦးပါဝင်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဇွန်လ ၆ရက်တွင် စတင်ဖွဲ့စည်းခဲ့သည်။ စစ်ဆေးရာ တွင်မှုခင်းဖြစ်ပွားရသည့် အကြောင်းရင်း၊ အုပ်စုဖွဲ့ကျူးလွန်ရန် စည်းရုံးလှုံ့ဆော်မှုများ၊ အုပ်စုဖွဲ့ကျူးလွန်စဉ်ဦးဆောင်သူများ၊ ပြစ်မှုကျူးလွန်သူများ၊ အခင်းမဖြစ်ပွား မီနှင့် ဖြစ်ပွားပြီးနောက် ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်ခြင်း (သို့) ဆောင်ရွက်နိုင်မှုအခြေအနေ၊ စုံစမ်းစစ်ဆေးရေးအဖွဲ့၏ ထင် မြင်ယူဆချက်၊ စုံစမ်းစစ်ဆေး ရေးအဖွဲ့၏ သုံးသပ်ချက်နှင့် အကြံပြုချက်များကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ၊ သက်သေခံတို့နှင့်အညီစုံစမ်းစစ်ဆေးကာ ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထား၍ နိုင်ငံ တော်သမ္မတထံ တိုက်ရိုက်အစီ ရင်ခံရမည်ဖြစ်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့က ထုတ်ပြန်ခဲ့သည်။
“မေးမြန်းတာတွေကို မနက် ၇ နာရီလောက်ကနေ ည ၇ နာရီ၊ ၈ နာရီလောက်အထိလုပ်တယ်”ဟု ယမန်နေ့က သွားရောက်ထွက်ဆိုခဲ့သည့် ဒေသခံတစ်ဦးက ပြော သည်။ အခင်းဖြစ်ပွားသည့်နေ့က တောင်ကုတ်-သံတွဲလမ်းခွဆုံရှိ လမ်းညွှန်ဆိုင်းဘုတ်ပေါ်မှ ဖုန်း၊ အမ်ပီဖိုးများဖြင့် ဓာတ်ပုံရိုက်နေသူ များရှိခဲ့ရာ ယင်းဓာတ်ပုံတွင်ပါဝင်သူများနှင့် ရုပ်ဆင်တူသူများကို ရဲမှတစ်ဆင့် ခေါ်ယူကာ စုံစမ်းစစ်ဆေးရေးအဖွဲ့က မေးမြန်းခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၊ ကျောက်နီမော်တွင် ဖြစ်ပွားခဲ့သည့် ရခိုင်အမျိုးသမီးတစ်ဦးအား ဧည့်နိုင်ငံသား ဘင်္ဂါလီအမျိုးသားသုံးဦးက အဓမ္မပြုကျင့်ကာ ပစ္စည်း လုယက်၊ သတ်ဖြတ်ခဲ့မှုဂယက်ကြောင့် တောင်ကုတ်မြို့တွင် ယင်းသို့ နောက်ဆက်တွဲ မှုခင်းဆက်လက်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထိုမှတစ်ဆင့် ရခိုင်ပြည်နယ်အတွင်း မတည်ငြိမ်မှုများ၊ ဆူပူသောင်းကျန်းမှုများ ဆက်လက်ဖြစ်ပွားကာ နိုင်ငံတော်မှ နေ၀င်မီးငြိမ်းအမိန့်သာမက အရေးပေါ်အခြေအနေထုတ်ပြန်ရသည်အထိ ဖြစ်ပေါ် ခဲ့ရသည်။

BY 7DAY NEWS
Posted: 20 Jun 2012 03:48 AM PDT
မသီတာထွေးအမှု ကျူးလွန်သူ တရားခံနှစ်ဦးအား ဇွန်လ ၁၉ရက်နေ့က အမိန့်ချမှတ်လိုက်ပြီး ၄င်းတရားခံနှစ်ဦးအား ကျောက်ဖြူမှ စစ်တွေသို့ ခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။

ဇွန်လ ၁၉ရက်နေ့က ကျောက်ဖြူတရားရုံးတွင် မသီတာထွေးအမှုနှင့်ပက်သက်၍ တရားခံ မာမတ်ရော်ဖီး (ခ) လှဝင်း နှင့် လူလု(ခ)ခေါ်ချီး(ခ)မြင့်ဆွေ(အဖြူ) တို့အား  ပုဒ်မ ၃၇၆(မုဒိမ်မှု)၊၃၉၂(လုယက်မှု)၊၃၀၂/၁(၈)(မသေမချင်းသတ်မှူ) တို့ကိုကျူးလွန်သည့်အတွက် ၃၂၀(၁)(ဂ) အရ သေဒဏ်ချမှတ်လိုက်ကြောင်း သိရှိရသည်။

“သူတို့နှစ်ယောက်ကို ကျောက်ဖြူတရားရုံးက သေမိန့်ချလိုက်ပြီး၊ အယူခံဝင်ခွင့် ၇ရက်ပေးထားတယ်။ ဒီနေ့ ကျောက်ဖြူ-စစ်တွေ လေယဉ်ခရီးစဉ်နဲ့ ကျောက်ဖြူကနေ စစ်တွေကို နေ့လည်ဘက် ၂း၃၀ နာရီမှာ ခေါ်ဆောင်သွားပြီ၊ ၇ရက်အတွင်း အယူခံမ၀င်ဘူးဆိုရင်တော့ စစ်တွေမှာဘဲ ကြိုးမိန့်ပေးမယ်ထင်တယ်”ဟု ကျောက်ဖြူ လူငယ်တစ်ဦးမှ ပြောပြသည်။

