Wednesday, June 13, 2012

နိုင်ငံခြားသားအဖြစ် ခံယူသူ။ အင်္ဂလိပ်စာကို ကိုးကွယ်သူ။


by Than Saw on Wednesday, June 13, 2012 at 5:20am ·

နိုင်ငံခြားမရောက်သေးခင် လူအတော်များများဟာ နိုင်ငံခြား ရောက်နေသူများကို ချဉ်ကြတယ်။ ကိုယ်တိုင်နိုင်ငံခြား ရောက်တဲ့အခါ နိုင်ငံခြားမှာ ပီအာ လျှောက်တာဘဲဖြစ်ဖြစ်၊ နိုင်ငံသား လျှောက်တာဘဲဖြစ်ဖြစ်၊ နိုင်ငံရေးခိုလှုံတာဘဲ ဖြစ်ဖြစ် တမျိုးမျိုး လူတိုင်းနီးပါး အပြင်းအထန် မနားမနေ လုပ်ကြတယ်။

အောင်မြင်ရင် ငြိမ်ကျသွားတယ်။ မအောင်မြင်တဲ့အခါ ပြည်တော်ပြန်ပြီး မျိုးချစ်စိတ်တွေ ပျင်းပြလာကြတယ်။ နိုင်ငံခြားမှာနေသူတွေကို ပြန်ပြီး ပုတ်ခတ်ကြတယ်။

နိုင်ငံခြားဘာသာစကားတွေကို ကျွမ်းကျင်သူ လေ့လာသူတွေကိုလည်း ဒီအတိုင်းပါဘဲ။ တခါက မြို့တခုက  ကျောင်းသူတစ်ယောက် ကျမ အခန်းဘေးမှာ ကပ်နေဘူးတယ်။
နံရံက ကျူထရံ တဝက်ဘဲ ကာထားတော့ တဆောင်လုံးကို တမင်ကျယ်လောင်စွာ အတင်းပြောသမျှ တခြားအာချောင်သမျှကို နေ့တဒူဝ ကြားနေရတယ်။

ဒီတော့ အင်္ဂလိပ်လို ဂျာမန်လို သူပြောတဲ့ အကြောင်းတွေအပြင် တခါတလေ တခြားအကြောင်းတွေကိုပါ စိတ်ပညာအရ လူမှု ဘာသာဗေဒပညာအနေနဲ့ ဆန်းစစ် စာရေးလေ့ရှိတော့၊  စာအရေးအသား ပိုကောင်းလာတယ်။ သူ့ကိုလည်း မမုန်းနိုင်တော့ဘူး။ သူ့စကားတွေကလည်း များသောအားဖြင့် ကျမအတွက့် အပျင်းဖြေ ဟာသ ပျက်လုံးတွေဖြစ်ပြီး၊ ဘာသာဗေဒဓါတ်ခွဲခန်းထဲမှာ အသုံးချဖို့ အလကားရတဲ့ သတ္တဝါတစ်ကောင်ဖြစ်လာလို့ သိပ်အသုံးကျသူ တစ်ယောက်ဖြစ်သွားတယ်လေ။


တနေ့ သူက ကျမကြားအောင်ပြောလိုက်တယ်။ ဟိုဖက်ခန်းက အင်္ဂလိပ်ဆရာမက မျိုးချစ်စိတ်ဓါတ်မရှိလို့ နယ်ချဲ့ စာဖြစ်တဲ့ အင်္ဂလိပ်စာ မေဂျာယူခဲ့တတဲ့။ ကျမက တော်တော်လေး အသံထွက် မရီမိအောင် ချုပ်တီးထားရတယ်။

ဒီလိုမပြောခင်မှာ သူက သူ့အခန်းဖော်ကို မေးလိုက်တာက အင်္ဂလိပ်နယ်ချဲ့နဲ့ ဂျပန်ဖက်ဆစ်တွေ ဘယ်သူက အရင် မြန်မာပြည်ကို ကျူးကျော်လာသာလဲတဲ့။ သူ့အခန်းဖော်က သူသိသမျှလေးနဲ့ ဒီတတိယနှစ်ကျောင်းသူလေးကို ရှင်းပြတာကြားခဲ့လို့ပါ။

ကျမ အဲဒီတုန်းကတော့ ဒီမိန်းခလေး ဘယ်လိုများ ၁၀ တန်း အောင်ခဲ့လည်းလို့ တွေးမိခဲ့ပါတယ်။ 

