Friday, June 1, 2012

*သမ္မတအကြံပေး ဦးဖယောင်းလှိုင်သို့ *

*(ဆောင်းပါးရှင် မောင်မီဂ္ဂါဝပ်)*

လျှပ်စစ်မီးဆိုတာ ကနေ့ခေတ်မှာ (မရှိလို့ ကိုမဖြစ်သော) အခြေခံ လူမှုရေးလိုအပ်ချက် တရပ်ဖြစ်ပါတယ်။ ကာလံ ဒေသံ ဆိုတာလိုပေါ့။ လျှပ်စစ်မီး လိုအပ်ချက်က ကာလ ဒေသ ကိုလိုက်ပြီး မတူပါဘူး။ တစ်နည်း အရေးကြီးမှုခြင်း မတူညီနိုင်ပါဘူး။ ဒါကို လှေနံဓားထစ် ဝေဖန်လာသူဟာ သိပ်စဉ်းစားဥာဏ် မပြည့်ဝသူလို့ ပထမဦးဆုံး ပြတ်ပြတ် ပြောလိုက်ချင်ပါတယ် ။


ဥပမာလေးတွေ တချို့ ပေးပါမယ်။ အခုနေခါ အထူးသဖြင့် မြိုတမြို့ မှာ ပွဲတော်ကြီး
ကျင်းပနေပါတယ်။ အဲဒီမြို့မှာ မီးလင်းနေရပါမယ်။ နေရာတိုင်းနီးနီး
မီးလင်းနေရပါမယ်။ ပွဲတော်ကျင်းပတဲ့ နေရာလေးတင် ကွက်ကွက်လေး မီးလင်းနေရုံနဲ့
မရပါဘူး။ ပွဲသွား ပွဲပြန်တွေ လုံခြုံရေး ကျန်ခဲ့တဲ့ အိုးအိမ်တွေ လုံခြုံရေးကအစ
အလေးထားရတာပါ။ မီးလင်းနေရုံတောင် မဟုတ်ပါ။ လမ်းတွေပါ လုံခြုံနေအောင်
စီမံထားရပါမယ်။ လမ်းမှာ မှောင်နေရင် ပွဲပြန်တွေ အသတ်ခံရမယ်။ အလုအယက်
မုဒိန်းကျင့်တာတွေ ခံရပါမယ်။ ဒါကတော့ ၇တန်းကျောင်းသား လောက်တောင်သိပါတယ် ။

အဲဒီမြို့လေးဘဲ စစ်ပွဲဖြစ်နေတဲ့ကာလ ရန်သူလေယာဉ်တွေ အန္တာရယ်ရှိနေရင်
မီးလင်းဖို့ နေနေသာသာ ဆေးလိပ်မီးတောင် မသောက်ရ ဖြစ်မနေပေဘူးလား။
ရန်သူလေယာဉ်ဗုံး ထိမှန်လို့ဆိုပြီး လူနာတင်ယဉ်က ဥသြဆွဲ မီးတွေ တဖျတ်ဖျတ်
လုပ်နေလို့ရမလား ရိုးရိုးလေးပါ။

ဒီလိုဘဲ သမတကြီးရဲ့ ရွှေဥာဏ်တော် အကြံပေးကြီးက မီးကလေးတွေမှိတ်
ဖယောင်းတိုင်လေးတွေ ထွန်းနေကြပါတဲ့။ အမျိုးအမျိုးဝေဖန်သံတွေ မင်္ဂလာထောပနာ
ပြုကြတာတွေ ဖတ်ရတော့ ရေးဖို့ လိုလာပြီဆိုပြီး ရေးလာရတာပါ။ ရွှေဥာဏ်တော်ကြီး
ကိုကိုလှိုင်။ မြင်းမူသား ရွှေဥာဏ်တော်ကြီးရယ်လို့ဘဲ
အော်ချင်မိတော့တယ်။.(ယောမင်းကြီးဦးဖိုးလှိုင်)များ အသက်ထင်ရှား ရှိသေးရင်
သူ့ကိုသူ သတ်သေ မိလောက်ပါတယ်။ ငါ့နံမည်ယူသုံးပြီး ဒီလောက်တုံး ရလေသလားဆိုပြီး။
နယ်ချင်းက နီးနီးလေး ဒီိလောက်တောင် အသိနည်းရလေခြင်းဆိုပြီး။