၎င်းတရားခံ နှစ်ဦးအား ကျောက်ဖြူမှ စစ်တွေသို့ ခေါ်ဆောင်သွားရန်ရှိသဖြင့် ကျောက်ဖြူ-စစ်တွေ လေယဉ်ဖြင့် လိုက်ပါမည့် ခရီးသည်များမှာ လိုက်ပါခွင့်မရခဲ့ကြောင်း သိရှိရသည်။ စစ်တွေလေဆိပ်တွင် စစ်ကား ၃စီးဖြင့် လုံခြုံရေးယူထားပြီး၊ လေဆိပ်အတွင်းသို့ မည်သူမှ ၀င်ခွင့်မရကြောင်းလည်း သိရှိရသည်။

by ကိုထွန်းနိုင်-အာရကန်တိုင်းမ်စ်
Posted: 20 Jun 2012 03:42 AM PDT
ရန်ကုန်၊ ဇွန် ၂၀

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တွင် ဇွန်လ ၁၉ ရက်နေ့က ဘင်္ဂါလီ လူမျိုးများ၏ အကြမ်းဖက်မှုကြောင့် ဒဏ်ရာ ရရှိသူများထဲမှ တစ်ဦးမှာ ယမ်းထောင်း တူမီးသေနတ် ထိမှန်ခဲ့ခြင်း ဖြစ်ကြောင်း ရသေ့တောင် မြို့နယ်ဆေးရုံ ဆရာဝန်၏ မှတ်ချက်တွင် ဖော်ပြထားကြောင်း ရသေ့တောင် ဒေသခံများက ပြောကြားသည်။

ရခိုင်ပြည်နယ် ရသေ့တောင် မြို့နယ်တွင် ဇွန်လ ၁၉ ရက်နေ့က ဘင်္ဂါလီ လူမျိုးများ၏ အကြမ်းဖက်မှုကြောင့် ရခိုင် တိုင်းရင်းသား ၁၁ ဦး သေဆုံးခဲ့ပြီး ၇ ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း ကူတောင် ကျေးရွာ ဒေသခံများကို ဆက်သွယ် မေးမြန်းချက်အရ သိရှိရသည်။

ဘင်္ဂါလီများ နေထိုင်ရာ အနောက်ပြင် ကျေးရွာမှ ဆူပူ အကြမ်းဖက်သူများသည် ဇွန်လ ၁၉ ရက်နေ့ (ယနေ့) နံနက် ၅ နာရီခန့်တွင် ရခိုင် တိုင်းရင်းသားများ နေထိုင်ရာ ကူတောင် ကျေးရွာကို ဝင်ရောက် မီးရှို့ခဲ့ကြောင်း၊ ယင်းမီးရှို့ဖျက်ဆီးသူများကို ပြန်လည် နှိမ်နှင်းလိုက်လံရာမှ ရခိုင်တိုင်းရင်းသားများ အနောက်ပြင် ကျေးရွာနားသို့ အရောက်တွင် သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း ရသေ့တောင်မြို့ ဒေသခံများက ပြောကြားသည်။

“မီးတိုက်တဲ့သူတွေကို ရွာသားတွေက လိုက်ထုတ်ကြတယ်။ လိုက်ရင်းနဲ့ အနောက်ပြင် ရွာအနား ရောက်တော့ ဘင်္ဂါလီတွေ လူစုပြီး စောင့်နေတယ်။ အဲဒီမှာ အသတ်ခံရတာ။ ထောင်ချောက်ဆင် ထားတဲ့ ပုံစံပဲ“ ဟု ကူတောင် ကျေးရွာဒေသခံ တစ်ဦးက ရှင်းပြသည်။

အဆိုပါ သေဆုံးသူများထဲတွင် ကျောင်းဆရာ နှစ်ဦး၊ ရပ်ကွက် အုပ်ချုပ်ရေးရုံးမှ စာရေးမ တစ်ဦး၊ အငြိမ်းစား တပ်မတော်သား တစ်ဦးတို့ ပါဝင်ကြောင်း ကူတောင်ကျေးရွာ ဒေသခံများထံမှ စုံစမ်းသိရှိ ရသည်။
“သေသွားတဲ့ အလောင်းတွေကို ပြန်ပေးဖို့ စစ်တပ်က ပြန်တောင်းနေတယ်။ ဘင်္ဂါလီတွေက မပေးဘူး“ ဟု ကူတောင် ကျေးရွာမှ ဒေသခံ တစ်ဦးက ဆိုသည်။

ဒဏ်ရာ ရရှိသူ ၇ ဦးအနက်မှ ရခိုင် တိုင်းရင်းသား နှစ်ဦးကို ယနေ့ ညနေပိုင်းက ရသေ့တောင် မြို့နယ်ဆေးရုံသို့ တင်ပို့ ကုသခဲ့ရာတွင် တစ်ဦး ရရှိခဲ့သော ညာဘက်ရင်အုံ ပွင့်ထွက်ဒဏ်ရာမှာ ယမ်းထောင်း တူမီးသေနတ် ထိမှန်ခြင်း ဖြစ်ကြောင်း ရသေ့တောင် မြို့နယ်ဆေးရုံ ဆရာဝန်၏ မှတ်ချက်တွင် ဖော်ပြထားကြောင်း၊ ကျန်တစ်ဦးမှာ ဦးနှောက် အာရုံကြောများ ထိခိုက်သွားသည်ဟု ဆေးရုံသို့ လိုက်ပါသွားသူ တစ်ဦးက တယ်လီဖုန်းဖြင့် ပြောကြားသည်။

ယနေ့ ဖြစ်ပွားသော ရသေ့တောင်မြို့နယ် ကူတောင်ကျေးရွာ အရေးအခင်းတွင်း ရခိုင် တိုင်းရင်းသား ၁၁ ဦး သေဆုံးကာ ၇ ဦး ဒဏ်ရာ ရရှိခဲ့ပြီး၊ ဘင်္ဂါလီလူမျိုး ၂ ဦး၏ အလောင်းကို ဘင်္ဂါလီလူကြီး အီဆူး အိမ်တွင် တွေ့ရကြောင်း ရသေ့တောင် ဒေသခံများထံမှ သိရသည်။

