သစ်ထူးလွင် သတင်းစုစည်းမှု (၁၆-၆)
သစ်ထူးလွင်
|
- ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုဘယ်လ်ဆု မိန့်ခွန်း (ရုပ်/သံ)
- ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေး နိုဗယ်လ် ဆုချီးမြှင့်သည့် အခမ်းအနားတွင် မိန့် ခွန်းပြောပြီ (ဓါတ်ပုံ)
- ယခုအပါတ်ထုတ် The Voice Weekly Journal Vol.8/No.26
- နော်ဝေး၀န်ကြီးချုပ်နဲ့ ဒေါ်စု ပူးတွဲသတင်းစာရှင်းလင်းပွဲပြုလု
ပ် - ဒေါ်အောင်ဆန်း စုကြည်ကို အော်စလို မြို့တော်မှာ ထောင်နဲ့ ချီတဲ့ ပြည်သူတွေ ကြိုဆို
- ဒေါ်အောင်ဆန်းစုကြည် ဆွစ်ဇာလန်ပါလီမန် လေ့လာ
- တည်းခိုမည့် ဟိုတယ်သို့ ရောက်ရှိလာသော အန်တီစုအား ကြိုဆိုနေပုံများ (ရုပ်သံ)
- ဒေါ်အောင်ဆန်းစုကြည် နော်ဝေးနိုင်ငံ အော်စလိုမြို့ကိုရောက်ရှိ (ရုပ်/သံ)
- ကညန မှ အခွန်လျော့ပေးသည့် ထုတ်ပြန်ချက် ကြေညာ
Posted: 16 Jun 2012 06:46 AM PDT
| ||||||||||||
Posted: 16 Jun 2012 06:20 AM PDT
By, 7Day News Journal (Facebook) | ||||||||||||
Posted: 16 Jun 2012 04:09 AM PDT
| ||||||||||||
Posted: 16 Jun 2012 12:25 AM PDT
ဓာတ်ပုံ ASSOCIATED PRESS
နော်ဝေးမြို့ သတင်းစာရှင်းလင်းပွဲအတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် နော်ဝေးဝန်ကြီးချုပ် Jens Stoltenberg (ဂျွန်လ ၁၅ ရက်၊ ၂၀၁၂။) မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး ရင်ဆိုင်ရမယ့် အခက်အခဲတွေကို အမျိုးသားပြန်လည် သင့်မြတ်ရေး စိတ်ဓာတ်နဲ့ ညှိနှိုင်းဖြတ်ကျော်သွားမယ်လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က မနေ့က နော်ဝေးနိုင်ငံကို ရောက်ရောက်ချင်း နော်ဝေး၀န်ကြီးချုပ် Jens Stoltenberg နဲ့ ပူးတွဲ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး ကြိုးပမ်းမှုတွေဟာ လမ်းဆုံးမှာ မရောက်သေးသလို ဖြောင့်ဖြောင့်ဖြူးဖြူး လမ်းကြောင်းပေါ်မှာ ရှိချင်မှရှိလိမ့်အုံးမယ်လို့ လွန်ခဲ့တဲ့အနှစ် ၂၀ ကျော် နိုဗယ်ငြိမ်းချမ်းရေးဆုနဲ့ Rufto လူ့အခွင့်အရေးဆုတွေ ချီးမြှင့်ခဲ့ကြတဲ့ အချိန် ကတည်းက နော်ဝေးပြည်သူတွေဟာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရောက်လာမယ့်အချိန်ကို စောင့်ဆိုင်းခဲ့ကြတာပါဆိုပြီး နော်ဝေနိုင်ငံ ၀န်ကြီးချုပ် Jens Stoltenberg က ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုပါတယ်။ အခု ကိုယ်တိုင်ရောက်လာ တာဟာ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီနဲ့ တရားမျှတမှုအတွက် နှစ်ရှည်လများ ရုန်းကန်ကြိုးစား ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အားထုတ်မှုတွေ အရာထင်လာပြီဆိုတာကို ပြသလိုက်တာလို့ သူက ဆိုပါတယ်။ မြန်မာနိုင်ငံအပြောင်းအလဲတွေနဲ့ ပတ်သက်လို့လည်း သူက အခုလို ပြောပါတယ်။ “မြန်မာပြည်မှာ အရှိန်အဟုန်နဲ့ အပြောင်းအလဲတွေ ပေါ်လာနေပြီဆိုပေမယ့်လည်း လုပ်ဆောင်စရာတွေ အများကြီး ကျန်ရှိနေပါသေးတယ်။ နှစ်ပေါင်းများစွာ တည်ရှိခဲ့တဲ့ အာဏာရှင်စနစ်နဲ့ လက်နက်ကိုင် ပဋိပက္ခတွေကို အတိတ်မှာချန်ထားနိုင်ခဲ့ဘို့ဆို ဒီလိုအခြေအနေတွေ နောက်ကြောင်းပြန်လှည့်မသွားဖို့ နော်ဝေး၀န်ကြီးချုပ် ပြောတဲ့အတိုင်း မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး ကြိုးပမ်းမှုတွေဟာ လမ်းဆုံးမှာ မရောက်သေးသလို ဖြောင့်ဖြောင့်ဖြူးဖြူး လမ်းကြောင်းပေါ်မှာ ရှိချင်မှ ရှိလိမ့်အုံးမယ်ဆိုတာကို ပြောဆိုပြီး အခက်အခဲတွေကို ကျော်ဖြတ်နိုင်ဖို့ အမျိုးသားပြန်လည်သင့်မြတ်ရေး စိတ်ဓာတ်နဲ့ ညှိညှိနှိုင်းနှိုင်း ဆောင် ရွက်သွားမယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ နော်ဝေးစီးပွားရေး ကုမ္မဏီတွေနဲ့ ပတ်သက်လို့- “လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးအတွက် အထောက်အကူပြုစေမယ့် ရင်းနှီးမြှုပ်နှံမှုတွေကို ကျမတို့ လိုချင်ပါ တယ်။ ဘယ်လို ရင်းနှီးမြှုပ်နှံမှု မျိုးပဲလုပ်လုပ် ပွင့်လင်းမြင်သာပြီး တာဝန်ယူမှုရှိတဲ့ ရင်းနှီးမြှုပ်နှံမျိုး ဖြစ်ရပါ လိမ့်မယ်။ အစိုးရက ဘာလုပ်မယ် မလုပ်ဘူးဆိုတာတွေကို နှစ်ဘက် ရှင်းရှင်းလင်းလင်း စာချုပ်စာတမ်းမှာ ထည့်သွင်းရပါလိမ့်မယ်။ ရင်းနှီးမြှုပ်နှံမှုတွေဟာ အစိုးရက စီးပွားရေး ထိမ်းချုပ်မှုကို ပိုပြီး အားဖြည့်တာ မျိုးထက် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းတွေကို ပိုပြီးအားကောင်းအောင် မြေတောင်မြှောက်ပေးနိုင်မယ့် လုပ်ငန်းတွေဖြစ်ဖို့ လိုအပ်ပါတယ်။” နိုဗယ်ငြိမ်းချမ်းရေးဆုကို လက်ခံယူဖို့ ပြင်ဆင်ထားတဲ့ မိန့်ခွန်းဟာ လွန်ခဲ့တဲ့ အနှစ် ၂၀ သူဖြတ်သန်းခဲ့တဲ့ ဘ၀ ကို ထင်ဟပ်တဲ့ မိန့်ခွန်းတခု ဖြစ်လိမ့်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ နိုင်ငံတကာ ခရီးစဉ်အတွင်း နိုင်ငံတွေရဲ့ လက်ခံကြိုဆို အားပေးထောက်ခံမှုတွေ ကြောင့် လက်ရှိသမ္မတ ဦးသိန်းစိန် အပါအ၀င် အစိုးရအဖွဲ့ဝင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်အကြား ဆက်ဆံရေးမှာ လာပြီး