Thursday, June 7, 2012

“၀ိဋဋူဘ နဲ့ ဖုတ်သွင်းရထား”


by Soe Min on Monday, June 4, 2012 at 6:18am

          ငယ်ငယ်တုန်းက ကြည့်ခဲ့တဲ့ ပြက်လုံးခွင်ထဲမှာ လူပြက်တွေ ဇာတ်ထုပ်အပြိုင်ခင်းကြတော့ ခေါင်းပေါင်းစအနီကြီး ပတ်ပြီး ဓါးတ၀င့်တင့်နဲ့ “က၀ိမူလ ညှိယူဆလိုက်တော့ ၀ိဋဋူဘတဲ့ဟေ့..။” ဆို သတ်မယ်ဖြတ်မယ် တကဲကဲ လုပ်ပြတာ တော်တော်ရယ်ရပါတယ်။ ဘယ်သူဘယ်ဝါမှန်းမသိပေမယ့် အင်္ဂုလိမာလတို့လို လူဆိုးလူသွမ်းကြီးလို့ပဲ မှတ်ထားလိုက်တာပေါ့။ နောင်ကို ဘုရားဟောကျမ်းဂန်တွေ ဖတ်မိတဲ့အခါမှသာ အခုခေတ်မှာ အရမ်းလူပြောများလာတဲ့ Genocide လို့ခေါ်တဲ့ လူမျိုးပြုတ်အောင် သတ်ဖြတ်တတ်သူ အကြမ်းဖက်သမားကြီးမှန်း သိလာရပါတယ်။ လူမျိုးရေးပဋိပက္ခ အဓိကရုဏ်းဆိုတာ မျိုးဟာ ဘုရားရှင်လက်ထက်တော်ကတည်းက ရှိခဲ့ပြီး ကိုယ်တော်တိုင်ကယ်ချွတ်တာတောင် မလွတ်တဲ့သူတွေ ရှိခဲ့တယ် လို့ သိလိုက်ရပါတယ်။
အခုလည်းပဲ ရှိခဲ့၊ ရှိဆဲ၊ ရှိလတ္တံသော အခြင်းအရာများကို မြင်လာလို့ မှန်ကန်ကောင်းမွန်စွာ ဆင်ခြင်နှလုံးသွင်းနိုင်ကြစိမ့်သောငှာ ပုလိပ်ကိုပြန်ခေါ်မယ့်အစား အတိတ်ကိုလှန်သော် လုပ်ကြည့်ကြတာပေါ့နော်။ အဲသည်ကိစ္စနဲ့ ပတ်သက်လို့ စာရေးသူရဲ့သဘောထားကို တိတိကျကျ သိချင်သပဆိုရင်တော့ ကုလသမဂ္ဂက ဘန်ကီမွန်းကြီးတို့ကို အတုခိုးပြီး “မိမိအနေနဲ့ လွန်စွာမှပင် စိုးရိမ်မကင်းဖြစ်မိပါကြောင်း။” လို့ မီဒီယာတွေမှာ ဓါတ်ပုံသတင်းလေးပါလာအောင် လုပ်ရကောင်းမလား မသိဘူးဗျ။ ဒါလည်း ဘယ်ဘက်ကိုမှ မလိုက်ပဲ ကြားနေတဲ့သဘောထားပဲ မဟုတ်လား။ လူကြားလည်း ကောင်းတယ်။ တာဝန်လည်း ကင်းတယ်လေ။