အဆိုပါ ကိစ္စရပ်များနှင့် ပတ်သက်၍ The Voice Weekly က ရသေ့တောင် မြို့နယ် ရဲတပ်ဖွဲ့မှူး၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ သတင်းပြန်ကြားရေး အဖွဲ့များသို့ ဇွန်လ ၁၉ ရက်နေ့ ညနေ လေးနာရီခန့်က ဆက်သွယ် ခဲ့သော်လည်း ပြန်လည် ဖြေကြားခြင်း မရှိခဲ့ပေ။

The Voice Weekly
Posted: 20 Jun 2012 03:35 AM PDT
ဇွန် ၂၀၊ ၂၀၁၂၊ YPI

The Voice Weekly ဂျာနယ်၏ သတင်းဖေါ်ပြမှု အပေါ် သတ္တုတွင်းဝန်ကြီးဋ္ဌာနက အသရေဖျက်မှုဖြင့် စွဲဆိုသည့် အမှုတွင် ဂျာနယ်ဘက်မှ ဥပဒေအကျိုးဆောင်က လျှောက်ထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးသို့ တင်ဖို့လိုအပ်သည့် အမှုကိစ္စ မဟုတ်ဟု ဒဂုံမြို့နယ်တရားရုံးက ယနေ့ဆုံးဖြတ်လိုက်သည်။

ယင်းကဲ့သို့ ဆုံးဖြတ်သည့်နောက် နကိုစွဲဆိုထားသည့် အသရေဖျက်မှု ပုဒ်မ ၅၀၀ စွဲဆိုချက်ကို ဆက်လက်စစ်ဆေးရန် လာမည့် ဇွန်လ ၂၈ ရက်နေ့သို့ ချိန်းဆိုလိုက်ကြောင်း တရားရုံးသို့ သွားရောက်နားထောင်သည့် သတင်းထောက် တဦးက ပြောသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၃၅၄(က)တွင် နိုင်ငံသားတိုင်းသည် နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများ မဆန့်ကျင်လျှင် မိမိ၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသား ဖြန့်ဝေခွင့်ရှိသည်ဟု ဖေါ်ပြထားခြင်းကြောင့် ဂျာနယ်၏ ဥပဒေအကျိုးဆောင် ဦးသိန်းညွှန့်က အခြေခံဥပဒေခုံရုံးသို့ တင်ပြရန် လျှောက်ထားခဲ့ခြင်းဖြစ်သည်။

ယခင်တပတ်ရုံးချိန်းက သတင်းရေးသားသူ၏ အမည်ထုတ်ဖေါ်ရန် သတ္တုတွင်းဝန်ကြီးဋ္ဌာနဘက်မှ လျှောက်ထားချက်ကို တရားရုံးတော်မှ ပလပ်ခဲ့သည်။
ဦးသိန်းစိန် ဦးဆောင်သည့် အရပ်သား အစိုးရသစ်တက်လာပြီးနောက် သတင်းဂျာနယ်များအပေါ် ချုပ်ကိုင်ထားမှုကို အထိုက်အလျှောက်လျော့ပေါ့ပေးပြီးနောက် ယခုကဲ့သို့ ၀န်ကြီးဋ္ဌာနက ပုဂ္ဂလိကပိုင် သတင်းဂျာနယ်အား တရားစွဲဆိုမှုများ ပေါ်ထွက်လာခြင်းဖြစ်သည်။
မကြာမီလပိုင်းအတွင်း လွှတ်တော်တွင် တင်ပြရန်ရှိသည့် မီဒီယာဥပဒေ ပြဋ္ဌာန်းရန်ရှိပြီး ယင်းမတိုင်မီ သတင်းကောင်စီဖွဲ့စည်းကာ သတင်း ဂျာနယ် နှင့် စာအုပ်စာစောင်များအပေါ် ကြိုတင်စိစစ်ခွင့်ပြုသည့် လုပ်ငန်းစဉ်ကို ရပ်ဆိုင်းမည်ဟု ပြန်ကြားရေးဝန်ကြီးဋ္ဌာနမှ ထုတ်ဖေါ်ပြောဆိုထားသည်။
မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံများအနက် သတင်းလွတ်လပ်ခွင့်အနည်းဆုံးနိုင်ငံများ စာရင်းတွင် ဆယ်စုနှစ်များစွာ ပါဝင်ခဲ့ပြီး လွန်ခဲ့သည့်နှစ်မှ စတင်၍ သတင်းမီဒီယာထိန်းချုပ်မှုအချို့ကို ဖြေလျော့ပေးခဲ့သည်။ ။

Yangon Press International
Posted: 20 Jun 2012 03:18 AM PDT
ယမန်နေ့က ဆူပူ အကြမ်းဖက်မူ ဖြစ်ပွားရာ ကူတောင်နှင့် အနောက်ပြင် ကျေးရွာများတွင် စစ်တပ်နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ တိုးမြှင့် ချထားသော်လည်း ပျောက်ဆုံး အလောင်းများကို ယနေ့ နံနက်ထိ ရှာဖွေ မတွေ့သေးကြောင်း သိရသည်။

“ စစ်တပ်က အနောက်ပြင် ရွာမှာ ရှိတယ်။ တနေ့နဲ့ တည ရှိသွားပြီ။ ပျောက်ဆုံး အလောင်းတွေကို သူတို့က အပူတပြင်း ရှာဖွေတာမျိုးတော့ မရှိဘူး။ အလောင်းတွေကို မေးရုံသာ မေးတယ်လို့ ကြားတယ်။ အကြမ်းဖက် ဆူပူမူ လုပ်တဲ့ သူတွေကိုလည်း ဖမ်းတာ ဆီးတာ မရှိဘူး” ဟု ဒေသခံ တစ်ဦးက နိရဉ္စရာသို့ပြောသည်။

