Saturday, June 9, 2012

အနှစ်နှစ်ဆယ်အတွင်း ကိုပဋာ မြေလူးခြင်း



  • နေကို ပိုးစုန်းကြူးတွေ တိုးနေကြပြီ ကိုပဋာ

    ခေတ်ကိုက တစိုက်မတ်မတ် မူးဖို့ သောက်ရတဲ့ ခေတ်

    ကြိုကြိုတင်တင်ပြင်ဆင်ထားတဲ့ စရိတ်စကနဲ့ မလုံလောက်

    သေတာတောင် ဖိနပ်စီးပြီးသေချင်တဲ့ မသာတွေနဲ့ ကိုပဋာ

    မြေလူးပြီးမူးဖို့တောင် မြေလှန်ပြီး ပြန်ရှာဖွေနေရတဲ့ ဘဝ

    ဟုတ်ပြီ ဟုတ်ပြီ .. အသောက်အစားလေး နည်းနည်းလျှော့

    ဟုတ်ပြီ ဟုတ်ပြီ .. အနေအထိုင်လေး ဆင်ဆင်ခြင်ခြင်နေ ကိုပဋာ

    ခင်ဗျားဟာ မုတ်ဆိတ်ပုံမှန်လေးရိတ် ရိုဟင်ဂျာနဲ့ တူလို့မဖြစ်

    ခင်ဗျားဟာ အသားနည်းနည်း မည်းအောင်လုပ် တရုတ်နဲ့ တူလို့မဖြစ်ဘူး
    ကိုပဋာ

    ကိုယ်နေထိုင်တဲ့ နေရာဒေသကို ကိုယ်ဆင်ခြင်

    ကိုယ့်ကို မွေးတဲ့သူကို ကိုယ်ပြန်စဉ်းစား

    သတိလက်လွတ်မဖြစ်စေနဲ့ ကိုပဋာ…. သတိလက်လွတ်မဖြစ်စေနဲ့

    ပစ်စလက်ခက်နေရင် ပစ်စလက်ခက်နဲ့ ပစ်စရာနေရာတောင်မရှိဖြစ်ကုန်မယ်

    ဆင်ခြင်လိုက်စမ်းပါ ကိုပဋာ .. မြေလူးရမယ့် အဖြစ်မျိုးတွေကိုတော့
    ထပ်မကြုံချင်တော့ဘူး

    တံခါးမပါဘဲ သော့ခတ်ချင်နေတဲ့ သူတွေကို ဓါးမပါဘဲ ရှင်းဖို့တော့
    ခက်မယ် ကိုပဋာ

    ဟေး မလုပ်နဲ့ .. မလုပ်နဲ့ .. ဆန္ဒမစောပါနဲ့..ဆန္ဒမစောလိုက်ပါနဲ့

    ဒါဟာ ပဲကြီးလှော်ကြားက ညပ်နေတဲ့ ဆားလိုပဲ ၀ါးလိုက်တိုင်း တကျိကျိနဲ့

    ငန်တယ် ကိုပဋာ .. ငန်တယ် ကိုပဋာ …..

    ကြားလိုက်ရတိုင်း ခါးနေတာထက်စာရင်တော့ သက်သာရင်
    သက်သာမှာပေါ့ ကိုပဋာ

    အကိုင်းမှာ မီးလောင်နေတာကို အမြစ်ကို ရေလောင်းနေတာလား

    အသီးမှာ ပိုးပါနေတာကို အစေ့ကို ဆေးဖြန်းမလို့လား

    ဟုတ်ပါပြီ ဟုတ်ပါပြီ .. ကောင်းမယ် ထင်ရင်တော့ လုပ်ပေါ့ဗျာ

    ဟုတ်ပါပြီ ဟုတ်ပါပြီ .. ကောင်းချင်လည်း ကောင်းနိုင်တာပဲ

    နှစ်နှစ်ဆယ်ကျော်ကျော် ကြာခဲ့ပြီပဲဗျာ …

    အိပ်မက်အဟောင်းကြီးကို အိပ်ယာအသစ်နဲ့ အိပ်ပြီး မက်တော့လည်း
    ဘာထူးလာမယ် ထင်လို့လဲ