          ပြဿနာရဲ့အစကတော့ သာဝတ္ထိပြည့်ရှင် ပေဿနဒီကောသလ္လမင်းကြီးပဲ ဖြစ်ပါတယ်။ ဟိုတခါပြောတဲ့ ဗန္ဓုလကို သေနာပတိခန့်တဲ့ တက္ကသိုလ်ကျောင်းထွက်၊ ဘုရားတကာရေမြေ့ရှင်ကြီးပေါ့။ သူ့တိုင်းပြည်က ၀ိသာခါတို့၊ အနာတပိဏ်တို့၊ သုပ္ပ၀ါသာတို့က နေ့စဉ် ရဟုန်းသံဃာ ငါးရာ၊တစ်ထောင် ဆွမ်းလုပ်ကျွေးနေတဲ့ ဥပဿကာ၊ ဥပဿကီကြီးတွေ လို့ သိလိုက်ရတော့ ကိုယ်က ရှင်ဘုရင်ဖြစ်နေလျက်နဲ့ အဲသလောက်မှ မလိုက်နိုင်ရင် သိက္ခာကျတော့မပေါ့ လို့တွေးပြီး သူလည်းပဲ နေ့စဉ် သံဃာတစ်ထောင် ဆွမ်းလုပ်ကျွေးပါအံ့ လို့ ဇေတ၀န်ကျောင်းတော်မှာ လျှောက်ထားသတဲ့။ ဘုရားရှင်နဲ့ သံဃာတော်တွေကို ခုနစ်ရက်တိုင်တိုင် ကိုယ်ထိလက်ရောက် ဆွမ်းလုပ်ကျွေးသော်လည်းပဲ ရှစ်ရက်မြောက်သောနေ့မှာ မေ့မေ့လျော့လျော့ရှိနေတာနဲ့ ဆွမ်းများချက်ထားသော်လည်းပဲ သံဃာများကြွလာသော်လည်းပဲ ပြုစုလုပ်ကျွေးမယ့်သူမရှိ ဆွမ်းချိန်လွန်လို့ ကျောင်းပြန်ကြွရပါသတဲ့။ နောက်ရက် နောက်ရက်တွေလည်း ထိုနည်းလည်းကောင်းဆိုတော့ သံဃာများက မကြွတော့ပဲ အရှင်အာနန္ဒာ မထေရ်တစ်ပါးတည်းသာ မပျက်မကွက် ဆက်လက်ဆွမ်းစားကြွပါသတဲ့။ သတိရလာတဲ့တနေ့ကျမှ ဆွမ်းစားဆောင် မင်းကြီးရောက်တဲ့အခါ အလဟဿဖြစ်ကုန်တဲ့ စားဖွယ်သောက်ဖွယ်တွေဟာ မင်းဘဏ္ဍာထဲကမို့ ဘုရားရှင်ထံ ကွန်ပလိန်းတက်ပါသတဲ့။ အစကတည်းက သဒ္ဒါတရားနဲ့လှူတာမဟုတ်ပဲ သူများနဲ့စာ သာချင်စိတ်နဲ့လှူတာမို့ အယူတွေ အတွေးတွေကလည်း လွဲချော်ပြန်တာပေါ့။ “ငါသာ ဘုရားရှင်နဲ့ ယောက်ဖ။ ၀ရီး၊ ဦးကြီး၊ ဆွေမျိုးတော်စပ်လိုက်ရင် သူ့နောက်လိုက်နောက်ပါ ရဟန်းများက ငါ့ကို ဗီအိုင်ပီအမျိုးနေရာက ဆက်ဆံမှာပဲ။” တွေးသတဲ့။ ဒါနဲ့ပဲ ကပ္ပိလ၀တ်က သာကီဝင်တွေဆီမှာ သမီးကညာလေးများရှိရင် ဆက်စမ်းပါဦး ဆိုပြီး မစဉ်းမစား အတောင်းလွှတ်လိုက်သတဲ့။ သာကီဝင်ဆိုတဲ့အမျိုးက သူများသွေးအနှောမခံနိုင်လို့ ကိုယ့်သွေးသားအချင်းချင်း လှည့်ပတ် ပေးစားနေကြတာ မဟုတ်လား။ ဘယ်ထုံးစံရှိမလဲ။ သို့သော်လည်း သာဝတ္ထိရဲ့ အင်အားကရှိသေးလေတော့ သာကီဝင်မင်းသားတစ်ပါး ကျွန်မနဲ့ညားပြီးမွေးတဲ့ ၀ါသဘခတ္တိယာဆိုတဲ့ ကလေးမလေးကို ထီးဓလေ့နန်းဓလေ့တွေ သင်ပေးပြီး ဂျင်းထည့်လွှတ်လိုက်သတဲ့။ သူငယ်မကလေးက ငယ်လည်းငယ် ချောလည်းချောတော့ ဟိုက ငါတော့ ဘုရားအမျိုးဖြစ်ပဟဲ့ဆိုပြီး ဖူးဖူးမှုတ်လို့ထားတာ သားကလေး ၀ိဋဋူဘမွေးလာပါလေရောတဲ့။
