လူသတ်ပွဲတော်ကြီး တစ်ခုကို ကမ္ဘာအလယ်မှာ ခန့်ညားစွာ ကျင်းပကြတော့မလို့လား
ဒီနေ့ မျက်မှောက် ဖြစ်နေတဲ့ ပြသနာတွေကို ကြားနေ မြင်နေရသာ အတော်လေးကို ရင်ထဲမကောင်းဖြစ်မိပါတယ် ။ ကျွန်မ အက်ဒမင် လုပ်နေတဲ့ နိုင်းဆိုဒ်လေးမှာဆို ကော်မန့်တွေကို တောက်လျှောက် စစ်နေရပါတယ် ။ အင်တာနက်စာမျက်နှာ ဆိုတာ လွတ်လပ်စွာ ရေးသားပြောဆို နိုင်တယ်ဆိုပေမယ့် မိမိရေးသားလိုက်တဲ့ စာတစ်ကြောင်း က နိုင်ငံနဲ့ချီ အဓိကရုဏ်း တွေဖြစ်စေနိုင်တယ် ဆိုတာ မသိကြသာလား ။ ဒါမှမဟုတ် သိနေရက်နဲ့ တမင် လှုံဆော်ဆူပူ အောင်လုပ်နေကြသာ လားလို့တွေးမိလာတယ် ။
သတင်းတွေ မှာ ပြန်ရေးလာတဲ့ ကော်မန့်တွေကိုလည် သက်ဆိုင်ရာ ဆိုဒ်အသီးသီးက အက်ဒမင်တွေ အနေနဲ့ ဒီတိုင်းလွတ်ပေးမထားကြပါနဲ့ ။စီစစ်ပေးကြပါ လို့ မေတ္တာရပ်ခံပါရစေ ။
ကော်မန့်ရေးတဲ့ နေရာလေးက ဆဲခြင်တိုင်းဆဲဖို့ နေရာမှ မဟုတ်သာဘဲရှင် ။ ကျွန်မတို့ နိုင်ငံကြီးသား စိတ်ဓာတ်လေးတွေ မွေးမြူကြရအောင် ။ ရေတိုကို မကြည့်ဘဲ ရေရှည်ကို ကြည့်ပေးကြပါလို့ တောင်းပန်ပါရပါစေ ။မိမိတို့ လုပ်ရပ်က ဘယ်အတိုင်းတာထိ သက်ရောက် တာသွားစေတယ်ဆိုသာကို တွေးတောဆင်ခြင်စေချင် ပါတယ်ရှင် ။ မနေ့ကဆို ကျွန်မတို့ ဆိုဒ်ထဲရခိုင် ပြည်နယ် ကသတင်းဘလော့မှာ
ကောင်လေးတစ်ယောက်က ဆဲဆိုရေးသားထားတာ မြင်လို့တောင် မသင့်တော်ပါဘူး ။ဒီလို ကော်မန့်တွေက ဆူပူတစ်ခုကို လှုံဆော်နေသလိုပါပဲ ။ ပြောပြန်တော့ ကုလားမိန်းမ ဖြစ်ချင်တာလားဆိုတဲ့ ရိုင်းစိုင်းတဲ့ တုံ့ပြန်မှုတွေထပ်ရေးပြန်တယ် ။ ဒါဟာ ပြသနာတစ်ခုကို ဖြေရှင်းတဲ့ နည်းလမ်းမှန် တစ်ခုလား ဆိုတာကို သေချာ ပြန်လည် သုံးသပ်သင့်နေကြပါပြီ ။ မိမိစကားလုံး ၊ စာကြောင်းတစ်ကြောင်းဟာ ဆိုးကျိုး ၊ ကောင်းကျိုး ကို ဘယ်အတိုင်းတာထိ တာသွားတယ်ဆိုတာကို သေချာသုံးသပ် ဝေဖန်စမ်းစစ်ဖို့ လိုအပ်နေပါပြီရှင် ။ ဆရာကြီး လုပ်တာမျိုးလည်း မဟုတ်ရပါ ။ အားလုံးကို အေးချမ်းစေချင်တဲ့ စိတ်တစ်ခုသာရှိပါတယ် ။ မနေ့ကဆို ကျွန်မ မေးကို မေးတစ်စောင်ရောက်လာတယ် ။