ထိခိုက်နိုင်မယ် ထင်ပါသလားလို့ သတင်းထောက်တွေက မေးခဲ့ကြပါတယ်။ “ကျမ နိုင်ငံခြားကို ခရီးထွက်တာနဲ့ ပတ်သက်လို့ ကန့်ကွက်သင့်တဲ့ ခိုင်လုံတဲ့အကြောင်း ရှိမယ်လို့ ကျမမမြင် မိပါဘူး။ လက်ခံတဲ့နိုင်ငံတွေ ဘယ်လို ကြိုဆိုကြတယ်ဆိုတာကလည်း သက်ဆိုင်ရာနိုင်ငံတွေအပေါ်မှာ မူတည် ပါတယ်။ ဒီမိုကရေစီကို ကျမတို့ ယုံတယ်။ နိုင်ငံတခုချင်း စီရဲ့ အချုပ်အခြာကို ကျမတို့ယုံတယ်။ သက်ဆိုင် ရာနိုင်ငံတွေက သူတို့မှန်တယ်ထင်တဲ့ပုံစံနဲ့ ကျမကို ကြိုဆိုမှာပါ။ ဒါသူတို့ သဘောပါ။ ဒါကို သမ္မတ ဦးသိန်းစိန် အနေနဲ့ရော၊ အစိုးရအဖွဲ့နဲ့ စစ်တပ်အနေနဲ့ပါ ကန့်ကွက်စရာရှိမယ်လို့ ကျမ လုံးဝ မမြင်မိပါဘူး။ တခြားနိုင်ငံတွေ က ကျမနဲ့ ကျမပါတီအပေါ် သဘောထားနဲ့ ပတ်သက်လို့ သူတို့အနေနဲ့ စိုးရိမ်စရာလည်း မရှိပါဘူး။ ကျမတို့အနေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် ဆောင်ရွက်ချင်တယ် ဆိုတာ ပြောထားပြီးသားပါ။” သတင်းထောက်တယောက်က သူ့ရဲ့အမေးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စစ်တပ်ကို ဆန့်ကျင်တဲ့ လှုပ်ရှားမှု ဆိုပြီး သုံးနှုန်းသွားတာကို သူက ငြင်းဆိုသွားပါတယ်။ သူနဲ့ NLD ဟာ စစ်တပ်ကို ဂုဏ်သိက္ခာ ရှိရှိ၊ ပြည် သူတွေ ချစ်ခင်လေးစားတဲ့ တပ်မတော်သားကောင်းတွေ ပီပီ ရပ်တည်တာကို တွေ့လိုတဲ့ အကြောင်း၊ ဒီလို ရပ်တည် တာဟာ ဒီမိုကရေစီ လူ့အဖွဲ့အစည်းအတွက် အကောင်းဆုံးဖြစ်တယ်ဆိုတာကို တိုင်းပြည်မှာရှိတဲ့ လူငယ်တွေ လည်း လက်ခံယုံကြည်ထားတဲ့ အကြောင်း ပြောဆိုသွားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တနေ့နေ့တချိန်ချိန် နော်ဝေးကို အခုလို ရောက်လာမယ်ဆိုတာ တကယ်ပဲ ယုံကြည်ခဲ့ပါသလားလို့ သတင်းထောက်တယောက်က မေးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဒါကို အမြဲ တစေ ယုံကြည်ခဲ့တဲ့အကြောင်း၊ ဒါကြောင့်လည်း နော်ဝေး နိုင်ငံကို ပထဆုံးသွားချင်တယ်လို့ သူပြောခဲ့တဲ့ အကြောင်း ပြန်ဖြေသွားပါတယ်။ ကျမတော့ ဘယ်တုန်းကမှ သံသယမရှိခဲ့ဘူး။ ရှင်ရော မယုံမကြည်ဖြစ် ခဲ့မိလား။ ရှင်က မယုံခဲ့လို့လားဆိုပြီး သတင်းထောက်ကို ပြန်မေးခွန်းထုတ်သွားပါတယ်။ By ကိုသိန်းထိုက်ဦး (ဗွီအိုအေ မြန်မာပိုင်း) | ||||||||||||
Posted: 15 Jun 2012 10:59 PM PDT
ဆွစ်ဇာလန်နိုင်ငံကနေ နော်ဝေနိုင်ငံ အော်စလိုမြို့တော်ကို မနေ့ကရောက်ရှိလာတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လေဆိပ်မှာ နိုဘယ်လ်ဆုကော်မတီ ဥက္ကဋ္ဌ Thorbjoern Jagland နဲ့အတူ နိုဘယ်လ်ဆုကော်မတီက တာဝန်ရှိသူတွေ လာရောက်ကြိုဆိုခဲ့ကြပါတယ်။