          အဲသည်မင်းသား အရွယ်ရောက်လာတဲ့အခါ ဘားမားကမ်ပိန်းကနေ တိုင်းရင်းသားအခွင့်အရေး
တောင်းခိုင်းလို့ရမှန်းမသိသေးတော့ ဆွေမျိုးတွေဆီ သွားလည်ချင်တယ်ချည့်ပဲ ပူဆာသတဲ့။ မယ်မယ်ဘုရားက ကိုယ့်ဝမ်းနာကိုယ်သာသိတာမို့ အတန်တန်တားသော်ငြား သားတော်လေးကလဲ သူ့အမျိုးမှ သူ့အမျိုး ချစ်လွန်းလို့ မရရအောင် သွားလေတယ်တဲ့။ သည်အခါမှာတော့ သူ့အိမ်သူ့ဘာသာနေနေတဲ့ သာကီဝင်မင်းမျိုးတွေကို Racist ဖြစ်တယ်။ Xenophobic ဖြစ်တယ်။ လူ့အခွင့်အရေးချိုးဖောက်တယ် လို့ ၀ိုင်းစွပ်စွဲကြတော့မှာပဲ။ သူတို့ဘက်က စဉ်းစားကြည့်တော့လည်း အမျိုးအရင်းကြီးစစ်စစ်ဖြစ်တဲ့ ဘုရားရှင်ကြွချီလာတုန်းကတောင် ရှိခိုးရမှာစိုးလို့ ပတ်ပြေးနေကြတာ မဟုတ်လား။ အခုဟာက ကျွန်ကပေါက်တဲ့ သဘောက်မသားကို မင်းရိုးစိုးနွယ်တွေက ဘာအကြောင်းနဲ့မှ လက်အုပ်ချီမိုး ရှိခိုးစရာ အကြောင်းမရှိဘူးဆိုပြီး အသက်ကြီးတဲ့သူတွေကသာ အတွေ့ခံ အရှိခိုးခံပြီး ငယ်တဲ့သူတွေကို တော်ရာထွက်ရှောင်ခိုင်းထားသတဲ့။ ၀ိဋဋူဘခမျာမလည်း နေပူတော်ရောက်သွားတဲ့ ၀န်ထမ်းပေါက်စကလေးလို သူကချည့် လှည့်ပတ်ကန်တော့နေရလို့ ကြာတော့ တင်းလာတာပေါ့။ တော်ပြီ။ မနေဘူး။ ပြန်မယ်ဆို လေဆိပ်ရောက်ကာမှ ဟန်းဖုန်းကျန်ခဲ့လို့ ပီအေလေးတစ်ယောက်ကို သွားအယူခိုင်းလိုက်တဲ့အခါ သူထိုင်တဲ့နေရာတွေကို ကြက်တုတ်ကွေးမိမှာစိုးလို့ နွားနို့နဲ့ဆေးချနေတာကို တွေ့သွားတယ်ဆိုပဲ။ ဗူးတစ်ရာအပေါက် မဟုတ်လား။ ဟိုပြန်ရောက်ပြိး မကြာဘူး။ ခမည်းတော်က မယ်တော်ကို “သူ့ကိုသူ အမှန်လေးပါတဲ့” လို့ ဂျောက်ဂျက်သီချင်းဆိုပြီး ပေါက်ကွဲတော့တာပဲ။ သူ့ကိုလည်း မင်းသားအဆောင်အယောင်တို့ နှုတ်သိမ်းလို့ ကျွန်ယောင်္ကျားအဆောင်အယောင်နဲ့သာ ထားတော့သတဲ့။ ကိုယ့်ဘာသာ အမျိုးမစစ်လို့ အားငယ်နေရတဲ့ကြားထဲ မတူသလိုမတန်သလိုလည်း ဆက်ဆံခံရဆိုတော့ အောက်ကိုးကြီးနဲ့ ကင်းတက်ချင်တဲ့ ၀ိဋဋူဘဟာ “တနေ့ ငါ ရှင်ဘုရင်ဖြစ်လို့ကတော့ ဒင်းတို့သာကီဝင်တွေ လည်ချောင်းသွေးနဲ့ ခြေဆေးပစ်လိုက်ဦးမယ်။” ဆိုပြီး အကြီးကြီး ငြိုးမာန်ဖွဲ့သွားသတဲ့။
           လူတစ်ဦးချင်း တစ်ယောက်ချင်းဖြစ်တဲ့ မတရားအနိုင်ကျင့်မှုပြဿနာကို လူတစ်ဦးချင်း တစ်ယောက်ချင်းအနေနဲ့ မဖြေရှင်းပဲ တစ်ဆွေလုံးတစ်မျိုးလုံး မပါပါအောင် ဆွဲထည့်ချင်ကြတဲ့သဘောဟာ မီးလောင်ရာ လေပင့်ပေးတဲ့သဘောရှိပါတယ်။ အစကတည်းက သူ့ဘာသူ မကျေနပ်ရင် ဘကြီး၊ ကြီးတော်၊ မကျေနပ်ဘူး။ မိုက်ရင်ထွက်ခဲ့။ စိန်ခေါ်ဖြေရှင်းရဲတဲ့ စိတ်ဓါတ်မရှိပဲ။ သတ္တိရှိရင် ခင်ဗျားအမျိုးတွေနဲ့ ကျုပ်အမျိုးတွေနဲ့ချမလား ဆိုတာလိုပဲ။ နောက်ပါအင်အား လက်နက်လေးမြား အားကိုးရှိမှ သတ္တိစွမ်းပြချင်တာကလည်း တစ်ကြောင်းပေါ့။ လက်ညှိုးမကောင်း လက်ညှိုး၊ လက်မ မကောင်း လက်မ၊ ကွဲကွဲပြားပြား မမြင်တတ်ပဲ နင်မဟုတ် နင့်အဖေ ရိုးမယ်ဖွဲ့အပြစ်ရှာတဲ့ ဥာဉ်လည်း ပါမှာပေါ့။ ကျွန်မသားက စတဲ့ပြဿနာဟာ သာကီဝင်တွေ တစ်မျိုးလုံးပြုတ်ကြဖို့ ဖန်လာပါတယ်။
           နောက်တစ်ခုကတော့ လူမျိုးရေးအဓိကရုဏ်းတို့မည်သည် နိုင်ငံရေးအရှုပ်အထွေးတို့ကိုလည်း မှီပြီးမှ ဖြစ်တတ်သေးတာကိုလည်း သင်ခန်းစာယူစရာ ဆက်ဟောပြရပါဦးမယ်။ အစတုန်းက တစ်ကျောင်းတည်းထွက်လို့ ဘောဒါဘော်ချက်ချင်း ခေါ်ယူစောင့်ရှောက်ကာ စစ်သေနာပတိချုပ်ခန့်ထားတဲ့ ဗန္ဓုလစစ်သူကြီးဟာ တိုင်းပြည်မှာ ပါဝါတွေသိပ်စွမ်းလာတော့ ငါ့အာဏာသိမ်းရင် ခက်ရချေရဲ့လို့ အောင့်မေ့နေတုန်း မလိုသူတွေ သွေးထိုးစကားကြောင့် သားသုံးဆယ်နှစ်ယောက်ပါ ချန်မထားတော့ပဲ သတ်လိုက်သတဲ့။ (တော်သေးရဲ့။ တို့ဆီကဆို