Wednesday, June 6, 2012

သစ်ထူးလွင် သတင်းစုစည်းမှု (၆-၆)


Posted: 06 Jun 2012 04:05 AM PDT
Aung San Suu Kyi talks to Myanmar Muslims leaders at the National League for Democracy head office in Yangon June 6, 2012. REUTERS
  ဒီလိုပြသနာတွေ ဖြစ်လို့ရှိရင် ကျမရဲ့ အတွေးက ကိစ္စနှစ်ခုဆီကိုရောက်သွားတယ်... နံပါတ်တစ်က တရားဥပဒေစိုးမိုးရေးပေါ့၊ နံပါတ်နှစ်က လှုံဆော်တဲ့သူများရှိလားဆိုတဲ့ စိုးရိမ်ပူပင်မှုပါပဲ... 

ဥပဒေစိုးမိုးရေးလို့ ကျမဘာလို့ပြောရလဲဆိုတော့ ဒီနိုင်ငံမှာ ဥပဒေစိုးမိုးရေးရှိတယ်ဆိုရင် ပထမဦးဆုံး ပြသနာတစ်ခုဖြစ်ပြီ၊ အရေးတခုခုဖြစ်ပြီ၊ ရာဇ၀တ်မှုတစ်ခုဖြစ်ပြီဆိုထဲက ပီပီပြင်ပြင် မြန်မြန်ဆန်ဆန်အရေးယူလိုက်မယ်ဆိုရင် ဒီပြသနာတွေက ပေါ်လာစရာအကြောင်းမရှိဘူး...

ပြသနာတစ်ခု မရှင်းလိုက်တာနဲ့ နောက်ထပ်ပြသနာတစ်ခု ထပ်ပြီးပေါ်လာတယ်... ဒါဟာ ဥပဒေပိုင်းဆိုင်ရာတွေက ရှင်းလင်းရမယ့် ပြသနာ... ဥပမာ- ရာဇ၀တ်မှုဖြစ်လာရင် ရာဇ၀တ်မှုကျူးလွန်ခဲ့သူတွေကို ဖမ်းရမှာ အရေးယူရမှာ၊ အမြန်ဆုံးပေါ့နော် အရေးယူရမှာက ရဲအဖွဲ့နဲ့ဆိုင်တယ် တရားရုံးတွေနဲ့ ဆိုင်တယ်ပေါ့နော်... အဲ့ဒါကို မြန်မြန်ဆန်ဆန် လုပ်လိုက်လို့ရှိရင် ပြသနာတွေကို ထိန်းထားလို့ရတယ်... မြန်မြန်ဆန်ဆန် မလုပ်နိုင်ဘူးဆိုရင် ပြသနာတွေက တဆင့်နဲ့ တဆင့် ကြီးထွားနိုင်တယ်...

နောက်တခု ကျမက ပွင့်ပွင့်လင်းလင်းပြောရမယ်... ဒါဟာလဲ ကျမတို့ ပြည်သူပြည်သားတွေက ဒီစိုးရိမ်ပူပင်မှု ရှိတယ်လို့ ထင်ပါတယ်... လှုံဆော်နေတဲ့ သူတွေများ ရှိသလား... အခြေအနေကို မတည်ငြိမ်အောင် လှုံဆော်နေတဲ့ သူတွေများ ရှိသလား...

တချို့ကျတော့ အခြေအနေကို မတည်ငြိမ်အောင် လှုံဆော်တာမဟုတ်ဘဲ စင်မြင့်ရှိရင် ထပြီး တက်ပြီးတော့ အော်ချင်တဲ့ သူတော့ရှိတယ်... အဲ့လိုအော်ခြင်းအားဖြင့် ကျမတို့အတွက်၊ ကျမတို့နိုင်ငံအတွက်၊ ကျမတို့ လူမှု အသိုင်းအ၀ိုင်းအတွက် အကျိုးရှိလား မရှိဘူးလား၊ ဆိုတာကို မဆင်ခြင်ဘဲနဲ့ ထပြီးတော့ အော်မယ်ဆိုလို့ရှိရင် အဲ့ဒါကလဲ မလိုလားအပ်ဘဲ ပြသနာတွေကို ကြီးထွားနိုင်စေတယ်...

အဲ့တော့ ကျမတို့ နိုင်ငံမှာ ဘယ်သူမဆို လုံလုံခြုံခြုံ ရှိတယ်ဆိုတာမျိုး ဖြစ်စေချင်တယ်... နိုင်ငံတစ်နိုင်ငံရဲ့ သိက္ခာဟာ ဒီနိုင်ငံက ပြည်သူတွေရဲ့ လုံခြုံမှုနဲ့ စိတ်ချမ်းသာမှု အပေါ်မှာ မူတည်တယ်... စိတ်ချမ်းသာမှုဆိုတာ လူနေမှုက စရမှာပဲ... မလုံခြုံတဲ့ သူတွေက ဘယ်တော့မှ စိတ်ချမ်းသာမှာ မဟုတ်ဘူး...

ဒီနိုင်ငံမှာ ကျမတို့ရဲ့ ပြည်သူပြည်သားတွေ အားလုံး၊ လူမျိုးမရွေး၊ ဘာသာမရွေး။ တိုင်းသူပြည်သား မဟုတ်တဲ့ ဒီနိုင်ငံမှာရောက်နေတဲ့ လူမျိုးမရွေး၊ ဘာသာမရွေး၊ လုံခြုံမှုရှိတဲ့ နိုင်ငံမျိုး ဖြစ်စေချင်တယ်... ဥပမာ- ကျမခုနက ပြောတဲ့ ထိုင်းမှာ ကျမသွားတဲ့အခါမှာ အင်မတန်မှ စိတ်လုံခြုံတယ်... ကျမက ထိုင်ငံသားမဟုတ်ဘူး၊ ဧည့်သည်ပဲ၊ ဒါပေမယ့် ဒီဧည့်သည်တစ်ယောက်ကို စိတ်ချမ်းသာအောင်လို့ စိတ်လုံခြုံအောင်လို့ လုပ်ပေးနိုင်တယ်ဆိုတာ အဲ့နိုင်ငံရဲ့ သိက္ခာ ဘယ်လောက်မြင့်လဲ... ကျမတို့နိုင်ငံမှာ ဧည့်သည်တွေရော၊ ဒီမှာနေတဲ့ နိုင်ငံသူ နိုင်ငံသားတွေ ရော၊ အားလုံးဟာ လုံခြုံမှုရှိဖို့ ကျမတို့ ဦးတည်ရမယ်...