သေဆုံးသူများထဲမှ ဥဂ္ဂါရွာမှ ကျောင်းဆရာ အလောင်း တစ်လောင်းကိုသာ တွေ့ရှိသေးပြီး အဆိုပါ အလောင်းကို အနောက်ပြင်ကျေးရွာ နောက်ဘက်ချောင်းစပ်မှ ရှာဖွေတွေ့ရှိခဲ့သည်ဟု သူက ဆက်ပြောသည်။ ကူတောင်ကျေးရွာနှင့်  ဥဂ္ဂါရွာတွင်လည်း စစ်တပ်များ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

“ ကျွန်တော်တို့ မြို့နယ် အုပ်ချုပ်ရေးမှူးကို တိုင်ကြားထားတာက ရခိုင် ၁၀ ဦးသေတယ်။ တစ်လောင်းဘဲ ရတယ်။ နောက်ထပ် ၉ လောင်းပျောက်နေတယ်လို့ ပြောထားတယ်။ ဒါပေမယ့် အခုအချိန်ထိ အလောင်းတွေကို ပြန်မရသေးဘူး” ဟု ယနေ့ နံနက် က ဖုံးဆက် မေးမြန်းစဉ် ရတပ ပါတီ မြို့နယ် ဥက္ကဌ ဦးမောင်လှမြင့်က ပြောသည်။

အကြမ်းဖက် ဆူပူသူများကို မေးမြန်း စစ်ဆေးပြီး ဖမ်းဆီး အရေးယူခြင်းလည်း မရှိသေးသဖြင့် ဒေသခံ လူထု အကြား မကျေနပ်မူများတိုးပွားနေကြောင်း  သိရသည်။

ပျောက်ဆုံးနေသူများ အထဲတွင် သန္တာအောင် သားဖ၊ ထွန်းဘော်သားအဖ၊ စောသန်း၊ ပြူးချေ၊ တင်ထွန်း၊ သန်းချေ၊ ဦးတင်လိုင် တို့ပါဝင်ကြောင်း ကူတောင် ကျေးရွာသား တစ်ဦးက ပြောသည်။

နေရဉ္ဖရာ
Posted: 20 Jun 2012 03:12 AM PDT
မြန်မာ သမ္မတ ဦးသိန်းစိန်သည် သူ၏ ဘင်္ဂလာဒေခ်ျ့ ခရီးစဉ်ကို ဇူလိုင်လ ၁၅ ရက်နေ့တွင် စတင်မည် ဖြစ်ကြောင်း သတင်းရရှိသည်။
ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာ၏ ဖိတ်ကြားချက်အရ သုံးရက်ကြာ မြန်မာ သမ္မတ၏  ဘင်္ဂလာဒေခ်ျ့ ခရီးစဉ်ကို ဇူလိုင်လ ၁၅ ရက်နေ့တွင် စတင်မည် ဖြစ်ကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာန အရာရှိ တစ်ဦးအား ကိုးကားပြီး The Newage သတင်းစာက ဖေါ်ပြသည်။

မြန်မာ သမ္မတ၏ ခရီးစဉ်အတွင်း မြန်မာနိုင်ငံမှ ရောက်ရှိနေသော မွတ်ဆလင် ဒုက္ခသည်များ အရေးကိစ္စကို အဓိကထားပြီး ဘင်္ဂလာဒေခ်ျ့နိုင်ငံက တင်ပြ ဆွေးနွေးနိုင်ဖွယ် ရှိကြောင်း အဆိုပါ သတင်းတွင် ရေးသားထားသည်။

ဒုက္ခသည် အရေးကိစ္စအပြင် လမ်းပမ်းဆက်သွယ်ရေး ကိစ္စ၊ စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စ၊ နယ်စပ်ရေးရာ လုံခြုံရေး ကိစ္စ၊ စီးပွားရေး ပူးပေါင်း မြှင့်တင်ရေး ကိစ္စ၊ နိုင်ငံခြား ခရီးသွားလုပ်ငန်း မြင့်တင်ရေး ကိစ္စ၊ ပညာရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကို လည်း သမ္မတ ဦးသိန်းစိန် ခရီးစဉ် အတွင်း အလေးပေး ဆွေးနွေးကြမည်ဟု ဆိုသည်။

မြန်မာ ဒုတိယ နိုင်ငံခြားရေး ၀န်ကြီး ဦးမောင်မြင့်သည် သမ္မတ ဦးသိန်းစိန် ခရီးစဉ်၏ ခရီးစဉ်နှင့် ပတ်သက်ပြီး စီစဉ်ရန် ရှေ့ပြေး အနေဖြင့် ဇူလိုင်လ ၁ ရက်နေ့တွင် ဒက္ကားမြို့သို့ ရောက်ရှိလာမည် ဟု သိရသည်။

နေရဉ္ဖရာ
Posted: 20 Jun 2012 02:56 AM PDT
နိုဘယ်ဆုရှင် တိဘက်ခေါင်းဆောင်
အရှင်ဒလိုင်းလားမားနှင့် နိုဘယ်ဆုရှင်
မြန်မာ့ခေါင်းဆောင် ဒေါ်အောင်ဆန်း
စုကြည်တို့ လန်ဒန်တွင်တွေ့ဆုံ။