အကျယ်ချုပ်လောက်ပဲထားတာ) သားတွေကို ချန်မထားသော်လည်း တူတော်မောင်ကို ချန်ထားမိတဲ့အတွက် ကောသလ္လမင်းကြီးလည်း ဂိမ်းအိုဗာသွားပါတယ်။ ကိုယ်ရံတော်အဖြစ် ခန့်ထားတဲ့ ဗန္ဓုလရဲ့တူ ဒီဃကာရာယနက မင်းတရားကြီး မင်းမြှောက်တန်းဆာငါးပါးခနအပ်လို့ မြတ်စွာဘုရားထံဝင်သခိုက် သူ့ထက် မွှေနိုင်စွမ်းသူ ၀ိဋဋူဘကို ဘိသိက်သွန်းပြီး နန်းတင်ပေးလိုက်ပါတယ်။ အဲသည်နောက်တော့ သာကီဝင်မင်းမျိုးတွေ သွေးချောင်းစီးကုန်တယ်ဆိုတာ ဂျာမနီက ဂျူးတွေလိုပဲ နေမှာပေါ့။ သိပ်တော့ အံ့သြစရာ မကောင်းတော့ပါဘူး။ မီးတောက်မီးလျှံတွေ တဟုန်းဟုန်းတောက်ကုန်တော့မှ  ဘုရားရှင်ကိုယ်တော်တိုင် ရွှေပြည်အေး တရားဟောလို့လည်း မရတော့ဘူး။ ၀ိဘက်ကြမ္မာ မပြေးသာ လို့ပဲ တရားနဲ့ဖြေကြရတော့တယ်။
          အခုလက်ရှိအချိန်မှာတော့ မျက်စိအောက်တင် တစတစ ကြီးထွားလာတဲ့ မီးတောက်ကြီးသုံးခုကို မြင်မိသား။ ကေအိုင်အေ အရေး၊ ရိုဟင်ဂျာအရေးနဲ့ လျှပ်စစ်မီးကိစ္စတွေလေ။ အသာအယာ တို့ကာပင့်ကာ ရယ်ကာမောကာ ရေးသားလာပေမယ့် ပေါ့သေးသေး မဟုတ်တော့ပဲ လေးကြီးကြီးဖြစ်လာတာ မြင်ရတဲ့အခါ အစက ပြောခဲ့သလိုပဲ စိုးရိမ်မကင်းဖြစ်မိပါတယ်။ ကေအိုင်အေဆိုတာ ကချင်လက်နက်ကိုင် အဖွဲ့အစည်း ဖြစ်တယ်ဆိုပေမယ့် ကိုယ်သိမိသလောက်ကတော့ လောက်ကိုင်က ကိုးကန့်တိုင်းရင်းသားခေါင်းဆောင်များလိုပဲ တရုတ်ပြည်ရဲ့ ကျောထောက်နောက်ခံနဲ့လို့ မြင်မိတယ်ဗျ။ သူတို့တွေအကုန် တရုတ်ပြည်ဘက်ကူးရင် တံခါးမရှိ ဓါးမရှိ ကူးလို့ရကြတယ်။ ရေ၊ မီး။ ဖုန်း၊ အင်တာနက်၊ ဘာသာစကား၊ ငွေကြေး၊ စံတော်ချိန်၊ အားလုံး ပီကင်းရွှေမြို့တော်ကြီးနဲ့ စံကိုက်ထားတာ။ လောက်ကိုင် အန်န်ဂျီအိုက ဆရာဝန်မကလေး လိုက်ဇာမှာ အလုပ်သွားလုပ်တဲ့အခါ ယူနန်ပြည်နယ်မှာ ထရိန်နင်ဆင်းပြီးမှ အလုပ်ဝင်ရပါသတဲ့။ ဒေသခံတွေကလည်း ကိုယ်ဘက်က၀န်ထမ်းတွေကို လောင်မြန် လို့ပြောချင်ပြော၊ မြင်တင်း