AFP
နော်ဝေနိုင်ငံကို ဇွန်လ ၁၅ ရက်နေ့မှာရောက်ရှိလာတဲ့ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို နော်ေ၀၀န်ကြီးချုပ်နှင့်အတူ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲအပြီး တွေ့ရစဉ်။
နော်ဝေနိုင်ငံရောက် တိုင်းရင်းသားလူမျိုးတွေ ပါဝင်တဲ့ မြန်မာလူမျိုးတွေသာမက၊ အိမ်နီးချင်း ဆွီဒင်နဲ့ ဒိန်းမိတ်နိုင်ငံတွေက မြန်မာလူမျိုးတွေ အပါအ၀င် နော်ဝေးပြည်သူတွေ စုစုပေါင်း နှစ်ထောင်ကျော်လောက်က ဒေါ်အောင်ဆန်းစုကြည် တည်းခိုမယ့် မြို့လယ်က ဂရင်း ဟိုတယ်မှာ စောင့်ပြီး ကြိုဆိုခဲ့ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ သားအငယ် ကင်မ်နဲ့အတူ ရောက်လာခဲ့တယ်လို့ ကိုယ်တိုင်ပါဝင်ကြိုဆိုနေတဲ့ နော်ဝေးရောက် ကိုညိုက အခုလိုပြောပြပါတယ်။
"ဒေါ်အောင်ဆန်းစုကြည်လာတဲ့ အခါကျတော့ ရဲလုံခြုံရေးအမျိုးသမီးတွေရော၊ အမျိုးသားတွေရော အဲဒီမှာလမ်းတွေရှင်းပေးပြီးတော့
ဒေါ်အောင်ဆန်းစုကြည်တည်းခိုတဲ့ ဟိုတယ်တ၀ိုက် လုံခြုံရေးတွေကိုလည်း တင်းတင်းကျပ်ကျပ်ချထားတယ်လို့ ကိုညိုက ပြောပါတယ်။မနေ့ညက ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတဲ့ နော်ေ၀၀န်ကြီးချုပ် တည်းခင်းဧည့်ခံတဲ့ ညစာစားပွဲကို နော်ဝေဘုရင်နဲ့ တော်ဝင်မိသားစုကိုယ်တိုင် တက်ရောက်ခဲ့ကြ ပါတယ်။ မနက်ဖြန်မှာတော့ ၁၉၉၁ခုနှစ်က ချီးမြှင့်ခံခဲ့ရတဲ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို ရာစုနှစ် ၂၀ကျော်မှ ကိုယ်တိုင်လက်ခံယူမယ့် ဆုပေးပွဲအခမ်းအနားကို ဒေါ်အောင်ဆန်း စုကြည် တက်ရောက်မှာဖြစ်ပါတယ်။ ဒီအခမ်းအနားကို မြန်မာတွေအများအပြား တက်ရောက်ကြမယ်လို့ သတင်းရရှိပါတယ်။ နော်ဝေနိုင်ငံကိုရောက်နေတဲ့ ပြန်ကြားရေးဌာန ဒုဝန်ကြီး ဦးစိုးဝင်းလည်း တက်ရောက်မယ်လို့ ဆိုပါတယ်။ ဒါအပြင် အရင် အဝေးရောက်ညွန့်ပေါင်းအစိုးရ NCGUB ၀န်ကြီးချုပ်လည်းဖြစ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစ်ကိုတ၀မ်းကွဲတော်စပ်သူ ဒေါက်တာစိန်ဝင်းလည်း အခမ်း အနားကို တက်ရောက်ဖို့ အော်စလိုမြို့တော်ကို ရောက်ရှိနေပါတယ်။ | ||||||||||||
Posted: 15 Jun 2012 06:18 PM PDT
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ဆွစ်ဇာလန်နိုင်ငံ မြို့တော် ဘန်း (Bern) မှာ ကျင်းပနေတဲ့ ဆွစ်ပါလီမန်ကို တက်ရောက်ခဲ့ပြီး ဆွစ်ပါလီမန်အမတ်တွေရဲ့ မူဝါဒရေးရာဆွေးနွေးနေတာကို တက်ရောက် နားထောင်ခဲ့ပါတယ်။
AFP