ဒါကြောင့် ကျမတို့ အတန်တန် လူတွေ နားညည်းလောက်အောင် ဥပဒေ စိုးမိုးရေး၊ ဥပဒေစိုးမိုးရေး လို့ ပြောနေတာပါ... ပထမဆုံးဖြစ်တဲ့ ရာဇ၀တ်မှုတစ်ခုကို ထိထိမိမိနဲ့ မြန်မြန်ဆန်ဆန် ကိုင်တွယ်လိုက်နိုင်မယ် ဆိုရင် မီးစကနေပြီးတော့ မီးတောက်ကြီး ဖြစ်မသွားဘူး...

အခု ဥပဒေစိုးမိုးရေး အမြင်နဲ့ ဒီပြသနာတွေကို ထိန်းသိမ်းစေချင်တယ်... ကျမတို့ ပြည်သူလူထု အားလုံးကလဲ ကိုယ့်အသိုင်းအ၀ိုင်းရဲ့အေးချမ်းမှု၊ ကိုယ့်နိုင်ငံရဲ့ သိက္ခာရှိမှုကို ထိန်းထိန်းသိမ်းသိမ်းနဲ့ လုပ်စေချင်တယ်...

ဒေါသကို အခြေခံပြီးတော့ မလုပ်ပါနဲ့...ကျမတို့ဟာ ပုတုဇဉ်လူသားတွေချည်းပါပဲ၊ ဘယ်နိုင်ငံကဖြစ်ဖြစ် ဘယ်ဘာသာပဲ ကိုးကွယ်ကိုးကွယ် လူတိုင်းလူတိုင်းဟာ အေးအေးချမ်းချမ်းနေချင်တယ်၊ လုံလုံခြုံခြုံနေချင်တယ်...

နောက်တစ်ခုက ကျမအမြဲတမ်းပြောတယ် လူများစုဆိုတာ လူနည်းစုကို ဂရုဏာထားရမယ်... အဲ့ဒါတော့ ကျမသတိပေးပါရစေ... ကျမ ဒီလိုပြောတာကို တချို့က ကြိုက်ချင်မှ ကြိုက်မယ်... ကြိုက်တာ မကြိုက်တာထက် ပြောသင့်တာကိုတော့ ကျမပြောရမယ်... လူများစုဆိုတာ ကိုယ့်ရဲ့ အင်အားက ရှိပြီးသား၊ ကိုယ့်ရဲ့ အများစု အင်အားက ရှိပြီးသားမို့ ပိုပြီးတော့ သဘောထားကြီးနိုင်ရမယ်၊ ပိုပြီးတော့ ဂရုဏာတရားထားနိုင်ရမယ်...

ကျမတို့ နိုင်ငံမှာရှိတဲ့ ဘာသာမရွေး ၊ လူမျိုးမရွေး၊ ချစ်ချစ်ခင်ခင် နဲ့ အေးအေးချမ်းချမ်းနေတာကို ကျမက မြင်ချင်တယ်... ဒီလိုဖြစ်ဖို့ အတွက် ကျမတို့အနေနဲ့ ကူညီနိုင်တယ်ဆိုရင် ကျမတို့ ကူညီမယ်...လုပ်ပေးနိုင်တာကို လုပ်ပေးမယ်... ဒါပေမယ့် ဖြစ်ပွားနေတဲ့ကိစ္စတွေ ပိုကြီးထွား မလာအောင်လို့တော့ ကျမတို့ သတိပြုပြီး ရှောင်ရပါမယ်...
(ဒေါ်အောင်ဆန်းစုကြည် ၆ ဇွန် ၂၀၁၂)
DVB သတင်းထောက် ကိုခွန်ခေါင် နဲ့  ဒေါ်အောင်ဆန်းစုကြည် တွေ့ ဆုံ မေးမြန်းချက်မှ 
ကောက်နှုတ်ချက် ဖော်ပြပါသည်။


Posted: 06 Jun 2012 02:51 AM PDT
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ၂၀၁၂ ခုနှစ် မေလ ၂၉ ရက်နေ့ကနေ ဇွန်လ ၃ ရက်နေ့အထိ ခြောက်ရက်တာ သွားရောက်ခဲ့သည့် ထိုင်းနိုင်ငံခရီးစဉ်နှင့် ပတ်သတ်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွှေဂုံတိုင်ရုံးချုပ်တွင် သတင်းစာရှင်းလင်းပွဲ တရပ်ကို နံနက် ၁၁း၂၀ နာရီကနေ စတင်ကျင်းပခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည်မှ ခရီးစဉ်အတွင်း မျှော်မှန်းထားသည်ထက် အများကြီး အဆင်ပြေသည့် ခရီးစဉ်ဖြစ်ဟု ဆို၊ ဇွန်လ ၁၃ ရက်နေ့ စတင်မည့် ဥရောပခရီးစဉ် အကြောင်းကိုပါ ထည့်သွင်းပြောကြား။

Burma VJ Media Network
ဓါတ်ပုံ (NLD)


Posted: 06 Jun 2012 02:29 AM PDT

အဖွဲ့ချုပ်ဥက္ကဌ၊လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်သည်
၂၀၁၂ခု၊ဇွန်လ၊(၆)ရက်နေ့နံနက်(၁၁)နာရီခွဲကအဖွဲ့ချုပ်ရုံး
အစည်းအဝေးခမ်းမ၌ထိုင်းနိုင်ငံခရီးစဉ်နှင့်ပတ်သတ်ပြီး
သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

ဥက္ကဌကသူမ၏ခရီးစဉ်အတွက်အဆင်ပြေအောင်ဆောင်ရွက်ပေး
ခဲ့သောထိုင်းအစိုးရ၊ထိုင်းပြည်သူများကိုအထူးကျေးဇူးတင်ကြောင်းပြောကြားခဲ့သည်။