လို့ပြောချင်ပြောမယ်။ သူတို့လို ကျုံးကော်ရန် (တရုတ်လူမျိုး) မဟုတ်ဘူးလို့ အခိုင်အမာဆိုတယ်။ ရှမ်းရှိတယ်။ ကချင်ရှိတယ် ဆိုပေမယ့်လည်း အဲသည် ဒီဘက်ရောက် တရုတ်တွေနဲ့ အဆင်ပြေစွာ ယှဉ်တွဲနေထိုင်ကြတယ်။ လိုင်ဇာနဲ့လောက်ကိုင် မတူတာကတော့ ကိုးကန့်ဒေသဟာ အပစ်အခတ်ရပ်စဲပြီးကတည်းက မြန်မာစစ်တပ်၊ အုပ်ချုပ်ရေးအဖွဲ့အစည်း၊ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေအားလုံး။ သူတို့နယ်ထဲကို အ၀င်ခံတယ်။ တလေးတစား ဆက်ဆံတယ်။ ခေါင်းဆောင်တွေ ကိုယ်တိုင်လည်း ပြည်သူ့လွှတ်တော်တို့၊ ညီလာခံတို့ တက်တယ်။ အရွေးခံတယ်။ ဟိုကတော့ နဂိုကတည်းက မြန်မာအ၀င်မခံတဲ့မြို့။ အရင်ကနဲ့ကွာသွားတာ တစ်ခုပဲ ရှိတယ်။ ရပ်စဲထားတဲ့ အပစ်အခတ်က အရင်လိုပြန်ဖြစ်သွားတာ။ ပြဿနာတွေကတော့ ဟိုးရှေးရှေး ပြည်တွင်းငြိမ်းချမ်းရေး မတည်ဆောက်နိုင်ခင်ကတည်းက စ ခဲ့တာဆိုတော့ အခု နောက်မျိုးဆက်သစ်တွေ လက်ထဲတောင် ရောက်လာပြီလေ။ အဲဒီတော့ ဟိုးအရင် ပြဿနာဖြစ်တဲ့ မူလဘူတကို ပြန်မသွားပဲနဲ့ အဖြေထွက်နိုင်လိမ့်မယ် မထင်ပါဘူး။ ရိုဟင်ဂျာကိစ္စလည်း အတူတူပဲ။ အခု မီးတွေပျက်နေတာတောင် ကေအိုင်အေ လက်ချက်ဆိုတော့ ဆုံမှတ်တစ်ခုတော့ ရှိနေသလိုပဲ။ ပြည်တွင်းသုံးမီတာယူနစ်ရဲ့ ဆယ်ပုံတစ်ပုံပဲသုံးပြီး မီတာခဆယ်ဆ ပေးဆောင်နေရတဲ့အတွက် ရခိုင်သားတွေ ဆင်းရဲနွမ်းပါးမှုလျှော့ချချင်ရင် ငွေမချေးပဲ မီးကို သူများနည်းတူပေးရင် ကျေနပ်ပါပြီ ဆိုတဲ့ အလုပ်ရုံဆွေးနွေးပွဲကလေးကလည်း ရခိုင်မှာ လာဆုံနေပြန်ရော။ (တော်ဦးမှ။ တော်ကြာ ငါတရားခံဖြစ်နေမယ်)
           ဘင်္ဂလားနယ်စပ်မှာ ရှိနေခဲ့တဲ့ စစ်တကောင်းသားတွေဟာ ပထမအင်္ဂလိပ်မြန်မာစစ်ပွဲ အပြီးမှာကတည်းက ရှိခဲ့တယ်တဲ့။ ရှင်မဖြူကျွန်းအရေးအခင်းနဲ့ စလိုက်တာ၊ စစ်သူကြီး မဟာဗန္ဓုလ အနိုင်ရခဲ့ရာက ဓနုဖြူမှာ ကျဆုံးလို့ စစ်ပြီးတဲ့နောက် အင်္ဂလိပ်တွေက