'မလေးရှားရောက် ရခိုင်လူမျိုးများ နဲ့ မြန်မာလူမျိုးများ သတိရှိကြပါ'
မလေးရှားတွင် အလုပ်လုပ်နေကြတဲ့ ရခိုင်လူမျိုးများနဲ့ မြန်မာလူမျိုးများ တို့ မလေးရှားမူဆလင်ကုလားလူမျိုးများ မှ ရခိုင်လူမျိုး များမှ ကို သူတို့ကုလားလူမျိုးတွေကို သတ်ထားသောကြောင့် မလေးရှာတွင်ရောက်နေကြသော ရခိုင်လူမျိုးများ နဲ့ မြန်မာလူမျိုး များကို အယောက်နှစ်ဆယ် ပြန်ပြီး သတ်မယ် လို့ ကြော်ငြာနေ ပြီး လူစု ဖွဲပြီး လိုက်ရှာကြောင်းသိရပါသည် ဒါကြောင့် သတိဝီရိယ နဲ့နေကြဖို့ တိုက်တွက်လိုက်ပါရပါသည်။ Share လုပ်ပေးပါရန်...ကျွန်မတို့ ခေါင်းအေးအေး နဲ့ တွေးကြည့်ရအောင်နော် ။ ခုဖြစ်နေတာတွေ နောက်ဆုံး ရလာဒ်ကဘာဖြစ်လာမလဲ ။တစ်ယောက် တစ်ပြန်လက်စားချေမှုတွေကြားမှာ လူသားတွေ သွေးချောင်းစီးရတော့မယ် ။
လူသတ်ပွဲတော်ကြီး တစ်ခုကို ကမ္ဘာအလယ်မှာ ခန့်ညားစွာ ကျင်းပကြတော့မလို့လား ။ ဘယ်သူအတွက်
အကျိုးဖြစ်ထွန်းစေသလဲ ။ ညီမငယ်လေးသီတာထွေး ကိစ္စက အစပြုလိုက်တဲ့ ပြသနာ တစ်ခု ။
ညီမငယ်လေးသီတာထွေး အတွက် ခုလုပ်ရပ်တွေက ဘာတွေ အကျိုးဖြစ်ထွန်းစေခဲ့ပါသလဲ ။ ခုဆိုရင်ဘဲ
မလေးရောက် မြန်မာလူမျိုးတွေ ရင်တထိတ်ထိတ်နေနေရပါပြီ။ မဆုံးနိုင်တဲ့ ကလဲ့စားချေပွဲ
တွေကို ဆက်လက် ဖြစ်ပွားနေကြတော့မှာလား ။ လောကကြီးမှာ လူရယ်လို့ ဖြစ်လာရင် ယောကျာင်္း နဲ့ မိန်းမလူမျိုး 2ခုဘဲရှိပါတယ်။မိမိနှစ်သက်ရာ ဘာသာ အသီးသီး ကို ကိုးကွယ်ကြတယ် ။ လူတစ်ယောက်မှာ
အခြေခံအကျဆုံးနဲ့ အရေးကြီးဆုံးက ကိုယ်ပိုင် ခံယူချက်နဲ့ ကိုယ်ပိုင်အသိတွေ နည်းလမ်း မှန်ကန်စေဖို့၊
လူသားချင်းစာနာ ထောက်ထားတတ်ဖို့ပါပဲ ။ သစ်ထူးလွင် သတင်းစုစည်းမှု (၆-၆)မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောသွားခဲ့ တယ် ။
ဒေါသကို အခြေခံပြီးတော့ မလုပ်ပါနဲ့...ကျမတို့ဟာ ပုတုဇဉ်လူသားတွေချည်းပါပဲ၊ ဘယ်နိုင်ငံကဖြစ်ဖြစ် ဘယ်ဘာသာပဲ ကိုးကွယ်ကိုးကွယ် လူတိုင်းလူတိုင်းဟာ အေးအေးချမ်းချမ်းနေချင်တယ်၊ လုံလုံခြုံခြုံနေချင်တယ်...