(၁) သူပြောသလို မီးလေးပိတ်ထားဖို့ပေါ့။ မီးပိတ်ရအောင် မီးမှမလာတာ။
ပိတ်စရာမီးမှ မလာတာ ဘာကို ပိတ်ထားစေချင်တာလဲ မေးရမလိုဖြစ်နေပြီ။
ဂျပန်နိုင်ငံမှာက လူထုကိုယ်တိုင်က မီးခြွေတာဖို့  မီးပိတ်တာပါ။  Public
သုံးတဲ့ နေရာတွေမှာ မီးခြွေတာတာပါ. ဒီမှာဖြစ်နေတာက မီးမလာမှတော့ ဘာကိုခြွေတာ
နေရတော့မှာလဲ။ အခုနိုင်ငံတိုင်းမှာလဲ လျှပ်စစ်မီတာခ တွေဈေးတက်လာတော့
လူထုကမလိုအပ်ဘဲ မီးမထွန်း ကြတော့ပါဘူး။ မီးအားဖြန့်ဖြူးနေတဲ့
ကုမ္မဏီကြီးတွေကတော့ ဘယ်လောက်သုံးချင်သလဲ။  မီးအားဖြန့်ဖြူးသူတွေက
ရောင်းချင်လွန်းလို့ တီဗွီတွေမှာမှာ ညစဉ် အသုံးများသူတွေဆို ကံစမ်းမဲပေးပါမယ်
ကြေငြာနေတာပါ။

ပြီးဖယောင်းတိုင် ထွန်းရတာက စားရိတ်ပိုကုန်ကျတယ်။ အလင်းရောင်လဲ တကယ်မရ။
ပိုဆိုးတာက မီိးအန္တရာယ် ကြီးမားတယ် ဆိုတာလောက်ကိုတော့ သမ္မတအကြံပေး တဦးသိတန်
ကောင်းပါတယ်။ ဒါဆို နိုင်ငံခြား ရင်းနှီးမြုပ်နှံ သူတွေကိုလဲ မီးအားခြွေတာဖို့
မြန်မာနိုင်ငံမှာ လာရင်းနှီးကြရင် ဖယောင်းတိုင်လေးတွေ သုံးဖို့ ပြောပေးပါ။
စက်တွေလည်ပတ်ဖို့ နွားတွေနဲ့ လည်လို့ ရတာလေးပါ တပါထဲ ပြောပြထားပေါ့။
ထမင်းဟင်းချက်ရင်လဲ ဂတ်စ်နဲ့ချက်ရင် ဂတ်စ်အိုးပေါက်ကွဲတဲ့ အန္တရာယ်ရှိလို့
လျှပ်စစ်နဲ့ချက်ရင် ဓါတ်လိုက်နိုင်တယ်။ မီးသွေးနဲ့ ချက်တာလေးပါ ပြောပြထားပေါ့။

ရွှေဥာဏ်တော်ကြီး မသိလို့ ပြောလေတာလား ဒါမှမဟုတ် ဗမာတွေ ငတုံးတွေပါ အထင်နဲ့
ပါးစပ်ထဲ ပေါက်ကရ လျှောက်ပြောလိုက်ရင် ပြီးသွားမယ် အထင်နဲ့ ပြောလေသလား။
သမ္မတကြီး အကြံပေးတစ်ဦးက ကိုယ်ချင်းစာစိတ်လေးတွေ မမွေးနိုင်သူ ဖြစ်နေတာ
ဖေါ်ပြနေတာပါဘဲ။ အဆိုလေးပေါ့..

.*We should not have expectations of others regarding to things that we are
not prepared to carry out ourselves....*by William Wordsworth... မြန်မာလိုတော့
မိမိကိုယ်တိုင် လုပ်ဆောင်ရန် စိတ်ကူး မရှိသောအရာကို တပါးသူများ လုပ်ဆောင်ဖို့
မျှော်လင့်ချက် မထားသင့်ပါလို့ ပြန်လို့ ရမယ်ထင်ပါတယ် ။ လွယ်လွယ်ပြောရရင်
ကိုယ်တိုင် မလုပ်ချင်တာကို သူတပါးကို မလုပ်ခိုင်းပါနဲ့ပေါ့။

ဂန္ဒီကြီးကို ကလေးအမေတစ်ယောက်က သူ့သားလေးအချိုတွေ အစားများလို့ ဆုံးမပေးဖို
့ခေါ်လာတယ်။ ဂန္ဒီကြီးကနောက်တလနေမှ ပြန်လာခိုင်းတယ်။ သူကိုယ်တိုင်အချို
စားနေတာကို အရင်ရပ်ပြီးတော့မှ စိတ်လုံလုံရှိမှ ဆုံးမပေးတယ်။ ဂန္ဒီကြီးစကားလေးပါ

Be the change you wish to see in the world....Mahatma Gandhi ကမ္ဘာကြီးမှာ
ကိုယ်ဖြစ်စေလိုတဲ့ အပြောင်းအလဲကို ကိုယ်တိုင်လုပ်ပြလိုက်ပါ။

အမေရိကန်နိုင်ငံမှာ ၁၉၈၂ လောက်က စီးပွားရေးပြိုကွဲလု နီးနီးဖြစ်ခဲ့ပါတယ်။ Ford
နင့် Chrysler ကားကုမ္မဏီကြီးနှစ်ခုမှာ အမြင့်ဆုံးတာဝန်ယူခဲ့တဲ့ Lee Iaccoca က
သူကိုယ်တိုင် တနှစ်ကိုလစာ ဒေါ်လာ ၃-သိန်းလောက် ရနေတာကို တနှစ်ကို
(တစ်)ဒေါ်လာဘဲယူပြီး ချွေတာရေးလုပ်ပြခဲ့တော့ တနိုင်ငံလုံး အားတက်သရော သူလိုဘဲ
လစာလျှော့ထုတ်ပြီး ၂-နစ်အတွင်း စီးပွားရေပြန် ဦးမော့အောင် လုပ်ပြခဲ့ပါတယ်။
အဲဒါ တကယ် တိုင်းပြည်ရဲ့ ခေါင်းဆောင်ပါ။