ရခိုင်နဲ့တနင်္သာရီကို သိမ်းယူပြီး နတ်မြစ်ဝကိုတော့ သူတို့ဘက်က ကူတိုက်ပေးတဲ့ သော်တလီမောင်ညိုဆိုတာကို အုပ်ချုပ်ခွင့်ပေးခဲ့သတဲ့။ အဲသည်မှာ နတ်မြစ်အရှေ့ခြမ်းကို လယ်ယာမြေတွေ ချဲ့ထွင်ဖို့ စစ်တကောင်းသားတွေ ခေါ်ယူလုပ်ကိုင်ခဲ့တယ် လို့ဆိုတယ်။ စီးပွားရေးတွေကောင်းလာလို့ အလုံးအရင်းနဲ့ ၀င်ရောက်လုပ်ကိုင်လာခဲ့ပြီးတဲ့နောက် ၁၉၃၅ ရောက်တော့ တွဲရေးခွဲရေးပြဿနာမှာ ခွဲရေးအနိုင်ရပြီး ဂဠုန်ဦးစောနဲ့ ဆာကားချုပ်တဲ့စာချုပ်အရ သုံးနှစ်တိတိဝင်ခွင့်ပေးလိုက်ရတာ သည်ဘက်မှာရှိတဲ့ ကုလားရွာတွေရဲ့အစပါပဲတဲ့။ ဒုတိယကမ္ဘာစစ်ကြီးဖြစ်လို့ အင်္ဂလိပ်တွေ ဆုတ်ခွာတဲ့အခါမှာ ဗြိတိသျှစစ်တပ်က သူတို့ယူမသွားနိုင်တဲ့လက်နက်တွေကို အဲဒီနယ်စပ်မှာရှိတဲ့ မြန်မာမဟုတ်သူတွေကို ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရစ်ကြဖို့ဆိုပြီး ဘုရားတကာရန်တိုက် ပေးပစ်ခဲ့ရာက သူတို့ဟာ လက်နက်ကိုင် အဖွဲ့အစည်းဖြစ်လာလေတယ်။ လွတ်လပ်ရေးရလို့ ပြည်တွင်းသောင်းကျန်းမှုတွေ ဖြစ်လာတဲ့အချိန်မှာ အဲဒီဘင်္ဂါလီမူဆလင်တွေက သူတို့ဖို့လည်း သီးခြားပြည်နယ်တစ်ခုပေးပါလို့ တောင်းဆိုလာကြသတဲ့။ အဲသည်တုန်းကတော့ သူတို့ကိုယ်သူတို့ မူဂျာဟစ်တွေလို့ပဲ ခေါ်ခေါ်နေကြသား။ သူတို့တတွေက ယာရှင်ကို မျောက်မောင်းသလို ရခိုင်တိုင်းရင်းသားတွေ အပေါ် လက်နက်အားကိုး အနိုင်ကျင့်မှုတွေ ပြုလာတဲ့အခါမှာတော့ မြန်မာ့တပ်မတော်ကချေမှုန်းလိုက်တာ ဘင်္ဂလားပြန်ရောက်သွားသတဲ့။ အခုတော့ တဖုံနွဲလို့ တနှဲဆင်ပြီး ရိုဟင်ဂျာနံမယ်သစ်ပေးလို့ မြောက်ဦးရွှေပြည်ကြီးတောင် အလ္လာအရှင်မြတ်က သူတို့ကို အပိုင်စားပေးထားသလို စာတမ်းတွေ တင်တင်နေကြ၊ တိုင်းရင်းသားအခွင့်အရေးတွေ တောင်းနေကြဆိုတော့ တကောင်းအဘိရာဇာကတည်းက အခြေချနေထိုင်သူ ကိုယ်တွေက သမိုင်းမရှိ၊ ရာဇ၀င်မရှိ၊ အုတ်ကြားမြက်ပေါက်တွေမို့လား။ အဲလိုစာတမ်းမျိုးတွေကို ထုတ်ဝေဖြန့်ဖြူးပြီး အဲသည်လူတွေအတွက် လူ့အခွင့်အရေးအော်နေတဲ့သူတွေမှာ အိမ်တွေယာတွေ၊ မျိုးရိုးဇစ်မြစ်၊ ဇာတိရပ်ရွာတွေ ရှိကြတယ်ဆိုရင် ကိုယ့်ဘာသာပဲ ခေါ်ထားလိုက်ကြပါလား။