နိုဘယ်ဆုရှင်တိဘက်ခေါင်းဆောင်အရှင်ဒလိုင်းလားမားနှင့် နိုဘယ်ဆုရှင်မြန်မာ့ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်တို့ လန်ဒန်တွင်တွေ့ဆုံ။
His Holiness the Dalai Lama with Aung San Suu Kyi in London, England, on 19 June 2012/Photo/Jeremy Russell/OHHDL
Posted: 20 Jun 2012 02:46 AM PDT
ယနေ့ နံနက် ဓာတ်ခဲစက်ရုံ ဆန္ဒပြအလုပ်သမားများအားတွေ့ ရစဉ် ၊ ဓါတ်ပုံ( Eleven Media Group)
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုဇုံ၊ (ဆ)ရပ်ကွက်ရှိ နေတံဆိပ် ဓာတ်ခဲစက်ရုံတွင် ယနေ့(ဇွန်လ ၂၀ ရက်နေ့)က စက်ရုံအလုပ်သမားများမှ မိမိတို့လိုလားချက်များအား ငြိမ်းချမ်းစွာ ဆန္ဒပြတောင်း ဆိုမှုတစ်ခုပြုလုပ်ခဲ့ကြောင်း  Eleven Media Group အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါသည်။ 
ဆန္ဒပြတောင်းဆိုမှုအား မနက် ၈ နာရီအချိန်မှစ၍ အဆိုပါ စက်ရုံဝင်းအတွင်း၌ အလုပ်သမား ၄၀၀ ခန့်မှ တောင်းဆိုချက် ၉ ချက် တင်ပြတောင်းဆိုခဲ့ကြောင်း သိရသည်။ 

အလုပ်သမားများမှ တောင်းဆိုသည့်အချက် ၉ ချက်မှာ အခြေခံ လစာကို ယခင်လစာအပြင် သုံးသောင်းခွဲကျပ်ထပ်တိုးပေးရန်၊ လစဉ်ရက်မှန်ကြေး တစ်သောင်းခွဲကျပ် တိုးပေးရန်၊ သောက်သုံးရေများကို ရေသန့်ဗူးထားပေးရန်၊ တစ်နေ့ အလုပ်ချိန် ၈ နာရီထက် ကျော်လွန်ပါက အလုပ်သမား ခံစားခွင့်အတိုင်း အတိအကျ သတ်မှတ်ပေးရန်၊ အလုပ်သမား မှတ်ပုံတင်ကဒ် တိတိကျကျ ပြုလုပ်ပေးရန်၊ အလုပ်ချိန်အတွင်း ထိခိုက်ဒဏ်ရာရရှိမှုနှင့် နေထိုင်မကောင်းဖြစ်ပါက စက်ရုံမှ ကျန်းမာရေး စောင့်ရှောက်မှု ခံစားခွင့် အပြည့်အ၀ပေးရန်၊ အလုပ်သမား ၀တ်စုံကို ၀န်ထမ်းအားလုံးကို ထုတ်ပေးပါရန်၊ အလုပ်သမား နားနေဆောင် ဆောက်လုပ်ပေးရန်နှင့် ဓာတုဆေးအတွက် ကာကွယ်ရန် အလုပ်သမားသုံး ပစ္စည်းများ ပြည့်စုံအောင် ထုတ်ပေးရန်တို့ဖြစ်ကြောင်း သိရသည်။

၎င်းဆန္ဒပြတောင်းဆိုမှုနှင့် ပတ်သက်၍ ဇွန်လ ၂၀ ရက်နေ့ မွန်းလွှဲပိုင်းအထိ ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိကြောင်း၊ အလုပ်သမားများဘက်မှ တောင်းဆိုချက်များကို စောင့်မျှော်လျက်ရှိကြောင်း  Eleven Media Group အင်တာနက်စာမျက်မှာ ဖော်ပြထားပါသည်။ 
 Eleven Media Group
Posted: 20 Jun 2012 02:39 AM PDT
ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများနှင့် ဆက်နွယ်မှုရှိနေပြီး မယုံသင်္ကာမှုဖြင့် မူဆလင်ဘာသာရေးခေါင်းဆောင် ၇ ဦးအား ဘင်္ဂလာ အာဏာပိုင်က ယမန်နေ့က ဟိုတယ်တခုမှ ဖမ်းဆီးရမိကြောင်း သက်ဆိုင်ရာမှ ထုတ်ဖေါ်ပြောဆိုချက်အရ သိရှိရသည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ကော့စ်ဘဇားမြို့ (အောင်ချမ်းသာမြို့) ရဲမင်းကြီး ကာမ်ရုလ် ဟာဆာန် ဦးဆောင်ပြီး သတင်းအရ တနင်္လာနေ့ နေ့လည် ၁း ၃၀ အချိန်တွင် ကော့စ်ဘဇားမြို့မှ ဖမ်းဆီးခြင်းဖြစ်ကြောင်းနှင့် ယခုအခါ တရားဥပဒေအရ အရေးယူစစ်ဆေး မေးမြန်းမှုများ ပြုလုပ်လျှက် ရှိနေကြောင်း သတင်းများက ဖေါ်ပြသည်။

ယင်း ရခိုင်ပြည်နယ်တွင် ပဋိပက္ခများနှင့် ဆက်စပ်ပြီး ကော့စ်ဘဇားမြို့၌ ငြိမ်းချမ်းစွာ ဆန္ဒပြမည်ဟု ရဲမင်းကြီး ကာမလရုလ်ထံ အခွင့်တောင်းလာသူများအား ကြိုးကိုင်ထားသူများဖြစ်ကြောင်း ဒေသခံများက သုံးသပ်ကြသည်။