ကဲကဲ ရွှေဥာဏ်တော် အကြံပေးကြီးရော ကိုယ့်အိမ်မှာ လျှပ်စစ်မီးတွေ မှိတ်ထားပါသလား
ဖြေပါဦး။ ပိုဆိုးတာက လူကြီးသားသမီးတွေက လျှပ်စစ်ကို ဦးစားပေးလဲ သုံးကြတယ်။
၂၄-နာရီ အပြည့် ပေးထားရပါတယ်။ မီးအားလဲ ဒင်ဒင်မြည် အပြည့် ပေးထားရတယ်။
မီတာခကျတော့ မပေးဘဲ ထားတယ်။ ဘာပြောချင်သေးလဲ ရွှေဥာဏ်တော်ကြီး။
အဲဒီလိုလူတွေကြောင့် လျှပ်စစ်ဌာနမှာ အရှုံးပြနေတာပါ။ နိုင်ငံတိုင်းမှာ
လျှပ်စစ်ဌာနက အမြတ်အမြဲပြနေပြီး မြန်မာနိုင်ငံမှာ အရှုံးပြနေတာ
ရှင်းလောက်ပါတယ်။ ဒီလိုလူတွေကို အခုလျှပ်စစ် မပေးနိုင်ချိန်မှာ
လျှပ်စစ်ဓါတ်အားဖိုး ခိုးထားသူတွေကို မီးအားဖြတ်ထားရပါမယ်။

(၂) ပြီး ရာရာစစ ဂျပန်ကို နမူနာပေးလိုက်သေး။ သိထားဖို့က ဂျပန်ကို
နမူနာထားရဲရင် ဂျပန်နမူနာ အကုန်လုံးကို မယူရဲရင်တောင် တ၀က်လောက်ဘဲ
ယူပါလို့တော့ ပြောချင်တယ်။ ဂျပန်မှာ အခုလိုမီးပျက်ရင် တာဝန်ရှိသူတွေ
ကိုယ့်အသိစိတ်ဓါတ်နဲ့ ကိုယ်နုတ်ထွက် ပေးကြတာက ဂျပန်ရီုးရာ ယဉ်ကျေးမှုဖြစ်နေပြီ
ဆိုတာကိုရော သိရဲ့လားလို့ မေးရပါတော့မယ်။ အဲဒီလိုနုတ်ထွက်ရတဲ့
ယဉ်ကျေးမှုလေးကိုရော ထဲ့မပြောတော့ဘူးလား။ လာလာချေသေး။ တန်ရာတန်ရာကို ကိုးကားပါ
မြင်းမူသားရယ်လို့ဘဲ ပထမဦးဆုံး ပြောလိုပါတယ်။ ဂျပန်မှာ ဖူကူရှိးမား
အနုမြူဓါတ်ပေါင်းဖိုကိစ္စနဲ့ နုတ်ထွက်တာလေးလဲ ပြောပါဦး။

(၃) ဖယောင်းတိုင်လေးတွေ ထွန်းပေါ့တဲ့။ ဖယောင်းတိုင်ထွန်းဖို့
တရုတ်တွေကြီးပွားရေး တဖက်လှဲ့ ပြောလိုက်တယ်လို့   ခံစားရပါတယ်။ မိအေးနှစ်ခါနာ
ထက်မက ဆယ်ပြန်နာဖြစ်နေပါပြီ။  ဖယောင်းတိုင်က တရုတ်ကနေ ၀ယ်နေရတာလေ။
ကိုယ့်တိုင်းပြည်ကထွက်တဲ့ စွမ်းအားတွေကို တရုတ်ကို (၀ကွက်အပ်) ဈေးချိုချိုလေး။
တရုတ်က ကိုယ့်နိုင်ငံထဲကအလုပ် လုပ်ငန်းရှိရင်သူ့ အလုပ်သမားတွေနဲ့
သူဟာသူလာလုပ်။  လာလုပ်တဲ့ တရုတ်တွေ (အလုပ်သမားအဆင့်တွေကို) မြန်မာမိန်းတွေကို
ဟိုဟာပြုခံရ။ အရာရှိတွေကို အပျော်ဆက်ရရင် ပြောသာခံသာသေးတယ်။ အခုဟာက
အလုပ်သမားအဆင့်က အလုပ်မရှိလို့ မြန်မာပြည်လိုက်လာပြီး အလုပ်လုပ်ရသူက
မြန်မာတွေအပေါ် အထင်သေးခံရတယ်ဆိုတော့ တိုင်းပြည် ဘယ်လောက် နာသလဲဆိုတာ။
လူမျိုးမာန်ဆိုတာ မန်ထောင်ပြရအောင် ကျန်ကိုမကျန်တော့ဘူး။ ကျနော်တို့
ကျောင်းတုန်းက ပြောနေကြဟာသလေးပေါ့ ။