           တကယ်တော့ ပြဿနာအားလုံးရဲ့ဇစ်ဖြစ်ဟာ တစ်နေရာတည်းမှာပဲ လာပေါင်းဆုံပါတယ်။ ကိုယ့်အကျိုးစီးပွားအတွက်၊ ကိုယ့်ပါတီအာဏာရရေးအတွက် နိုင်ငံနဲ့လူမျိုးကို ရောင်းစားခဲ့မယ်ဆိုရင် အဲသလိုပဲ ဖြစ်တတ်တာပေါ့။ ကိုးကန့်ရော၊ ဘင်္ဂါလီရော ဘယ်သူတွေ မဲဆွယ်တုန်းက လက်ခံလိုက်တာလဲ ပြန်မေးကြည့်ပါလား။ ကိုယ်လုပ်တဲ့အန်န်ဂျီအိုက အဲသည်လူတွေကို အားပေးထောက်ခံရမှာမို့ အဲသည်စာမျိုးရေးတယ်။ အဲသည်သတင်းမျိုးလွှင့်တယ်ဆိုရင် ကိုယ်ကိုယ်တိုင် အဲသည်လူတွေလိုပဲ ကိုယ်ပိုင်နိုင်ငံမရှိ၊ သမိုင်းမရှိ၊ ယဉ်ကျေးမှုမရှိတဲ့ဘ၀မျိုးရောက်ဖို့ သိပ်မလိုတော့ပါဘူး။ သည်လိုအဖြစ်အပျက် အဓိကရုဏ်းမျိုးဆိုတာ ကိုယ့်ထက်အင်အား အဆမတန်ကြီးတဲ့ အိန္ဒိယမှာတောင် ဟိန္နူဘက်ရော မူဆလင်ဘက်ကရော လူသန်းနဲ့ချီ သေကြေပျက်စီးခဲ့ပြီးမှ နှစ်ဘက်စလုံးကလျှော့ပြီး ငြိမ်းချမ်းသွားတာပါ။ ကိုယ်တွေဆီမှာ အဲသည်လောက်ရင်းစရာမရှိသေးပါဘူး။ သင်ခန်းစာယူနိုင်ကာမှ တန်ကာကျပါမယ်။ ရှေးရှေးက ဇနက္ကဇာတ်တော်မှာ မင်းလောင်းရှာတဲ့အခါ မင်းမြှောက်တန်ဆာငါးပါးကို ဖုတ်သွင်းရထားပေါ်တင်ပြီး အဓိဋ္ဌာန်နဲ့ အရှာထွက်ပါသတဲ့။ အခုခေတ်ရောက်တော့မှ ကိုယ်ကမင်းလောင်းဖြစ်ချင်တိုင်း ဖုတ်ပြိတ်တစ္ဆေ၊ ကဝေမှင်စာ မာတြာ ယက္ခိုက်တွေ ကိုယ့်ပြည်တွင်းသွင်းလို့ ပလ္လင်ပေါ်တက်မထိုင်ဖြစ်အောင် နောင်လာနောက်သားညီငယ်ညီမငယ်များအတွက် မဆိုစကောင်းဆိုစကောင်း တောက်တဲ့ခေါင်းပေါင်းပေါင်းကြသည်ရှိသော် အမှာစကားလေး ပါးခဲ့ချင်တာပါပဲ။ သတ္တ၀ါအားလုံး ငြိမ်းချမ်းကြပါစေ။
 ·  · Sh

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...