Monday, June 11, 2012

လူ့ အဖွဲ့ အစည်း ရဲ့ ဟိုဘက်မှာ


by Kyaw Thu Yein Lwin on Sunday, June 10, 2012 at 12:11pm 


ငယ်ငယ်တုန်းက သတင်းစာတွေ၊ ဂျာနယ်တွေထဲမှာ အာဖဂန်နစ္စတန် နိုင်ငံ အကြောင်း ဖတ်ရရင် တာလီဘန် နဲ့ တွဲပြီး အမြဲဖတ်ရတယ်.. အဲဒီတုန်းက တာလီဘန်တွေရဲ့ အပြုအမူတွေ အကြောင်းဖတ်ရရင် စိတ်ထဲမှာ တမျိုးတမည် ခံစားရတာကတော့ အမှန်ပဲ..

အမျိုးသမီးတွေ စာမသင်ရတာ.. အလုပ်မလုပ်ရတာ..့ ကြိမ်အရိုက်ခံရတာ.. စတာ..စတာ တွေ အများကြီးဖတ်ခဲ့ရတယ်.. နောက်တော့ အဲဒီတာလီဘန်တွေရဲ့ အကြောင်း..ပိုပိုပြီး သိ သိလာတယ်.. တာလီဘန် တွေနဲ့ အယ်ကေဒါ အကြမ်းဖက်
အဖွဲ့ တွေနဲ့ ဆက်စပ်မှုတွေ.. အယ်ကေဒါ အဖွဲ့ ရဲ့ လှုပ်ရှားမှုတွေကို ဖတ်ရ..သိရတော့ အကြမ်းဖက်တဲ့ကိစ္စကို အတော်လေး ရွံမုန်းလာခဲ့တာ အမှန်ပဲ..။

၂၀၀၆ လောက်က ထင်တယ်.. OSAMA ဆိုတဲ့ ဇာတ်လမ်းလေးတစ်ခု ကြည့်လိုက်ရတယ်.. အသေးစိတ်တော့ မမှတ်မိတော့ပေမယ့်  ဇာတ်လမ်းထဲမှာ တာလီဘန်တွေ သိမ်းပိုက်ထားတဲ့ အာဖဂန်နစ္စတန်မှာ အခြေပြုထားတယ်.. ဇာတ်လမ်းက ၇ နှစ်..၈နှစ်  
အရွယ် ကောင်မလေးတစ်ယောက် ကို ဇာတ်အိမ်တည်ထားတယ်.. အဲဒီကောင်မလေးက ကျောင်းသူလေး.. တာလီဘန်တွေ သိမ်းပိုက်လိုက်တော့ အဲဒီကျောင်းသူလေးဟာ ကျောင်းမတက်ရတော့ဘူး.. အဲဒီဇာတ်လမ်းထဲမှာ ဆရာဝန်မတွေ..ကျောင်းဆရာမတွေ အလုပ် လုပ်ခွင့်မရတော့လို့ အိမ်ကို အတင်းနှင်လွှတ်ခံရတဲ့ ဇာတ်ကွက်တွေ လဲ ပါတယ်..
အဲဒီကျောင်းသူလေး ကျောင်းမတက်ရတော့ပေမယ့် သူ့ အမေက ကောင်မလေးကို ယောကျာ်းလေးတစ်ယောက်လို ၀တ်စားဆင်ယင်ခိုင်းပြီး ကျောင်းကိုသွားတက်ခိုင်းတယ်.. အဲဒီမှာ ကောင်မလေးရဲ့ နာမည်ကို အိုစမာ (OSAMA) လို့ ယောကျာ်းလေး နာမည်ပေးပြီး ကျောင်းတက်ခိုင်းလိုက်တယ်..