သူ့ခမျာ အင်္ဂလိပ်နဲ့ ဂျပန်ဘယ်သူ အရင်လာသလည်း ဆိုတဲ့ ပဟေဠိတခုကို တက္ကသိုလ် တတိယနှစ်ကျမှဘဲ အဖြေရရှာတယ်။ ပြီးသူဆက်တွေးလိုက်တာက အင်္ဂလိပ်စာဆရာမတွေက နယ်ချဲ့စာ ဖြစ်တဲ့ အင်္ဂလိပ်စာပေကို မျိုးချစ်စိတ်မရှိလို့ သင်ခဲ့တယ် ဆိုတဲ့ မဟာမြန်မာ ဒဿနိက အတွေးလုံးတစ်ခု ရုတ်တရက် ရလိုက်တာဘဲ။ ချီးကျူးစရာပါ။  အော် ရန်ကုန်တက္ကသိုလ်မှာ တက်ဖို့ အောင်မှတ်ရအောင် ချမ်းသာတဲ့ မိဘတွေ မေးခွန်းဝယ်ပြီး ဘယ်လောက် ကြိုးစားခဲ့ရသလည်း ဆိုတာ ရိပ်မိသွားတယ်။

သူ့မြို့ကျောင်းက ဆရာ ဆရာမတွေ အပြစ်လား။ သူကိုယ်တိုင်ကဘဲ ဥဏှောက်မသုံးခဲ့လို့ ဖျင်းလို့ ပျင်းလို့လား ဆိုတာကို တွေးကြည့်ကြပါ။ ဆေးကျောင်းတွေမှာလည်း ဒီလို ဝင်သွားတဲ့ ဒီလိုကျောင်းသူ ကျောင်းသားတွေလည်း  ရှိခဲ့ပါတယ်။ တော်သူတွေကတော့ တော်သလို ကုတ်ပြီး စာဘဲဖတ်ကြတယ်။ နဂိုထဲက မတော်တဲ့သူ ဖျင်းသူတွေကတော့ ဘယ်လို နောက်ပိုင်းမှာ ဆေးကျောင်းမှာ ဘယ်လို အောင်အောင် လုပ်ကြသလည်း တော့ မသိပါ။ ဒီလို နဂိုထဲမ မတော်ဘဲ ဝင်လာသူတွေအထဲက တက္ကသိုလ်မှာ သေသေချာချာ လေ့လာလို့ နောင်မှာ ထူးချွန် လာသူတွေလည်း အများကြီးပါ ပညာကို သေသေချာချာ တတ်အောင်သင်တာ ဘယ်အရွယ်မှာ မဆို လုပ်နိုင် သင်နိုင် ပါတယ်။

ဒါပေမဲ့ ဒီဂရီတွေ တန်းစီယူထားပြီး ဒုံရင်း ဒုံးရင်းတွေလည်း တပုံကြီးပါ။ အသက်ကြီး ရာထူးကြီးသော်လည်း အတွေးအခေါ် အရေးအသားကို ကြည့်ရင် သိသာပါတယ်။ အင်္ဂလိပ်စာ မှန်အောင်ရေးနိုင်သော်လည်း အနှစ်မပါဘဲ ရေးသူတွေလည်း အများကြီးပါ။

ကိုယ်အင်္ဂလိပ်ဘာသာနဲ့ မရေးနိုင်ရင် ကျိုးစားပါ။ အားမငယ်ပါနဲ့။ ကိုယ့်စာပေ ဘာသာစကားဖြစ်တဲ့ မြန်မာလို ချက်ကျကျ ထိထိမိမိ ရေးနိုင်တာကိုလည်း ဂုဏ်ယူပါ။ ဘယ်ဘာသာနဲ့ဘဲ ရေးရေး အင်္ဂလိပ်နဲ့ ဂျပန်တွေ ဘယ်သူ အရင်ဝင်တယ် ဆိုတာမသိတဲ့ ခေါင်းရှိနေတဲ့ မျိုးချစ် မျက်ကန်းမျိုးကတော့ ဘယ်ဘာသာနဲ့ဘဲရေးရေး စိတ်ပညာ ဘာသာဗေဒပညာအရ ဥဏှောက်မပြည့်သူများ ပြောသောစကား အတွေး အမြင်တွေကို လေ့လာဖို့အတွက် အသုံးခံရတဲ့ တိရိစ္ဆာန်တစ်ကောင်လို အသုံးဝင်တာဘဲ ရှိပါတော့တယ်။ 

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...