ရဲမင်းကြီး အနေဖြင့် ဖမ်းဆီးရမိသူ ကော့စ်ဘဇားမြို့မှ ဘာသာရေးခေါင်းဆောင် အိနာမူလ် ဟော(က်)၊ အကြီးအကဲ အာဟာမတ် နုရုလ် ကော်ဘိရ် ဟေလာလီနှင့် ဟာဖေဇ် အာဘ်ဒူလ် ဟော(က်)၊ တာခ်နာမြို့ နီလာမြို့နယ် ဘာသာရေးခေါင်းဆောင် အာဘ်ဆာရ် အူဒ္ဒိန် ဟောင်ဒူရီ၊ ရာမူး (ပန်းဝါမြို့) ဘာသာရေးခေါင်းဆောင် အာဘူလ် မောင်န်ဇူရ်နှင့် ဘာသာရေးကျောင်းဆရာ အာဘူက္ကရ် ဆိဒ္ဒိကီ တို့ဖြစ်ကြောင်း ဒေသခံ သတင်းထောက်များကို ယမန်နေ့က ထုတ်ဖေါ်ပြောဆိုလိုက်သည်။

ရဲမင်းကြီးက "ကော့စ်ဘဇားမြို့ရှိ အာအာဆိ(က်) ပါလောင်ကိ ဟိုတယ်မှာ ဘာသာရေးအစွန်းရောက် ခေါင်းဆောင်တွေဟာ မြန်မာနိုင်ငံအတွင်း ဖြစ်ပျက်ခဲ့တဲ့ ပဋိပက္ခနဲ့ ဆက်စပ်ပြီး သူတို့တွေ စုစည်းဆွေးနွေးနေကြချိန် သတင်းအရ ဖမ်းဆီးတာပါ၊ ဒီမှာ အဲသလို ဖြစ်လာအောင် သူတို့ကြံစဉ်နေခဲ့ပါတယ်။"ဟု သတင်းထောက်များကို ပြောသည်။

ယင်းဘာသာရေး အစွန်းရောက်သူများက ကော့စ်ဘဇားမြို့၌ ဗုဒ္ဓဘာသာဝင်များ၏ လည်သွေးဖြင့် ၀တ်ပြုပူဇော်ပွဲ ပြုလုပ်ရန် စီမံကြိုးပမ်းခဲ့ကြောင်း မြို့လူထုအတွင်း စိုးရိမ်မှုများ ဖြစ်ပေါ်ခဲ့သည်။ ထို့ပြင် ရခိုင်ပြည်နယ်အတွင်း ဗုဒ္ဓဘာသာဝင်များက မူဆလင်များကို အကြမ်းဖက် နှိပ်စက် သတ်ဖြတ်လျက်ရှိနေကြောင်း သတင်းမှား ၀ါဒဖြန့်နံရံကပ်စာစောင်များအား မြို့အနှံ့တွင် ဖြန့်ဝေခဲ့သည်။

ယခုအခါ ကော့စ်ဘဇားမြို့၌ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခနှင့် ဆက်စပ်၍ အကြမ်းဖက်မှုများ မဖြစ်လာရေးအတွက် လုံခြုံရေးကို စစ်တပ် အပါအ၀င် ချထားသည်။

ကော့စ်ဘဇားမြို့နှင့် ခရိုင်အတွင်းရှိ ဗုဒ္ဓဘာသာဝင် ကျေးရွာများ အနေဖြင့် ယခုအချိန်ထိ စိုးရိမ်မှုများ ကြီးထွားနေပြီး လုံခြုံရေးအရ ညဥ့်ကင်း စောင့်နေကြသည်။

လွန်ခဲ့သော စနေ့၊ တနင်္ဂနွေနှင့် တနင်္လာနေ့များက ပန်းဝါ(ရာမူး)မြို့နယ် ဆိုနာဆရီ (ရွှေချောင်း)နယ်မြေတွင် ရခိုင်ပြည်မှ ဘာသာရေး ခေါင်းဆောင်များ ကျေးရွာများ အနီးအနားသို့ ရောက်ရှိနေကြောင်း မျက်မြင်များက သတင်းပေးပို့ချက်အရ ဒေသအတွင်း စိုးရိမ်မှုများ ကြီးထွားနေသည်။

ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခကာလတွင် ဘင်္ဂလာအာဏာပိုင်များက နိုင်ငံအတွင်း ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီများကို နေရာအနှံ လိုက်လံဖမ်းဆီးခဲ့ပြီး ထောင်များ၌ ထိမ်းသိမ်းထားကာ ခေါင်းဆောင်များကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်လျှက်ရှိနေကြောင်း သတင်းရရှိသည်။

ယမန်နေ့ကအထိ နတ်မြစ်ဖြတ်ကျော်ပြီး ကျူးကျော်လာကြသည်ဟုဆိုကာ ဖမ်းဆီးရမိသည့် ၁၅၆ ဦးရေအနက် ၁၄၄ ဦးကို ရခိုင်ပြည်နယ်သို့ တာခ်နာအခြေစိုက် BGBတပ်ရင်းအမှတ် (၄၂)က တရားမ၀င် နယ်စပ်များမှ ပို့ဆောင်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

by သဇင်ဥ - အာရကန်တိုင်းမ်စ်
Posted: 19 Jun 2012 08:28 PM PDT
(Photo-RFA/KMZ)
ထိုင်းမြန်မာနယ်စပ်မှာ UWSA ၀ ပြည်သူ့တပ်မတော် နဲ့ SSA ရှမ်းပြည် တပ်မတော် တို့ကြား အခြေအနေ တင်းမာနေတဲ့အတွက် တကယ်လို့ ထိပ်တိုက် ရင်ဆိုင်မှုတွေဖြစ်ပွားလာရင် စစ်ပြေး ဒုက္ခသည်တွေ ထိုင်းနိုင်ငံ အတွင်း ထွက်ပြေးတိမ်းရှောင်လာကြဖွယ် ရှိနေတဲ့အနေအထားနဲ့
ပတ်သက်ပြီး ထိုင်းစစ်တပ်က အသင့် ပြင်ဆင်နေတယ်လို့ ဒီကနေ့ ဘန်ကောက်ပို့စ် သတင်းစာ က ဖေါ်ပြပါတယ်။