အိုစမာ ကလေး ဟာ ကျောင်းဆက်တက်ရပေမယ့် သူ့ အတွက် အခက်အခဲတွေနဲ့ အတော်လေး ရုန်းကန်ရတယ်.. ကျောင်းက အရင်လို လွတ်လွတ်လပ်လပ်သင်ကြားရတာ မဟုတ်တော့ဘူး.. ဗလီ တစ်ခါမှ မတက်ဘူးလို့ အခက်အခဲ ဖြစ်တာတွေလည်းပါတယ်.. ဒါပေမယ့် ပိပိရိရိ ပဲ ယောကျာ်းလေး တစ်ယောက် လို ဟန်ဆောင်ပြီး ကျောင်းဆက်တက်တယ်..
ယောက်ျားလေး တစ်ယောက်လို ဆော့တယ်.. ယောက်ျားလေး တွေနဲ့ ပေါင်းတယ်.. ဘယ်သူ မှ သတိမထားမိဘူး..
တစ်နေ့ တော့ ဓမ္မတာ အတိုင်း အပျိုဖော်ဝင်တဲ့အခါ သူ့ ကို သူ နဲ့ နီးနီးကပ်ကပ်ပေါင်းတဲ့ သူငယ်ချင်း ကောင်လေး က သတိထားမိတယ်.. သူကတော့ ခိုက်မိလို့ သွေးတွေထွက်တာ ဆိုပြီးပဲ လိမ်ထားခဲ့တယ်.. အဲ.. တစ်ရက်မှာတော့ ကျောင်းကဆရာကြီးတွေ ရိပ်မိသွားတော့တယ်..
တစ်ကိုယ်လုံး ချွတ်ပြီး ရေချိုးခိုင်းတဲ့အခါ.. အိုစမာက ငြင်းနေသေးတယ်.. ဒါပေမယ့်... ဆရာကြီးတွေ ရိပ်မိသွားတဲ့အခါ ကလေးရော အမေပါ ဖမ်း.. ပြီးတော့ (ဇာတ်သိမ်းပိုင်း သေချာ မမှတ်မိတော့ပါ) ကျင်းကြီးတူးပြီး တစ်ကျင်း မှာ တစ်ယောက်စီ တိုင်မှာချည်ပြီး.. အဆုံးစီရင် လိုက်ကြတယ်.. ဇာတ်လမ်းက ဒါပဲ.. အာဖဂန်မှာ ဒီလို ပြသနာတွေတကယ်ဖြစ်သွားခဲ့တာ.. ပညာသင်ကြားခွင့် ဆုံးရှုံးတာ လူ့ အခွင့်အရေးဆုံးရှုံးတာပဲ မဟုတ်လား..။
တာလီဘန်တွေ နာမည်ဆိုးနဲ့ ကမ္ဘာ့အလယ်မှာ သတင်းကြီးခဲ့ရတဲ့ အကြောင်းတွေကို ..World opinion, however, largely disapproved of the Taliban's social policies—including the near-total exclusion of women from public life (including employment and education), the systematic destruction of non-Islamic artistic relics (as occurred in the town of Bamiyan), and the implementation of harsh criminal punishments—and only a few countries recognized the regime.
လို့ Britinnica စွယ်စုံကျမ်းမှာရေးထားတယ်.. အမျိုးသမီးတွေကို အလုပ်မလုပ်ခိုင်းတာ..စာမသင်ခိုင်းတာတွေအပြင် အစ္စလာမ် မစ် ယဉ်ကျေးမှု မဟုတ်တာတွေကို ဖျက်စီးပစ်တာ..ပြင်းထန်တဲ့ အပြစ်ပေးမှုတွေကြောင့် အစွန်းရောက်ဝါဒီတွေလို့ နာမည်ကြီးခဲ့တယ်..။
ဒါ့အပြင် တာလီဘန်တွေဟာ သူတို့ ရဲ့ နယ်မြေထဲမှာ အစွန်းရောက်အဖွဲ့ ဝင်အတော်များများကို လှုပ်ရှားခွင့်ပေးထားခဲ့တယ်.. အယ်ကေဒါ တွေဟာ တာလီဘန်တွေရဲ့ နယ်မြေထဲမှာ လွတ်လွတ်လပ်လပ် လှုပ်ရှားရင်း ကမ္ဘာတစ်ဝန်းမှာ အကြမ်းဖက်တဲ့လုပ်ရပ်တွေ လုပ်ဆောင်ခဲ့တယ်..။

