ထူးဂရု(ပ်)ကုမ္ပဏီက အကြမ်းဖက်မှုထိခိုက်ခံစားရသူများအတွက် လှူဒါန်းမည်
ကိုဝိုင် ဝိုင်ကေ and Win Yu Maung shared Wunna Tun's photo.
လေးစားပါ၏။............
ထူးဂရု(ပ်)ကုမ္ပဏီနှင့် ယင်း၏လုပ်ငန်းခွဲများဖြစ်သော အာရှစိမ်းလန်းဖွံ့ဖြိုးရေးဘဏ် (AGD Bank) ၊ E-Lite Tech Co.,Ltd နှင့် Air Bagan လေကြောင်းလိုင်းတို့မှ လက်ရှိ ရခိုင်ပြည်နယ်တွင်ဖြစ်ပေါ်ခဲ့သော အကြမ်းဖက်ခံရမှုများနှင့် ထိခိုက်ခံစားခဲ့ရသည့် မြန်မာနိုင်ငံသားတိုင်းရင်းသားများအတွက် အလှူငွေ ကျပ်သိန်းငါးရာကို လှူဒါန်းသွားမည်ဖြစ်ကြောင်း AGD Bank ၏ မန်နေဂျင်းဒါရိုက်တာ ဦးရဲမင်းဦးက အတည်ပြုပြောကြားသည်။
"အခုဖြစ်နေတာက ရိုးရိုးရပ်ကွက်တစ်ကွက် မီးလောင်တာမဟုတ်ပဲ ကိုယ့်ရဲ့နိုင်ငံသားတွေ အကြမ်းဖက်ခံရတာဖြစ်တယ်။ လူတွေရဲ့ အသက်၊ ဥစ္စာနဲ့ စိတ်ဓာတ်ခွန်အားတွေ ဆုံးရှုံးကြရတယ်။ ပြီးတော့ တစ်နိုင်ငံသားလုံးက လက်ရှိရခိုင်ပြည်နယ်က တိုင်းရင်းသားတွေဘက်ကရှိတယ်ဆိုလ ည်း သိစေချင်တာကြောင့်ရယ် အခုလိုလှူဒါန်းဖြစ်တာပါ။ အကြောင်းကိစ္စတစ်ခုဖြစ်ပေါ်လာတိုင်းကို ကျွန်တော်တို့ကုမ္ပဏီက လှူဒါန်းမှုတွေ ပြုလုပ်ပေးမှာဖြစ်ပါတယ်" ဟု ဦးရဲမင်းဦးကပြောသည်။
အထက်ပါလှူဒါန်းငွေ ကျပ်သိန်းငါးရာကို ထူးဖောင်ဒေးရှင်းမှတစ်ဆင့်လှူဒါ န်းသွားမည်ဖြစ်ပြီး ယခုလတ်တလောတွင် အလှူငွေပေးအပ်လိုမှုနှင့်ပတ်သတ်ြ ပီး ရခိုင်ပြည်နယ်အစိုးရဘက်သို့ ကမ်းလှမ်းထားကြောင်းလည်းသိရသည်။
" လောလောဆယ် ရခိုင်ပြည်နယ်အစိုးရအဖွဲ့လည်းအလုပ်တွေများနေကြပါတယ်။ သူတို့ဘက်က အဆင်ပြေတဲ့အချိန်ကို ကျွန်တော်တို့သွားရောက်လှူဒါန်း ပါမယ်။ အမြန်ဆုံးလှူဒါန်းသွားပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုထိခိုက်နေကြရတာ ကျွန်တော်တို့နိုင်ငံသားတွေပါ" ဟု ၄င်းကဆက်လက်ပြောသည်။
ထူးဂရု(ပ်)ကုမ္ပဏီနှင့် ယင်း၏လုပ်ငန်းခွဲများဖြစ်သော အာရှစိမ်းလန်းဖွံ့ဖြိုးရေးဘဏ် (AGD Bank) ၊ E-Lite Tech Co.,Ltd နှင့် Air Bagan လေကြောင်းလိုင်းတို့မှ လက်ရှိ ရခိုင်ပြည်နယ်တွင်ဖြစ်ပေါ်ခဲ့သော
"အခုဖြစ်နေတာက ရိုးရိုးရပ်ကွက်တစ်ကွက် မီးလောင်တာမဟုတ်ပဲ ကိုယ့်ရဲ့နိုင်ငံသားတွေ အကြမ်းဖက်ခံရတာဖြစ်တယ်။ လူတွေရဲ့ အသက်၊ ဥစ္စာနဲ့ စိတ်ဓာတ်ခွန်အားတွေ ဆုံးရှုံးကြရတယ်။ ပြီးတော့ တစ်နိုင်ငံသားလုံးက လက်ရှိရခိုင်ပြည်နယ်က တိုင်းရင်းသားတွေဘက်ကရှိတယ်ဆိုလ
အထက်ပါလှူဒါန်းငွေ ကျပ်သိန်းငါးရာကို ထူးဖောင်ဒေးရှင်းမှတစ်ဆင့်လှူဒါ
" လောလောဆယ် ရခိုင်ပြည်နယ်အစိုးရအဖွဲ့လည်းအလ
By: Wunna Tun
0 comments:
Post a Comment