National League for Democracy




Posted: 06 Jun 2012 02:16 AM PDT
Burma VJ Media Network
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ်(ဗကသ)အား တရားဝင်ရပ်တည်နိုင်ရေးအတွက် တိုင်းဒေသကြီး အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစီးဌာန တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဒေါက်တာသန်းအောင်နှင့် တွေ့ဆုံရန် ဖိတ်ကြားသဖြင့် ဗကသ ဥက္ကဌ ကိုကျော်ကိုကို၊ ကိုအောင်ကျော်၊ ကိုမင်းသွေးသစ်၊ မဖြိုးဖြိုးအောင် စသည့် ကျောင်းသား ၈ဦးနှင့် ကျောင်းသားသမဂ္ဂများ ဖြစ်မြောက်ရေးကော်မတီ (ကသဖ)မှ ဒု ဥက္ကဌ ကိုစည်သူမောင်တို့ ဒီကနေ့ ၂၀၁၂ခုနှစ် ဇွန်လ ၆ ရက်နေ့ နေ့လည် ၁း၀၀နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံးသို့ သွားရောက်တွေ့ဆုံခဲ့ကြပါသည်။

By Burma VJ Media Network

Posted: 06 Jun 2012 02:06 AM PDT
ရွှေပေါက်ကံစက်မှုဇုန်နှင့် မင်္ဂလာဒုံ စက်မှုဇုန်ကြား ရန်ကုန်စက်မှုဇုန် အမှတ်(၁၈) ဗိုလ်တေဇလမ်းရှိ AT garment factory အထည်ချုပ် လုပ်သားများသည် ယနေ့ ဇွန်(၆) ရက် နံနက်(၇)နာရီခန့် မှ စ၍ လုပ်ခလစာငွေနည်းပါးမှုအား တိုးမြှင့်ပေးရန်အတွက် လုပ်ငန်းခွင်မ၀င်ဘဲ စုံရုံးကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
အဆိုပါ ဆန္ဒဖော်ထုတ်ပွဲသည် အောက်ခြေအဆင့် ၀န်ထမ်းများ၏ လုပ်ခ လစာနည်းပါးနေသည့်အတွက် အထက်ပိုင်းအဆင့် ၀န်ထမ်းများကပါ ၄င်းတို့နှင့် အတူ ပူးပေါင်း တောင်းဆိုပေးခြင်းဖြစ်သည်။
ယင်းစက်ရုံ၏ အနိမ့်ဆုံးဝန်ထမ်းတစ်ဦး လုပ်ခလစာမှာ အချိန်ပိုကြေးနှင့် ရက်မှန်ကြေးအပါအ၀င် ကျပ်(၂)သောင်း ၀န်းကျင်ခန့်သာရှိကြောင်း သိရသည်။ ယင်းဆန္ဒဖော်ထုတ်မှုအတွက် နံနက်(၉)နာ၇ီခန့်မှ စ၍ စက်ရုံတာဝန်ရှိသူများနှင့် အလုပ်သမား ကိုယ်စားလှယ်ခေါင်းဆောင် (၂၅)ဦးတို့ တွေ့ဆုံ၍ အခြေခံ လုပ်ခလစာအား ကျပ်(၃)သောင်း တိုးမြှင့်ပေးရန် တောင်းဆိုခဲ့ရာ နေ့လည် ၁နာ၇ီ၃၀ခန့်တွင် ကုမ္ပဏီဘက်မှ ကျပ်(၁)သောင်းခွဲသာ တိုးမြှင့်ပေးရန် ဆုံးဖြတ်ခဲ့သည်။
သိုသော် ၄င်းပမာဏအား အလုပ်သမားများ၏ ဆန္ဒတောင်းခံခဲ့ရာ လက် ခံခြင်းမရှိကြပဲ အနည်းဆုံး ကျပ်(၂)သောင်း တိုးမြှင့်ပေးမှ ကျေနပ်နိုင် မည်ဟု ဆုံးဖြတ်ကြ၍ လက်ရှိတွင် ဒုတိယအဆင် ထပ်မံ ညှိနှိုင်းဆွေးနွေ မှု ပြုလုပ်လျက် ရှိသည်။