အသေခံ ဗုံးခွဲတာတွေ.. အမေရိကန် WTC အဆောက်အဦးဖျက်စီးခံရတာ အပါအ၀င် နေရာအတော်များများ မှာ အယ်ကေဒါတွေ ဟာ အကြမ်းဖက်လုပ်ငန်းတွေ ဆက်ပြီးလုပ်ကိုင်လာကြတယ်..တစ်ကမ္ဘာလုံးမှာ အကြမ်းဖက်မှုကို သဘောကျတဲ့နေရာ..ဘယ်နေရာများရှိဦးမှာလဲ.. အကြမ်းဖက်တဲ့ အပြုအမူတွေကို ဘယ်သူတွေက ထောက်ခံ နေသလဲ..

ကျွန်တော်တို့ နိုင်ငံမှာ လတ်တလောဖြစ်နေတဲ့ အခြေအနေကို သုံးသပ်ကြည့်မယ် ဆိုရင် မောင်တော ဖြစ်ရပ် မတိုင်ခင်အထိ နှစ်ဖက်လုံးမှာ အမှားတွေ ကိုယ်စီရှိတယ်.. နှစ်ခုလုံးဟာ ရာဇ၀တ်မှုတွေပဲ.. ဥပဒေကြောင်းအရ ဖြေရှင်းရမယ့်ကိစ္စတွေပဲ..
တောင်ကုတ်မှာ ဖြစ်သွားတဲ့ ကိစ္စအတွက်ဆိုရင် ကျွန်တော်တို့  သူငယ်ချင်းတွေ အားလုံးလိုလို က မဆိုင်တဲ့သူတွေ .. သေဆုံးကုန်ကြလို့ စိတ်မကောင်းဖြစ်ကြတယ်.. ဒီအတွက် အထူးတလည်
စစ်ဆေးဖို့ လိုသလို တိတိကျကျ အရေးယူဖို့ လည်းလိုတယ်.. ဒါကြောင့် စုံစမ်းစစ်ဆေးရေးကော်မတီ တွေ ဖွဲ့ စည်းပြီး စစ်ဆေးဖို့ သမ္မတ အဆင့်ကနေကွပ်ကဲနေတဲ့ အနေအထား နဲ့ အရေးယူဆောင်ရွက်မှု တွေ လုပ်လာတာ မြင်ကြရမှာပဲ..

ဒါပေမယ့် မောင်တောမှာ ဖြစ်သွားတဲ့ ကိစ္စ ကနေ စလို့ ဒီကနေ့ ဒီအချိန်အထိ ဖြစ်နေရတဲ့ ကိစ္စ အားလုံးဟာတော့ ဥပဒေ ပြင်ပ လုပ်ရပ်ကိုမှ မြို တွေ ရွာတွေ ဖျက်စီး.. လူတွေအသတ်ခံရတဲ့ အကြမ်းဖက်မှုလုပ်ရပ် ဖြစ်သွားပါပြီ.. သောက်ရေကန်ထဲအထိ အဆိပ်ခတ်ဖို့ ပြင်ဆင်တဲ့ လုပ်ရပ်မျိုးဟာ ယဉ်ကျေးတဲ့လူ့ အဖွဲ့ အစည်းမှာ လက်ခံနိုင်စရာအကြောင်း တစ်ချက်မှ မရှိပါဘူး..

တစ်ရွာပြီးတစ်ရွာ..တစ်မြို့ ပြီးတစ်မြို့ .. ဖျက်စီးတဲ့လုပ်ရပ်မျိုးဟာ ဘယ်နိုင်ငံ..ဘယ်အစိုးရ.. ဘယ်ပြည်သူကမှ လက်ခံနိုင်လောက်တဲ့
လုပ်ရပ်မျိုးမဟုတ်ဘူး.. ပိုဆိုးတာက လက်နက်တွေတပ်ဆင်ထားတဲ့ သတင်းမျိုး..တွေ.. အယ်ကေဒါလို အဖွဲ့ အစည်းတွေနဲ့ အဆက်အဆံ ရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်နေတာပါပဲ..