သင်္ဘောပေါ်မှာ အရပ်ပျက် ဗမာမလေးက သူ့အဆက်ပေါ့လေ ပေါက်ဖေါ်ကြီးကိုတွေ့တယ်။
ကောင်မလေးက တရုတ်ကြီးကို ခိုးကြည့်လိုက် ပြုံးပြလိုက်။ ဟိုကလဲ
လူတွေကြားဆိုတော့ မျက်နှာ လွှဲလွှဲနေတယ်။ မမြင်ချင်ယောင် ဆောင်နေတယ်။
ကြာတော့ကောင်မလေးက မနေနိုင်တော့ဘူး။ ဟိုလိုလို ဒီလိုလိုလုပ် အနားကပ်သွားပြီး
(ပေါက်ဖေါ်ကြီး ကျမ မ(××× ) ဘယ်သူလေ မမှတ်မိဘူးလား ) မေးရော၊။ တရုတ်ကြိးက
ရှက်ရှက်နဲ့  မထူးဘူးဆိုပြီး ..မှတ်မိတာပေါ့ ။ နင်(+++ ) မြို့က ပြည့်တန်ဆာ(
++++) လေ လို့။ အပြောခံရတာလေး ပြေးသတိရနေတယ်။

ကျနော်တို့ ဗမာတွေ အုပ်ချုပ်သူ တစ်ကိုယ်ကောင်း စိတ်ကြီးမားတော့
ပေးဆပ်နေရတုန်း။ ပေးဆပ်နေရဆည်း။ ပေးဆပ်ကြရဥိးမှာ။ နိုင်ငံတော်သမတသည်
စစ်ရေးအမြင်ရှိရမည် ဆိုပြီး သူရဲ့ စစ်ရေးအမြင်ကလဲ တရုတ်ကို ဟိုဟာပေးပေါင်းတဲ့
အမြင်ကို ပြောလေသလား။ တရုတ်ဆီက လက်နက်ဝယ်ဖို့ တိုင်းပြည်တခုလုံးကို ၀ကွက်အပ်တာ
စစ်ရေးအမြင်တဲ့လား။ ဒါကြောင့် စာရေးသူ တစ်ယောက်က ဦိးသန်းရွှေကို
(တရုတ်ကျွေးမင်း) လို့ရေးတာ နည်းတောင် နည်းသေးတယ်။ တရုတ်ထောက်ခံမှုရဖို့
တတိုင်းပြည်လုံးကို ၀ကွက်အပ်ထားလိုက်တာ။ အဲဒါပြည်သူလူထု ထောက်ခံမှု မရသူတွေရဲ့ 
စရိုက်ပါဘဲ ။

အခု ကိုယ်အဖိုးအဖွားပိုင် စွမ်းအားတွေကို တရုတ်တွေကို လျှော့ဈေးနဲ့ပေး။
ပြီးသူတို့ဆီက ဖယောင်းတိုင်ပြန်ဝယ်။ အော် တယ်အမျှော်အမြင်ကြီးတဲ့
အုပ်ချုပ်သွားလေသူကြီး။ သန်းရွှေကိုဝေဖန်ရင် ကြားထဲက ၀င်ဝင်ပြီး
ဖင်ကျိန်းသူတွေကလဲ မနည်းဘူး။ သမတကြီးနဲ့ သူရဦးရွှေမန်းတို့က အရင်လူကြီး
လုပ်သွားသမျှတွေ လိုက်ပြီးလက်တွေ့ ပြန်ပြီး တည့်မတ်ပေးနေရတာက သက်သေခံနေပြီ။
ကြားထဲက ဖင်ကျိန်းနေသူတွေ သမတကြီးကို ဝေဖန်ကြပါဦးဘဲ ပြောလိုချင်ပါတယ်။

(၄) ဦးကိုကိုလှိုင်က (ဖ) စကားကနေ လွှဲပြီး မပြောတတ် ရှာဘူးထင်တယ်။ ဧကန်ဒ
အရင်အစိုးရလက်ထက်မှာ မာဆတ်ခန်း ရှယ်ယာထဲ့မှာ ပါထားပုံရတယ်။ နာဂစ်ဖြစ်တုံးကလဲ
ဖါးရိုက်တဲ့။  အခု ဖယောင်း လုပ်လာပြန်တယ်။ ဒီရာထူးနေရာကိုလဲ (အဖါး) တော်လို့
ပေးထားတာကတော့ ကလေးကအစ သိပါတယ်။ ကလောင်ဖါး ဆိုတာ စာပေလောက တခုလုံးသိထားပါတယ်။
မြင်းမူ (မ-နှစ်လုံးဆင့် /ကြာသပတေးနံ) မြို့ သားက (ဖ) တွေ သုံးလိုက်တာ
ဘယ်လိုပါလိမ့်။