ညွန့်ဝင်း

Popular Myanmar News Journal
အလုပ်သမားဆန္ဒပြမှုတခုအားတွေ့ ရစဉ်



Posted: 06 Jun 2012 02:05 AM PDT
အိမ်နီးချင်း နိုင်ငံတစ်ခုရှိ တန်ဖိုးနည်း ကွန်ဒိုအိမ်ရာတစ်ခုကို တွေ့ရစဉ်
လူမှုဖူလုံရေးတွင် ဆက်တိုက်ထည့်ဝင်ကြေးပေးသွင်းရုံဖြင့် အိမ်ခန်းတစ်ခန်း ပိုင်ဆိုင်နိုင်မည်ဟု အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ပြောသည်။''၁၅ နှစ်ဆက်တိုက် ထည့် ဝင်ကြေးပေး သွင်းရင် အိမ်ခန်းတစ် ခန်းမှာ နေထိုင်နိုင်မယ်။ နောက်ထပ် ၁၅ နှစ် ထပ်သွင်းရင် ဒီအိမ်ခန်းကို ပိုင်ဆိုင်နိုင်မယ်'' ဟု ပြည်ထောင်စုဝန်ကြီး က ပြောသည်။၁၉၅၄ ခုနှစ်တွင် အပြည်ပြည် ဆိုင်ရာအလုပ်သမားအဖွဲ့ (ILO) က ရေးဆွဲပေးခဲ့သော လူမှုဖူလုံရေး အက်ဥပဒေအား ပြန်လည်ပြင် ဆင် ကာလွှတ်တော်တွင်း ဆွေးနွေးနေပြီး အတည် ပြုပါက အထက်ပါ စနစ်မှာ အသက်ဝင်မည်ဖြစ်ကြောင်းသိရသည်။လက်ရှိနိုင်ငံ၌ အိမ်ရာဈေးနှု န်း၊ မြေဈေးနှုန်းများ ဆက်တိုက် မြင့် တက်နေမှုကြောင့် အလုပ်သမား များ လက်လှမ်းမမီနိုင်သော အနေ အထားမျိုးတွင်ရှိနေကြောင်း၊ ပြဋ္ဌာန်း ရန် အစီအစဉ်ရှိနေသည့် ဥပဒေက ဖြစ်မြောက်အောင် အကောင်အ ထည် ဖော်သင့်ကြောင်း ဆွေးနွေးပွဲတက် ရောက်ခဲ့သူတစ်ဦးက ထောက်ပြ သည်။''ဥပဒေကတော့ ရှိနေတာပဲ။ အကောင်အထည်ဖော်ဖို့ပဲ လိုတယ်။ တကယ်လုပ်ပေးမယ်ဆိုရင် ဒါက အလုပ်သမားတွေ ကြိုဆိုကြမယ့် ကိစ္စပါပဲ'' ဟု ၄င်းက ပြောသည်။ပြည်ဝန်ကြီး ဦးအောင်ကြည်က ယခင်က ပြဋ္ဌာန်း ခဲ့သည့် လူမှုဖူလုံရေးဥပဒေမှာ အား နည်းချက်များ၊ အမှားများ ရှိနေ ကြောင်း၊ ထိုအမှားများကို သိထား သည့်အတွက် နိုင်ငံတကာ စံညွှန်း နှင့်အညီ ကောင်းမွန်အောင် ပြင် ဆင်ထားခြင်း ဖြစ်ပြီး နိုင်ငံတော်မှ ပံ့ပိုးပေးမည့် အတိုင်းအတာများ လည်း ပါဝင်ကြောင်း ၄င်းက ထပ် လောင်းပြောသည်။ လူမှုဖူလုံရေးအဖွဲ့ ဥက္ကဋ္ဌဦးယု လွင်အောင်က ''လူမှုဖူလုံရေးက အိမ်ရာစီမံကိန်း ရန်ပုံငွေဆိုပြီး ထူ ထောင်မယ်။ အဖွဲ့ဝင်သူက ၁၅ နှစ်ဆက်တိုက်ထည့်ဝင်လို့ အိမ်ရာ တန်ဖိုးရဲ့တစ်ဝက်ေ လာက်ရပြီဆိုရင် ကျန် ၅ဝ ရာခိုင်နှုန်းကို ဘဏ်က ငွေချေးနိုင်ဖို့ ထောက် ခံပေးလိုက် မယ်''ဟု ပြောသည်။ဥပဒေအသက်ဝင်ပါက အိမ် ရာစီမံကိန်းရန်ပုံငွေ ထူထောင်မည် ဖြစ်ပြီး အလုပ်သမား အများစု ရှိ သောနေရာ၊ အလုပ်သမားများ အဆိုပြုသောနေရာတို့တွင် အိမ် ရာများဆောက်လုပ်ပေးမည်ဖြစ်ပြီး ၂ဝ၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေ ကြမ်းအရ လူမှုဖူလုံရေး အိမ်ရာစီမံ ကိန်းရန်ပုံငွေအတွက် အလုပ်သမား လစာ၏ ၂ဝ ရာခိုင်နှုန်းကို ထည့် ဝင်ရမည်ဟုသိရသည်။

Popular Myanmar News Journal

Posted: 06 Jun 2012 01:49 AM PDT
‎ရခိုင်ပြည်နယ် မြို့နယ်သုံးခုအတွင်းဖြစ်ပွားခဲ့သော ပဋိပက္ခများ ထပ်မံဖြစ်ပေါ်ခြင်းမရှိစေရန် သက်ဆိုင်ရာတာဝန်ရှိသူများ၊ ဘာသာရေး အဖွဲ့များ၊ မြို့မိ မြို့ဖများနှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီတို့မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ရခိုင်တိုင်းရင်းသား ရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောသည်။
''အန်ကယ်တို့ပါတီကရော၊ မြို့မိမြို့ဖတွေကရော ဘာသာရေး အဖွဲ့ အစည်းတွေကရော နောက်ထပ်မဖြစ်အောင် ဝိုင်းဝန်းကြိုးပမ်းနေ ကြတယ်''ဟု ဝန်ကြီး ဦးဇော်အေးမောင်က ပြောသည်။
ဇွန်လ ၅ ရက်နေ့ ပေါ်ပြူလာနယူးစ်ဂျာနယ်၏ ဆက်သွယ်မေးမြန်းမှုအရ ပဋိပက္ခဖြစ်ရာ သုံးနေရာစလုံး ငြိမ်းငြိမ်းချမ်းချမ်း ပြန်ဖြစ် ပြီ ဖြစ်ကြောင်း၊ ဈေးများနှင့် အခြေခံ ပညာကျောင်းများ ပုံမှန်အတိုင်း ဖွင့်လှစ်ပြီဖြစ်ကြောင်း တောင်ကုတ်မြို့နေသူ တစ်ဦးက ပြောသည်။
''လက်ရှိကတော့ အေးအေးဆေးဆေးပါဗျာ''ဟု ဒေသခံတစ်ဦးက ပြောသည်။
ယခုအခါ ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာ အမျိုးသမီး တစ်ဦး မုဒိမ်းကျင့်၊ ပစ္စည်းလု အသတ်ခံရမှုဖြစ်စဉ်အား တရားခံဟုယူဆရသူ ၃ ဦးကို စစ်ဆေးမှုပြု လုပ်နေကြောင်း၊ တောင်ကုတ်မြို့၌ ပြည်တွင်းနေ အစ္စလာမ်ဘာသာ ကိုးကွယ်သူ ၁ဝ ဦး အသတ်ခံရမှုနှင့် ပတ်သက်၍လည်း တရားဥပဒေကြောင်းအရ စုံစမ်းစစ်ဆေးနေကြောင်း ရခိုင်တိုင်းရင်းသားရေး ရာဝန်ကြီး ဦးဇော်အေးမောင်က ပြောသည်။
ဖြစ်စဉ်မှာ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ အမျိုး သမီးတစ်ဦး မုဒိမ်းကျင့်၊ ပစ္စည်းလု၊ အသတ်ခံရသည်မှ အစပြု ခဲ့ခြင်းဖြစ်ပြီး ယင်းပဋိပက္ခများအား နိုင်ငံပိုင်သတင်းစာမှလည်း ဖော်ပြထားသည်။