ချင်းမိုင် အနီး မယ်အိုင်း ခရိုင် တစ်ဖက်မှာ ၀တပ်ဖွဲ့ဝင် တစ်ထောင်ကျော် က SSA တပ်စခန်းတစ်ခုဖြစ်တဲ့ ချင်းရိုင် အနီး မယ်ဖာလောင်း ခရိုင် တစ်ဖက်က ဒွိုင်ကိုဝမ် စခန်း ကို ၀ိုင်းဖို့ လှုပ်ရှားလာနေတယ်လို့ ဆိုပါတယ်။

အမှတ် (၃) ထိုင်းတပ်မတော် တပ်မှူး သာနရန်း က ထိုင်းတပ်ဖွဲ့တွေကို အသင့်အနေအထားမှာရှိဖို့၊ တကယ်လို့ UWSA နဲ့ SSA ကြား တိုက်ပွဲတွေဖြစ်လာလို့ ဒုက္ခသည်တွေ ၀င်ရောက်လာမယ်ဆိုရင် လိုအပ်တဲ့အကူအညီတွေပေးကြဖို့၊ နှစ်ဘက်တပ်တွေ ထိုင်းနယ်နမိတ်ထဲ ကျွံဝင်မလာအောင် နယ်စပ်ကို စောင့်ကြပ်ဖို့ ညွှန်ကြားထားတယ်လို့ စစ်တပ် သတင်းရပ်ကွက် က ပြောဆိုကြောင်း ဘန်ကောက်ပို့စ် က ရေးသားပါတယ်။

SSA တပ်မှူး ကတော့ မိမိတို့တပ်တွေကို အပြည့်အ၀ တပ်လှန့်ထားဖို့ SSA ခေါင်းဆောင် ဒု ဗိုလ်ချုပ်ကြီး ယွတ်စစ်က ညွှန်ကြား ထားကြောင်းဘန်ကောက်ပို့စ်ကိုပြောဆိုပါတယ်။

SSA ပြောခွင့်ရသူကလည်း မိမိတို့ နဲ့ မြန်မာအစိုးရကြား ဆက်ဆံရေး တိုးမြင့်လာပြီး၊ မူးယစ်ဆေးဝါးအရောင်းအ၀ယ် နှိမ်နင်းရေး ပူးပေါင်း ဆောင်ရွက်လာတဲ့အပေါ် UWSA က မနှစ်မျို့တာကြောင့် စစ်ရေးအရ လှုပ်ရှားလာတာဖြစ်နိုင်တယ်လို့ ပြောဆိုပါတယ်။

RFA Burmese
Posted: 19 Jun 2012 08:26 PM PDT
မြန်မာနိုင်ငံရဲ့ လူကုန်ကူးမှုပပျောက်ရေးဆောင်ရွက်မှုတွေတိုးတက်လာတဲ့
အတွက် လူကုန်ကူးမှုအခြေအနေပြ စာရင်းထုတ်ပြန်ချက် တစ်ရပ်က 
မြန်မာနိုင်ငံကို အဆင့်တိုးမြှင့် သတ်မှတ်လိုက်ပါတယ်။

မနေ့က အမေရိကန်အစိုးရ နိုင်ငံခြားရေးဌာနမှာ ကျင်းပခဲ့တဲ့ (၁၂) ကြိမ်မြောက် လူကုန်ကူးမှုဆိုင်ရာ နှစ်လည် အစီရင်ခံစာမှာ မြန်မာနိုင်ငံကို အဆင့် (၃) ကနေ အဆင့်(၂) စောင့်ကြည့်အဆင့် ကို တိုးမြှင့်လိုက်တာ
ဖြစ်ပါတယ်။

မြန်မာကို အဆင့်တိုးမြှင့်လိုကတာနဲ့ပတ်သက်ပြီး လူကုန်ကူးမှုပြဿနာ
ဆိုင်ရာ အမေရိကန် သံအမတ် ကြီး Luis CdeBaca က -

မြန်မာနိုင်ငံကနေ တရုတ်၊ ထိုင်း စတဲ့ နိုင်ငံတွေကို လူကုန်ကူးမှုတွေ တိုးတက်များပြားနေတဲ့အပေါ် မိမိတို့ အလွန်ပဲ စိုးရိမ်မိပါတယ်၊ လူကုန်ကူးမှု ဟာ အဓမ္မလုပ်အားယူ တဲ့ ကိစ္စနဲ့လည်း ဆက်စပ်ပတ်သက်နေပါတယ်၊ ဒါပေမဲ့ အရင်က အဓမ္မလုပ်အားယူ ခိုင်းစေတဲ့ ကိစ္စအပေါ် တရားဝင်အောင်လုပ်ထားတဲ့ ဥပဒေတွေကို လက်ရှိ အစိုးရသစ်က ဖျက်သိမ်းပြီး၊ ဒီလုပ်ရပ်ကို တရားမ၀င်ကြောင်း အတိအလင်းပြဌာန်းထားတဲ့ ဥပဒေတွေနဲ့ အစား ထိုး ခဲ့ပါတယ်၊ နောက်ပြီး လူကုန်ကူးမှု နဲ့ပတ်သက်ပြီးအမျိုးသားအဆင့်အရေးပေါ်ဆက်သွယ်ရေးလိုင်းကို ပြီးခဲ့တဲ့ 
စက်တင်ဘာလက စတင်ခဲ့ပြီး လူကုန်ကူးခံရသူတွေကို ထုတ်ဖေါ်ကူညီခဲ့ရာ
မှာ (၅၇) ဦး ကို ကယ်တင် နိုင်ခဲ့ပါတယ်- လို့ ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံက အမျိုးသား အမျိုးသမီးတွေနဲ့ ကလေးတွေဟာ တိုင်းပြည်အပြင်ထွက်ပြီး အလုပ်လုပ် နေကြ ရတာကြောင့် အဓမ္မလုပ်အားယူ
ခိုင်းစေတာ၊ လိင်လုပ်ငန်းမှာ စေခိုင်းခံရတာတွေနဲ့ကြုံကြိုက်နေကြရ
ကြောင်း၊ ပုဂ္ဂလိက နဲ့ အစိုးရ၀န်ထမ်းတွေပါ ဒီလူကုန်ကူးလုပ်ငန်းနဲ့ ဆက်နွယ်ပတ်သက်နေတာကြောင့် ကြီးမားတဲ့ ပြဿနာအဖြစ် ဆက်လက်
တည်ရှိနေသေးကြောင်းလည်း အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