ဒါ ဘယ်သူတွေက လုပ်နေတာလဲ.. ဒီလို အကြမ်းဖက်တဲ့ လုပ်ရပ်တွေ ဘယ်သူတွေက လုပ်နေတာလဲ.. ရိုဟင်ဂျာ ဘင်္ဂါလီတွေ အုပ်စုလိုက်ကြီး တုတ်တွေ ဓါးတွေကိုင်လို့ .. မီးရှို့ ကြတယ်.. လူသတ်တယ်.. အိုး... မြို့ တွေ..ရွာတွေရဲ့ အုပ်ချုပ်ရေးယဏ္ဌရားတွေပါ ဗြောင်းဆန်ကုန်တယ်.. နိုင်ငံဝန်ထမ်း ဆရာမတွေ
ဆုံးရှုံးကုန်တယ်.. ဒါဟာ အကြမ်းဖက်တာ မဟုတ်လို့ ဘာလုပ်ရပ်မျိုးလဲ လို့ အဲဒီလုပ်ရပ်တွေကို ထောက်ခံ နေတဲ့သူတွေကို မေးလိုက်ချင်တယ်..
အီရန်မှာ.. ဒူဘိုင်းမှာ.. မလေးရှား မှာ စသဖြင့် အစ္စလာမ်ဘာသာဝင်အများစုဟာ အစွန်းရောက် အစ္စလာမ်တွေ မဟုတ်သလို
အယ်ကေဒါလို အစွန်းရောက်အဖွဲ့ အစည်းတွေနဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ထောက်ခံကြတယ်လို့ တစ်ခါမှ မကြားမိဘူး..အယ်ကေဒါ .. ဆိုတာနဲ့ တစ်ကမ္ဘာလုံးကဘာသာရေး အစွန်းရောက် အကြမ်းဖက် အဖွဲ့ အစည်းတစ်ခုအဖြစ် ရှုမြင်လာကြတယ်.. ကန့် ကွက်ရှုံချကြတယ်.. အီရန်နိုင်ငံက အီရန်ကာတွန်းဆရာတွေဟာ ၂၀၁၁ ခုနှစ်မှာ အကြမ်းဖက်မှုကို ဆန့် ကျင်တဲ့ အပြည်ပြည်ဆိုင်ရာ ကာတွန်းပြိုင်ပွဲ
တစ်ခု လုပ်တယ်.. အဲဒီစာအုပ် မှာ အစ္စလာမ်ဘာသာဝင်တွေဖြစ်တဲ့ အီရန်ကာတွန်းဆရာတွေကိုယ်တိုင်က အစွန်းရောက်တဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ရှုံချကန့် ကွက်ကြတယ်..(အဲဒီစာအုပ်ကို http://irancartoon.com/2010/daily/dailysep2011/ketab01.pdf မှာ download လုပ်နိုင်ပါတယ်..) ဒီလိုပဲ.. စစ်နဲ့ တာလီဘန်ဒဏ်ကို ခါးစီးခံခဲ့ရတဲ့
အာဖဂန်နိုင်ငံမှာလည်း လူမျိုးတူတွေဖြစ်လင့်ကစား တာလီဘန် လို အစွန်းရောက်တဲ့လုပ်ရပ်တွေကို နှစ်မြို့ မှာ မဟုတ်ပါဘူး.. ကျွန်တော်တို့ နိုင်ငံထဲက အစ္စလာမ်ဘာသာရေးအဖွဲ့ အစည်း အသီးသီးကလည်း ဒီကိစ္စကို ကန့် ကွက်နေကြတယ်..
ဒါကိုတောင် တစ်ချို့ က သတင်းအမှန်ကို ပြောင်းပြန်ဖြစ်အောင် ပြန်ရေးပြီးမှ လိုသလိုဆွဲ ပုံသွင်းချင်နေကြသေးတယ်.. အဲဒီလို ပုဂ္ဂိုလ်မျိုး..ဟာ အကြမ်းဖက်ဝါဒကို ထောက်ခံတဲ့အပြင် အားပေးအားမြှောက်ပြုနေတဲ့ လူမျိုးတွေပဲ.. (ဒီလိုလူမျိုးတွေထဲမှာ နိုင်ငံခြားရောက်နေတဲ့ နိုင်ငံရေးသမားတစ်ချို့ လည်း ပါတယ်.. )
 အဲဒီလို သတင်းဌာနမျိုး (ဥပမာ BBC၊ VOA ) တွေဟာလည်း သွယ်ဝိုက်သော အားဖြင့် အကြမ်းဖက်ဝါဒ ကို ထောက်ခံအားပေးနေတာလို့ ပဲ
ကျွန်တော်မြင်တယ်..ဒါအပြင် သမိုင်းကို ပြောင်းပြန်လှန်ရေးတဲ့ သမိုင်းရဲ့ တရားခံ တွေပဲ..လို့ ပြောချင်တယ်..
ရိုဟင်ဂျာဟာ နေစရာနိုင်ငံ မရှိဘူးပဲထား.. လူသားချင်းစာနာထောက်ထားမှု..ဘာညာကွိကွတွေ.. ပြီးတော့ လ၀က က ဘာညာကွိကွတွေကြောင့် တစ်ချို့ တစ်ပိုင်း အဲဒီဒေသမှာ နေ နေကြတယ်.. ဒါပေမယ့် တစ်ကမ္ဘာလုံး ရှိရှိသမျှ အတွက်တော့ ဒီနိုင်ငံက ဘယ်လိုနည်းနဲ့ မှ နေရာပေးနိုင်မှာ မဟုတ်ဘူး.. ကျွန်တော်တို့ နိုင်ငံရဲ့ Native တိုင်းရင်းသားတွေလည်း မဟုတ်ဘူး..