မိုးမြင့်မြတ်

၁ - ၂၈.၅.၂ဝ၁၂ ညနေ ၅ နာရီ ၁၅ မိနစ်တွင် ရမ်းဗြဲမြို့နယ် ကျောက် နီမော်ကျေးရွာအုပ်စု သပြေချောင်းကျေးရွာနေ မသီတာထွေး ၂၇ နှစ် (ဘ) ဦးလှတင်သည် ကျောက်နီမော်ကျေးရွာ စံပြရပ်ကွက်မှ စက်ချုပ်သင်ပြီး နေ အိမ်သို့ ပြန်လာစဉ် ကျောက်နီမော်ကျေးရွာ ကျောက်ထရံရပ်ကွက်နှင့် ချောင်းဝကျေးရွာသို့သွားသော တာပေါင်လမ်းဘေးရှိ ကုက္ကိုပင်အနီး ပျားတော (ဒီရေတော)၌ ၄င်းအား လူ(၃)ဦးက ဓားဖြင့် ထိုးသတ်သည့် ဖြစ်စဉ် ဖြစ်ပွား ခဲ့သည်။
၂ -၃.၆.၂ဝ၁၂ နံနက် ၆ နာရီတွင် မသီတာထွေးဖြစ်စဉ်နှင့် ပတ်သက် ၍ တောက်ကုတ်မြို့တွင် အသိပေးနှိုးဆော်စာ ဖြန့်ဝေခြင်း ဖြစ်ပွားခဲ့သည်။ ထိုနေ့ညနေ ၄ နာရီတွင် သံတွဲမှ ရန်ကုန်သို့ မောင်းနှင်လာသော ရိုးမသစ္စာ မှန်လုံယာဉ်ပေါ်မှ လူဆယ်ဦးအား သတ်ဖြတ်မှု ဖြစ်ပွားခဲ့သည်။
၃ -၃.၆.၂ဝ၁၂ ညပိုင်းတွင် လူစုလူဝေးဖြင့် စစ်တွေမြို့ ရဲစခငန်းအား ဝိုင်းဝန်းဖျက်ဆီးမှု ဖြစ်ပွားခဲ့သည်။
၎ - ၄.၆.၂ဝ၁၂ သက်ဆိုင်ရာ တာဝန်ရှိအဖွဲ့အစည်းများက အားလုံးပြန် လည် တည်ငြိမ်အေးချမ်းစေရန် ရပ်မိရပ်ဖများနှင့်အတူ ဝိုင်းဝန်းဆောင် ရွက်နိုင်ခဲ့သည်။ သံတွဲ နည်းပညာ ကောလိပ်အား ဆယ်ရက်မျှ ကျောင်း ပိတ်ထားလိုက်သည်။
၅ - ၅.၆.၂ဝ၁၂ ရန်ကုန်မြို့တွင် ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်မှု ဖြစ်ပွားခဲ့ သည်။

Popular Myanmar News Journal

Posted: 06 Jun 2012 01:36 AM PDT
လွန်ခဲ့တဲ့ သီတင်းပတ်က ရန်ကုန်မြို့၊ လှည်းတန်းမှာ ဆေးကျောင်းတက်နေတဲ့ ချစ်သူကို ဓါတ်ဆီလောင်း မီးရှို့တဲ့ အမှုတစ်ခု ဖြစ်ခဲ့တယ်။

တိုက်ခန်းတွင်း ရှိနေတဲ့ ချစ်သူကို ဓါတ်ဆီနဲ့ ပက်ပြီး မီးရှို့သူ တရားခံဟာ လွင်ဦးဆိုတာ သိရပြီး မီးရှို့ခံရသူ အမျိုးသမီးလေးဟာလည်း ဆေးရုံမှာ မီးလောင်ဒဏ်ရာတွေနဲ့ ကွယ်လွန်သွားတယ်လို့ ထပ်သတင်းကြားရပါတယ်။ သူတို့ နှစ်ဦးရဲ့ နောက်ကြောင်း ဘာဖြစ်လို့ ဒီလိုလုပ်တယ် ဆိုတာကို ဆက်မသိရတော့ဘူး။ ကျွန်တော်လည်း ဒီလိုဘဲ မေ့မေ့ပျောက်ပျောက်လေး နေခဲ့တယ်။

လွန်ခဲ့တဲ့ တနင်္ဂနွေနေ့ကတော့ ပဲခူးတိုင်းဒေသကြီး မင်းလှမြို့နယ်ထဲက ကျေးရွာလေးတွေဆီ စက်ရေတွင်းတူး လှူဒါန်းပေးဖို့ ကိစ္စနဲ့ အသွား စစ်ကွင်းဆိုတဲ့မြို့လေးကို ဖြတ်တော့မှ လွင်ဦးဆိုတာ ဘယ်သူ သေဆုံးသွားတဲ့ ကလေးမလေးက ဘယ်သူ ဆိုတာ သိလိုက်ရပြီး ဘယ်လိုဖြစ်ပျက်ခဲ့ကြတယ် ဆိုတဲ့ နောက်ခံ အကြောင်းအရာတွေကို ဒေသခံတွေက ပြောပြတာ ကြားခဲ့ရတယ်။

ကိုလွင်ဦးရဲ့ ဖခင်က မြို့ပြအင်ဂျင်နီယာ တစ်ဦးဖြစ်ပြီး သူ့မိခင်က ဆရာဝန်မ တစ်ဦးဖြစ်ပါတယ်။ စစ်ကွင်းမြို့မှာတော့ ဒေါ်ဌေးဌေးစော ဆိုတဲ့ လွင်ဦးရဲ့ မိခင်ဟာ နာမည်ကောင်းနဲ့ နာမည်ကြီးသူ တစ်ယောက်ဖြစ်ပါတယ်။

လွင်ဦးဟာ စစ်ကွင်းမြို့မ ကျောင်းမှာ ကျောင်းတက်ခဲ့သူ ဖြစ်ပြီး ရေကျောင်းသိပ္ပံနဲ့ ကျောင်းပြီးသွားပြီး သင်္ဘောလိုက်နေခဲ့တဲ့ ရိုးသားပြီး စာကြိုးစားတဲ့ သင်္ဘောသား အရာရှိပေါက်စလေး တစ်ယောက်ဖြစ်ကြောင်း စစ်ကွင်းမြို့ခံတွေက ပြောပြခဲ့ပါတယ်။

ကလေးမလေးကလည်း မင်းလှမြို့ပေါ်က ဖြစ်ပြီး ဖခင် ရှေ့နေ၊ မိခင် ဆေးလိပ်ခုံပိုင်ရှင် (ယခုအခါ စက်ဘီးဆိုင်) က မွေးဖွါးလာပြီး စာတော်တဲ့ သူဖြစ်ပါတယ်။