အခုအခါ တိုင်းပြည်အပြင်ထွက်ခွင့်ရပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာ ဒီပြဿနာကို အလေးထား ပြောဆို ခဲ့ကြောင်း၊ အစိုးရ နဲ့
ဒေါ်အောင်ဆန်းစုကြည်တို့ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် မြန်မာနိုင်ငံ ရဲ့ရှေ့အလား အလာ ပိုပြီးကောင်းမွန်လာမှဖြစ်ကြောင်း လူကုန်ကူးမှု
ပြဿနာဆိုင်ရာ အမေရိကန် သံအမတ် က ပြောဆိုခဲ့ ပါတယ်။


RFA Burmese
Posted: 19 Jun 2012 08:25 PM PDT
စစ်တွေမြို့ပေါ်မှာနေထိုင်ကြတဲ့ ရခိုင်လူမျိုးတွေနဲ့ တစ်ခြားမြန်မာ တိုင်းရင်းသားတွေ ငြိမ်းချမ်းစွာ နေထိုင် နိုင်ရေးအတွက် စစ်တွေမြို့နယ် ဂိုဏ်းပေါင်းစုံကျောင်းထိုင်ဆရာတော်များအဖွဲ့မှ ပြည်နယ်အစိုးရ အဖွဲ့နဲ့ နိုင်ငံတော်သမ္မထံ ဇွန်လ(၁၉) ရက်နေ့စွဲနဲ့ တင်ပြ တောင်းဆိုလိုက်ကြ ပါတယ်။

ဆရာတော်တွေရဲ့တောင်းဆိုချက်တွေထ
ဲမှာ- ဘင်္ဂါလီလူမျိုးတွေကို စစ်တွေမြို့ကနေ အလှမ်းဝေးတဲ့ နေရာ တစ်နေရာမှာ သီးခြားနေထိုင်ခွင့် ချထား ပေးဖို့ ၊ ရခိုင်နှင့် ဘင်္ဂါလီတွေကြားမှာ တပ်မတော် တပ်ရင်းများ (ဒါမှမဟုတ်) ခိုင်မာ စိတ်ချရတဲ့ လုံခြုံရေး အပြည့်အဝထားရှိပေးဖို့ နဲ့ ရခိုင်ပြည်နယ်ထဲ ဝင်ရောက်နေထိုင်ကြ တဲ့ ဘင်္ဂါလီ တွေကို စစ်ဆေးပြီး
နိုင်ငံသားစိစစ်ရေးကဒ် လက်ဝယ်မရှိသူတွေကို ရခိုင်ပြည်နယ်အတွင်းမှ ဖယ်ရှားပေးဖို့ စတဲ့ အချက်တွေ ပါရှိပါတယ်။

စစ်တွေမြို့ပေါ်မှာ ရခိုင်လူမျိုးတွေနဲ့ တခြားမြန်မာတိုင်းရင်းသားတွေ အတူနေထိုင်လာခဲ့ကြ ပေမဲ့၊ ဘယ်တုန်း ကမှ လူမျိုးရေး ပဋိပက္ခတွေ မဖြစ်ပွားခဲ့ဘဲ၊ ဘင်္ဂါလီတွေနဲ့သာ အကြိမ်ပေါင်းများစွာ ပဋိပက္ခဖြစ်ပွားခဲ့ ရကြောင်း၊ အဲဒီလိုဖြစ်ပွားခဲ့ခြင်းကြောင့် တိုင်းရင်းသား ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်များ ဆုံးရှုံးနစ်နာခဲ့ရတာ အလွန့်အလွန်များပြား ခဲ့ပြီး နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကိုလည်း ထိခိုက်စေခဲ့ကြောင်းလည်း
ဖော်ပြထား ပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်း ရခိုင်လူမျိုးတွေနဲ့ ဘင်္ဂါလီတွေ အကြား
ပြီးခဲ့တဲ့ (၂၅)နှစ်အတွင်း ၁၉၉၆၊ ၁၉၉၈၊ ၂ဝဝ၁ နဲ့ အခု ၂ဝ၁၂ ခုနှစ်တွေမှာ လူမျိုးရေးအဓိကရုဏ်း (၄) ကြိမ်တိုင်ဖြစ်ပွားခဲ့ပြီး အခုဖြစ်စဉ်ဟာ ၁၉၄၂ ခုနှစ် နောက်ပိုင်း အပြင်းထန်ဆုံးနဲ့ အဆိုးရွားဆုံးဖြစ်တယ် လို့လည်း
ဖော်ပြထားပါတယ်။


ဒီသတင်း ကို စစ်တွေအခြေစိုက် RFA သတင်းထောက် မင်းသိန်းအောင်
ပေးပို့ခဲ့တာပါ။


RFA Burmese
Posted: 19 Jun 2012 07:59 PM PDT

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...