(၅) ရွှေဥာဏ်တော်ကြီး သူပြောထားသလို ဖြစ်နိုင်/မဖြစ်နိုင် သိဖို့ အခု
ရန်ကုန်တိုက်ခန်းတခုမှာ သူ့ကို တစ်ပတ်လောက် လာနေဖို့ အခန်းတခု စီစဉ်ပြီး
ဖိတ်ခေါ်သင့်ပါတယ်။ မီးမလာရင် ဘယ်လိုနောက်ဆက်တွဲ ပြသနာတွေ ရှိတယ်ဆိုတာကို
မသိသူကို အကြံပေးခန့် ထားတယ်ဆိုတော့ ဒီအကြံပေးကရမယ့် အကြံ ဘယ်လောက်ဘဲ
ရှိမယ်ဆိုတာ တွေးကြည့်ရုံနဲ့ ပြေးကြည့်စရာ မလိုလောက်တော့ပါ။ Capacity နဲ့
Calibreက  ဒီလောက်နိမ့်နေမှတော့ ကြည့်လဲလုပ်ပါဥိး သမတကြီးရယ်လို့
အော်လိုက်ချင်တော့တယ်။ ယောင်းမမြင်းစီး ထွက်ပြလိုက်ပါပြီ ။

အခုလို အိမ်တွေမီးမလာတော့ မြို့အပြင်ပိုင်းကျတဲ့ အိမ်တွေက
တီဗွီမကြည့်ရရုံပေါ့။ ရေပြသနာက ရှင်းလို့ ရသေးတယ်။ နောက်ဆုံး တီဗွီဆိုတာ
ဘက်ထရီနဲ့ ဖွင့်လို့ ရသေးတယ်။ မြို့လယ်ခေါင် တိုက်တွေက မီးလာမှ ရေတင်ရတာ
ဆိုတာလေးလောက်တော့ ခေါင်းထဲ ထဲ့စဉ်းစားမိပုံလေးတောင် မရဘူးထင်တယ်။
ရွှေဥာဏ်တော်ကြီးရယ်လို့သာ အော်လိုက်ချင်ပါတော့တယ်။ ရေထမ်းတင်ရအောင် ရေကန်မရှိ
ရေတွင်းမရှိတဲ့ကိစ္စ။ ဒီလိုရွှေဥာဏ်ကို ဟိုအရင်လူကြီးက သုံးမသွားပါဘူး။
ဘယ်လိုကြောင့် သမတကြီးက အကြံပေးခန့် ရတာပါလိမ့်  ။

(၆) ဒီလို သမတအကြံပေးတွေ ထုတ်ရှိုးလာတာ ဘာကို သုံးသပ်လို့ ရသလဲဆိုတော့
အစိုးရမှာ တိုင်းပြည်အတွက် ရေရှည် လျှပ်စစ်မီး စီမံကိန်းရှိ မထားဘူးဆိုတာ
ပြလိုက်တာပါဘဲ။ ဒီလိုမှ မဟုတ်ရင် တိုင်းပြည်လျှပ်စစ်မီး မရတာ အလေးမထားတာလား။
တခုခုတော့ တွက်ဆလို့ ရလာပါတယ်။  ဒါမှမဟုတ် ဒီပြသနာက လွယ်တော့ လွယ်တာမဟုတ်လို့
ရှေ့ မထွက်ရဲတာက ဖြစ်နိင်ခြေ ပိုများပါတယ်။ အရင်လူကြီး လုပ်ခဲ့သမျှ
တလွှဲတချော်တွေ အခုလိုက်ပြင်နေရပါပြီ။ တကယ်ပြင်ရမှာက အရင်စစ်တော့ ဆိုတာလိုပေါ့။
နာဂစ်ကြိးကို ပြင်ရုံမဟုတ်ဘူး။ နာဂစ်စတိုက်လိုက်နဲ့ နီဂရေ့အငူ (Cape Negirs)
(အခုအခေါ် -မှော်တင်စွန်း) ကနေ ပင်လယ်ထဲချပြစ်ပြီး နာဂစ်အစာကျွေးရမှာ။ ဒါတောင်
ကြံ့ဖွတ် အတွင်းရေးမှူး ဦးဋ္ဌေးဦးဆိုသူက နာဂစ်မှာ သေဆုံးသူတွေက
ကြံ့ဖွတ်အဖွဲ့ဝင်တွေပါလို့ မညှာမတာ ပြောသွားလေရဲ့။ တသက်တကိုယ်
မြန်မာနိုင်ငံထဲကို ဒီလောက်အားပြင်းတဲ့ မုန်တိုင်းတစ်ခါမှ မ၀င်ဖူးပါ။
နာဂစ်လာတာ ယုတ်မာလှတဲ့ ဒီဥပဒေကြီးကို လာပြီး နစ်ပိုင်းခွဲလိုက်တာ ကိုက
နမိတ်မကောင်းဘူးဆိုတာ ပြနေပါပြီ။ ဒီနမိတ်မကောင်းလှတဲ့ ဥပဒေကြီးဆက်ရှိနေသမျှ
အမေရိကန် စီးပွားရေးသမားတွေ လာရင်းနှီးရုံမက သမတအိုဘားမားပါ
မြန်မာနိုင်ငံသားခံယူပြီး လာကူရင်တောင် လူလူသူသူ ဖြစ်မှာမဟုတ်ပါဘူး။