ချစ်သူချင်း ရည်ငံခဲ့ကြပြီးနောက် လွင်ဦးဟာ တစ်ပြည်ခြားကို သွားပြီး သင်္ဘောလိုက်နေခဲ့ချိန် ရသမျှလေးတွေ ချစ်သူနဲ့ အတူနေနိုင်ဖို့အတွက် ပေးပို့ စုဆောင်းနေသူ ဖြစ်တယ်လို့လည်း အသိမိတ်ဆွေတွေက ပြောပြပါတယ်။

လေးနှစ်အကြာ ချစ်သူနဲ့ တွေ့ဖို့ အားခဲပြီး ပြန်ရောက်လာချိန်မှာတော့ သူချစ်တဲ့ ဆေးကျောင်းသူလေးက သူ့ကို အတွေ့မခံတော့ဘဲ အခြားချစ်သူ တစ်ယောက်နဲ့ ကြိတ်ပုန်းခုတ်နေပြီ ဆိုတာ သိလိုက်ရတဲ့ လွင်ဦးတစ်ယောက် ဘယ်လိုမှ မခံစားနိုင်တော့ဘဲ အခုလို ဒေါသရှေ့ထားပြီး လုပ်မိလုပ်ရာ လုပ်ချလိုက်ရာကနေ နိုင်ငံကျော် အမှုတစ်ခု ရဲ့ တရားခံ ဖြစ်လာခဲ့ရတာပါ။

လွင်ဦး အနေနဲ့ အမှုပေါင်း ၆ မှုနဲ့ အမှုဖွင့်အရေးယူခံထားရပြီး အင်းစိန်ထောင်ထဲမှာ တိုက်ပိတ်ခံထားရတယ်လို့ ကြားရသလို စစ်ကွင်းမြို့က သူ အဖေ အမေအိမ် အပေါက်ဝမှာလည်း မိဘတွေက ဆေးကုသမယ့် လူနာတွေကိုတောင် လက်မခံနိုင်သည်အထိ ခံစားချက်တွေ ပြင်းလွန်းနေပြီး "ခရီးသွားနေသည်" လို့ ဆိုင်းဘုတ်ထူ ထားတာကို ကိုယ်တိုင် မြင်တွေ့ခဲ့ရပါတယ်။.. သေဒဏ်လောက် ကျခံရနိုင်တဲ့ လွင်ဦးဟာ တစ်ဦးတည်းသော သားတစ်ယောက်လည်း ဖြစ်ပါတယ်။မီးရှို့ခံ၇တဲ့ လွင်ဦးချစ်သူလေးကလည်း ဆုံးခါနီးမှာ လွင်ဦးကို ခွင့်လွှတ်ပေးပါ၊ သူလည်း ခွင့်လွှတ်တယ်လို့ အတန်တန်ပြောခဲ့ရှာကြောင်း သိ၇ပါတယ်။

by Zaw Lwin Win

Posted: 06 Jun 2012 01:25 AM PDT
"ကျွန်မတို့ အတန်တန် ဥပဒေစိုးမိုးရေးဆိုတာကိုပြောနေတာဟာ ပထမဆုံးဖြစ်တဲ့ရာဇ၀တ်မှု့ကိုထိထိမိမိနဲ့မှန်မှန်ကန်ကန်ကိုင်တွယ်လိုက် နိုင်မယ်ဆိုရင်မီးစကနေမီးတောက်အထိမဖြစ်နိုင်ဘူး။

အခုဥပဒေစိုးမိုးရေး အမြင်နဲ့ ဒီပြသနာတွေကို ထိန်းသိမ်းစေချင်တယ်။ ကျွန်မတို့ ပြည်သူလူထုအားလုံးကလည်းကိုယ့်အသိုင်းအ၀ိုင်းရဲ့ အေးချမ်းမှုကို၊ကိုယ့်နိုင်ငံရဲ့သိက္ခာရှိမှုအတွက်ထိန်းထိန်းသိမ်းသိမ်းနဲ့လုပ်စေချင်တယ်။ ဒေါသကို အခြေခံပြီးတော့မလုပ်ပါနဲ့။

ကျွန်မတို့ဟာပုထုဇဉ်လူသားတွေပါပဲ။ ဘယ်နိုင်ငံကပဲဖြစ်ဖြစ်ဘယ်ဘာသာကိုပဲကိုးကွယ်ကိုးကွယ်လူတိုင်းလူတိုင်းဟာ အေးအေးချမ်းချမ်းနေချင်တယ်၊လုံလုံခြုံခြုံနေချင်တယ်။အဲဒီဟာကို ခေါင်းထဲမှာ ထည့်ပြီးတော့ ပြည်သူပြည်သားတွေ ပြေလည်မှုရှာစေချင်တယ်။"

 ဒေါ်အောင်ဆန်းစုကြည်


 အစ္စလာမ်ဘာသာဝင်များနှင့်လတ်တလောဖြစ်ပွားနေသောကိစ္စရပ်များနှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်၏အမြင်ကိုသတင်းထောက်တစ်ယောက်ကမေးမြန်းရာ“ဒီလိုပြသနာတွေဖြစ်လို့ရှိရင် ကျွန်မအတွေးက ကိစ္စနှစ်ခုဆီကိုရောက်သွားတယ်။နံပတ်၁ကတော့ ဥပဒေစိုးမိုးရေးဘဲ။ နှစ်ကတော့ လှုံ့ဆော်တဲ့သူများရှိသလားဆိုတဲ့ စိုးရိမ်ပူပန်မှု့။ဒီနိုင်ငံမှာ ဥပဒေစိုးမိုးရေး ရှိတယ်ဆိုရင် ပထမဆုံးပြသနာတစ်ခုဖြစ်ပြီ၊ ရာဇ၀တ်မှု့တစ်ခုဖြစ်ပြီဆိုရင် ပီပီပြင်ပြင် မြန်မြန်ဆန်ဆန် အရေးယူလိုက်မယ်ဆိုရင် ဒီပြသနာတွေဟာ ကြီးမားသွားနိုင်စရာမရှိဘူး။ ပြသနာတစ်ခုမရှင်းလိုက်တာနဲ့ နောက်တစ်ခုထပ်ပြီး ကြီးကြီးကျယ်ကျယ်ပေါ်လာပြီ ။ ဒါဟာ ဥပဒေပိုင်းဆိုင်ရာအဖွဲ့တွေကရှင်းလင်းရမယ့်ပြသနာ။ ရာဇ၀တ်မှု့ကျူးလွန်ခဲ့တဲ့သူတွေကို အမြန်ဆုံးအရေးယူရ မှာက ရဲအဖွဲ့နဲ့ဆိုင်တယ် ။ဥပဒေတရားရုံးတွေနဲ့ဆိုင်တယ်။ အဲဒါတွေကို မြန်မြန်ဆန်ဆန်လုပ်နိုင်မယ်ဆိုရင် ပြသနာတွေကိုထိန်းထားလို့ရတယ်။ မြန်မြန်ဆန်ဆန်မလုပ်နိုင်ရင် ပြသနာတွေက တစ်ဆင့်ပြီးတစ်ဆင့် ကြီးသွားမယ်။ ပြည်သူအများကလည်း စိုးရိမ်ပူပန်နေမယ်လို့ကျွန်မထင်တယ်။အခြေအနေတွေကိုမတည်ငြိမ်အောင်လှုံဆော်နေတဲ့သူတွေ များရှိသလား ။