နောက်တစ်ခုက ကျမအမြဲတမ်းပြောတယ် လူများစုဆိုတာ လူနည်းစုကို ဂရုဏာထားရမယ်... အဲ့ဒါတော့ ကျမသတိပေးပါရစေ... ကျမ ဒီလိုပြောတာကို တချို့က ကြိုက်ချင်မှ ကြိုက်မယ်... ကြိုက်တာ မကြိုက်တာထက် ပြောသင့်တာကိုတော့ ကျမပြောရမယ်... လူများစုဆိုတာ ကိုယ့်ရဲ့ အင်အားက ရှိပြီးသား၊ ကိုယ့်ရဲ့ အများစု အင်အားက ရှိပြီးသားမို့ ပိုပြီးတော့ သဘောထားကြီးနိုင်ရမယ်၊ ပိုပြီးတော့ ဂရုဏာတရားထားနိုင်ရမယ်...
ကျမတို့ နိုင်ငံမှာရှိတဲ့ ဘာသာမရွေး ၊ လူမျိုးမရွေး၊ ချစ်ချစ်ခင်ခင် နဲ့ အေးအေးချမ်းချမ်းနေတာကို ကျမက မြင်ချင်တယ်... ဒီလိုဖြစ်ဖို့ အတွက် ကျမတို့အနေနဲ့ ကူညီနိုင်တယ်ဆိုရင် ကျမတို့ ကူညီမယ်...လုပ်ပေးနိုင်တာကို လုပ်ပေးမယ်... ဒါပေမယ့် ဖြစ်ပွားနေတဲ့ကိစ္စတွေ ပိုကြီးထွား မလာအောင်လို့တော့ ကျမတို့ သတိပြုပြီး ရှောင်ရပါမယ်...
(ဒေါ်အောင်ဆန်းစုကြည် ၆ ဇွန် ၂၀၁၂)
သိပ်ကို မှတ်သားသင့်တဲ့ စကားလေးပါ ။ အတွေးခေါ်တွေ မြင့်မားပေးကြပါ ရှင်။ သွေးဆူ တယ်ဆိုတာ မည်သူအတွက်မှကောင်းသော ရလာဒ်ဖြစ်လာစေမှာ မဟုတ်ပါဘူး ။တိုင်းတစ်ပါးရောက် ကျွန်မတို့ အကိုတွေ ၊ အမတွေ ၊ မောင်လေးညီမလေးတွေ အတွက်ကိုလည်း ရှေးရှူ တွေးပေးကြပါ ။ မိသားစု ၀မ်းရေးအတွက် တိုင်းတစ်ပါးမှာ ကိုယ်ခန္ဓာနဲ့ သူများစိတ် အလုပ်လုပ်နေရတဲ့ အပြင်ခုလို ရင်တထိတ်ထိတ် သည်းတဖိုဖို နေနေရတဲ့ ဘ၀တွေကို ကိုယ်ချင်းစာပေးကြပါ ။
စည်းလုံးခြင်း ၊ သွေးစည်းခြင်းဆိုသာ ကောင်းတဲ့ စိတ်ဓာတ်လေးတွေပါ ။ ဒီစိတ်ဓာတ်လေးတွေကို ကောင်းမွန် မှန်ကန်တဲ့ နည်းလမ်းတွေနဲ့ အသုံးချတတ်ပါစေလို့ ဆုမွန်ကောင်းတောင်းရင်း နောက်ထပ် သွေးချောင်းစီး စေတဲ့ မြင်ကွင်းတွေသတင်းတွေကို မဖတ်ရ ၊ မမြင်ရပါရစေနဲ့လို့ လေးနက်စွာ ဆုတောင်း နေမိပါတော့သည်။
ခိုင်လေး (ရွှေတောင်)

မှန်ပါတယ်..ဒီပြသနာတွေပြီးသွားရင်တော့ဒီကောင်တွေကိုစီပွားရေးအရပိတ်ပင်မပတ်သက်ဘဲမျှင်းတွယ်ဖို့ဒီကနေတဆင့်အကြံပြုပါတယ်..ကိုယ်နိုင်ငံသာတိုးတက်လိုပြည်ပထွက်ပြီးအလုပ်လုပ်စရာမလိုရင်ဒီကုလားတွေဖွတ်ဖွတ်ညက်ညက်ချေပစ်ချင်တာ..တရုတ်ဂျပန်အမေရိကန် ရောက်နေလို့ဒီမှာကုလားဗမာဖြစ်စိုးရိမ်စရာမရှိဘူး..တတ်နိုင်ရင်ကိုယ်နိုင်ငံသားတွေကိုအစ္စလာမ်မစ်နိုင်ငံတွေမှာသွားမလုပ်စေချင်ဘူးဗျာ..
ReplyDelete