ဆွစ်ပါလီမန်ကို လာရောက် လေ့လာသော ဒေါ်အောင်ဆန်းစုကြည်ကို ပြည်နယ်ကောင်စီ ဥက္ကဋ္ဌ Hans Altherr (၀ဲ) နှင့် အမျိုးသားကောင်စီ ဥက္ကဋ္ဌ Hans Jorg Walter (ယာ) တို့နှင့်အတူ ၂၀၁၂ ခုနှစ် ဇွန်လ ၁၅ ရက်နေ့က ဆွစ် ပါလီမန်တွင် တွေ့ရစဉ်။
မနေ့က ဂျီနီဗာမြို့ကနေ ဘန်းမြို့ကို ဆွစ်အစိုးရတာဝန်ရှိသူတွေနဲ့အတူ မီးရထားနဲ့ ရောက်ရှိခဲ့ပြီး သတင်းစာရှင်းလင်းပွဲကျင်းပခဲ့ပါ
"နေရာတခုတည်းမှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့တာကြာပြီး၊ အခု ဥရောပခရီးစဉ်အတွက် လေယာဉ်ပျံခရီးကို နာရီပေါင်းများစွာ စီးခဲ့ရတာမှာ အင်မတန်ပင်ပန်းနွမ်းနယ်မှုကို ခံစားခဲ့ရပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၄ နှစ်တုန်းကလို အရှေ့နဲ့အနောက် အချိန်ကွာဟမှုကို ခံနိုင်ရည်မရှိဘဲ ဖြစ်သွားခဲ့ရပါတယ်" လို့ ဒေါ်အောင်ဆန်းစုကြည်ကပြောခဲ့ပြီး သတင်းစာရှင်းလင်းပွဲ တက်ရောက်သူတွေကို တောင်းပန်စကားပြောကြားခဲ့ပါတယ်။ မနေ့က ဂျီနီဗာမြို့မှာ အိုင်အယ်လ်အို နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ် ညီလာခံကိုတက်ရောက် မိန့်ခွန်းပြောကြားခဲ့ပါတယ်။ အဲဒီ မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့ တာက - မြန်မာနိုင်ငံက လူငယ်တွေဟာ အလုပ်လက်မဲ့ပြဿနာ ရင်ဆိုင်နေရတာကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ လက်ခံတော့မယ်ဆိုရင် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုမျိုးတွေသာ ဖြစ်သင့်ကြောင်း တိုက်တွန်းပြောဆိုခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ညနေပိုင်းမှာ ဆွစ်ဇာလန်နိုင်ငံ ဘန်းမြို့ကနေ နော်ဝေနိုင်ငံ အော်စလိုမြို့ကိုရောက်ရှိပြီး အော်စလိုမှာ နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို လက်ခံရယူမှာ ဖြစ်ပါတယ်။ အဲဒီနောက် ဗြိတိန်၊ ပြင်သစ်နဲ့ အိုင်ယာလန်ခရီးစဉ်တွေလည်း ဆက်လက်သွားဖို့ ရှိနေပါသေးတယ်။ RFA Burmese | ||||||||||||
Posted: 15 Jun 2012 04:35 PM PDT
နော်ဝေနိုင်ငံ အော်စလိုမြို့တော်ရှိ Grand Hotel သို့ ရောက်ရှိလာသော မြန်မာ့ဒီမိုကရေစီအရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နော်ဝေနှင့် ဥရောပတလွှားရောက် မြန်မာဒီမိုကရေစီအရေး လှုပ်ရှားသူများက ကြိုဆိုကြပုံများ ... ကိုအောင် (Pyustate) | ||||||||||||
Posted: 15 Jun 2012 04:35 PM PDT
| ||||||||||||
Posted: 15 Jun 2012 04:07 PM PDT
ဇွန် ၁၅၊ ၂၀၁၂၊ YPI