ကဲထားပါတော့ ရွှေဥာဏ်တော်ကြီး ရေးနေရတာနဲ့ လိုရာမရောက်ဖြစ်နေတော့မယ် ။

အခု မီးမနိုင်တဲ့ကိစ္စကို ကချင်တပ်တွေကို ပုံချလာတယ်။ ပြီးစကားထဲမှာကို
ရေကာကြီးတွေက ရေရှိမှ လည်လို့ ရတာလဲပြော ကချင်တပ်က တာဝါတိုင်တွေ
ဖေါက်ခွဲလိုက်လို့ လဲပြောတော့ လူုထုကိုဦးဏှောက် ခပ်သေးသေးတွေ ထင်နေတဲ့အထင်တွေ
တလွှဲတွေ လာပြောနေတယ်။ လူထုကို ငအ တွေလို့ အမြင်တွေကို အရင်ပြင်ကြပါဦးဘဲ
ပထမပြောရပါမယ်။ ၁၉၉၀ ၀န်းကျင်က အစိုးရသတင်းစာတွေမှာ ကချင်စစ်တပ်က
ဘိန်းတွေစိုက်ပြီး ဖြန့်ဖြူးနေတယ်ဆိုပြီး သတင်းစာတွေမှာရေးတယ်။ ဟိုက
ငြိမ်ခံနေတယ်။ သတင်းစာတွေ စုထားပြီး သူတို့က တချိန်မှာ သတင်းစာ
ရှင်းလင်းပွဲလုပ်တယ်။ အစိုးရသတင်းစာထဲမှာကိုက... မြစ်ကြီးနား အဆန်ရထား ပေါ်မှာ
ဘိန်းဖြူ/ဘိန်းမဲ မိတာတွေ တသီကြီး ဖေါ်ပြထားတယ်။ အစုန်ရထား ပေါ်မှာ ကျောက်စိမ်း
မိတာတွေချည်းဘဲ။ ဘိန်းမိတာ တခါမှမပါဘူး။ ကချင်က သူတို့ဆီမှာ ဘိန်းစိုက်ရင်
အစုန်ရထားမှာ ဘိန်းမိတာ ဖြစ်ရမှာပေါ့။ ဘိန်းဈေးကလဲ မန္တလေးမှာထက် ၂ဆ/ ၃-ဆ
ဖြစ်နေတာကိုပါ ထောက်ပြတယ်လေ။

လူတွေကို အ-အ တွေ ထင်ထားတာလေးတွေ အရင်ပြင်ကြပါဦးလို့ဘဲ ပန်ကြားလိုပါတယ်။
တတိုင်းတပြည်လုံးက ရေကာတာတွေမှာ ရေမရှိချိန် ရွှေလီရေကာတာက ရေတွေရှိနေလို့လား။
ထားတော့ မိုးရာသီရောက်လာရင် မီိးတွေပြန် လုံလုံလောက်လောက်
ပြန်ပေးနိုင်တော့မယ်။ ဒီတစ်မိုးကုန်ရင်ကော ဘယ်လို စီမံချက်ဆွဲထားလဲ။
အရင်အစိုးရလို ခြိမ်းခြောက်ပြီး ပါးစပ်ပိတ်ပြစ်ဖို့တော့ စိတ်မကူးပါနဲ့လို့ဘဲ
ပြောချင်ပါတယ်။ ဘာအစီအစဉ်ရှိထားလဲ အမတ်မင်းများ မေးပေးကြပါဦး။ နောက်တခု
အမတ်မင်းများလဲ ဗွီအိုင်ပီ ဆိုပြီး မီးကိုရှယ်အထူးလင်းစေ လုပ်ပေးလာရင်
ပြည်သူနဲ့ တသားထဲ ပြနိုင်ကြဖို့  သတ္တိလေးတော့ လိုပါတယ်။ ကိုယ်တိုင်က
မီးအချိန်ပြည့် ပေးထားလို့ ဘ၀င်လေးမြင့် ပြည်သူတွေံ ဘ၀နဲ့ တသီးတခြား
ဖြစ်နေကြမှာလား။