ကျွန်မကတော့ ကျွန်မတို့နိုင်ငံမှာ ဘယ်သူမဆိုလုံလုံခြုံခြုံ ရှိတယ်ဆိုတာမျိုးဖြစ်စေချင်တယ်။ နိုင်ငံတစ်နိုင်ငံရဲ့သိက္ခာဟာ ဒီနိုင်ငံက ပြည်သူတွေရဲ့လုံခြုံမှု့နဲ့ဆက်စပ်မှု့ရှိတယ် ။ စိတ်ချမ်းသာမှု့ဆိုတာလုံခြုံမှု့ကစရမှာ။ မလုံခြုံတဲ့သူတွေက ဘယ်တော့မှ စိတ်ချမ်းသာစရာမရှိဘူး။ ဒီနိုင်ငံမှာ ကျွန်မတို့ ပြည်သူပြည်သားတွေအားလုံး လူမျိုးမရွေး ဘာသာမရွေး ၊ကျွန်မတို့ ပြည်သူပြည်သားတွေ မဟုတ်တဲ့ ဒီမှာရောက်နေတဲ့ ပုဂ္ဂိုလ်အားလုံး ၊လူမျိုးမရွေးဘာသာမရွေးလုံခြုံမှု့ရှိတဲ့နိုင်ငံမျိုးဖြစ်စေချင်တယ်။
ကျွန်မတို့ အတန်တန် ဥပဒေစိုးမိုးရေးဆိုတာကိုပြောနေတာဟာ ပထမဆုံးဖြစ်တဲ့ရာဇ၀တ်မှု့ကို ထိထိမိမိနဲ့ မှန်မှန်ကန်ကန်ကိုင်တွယ်လိုက်နိုင်မယ်ဆိုရင် မီးစကနေ မီးတောက်အထိမဖြစ်နိုင်ဘူး။ အခု ဥပဒေစိုးမိုးရေးအမြင်နဲ့ ဒီပြသနာတွေကို ထိန်းသိမ်းစေချင်တယ်။ ကျွန်မတို့ ပြည်သူလူထုအားလုံးကလည်း ကိုယ့်အသိုင်းအ၀ိုင်းရဲ့ အေးချမ်းမှုကို၊ ကိုယ့်နိုင်ငံရဲ့ သိက္ခာရှိမှုအတွက် ထိန်းထိန်းသိမ်းသိမ်းနဲ့လုပ်စေချင်တယ်။ ဒေါသကို အခြေခံပြီးတော့မလုပ်ပါနဲ့။ ကျွန်မတို့ဟာ ပုထုဇဉ်လူသားတွေပါပဲ။ ဘယ်နိုင်ငံကပဲဖြစ်ဖြစ် ဘယ်ဘာသာကိုပဲ ကိုးကွယ်ကိုးကွယ် လူတိုင်းလူတိုင်း ဟာ အေးအေးချမ်းချမ်းနေချင်တယ်၊ လုံလုံခြုံခြုံနေချင်တယ်။ အဲဒီဟာကို ခေါင်းထဲမှာထည့်ပြီးတော့ ပြည်သူပြည်သားတွေ ပြေလည်မှုရှာစေချင်တယ်။
နောက်တစ်ခုကတော့ ကျွန်မပြောကိုပြောရမယ်။ အမြဲလည်း ပြောတယ်။ လူအများစုဆိုတာ လူအနည်းစုကို ဂရုဏာထားတတ်ရမယ်။ အဲဒါတော့ သတိပေးပါရစေ။ ဒီလိုပြောတာကို တချို့က ကြိုက်ချင်မှ ကြိုက်မယ်။ ကြိုက်တာမကြိုက်တာထက် ပြောသင့်တာကိုတော့ ပြောရမယ်။ လူအများ စုဆိုတာ ကိုယ့်ရဲ့အင်အားကရှိပြီးသား။ အများစုအင်အားရှိပြီးသားမို့လို့ သဘောထားကြီးနိုင်ရမယ်။ ဂရုဏာတရားထားနိုင်ရမယ်။ ကျွန်မတို့နိုင်ငံမှာရှိတဲ့ ဘာသာမရွေး၊ လူမျိုးမရွေး ပြည်သူပြည်သား အားလုံး ချစ်ချစ်ခင်ခင်နဲ့ နေထိုင်တာကိုမြင်ချင်တယ်။ ဒီလိုဖြစ်ဖို့အတွက် ကျွန်မတို့အနေနဲ့ ကူညီနိုင်မယ်ဆိုရင် ကူညီမယ်။ လုပ်ပေးနိုင်တာကိုလုပ်ပေးမယ်။ ဒါပေမဲ့ ဖြစ်ပွားနေတဲ့ ကိစ္စတွေပိုကြီးထွားသွားအောင်လို့ လုပ်မိတာမျိုးကိုတော့ ကျွန်မတို့ သတိထားပြီးရှောင်မယ်။”ဟု ပြန်လည်ဖြေကြားခဲ့သည်။

7Day News Journal

Posted: 06 Jun 2012 01:44 AM PDT
ဓါတ်ပုံ(ချော-အစိမ်းရောင်လွင်ပြင် - ဘလော့ဂ်)
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
(အမိန့်အမှတ်၊ ၁၃/၂ဝ၁၂)
၁၃၇၄ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက်
(၂ဝ၁၂ ခုနှစ်၊ ဇွန်လ ၅ ရက်)