နေစရာပေးထားတယ်.. စီးပွားရေးလုပ်တယ်.. စားသောက်နေထိုင်တယ်.. လွတ်လပ်စွာ ကိုးကွယ်ခွင့်ရတယ်..ဒီလို အခွင့်အရေးတွေရနေလျက်နဲ့ ဒီဒေသ ကို ပြန်ဖျက်စီးတာမျိုးကို ထောက်ခံနေမယ် ဆိုရင် အကြမ်းဖက်ဝါဒ ကို ထောက်ခံနေတာနဲ့ တူတူပဲ..ဒီနိုင်ငံမှာ နေခွင့်ရထားရင် ဒီနိုင်ငံရဲ့ ဥပဒေကိုလိုက်နာရမှာပဲ.. အရိပ်နေနေ အခက်ချိုးချိုး လုပ်ရပ်တွေကို လက်ခုတ်တီးပြီးအားပေးနေစရာ အကြောင်း လုံးဝမရှိဘူး လို့ ပဲ မြင်တယ်.. ကျွန်တော်ကတော့  ကိုယ်နေထိုင်တဲ့နေရာဒေသကို ပြန်ဖျက်စီးတာမျိုး ကိုယ့် ပတ်ဝန်းကျုင် အဖွဲ့ အစည်းကို ဒုက္ခပေး ရန်ရှာတာမျိုးကို နည်းနည်းလေးမှ မထောက်ခံဘူး.. ဘယ်လူမျိုး..ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ်..လုံးဝ ရှုံချတယ်..