    ဘာ.. ကိုပဋာ … ခင်ဗျားဟာ အသစ်ကို ကြိုဆိုတယ်တဲ့လား .. ဟုတ်လား
    ကိုပဋာ

    ဘယ်လို .. နှစ်ဟောင်းက အမှားတွေနဲ့ နှစ်သစ်ကို ကြိုဆိုပစ်မလို့လား..
    ဟုတ်လား

    အာ… ဒါဟာ ကိုယ်ကျင့်တရားကို အခုအသစ်ထွက်တဲ့ တစ်သောင်းတန်နဲ့
    လဲပစ်လိုက်တာပဲ

    နိုင်ငံရေးဆိုတာ ချဉ်ခြင်းတက်စရာမှ မဟုတ်ဘဲ ကိုပဋာရယ်

    နံရံတွေကြားက လူတွေကို သတိရပါ မေတ္တာပို့ပါ စာနာပါ

    ပြီးမှ ခင်ဗျားလိုချင်တဲ့ ငါးထောင်တန် ဖုန်းကို တောင်းဆိုပါ

    ပရိတ်ရွတ်ပါ .. ပုတီးစိပ်ပါ .. ပြီးမှ မိုးပေါ်ထောင်ပစ်ပါ ..

    အော် .. ဒါနဲ့ .. ခုတလောမှ မိုးရာသီမှာ မီးလောင်တာတွေများနေပါလား …

    လောကမှာ ရေနဲ့ငြိမ်းမရတဲ့ မီးတွေလည်း ရှိနေတယ် ကိုပဋာ

    ခေတ်ကိုက သင်္ကြန်အမြောက်နဲ့ စစ်ဖြစ်တဲ့ ခေတ် .. ရေပြွတ်သေနတ်နဲ့
    မီးငြိမ်းတဲ့ခေတ်

    မရှင်းမရှင်း လူတွေက .. မရှင်းမရှင်း စကားတွေကိုပြောလို့ ..

    မဟုတ်တရုတ်ပြဿနာတွေတက်လာတော့ ကျုပ်လည်း

    မလုံမလဲနဲ့ မဖြစ်မနေရှင်းနေရတာ ကြာပေါ့ ကိုပဋာရယ်

    ခင်ဗျား နှလုံးသားကို စွန်ချီမယ် .. ခင်ဗျား သစ္စာတရားကို မြွေကိုက်မယ် ..

    တစ်မျိုးလုံး သေချင်သေမယ် .. တစ်ရွာလုံး ပြာကျချင် ကျမယ် ..

    ခင်ဗျားအတွေးအခေါ်ကို မုဒိန်းကျင့်ခံရဖို့ ဖိတ်ခေါ်နေဦးမှာလား ကိုပဋာ

    ပြောရင်လည်း မောတယ် ကိုပဋာ .. ဒေါသတွေ ထွက်နေခဲ့တာေ
    တ်ာတော်ကြာပေါ့

    ကဲ..

    ဒီဇာတ်ကို ဒီအရပ်မှာ သိမ်း … ခင်ဗျား နိဂုံးချုပ်ချင်သလား

    သမိုင်းဟာ လူကို သတ်တယ်ကွယ့် … သမိုင်းဟာ လူကို သတ်တယ်ကွယ့်

    ပြောလည်းမသိ .. ထိလည်း မနာ … မြေလူးနေတဲ့ ကိုပဋာရယ် …။ ။

    -----------------------------------------------------------------------
    ရင်နင့်အောင် ၊ ဇင်သော်အောင် — with Shwe Eaim Si and 29 others.

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...