ရထားပို့ဆောင်ရေး ၀န်ကြီးဋ္ဌာနလက်အောက်ရှိ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဋ္ဌာန (ကညန) မှ ယာဉ်အိုယာဉ်ဟောင်း လဲလှယ်ရေး အစီအစဉ်အပြင် အခြားသော ယာဉ်တင်သွင်းမှုများနှင့် ပတ်သက်၍ ကညန၏ အခွန်ကောက်ခံမှုနှုန်းထား ကြေညာချက် တရပ်ကို ယနေ့နေ့စွဲဖြင့်ထုတ်ပြန်လိုက် ယင်းကြေညာချက်များတွင် ယာဉ်အိုယာဉ်ဟောင်း လဲလှယ်ရေး အစီအစဉ်အရ ပ အက္ခရာမှ အထိ ကားအစီးရေ ငါးသောင်းကျော်အနက် ၄သောင်း ၉ ထောင်ကျော် လဲလှယ်ပြီးကြောင်း၊ ဘအက္ခရာမှ နှစ်စဉ် မှတ်ပုံတင် သက်တမ်း နှစ် ၂၀ ပြည့်ယာဉ်များကိုလည်း လဲလှယ်သွားရာတွင် ကညန အခွန်ကို ယာဉ်ဆိပ်ကမ်းရောက် တန်ဖိုး၏ ၆၀ ရာခိုင်နှုန်း လျော့ပေးမည် ဖြစ်ကြောင်း ပါရှိသည်။ ကားပြပွဲတွင် ပြသထားသည့် ဂျပန်တပတ်ရစ် ကားတစီး ထို့ပြင် ယာဉ်အိုယာဉ်ဟောင်း စီမံချက်တွင် မပါရှိသော်လည်း အငှား တက်စီယာဉ်ဖြစ်ပါက အစားထိုးတင်သွင်းမည့်ယာဉ်ကို အငှားတက်စီအဖြစ်သာ သုံးစွဲမည်ဟု ဆိုပါက ၈၀ ရာခိုင်နှုန်းလျော့ပေးမည့်ဟု ကာ သက်ဆိုင်ရာ ပြည်နယ်တိုင်းအစိုးရများက လိုအပ်ချက်အရ အငှားတက်စီယာဉ်အဖြစ် တင်သွင်းခွင့်ပြုပါက ကာ အက္ခရာ အမဲမပြောင်း၊ မရောင်းချရ ကန့်သတ်ချက်ဖြင့် တင်သွင်းခဲ့လျင် ၅၀ ရာခိုင်နှုန်း လျော့ချပေးမည်ဖြစ်သည်ဟု ပါရှိသည်။ ယာဉ်အိုယာဉ်ဟောင်း လဲလှယ်ရေး အစီအစဉ်တွင် မပါရှိသည့် အက္ခရာမြင့် တပ်မတော်လေလံ၊ အစိုးရလေလံကားများကိုလည်း ပိုင်ရှင်ဆန္ဒအရ လဲလှယ်လိုပါက ကညနခွန်ကို ၆၀ ရာခိုင်နှုန်း လျော့ချပေးမည်ဟုလည်း ကြေညာချက်တွင်ဖေါ်ပြထားသည်။ လူနာတင်ယာဉ်များမှာ အခကြေးငွေယူကာ သယ်ပို့ခြင်းဖြစ်၍ မှတ်ပုံတင်ခွန် ၁၀ ရာခိုင်နှုန်း၊ နိဗ္ဗာန်ယာဉ်ဆိုပါက မှတ်ပုံတင်ခွန် ကင်းလွတ်ခွင့်ပြုမည်ဖြစ်ကာ အက္ခရာတွင် နိဗ္ဗာန် ဆိုသည့် အက္ခရာဖြင့် သတ်မှတ်ခွင့်ပြုမည်ဟု လည်းပါရှိသည်။ မော်တော်ဆိုင်ကယ်များကိုလည်း ဇွန်လ ၄ ရက်နေ့မှ အခွန်ဆောင်ကာ မှတ်ပုံတင်ခွင့် ပြန်လည်ပြုထားကြောင်းလည်း ယင်းကြေညာချက်တွင် ဖေါ်ပြပါရှိသည်။ ယမန်နှစ်က စတင်ကြေညာခဲ့သည့် ယာဉ်အိုယာဉ်ဟောင်းလဲလှယ်ရေး အစီအစဉ်ကြောင့် အဆမတန်မြင့်မားခဲ့သည့် ပြည်တွင်းကားဈေးနှုန်းများ တဖြည်းဖြည်း ကျဆင်းခဲ့ရာမှ လွန်ခဲ့သည့်မေလဆန်းက နိုင်ငံခြားငွေ စာရင်းရှိသူတိုင်း ၂၀၀၇ ခုနှစ် မိုဒယ်နှင့်အထက် တစီးစီ တင်သွင်းခွင့်ရှိကြောင်း ကြေညာလိုက်ချိန်မှစ၍ ဆယ်စုနှစ် တခုကျော်အတွင်း အနိမ့်ဆုံးသို့ကျဆင်းလာခဲ့သည်။ by Yangon Press International |
0 comments:
Post a Comment