နောက်တခုက ဒေါ်အောင်ဆန်းစုကြည် အခုပြည်ပ ခရီးစဉ်မှာ ထိုင်းဝန်ကြီးချုပ် ဆီကနေ
သူတို့ အကုန်နီးပါးယူနေတဲ့ ဓါတ်ငွေ့တွေထဲက မြန်မာတွေ
အတွက်အလွန့်အလွန်လိုအပ်နေလို့ မရှိကိုမရှိတော့လို့ မိတ်ဆွေ စစ်တယ်ဆိုရင်
အသိလေးနဲ့ ပြန်မျှဖို့  ပန်ကြားပေးပါလို့ ပန်ကြားလိုပါတယ်။ မရရင်လဲ ရပါတယ်။
မပေးတာ မမျှနိုင်တာ သူတို့ ကိုယ်အပေါ် မိတ်ဆွေစိတ်ရှိမရှိ သိရတာပေါ့။ သူတို
့ကမိတ်ဆွေစိတ် မထားရင် နောင်ဘာပရောဂျက်မှ မပေးကြဖို့ပေါ့။ တဖက်သတ်
ကောင်းနေစရာမလိုပါဘူး။ သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ မဟုတ်တောင်
သင်မကောင်းလျှင် ကျွန်ုပ် ဆက်ကောင်းရန် မဖြစ်နိုင်တော့ပါပေါ့။
ကျွန်ုပ်မဆိုးပါဘူး ဒါပေမဲ့ ကောင်းတာကို နားမလည်သူကို ဆက်လက်ပြီး ကောင်းပြရင်
အပိုသက်သက်ပေါ့  အကျိုးမရှိဘူးပေါ့ ။

ဒီလိုဘဲ တရုတ်ကိုလဲ ဓါတ်ငွေ့တချို့ ပြည်တွင်းသုံးမျှဖို့ တောင်းဆိုပေးပါရန်
ပန်ကြားလိုပါတယ်။ ပြည်သူကို ကိုယ်စားပြုထားသူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားကို
အလေးမထားရင် ရပါတယ်။ မြန်မာပြည်ထဲ ခိုးဝင်နေတဲ့ တရုတ်တွေ စီစစ်ဖေါ်ထုတ်ပြီး
တရားမ၀င်ခိုးဝင်နေမှု။ လာဘ်ပေး လာဘ်ယူလုပ်ပြီး နိုင်ငံသား လက်မှတ်အတု ရယူထားမှု။
အမှုတွေ တပုံကြီး လုပ်ပြလိုက်ရုံပေါ့။ ဒါအမျိုးသားရေး တာဝန်ပါ။ ညီမလေးလို
ချစ်ပါတယ်ဆိုထားတဲ့ ထောက်လှမ်းရေးကြီး လက်ထက်က လာဘ်စားပြီး တိုင်းပြည်အတွက်
အန္တရာယ်ကြီးမားလှ အလွန်တကိုယ်စိတ် ကြီးမားလှတဲ့သူတွေကို ခိုးသွင်းထားခဲ့တဲ့
သစ္စာဖေါက်မှု ကြီးတွေပါဘဲ။ တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှသစ္စာမဖေါက်
ဆိုထားပြီးတော့။ သစ္စာမဖေါက်လို့ ကျွေးကျော်ထားပေလို့သာပေါ့။ မကျွေးကျော်ထားရင်
တွေးတောင် မတွေးရဲ လောက်အောင်ပါဘဲ ။

နောင်လာရောက် ရင်းနှီးကြမဲ့ ကန်ထရိုက်တွေကိုလဲ ပြည်တွင်းသုံး
ဦးစားပေးဆိုတာတော့ ထဲ့စဉ်းစားကြဖို့ တပါထဲ ပြောကြဆိုကြပါဥိးဗျာ။
နိုင်ငံတော်သမတသည် စစ်ရေးအမြင်ရှိရမည်ဆိုပြီး အကုန်ထုတ်ရောင်း ပွဲခယူ
တစ်ခါစစ်လက်နက်တွေ ၀ယ်ပြန်တော့ ကော်မရှင်ရ စစ်ရေးအမြင် ရှိတာတယ်ထောပါလား။

နောက်တခုပါဗျာ။ ဆရာလှိုင်မြင့်က သူ့ဆောင်းပါးတွေမှာ လျှပ်စစ်မီးအတွက်
ဧရာဝတီတိုင်းကနေ နိုင်ငံအတွက် လျှပ်စစ်ပမာဏ အများကြီး ထုတ်ပေးနိုင်ပါတယ်
ပြောထားတယ်။ နိုင်ငံတော်သမတကြီးကလဲ ပြန်လာဖို့ နစ်ကြိမ်ပင် ဖိတ်ခေါ်ထားပါတယ်။
အပြောသန်သလောက် တကယ့်အရေးကျတော့ ဆောင်းပါးတောင် ရေးမလာတော့ဘူး။ တိုင်းပြည်မှာ
အရေးကြီးနေချိန်ပါ။ ပြန်လာသင့်ပါပြီ။ တကယ်လျှပ်စစ် ထွက်ပါစေလို့လဲ
ဆုတောင်းပါတယ်ဗျာ။ တလောက ဆရာလှိုင်မြင့်ရေးထားသလို အရင်းအနှီးနည်းလို့
နိုင်ငံခြားက အရင်းအနှီးတွေ မျှော်နေစရာ မလိုဘူးဆိုရင်တော့ ကိုယ်အင်အားနဲ့
ကိုယ်ထုတ်လုပ်နိုင်မယ်။ ထုတ်လုပ်ခ တနည်း လျှပ်စစတစ်ယူနစ်အတွက် ကုန်ကျစရိတ်လဲ
အလွန်သက်သာမယ် အိမ်ထောင်စုတွေကိုတောင် လျှပ်စစ်ဓါတ်အားကို အနည်းအများဆိုသလို
ဖရီးပေးနိုင်မယ်ဆိုထားတော့ မျှော်ပါတယ်ဗျာ။ တကယ်လုပ်ဖို့ အဟုတ်
ပြန်လာခဲ့ပါတော့။