ဒီကိစ္စမှာ နောက်က လှည့်ကွက်တွေ ရှိနေမယ်..ရှိနေနိုင်တယ်.. ဆိုတာ ကျွန်တော်လက်ခံပါတယ်.. ဒါပေမယ့် လှည့်ကွက်ဆိုတာ တစ်ဖက်ထဲမှာတင်မဟုတ်ဘူး.. နှစ်ဘက်လုံးမှာ ရှိနေနိုင်တယ်.. အဲဒီနားက ဘင်္ဂလားဒေ့ရှ် ကနေ စလို့ ..ကျွန်တော်တို့ အိမ်နီးချင်းနိုင်ငံတွေက ဘယ်လောက်များစိတ်ချရ.. အားကိုးနေရလို့ လဲ..
နောက်တစ်ခုက ဒီလောက်အခြေအနေမျိုးမှာ နောက်ကွယ်က လှည့်ကွက်ထက် နဖူးတွေ့ ဒူးတွေ့ ကြုံနေရတာကို အရင်ဆုံးပြေလည်အောင် ဖြေရှင်းဖို့ လိုတယ် ထင်တာပဲ.. ရိုဟင်ဂျာအကြမ်းဖက်မှုတွေဟာ ကျွန်တော်တို့ နိုင်ငံလက်ရှိအနေအထားရဲ့ တည်ငြိမ်မှု နဲ့ တရားဥပဒေ စိုးမိုးရေး ကို အဆိုးဝါးဆုံး စိန်ခေါ်မှု ပဲ လို့ မြင်တယ်..
လက်ရှိအနေအထားမှာ လုပ်ရကိုင်ရ အခက်အခဲတွေ အများကြီးရှိနေမှာပဲ...
ကျွန်တော်တို့ က ဒါကို နားလည်နိုင်ရမယ်.. ရှေ့ ဆက်ပြီး အဲဒီဒေသတွေမှာ ပြေလည်အောင် နေထိုင်ဖို့ ပြန်ပြီးထူထောင်ဖို့ ဆိုတာ အတော်လေးကို အချိန်ပေးရလိမ့်ဦးမယ်..

လူဆိုတာ အဖွဲ့ အစည်း ရှိတယ်.. စုပေါင်းနေထိုင်ကြရတယ်.. အပြန်အလှန် လေးစားကြရတယ်.. စည်းကမ်းနဲ့ သက်ဆိုင်ရာ ဥပဒေ ဆိုတာ ရှိနေတယ်.. လူ့ အဖွဲ့ အစည်း ဆိုတာ အပြန်အလှန်လေးစားမှုတွေ...ရိုင်းပင်းကူညီမှုတွေ.. စည်းကမ်းတွေ ရှိနေတယ်.. ဒီလိုမှမဟုတ်ပဲ ထင်ရာစိုင်း..လူ..လူချင်းကိုမှ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ဖို့ မဖြစ်နိုင်တော့ရင်.. တစ်နည်းပြောရရင် အကြမ်းဖက်တဲ့သူ.. အကြမ်းဖက်သမား တွေဟာ လူ့ အဖွဲ့ အစည်းနဲ့ မသက်ဆိုင်တော့ဘူး လို့ မြင်တယ်.. ရှင်းရှင်း ပြောရရင် လူ့ အဖွဲ့ အစည်း နဲ့ မထိုက်တန်တဲ့ လူ့ အဖွဲ့ အစည်း ရဲ့ အပြင်ဘက်က သူ တွေပဲ..

ကျွန်တော် ပြောနေသမျှ အားလုံးဟာ ဘယ်ဘာသာကိုမှ တိုက်ခိုက်ပြောဆိုနေတာ မဟုတ်ဘူး.. အကြမ်းဖက် တဲ့ အပြုအမူ.. အကြမ်းဖက်တဲ့ အလေ့အထ ကို ရှုံချနေတာ..
ဒီနေ့ ဒီအချိန် ကမ္ဘာပေါ်က လုံးဝ ပျောက်ကွယ်သွားသင့်တဲ့ တစ်ခုတည်းသော ၀ါဒကို ပြော ဆိုရင် အဲဒါဟာ အကြမ်းဖက်ဝါဒ ပဲ ဖြစ်တယ်..။


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...