အခု ကျနော်တို့  စစ်ဗိုလ်ချုပ်တွေ တော့မသိပါဘူး။ အထူးရှယ် မီးလင်းပေးနေရတဲ့
ကြံ့ခိုင်ရေးအမတ်မင်းများ ကြံ့ ခိုင်ရေး လူကြီးမင်းများကိုလဲ ပြည်သူလူထုက
မီးရရှိရေးကိစ္စ အိမ်တိုင်ယာရောက် သွားဆွေးနွေးကြပါ။ မေးမြန်းကြပါ။ သူတို့
သဘောထားကို တိတိပပ ရယူထားကြပါ။ ပြည်သူနဲ့ တသားထဲလားဆိုတာ အခုလိုအချိန်မှာ
အရေးကြီးချိန်မှာ ပြတ်ပြတ်သားသား မေးမြန်းထားကြပါ။

နောက်တခုက လျှပ်စစ်မီးရဖို့ ဖယောင်းတိုင်လဲ ထွန်းပေါ့။ ကောင်းပါတယ်။ ဒါပေမဲ့
လူတိုင်းပါဝင်ဖို့ ကျတော့ သွားရေးလာရေး အကြောင်း အမျိုးမျိုးကြောင့် အခက်အခဲ
အများကြီးရှိနေပါတယ်။ သတ္တိရှိသူတွေ စုပေါင်းပြီး လက်မှတ်ထိုးကမ်းပိန်းလုပ်။
ပြီးရရှိတဲ့ လက်မှတ်တွေကို မှတ်တမ်းပြုထား အဖွဲ့ချုပ်ကိုလဲတင်ပြ ကုလလို
အဖွဲ့ကြိးကိုလဲတင်ပြ အစိုးရဆီလဲတင်မယ်ဆိုရင် အစိုးရကဘာအမှုနဲ့
အရေးယူနိုင်မှာလဲ။ မီးလိုချင်တယ်။ တင်ပြတယ်။ ဘာအမှု နဲ့ဖမ်းမှာလဲ။ အစိုးရဆီ
မီးလိုချင်လို့ မီတာလျှောက်တယ်။ ဘာပြစ်မှုမြောက်သလဲ။ ပေးနိုင်တာ မပေးနိုင်တာ
သူတို့ပြသနာ။ လိုချင်တာက ကျနော်တို့ဆန္ဒ။ ကျနော်တို့ကိုဖမ်းဖို့ဆိုရင်
သူ့တို့တတွေ အထူးအခွင့်အရေးယူ မီိးတွေ ထိန်ထိန်လင်း နေတာတွေကို
ခွဲတမ်းလုပ်ပေးပေါ့။ ကျနော်တို့ လူကြီးတွေလဲ ပြည်သူတွေလိုဘဲ ခွဲတမ်းနဲ့ 
ရှိတာမျှပေးထားပြီးပါပြီလုပ်ပေါ့။  ဒီလို အားလုံး ညိညီမျှမျှ လုပ်ထားပြီးမှ
ဆက်ဆန္ဒပြလာရင် ဖမ်းချင်သပ ဆိုတော်သေးတယ်။ သူတို့လဲ နိုင်ငံသားချင်းအတူတူ
သူတို့လို ကိုယ်လည်း လိုချင်တယ်တင်ပြတာ ဖမ်းရင်လား ရွှေဝါရောင် တော်လှန်ရေးထက်
ဆိုးတာနဲ့ကြုံသွားပါမယ်။

လက်မှတ်ထိုး သူတွေကိုလဲ သူတို့ သတ္တိရင်းထားရတာဆိုတော့ အဖွဲ့ချုပ်မှာ
သတ္တိရှင်များ အဖြစ်မှတ်တမ်း ထိုးထားသင့်ပါတယ်။

ဆန္ဒထုတ် ဖေါ်တာလုပ်သလို လက်မျတ်ထိုးကမ်ပိန်းဆိုရင် ယခုထက်လူထု
ပိုမိုပါဝင်လာနိုင် ပါတယ်လို့ တင်ပြလိုပါတယ်။

မောင်မီဂ္ဂါဝပ်

Forward Mail

မေမွန်ကျော်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...