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ရာထူးမှ နုတ်ထွက်ခွင့်ပြုခြင်း

         ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄ဝ၁၊ ပုဒ်မခွဲ(က)နှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥပဒေပုဒ်မ ၇၊ ပုဒ်မခွဲ(ခ)တို့အရ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးသာဦးအား မိမိသဘောဆန္ဒအလျောက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်သည်။
                                                                                  (ပုံ) သိန်းစိန်
                                                                                နိုင်ငံတော်သမ္မတ
                                                                                  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
--------------------------------------------------------------------------

ဒုတိယဝန်ကြီးရာထူးမှ နုတ်ထွက်ခွင့်ပြုခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတတရုံး
(အမိန့်အမှတ်၊ ၁၄/၂ဝ၁၂)
၁၃၇၄ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက်
(၂ဝ၁၂ ခုနှစ်၊ ဇွန်လ ၅ ရက်)
ဒုတိယဝန်ကြီးရာထူးမှ နုတ်ထွက်ခွင့်ပြုခြင်း

          ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၅၊ ပုဒ်မခွဲ(ခ)နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၆၈၊ ပုဒ်မခွဲ(ခ)တို့အရ အောက်ပါဒုတိယဝန်ကြီး များအား မိမိသဘောဆန္ဒ အလျောက် ဒုတိယဝန်ကြီးရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်သည်-
(၁)       ဦးတင့်လွင် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန
(၂)       ဦးစိုးအောင် စွမ်းအင်ဝန်ကြီးဌာန
                                                                                                     
                                                                                                                                                           
                                                                                                                                                  (ပုံ) သိန်းစိန်
                                                                                နိုင်ငံတော်သမ္မတ
                                                                                  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

သမ္မတရုံးဝက်ဆိုဒ်

ယခင်က စားစရာမရှိရင် ဗြုံးအိပ် ၅အိပ် ၁၀အိပ်မှ တစ်အိပ်လောက်အရင်ကြိတ်ပေးတာမျိုး ယခုအမျိုးသားကုမ္ပဏီကတော့  အိပ် ၁၀၀ရမှ အိပ်၂၀၀ရမှ ကြိတ်ခွင့်ပြု၍ လူအများမှာ အတော်ပင် ဒုက္ခရောက် ရှိခဲ့ပေမဲ့ ကြရပါတယ်။ ၎င်းအပြင် ဗြုံးကျောက်ခဲ လက်ထဲမှာရှိလျှင် ၁-ခဲကို ၁ိသားဆိုလျှင် ထောင်တစ်နှစ်ချတာတွေလုပ် ပါသည်။ ဇုံ(၅)ကျောက်စရစ်တောင်မှ ကြယ်ငါးပွင့်ကုမ္ပဏီမှာလုပ်နေသော ၁၅-နှစ်သား ကလေးတစ်ဦးဟာ ဗြုံးအိပ်နဲ့မိလို့ ထောင်ဒဏ် ၇-နှစ်ချပစ်လိုက်သည်မှာ ယခုဘယ်ထောင်မှာ ရောက်နေမှန်းမသိရပါ။ ဇုံ(၈)ဟာ ရွှေအများဆုံးထွက်ရာဒေသဖြစ်ပြီး ကုမ္ပဏီပိုင်ရှင်ဟာ ရှမ်းနာမည် စိုင်းဝင်းမြင့်ဟု အမည်ခံထားသော တရုပ်လူ မျိုးစစ်စစ်ဖြစ်ပါတယ်။ ဇုံ(၈)မှာ ဂဲခိုးလို့ဆိုပြီး ဖမ်းဆီးလက်ပြန်ကြိုးတုပ် နေပြည်တော် နှင့် ရမည်းသင်းရဲစခန်းကို ပို့တာ အများဆုံးဖြစ်ပါတယ်။ ကွမ်းယာထည့်တဲ့အိပ်နဲ့ဘဲထည့်လာလာ ၊ လမ်းပေါ်မှာဘဲ တွေ့တွေ့ ၊ အက်တာက ဘဲ ထွက်လာလို့တွေ့တွေ့ ၊ ကိုယ့်အိမ်မှာလည်း ထားလို့မရ တွေ့ရင်ဖမ်းပါတယ်။ ဖမ်းပြီးရဲစခန်းပို့လွန်းလို့ “အင်း သားခိုးတာက နဲနဲလေး ၊ မင်းတို့ခိုးတာက တိုင်းပြည်ကုန်တော့မယ်လို့ ရမည်းသင်းက အာဏာပိုင်များကပြော ပြီး အရေးယူမပေးတော့မှ ဖမ်းတာ ဆီးတာ ရပ်သွားပါတော့တယ်။ ဟု အင်းသားများကပြောပြကြပါတယ်။
တရားဝင်လုပ်ခွင့်ရပြီ ။ အနဲဆုံး ၅-နှစ်သက်တမ်းလုပ်ခွင့်ရမယ်ဆိုလို့ အင်းပိုင် အင်းသားအားလုံးက ငွေအား လူအား ကြိုးစား ပမ်းစား လုပ်ကိုင်ခဲ့၍ ယ္ခုတော့ သာသာယာယာ စိုစို ပြေပြေ ရှိလာခါမှ သူတို့ကို ၇-လ တောင်မှ လုပ်ခွင့်ပေးပြီးပြီ ၊ အခုတော့ အကြီးစားစက်များနှင့် ကမ္ဘာ့စံချိန်မှီ မိုင်းတွင်းဖြစ်ပေါ်ရေး ၊ အကြီးစား ရွှေထုတ်လုပ်ငန်း အသွင်ကူးပြောင်းရေး ၊ နိုင်ငံခြားကုမ္ပဏီများနှင့် ဖက်စပ်လုပ်ကိုင်ရန် ပြည်တွင်းတိုင်းရင်းသား အသေးစားလုပ်ငန်းရှင်များကို ကိုယ်ချင်းမစာ ၊ မညှာမတာ အတင်းအဓမ္မ အားလုံးကို မောင်းချသည်မှာ မည်သို့ မျှ မဖြစ်သင့်ပါ။ မည်သို့မျှ တရားမျှတမှုမရှိပါ။ အင်းသားများ၏ပြောပြချက်အရ ၎င်းအမျိုးသား ကုမ္ပဏီက ယနေ့ အထိ အက်တာ တစ်ခုမှမဖေါက်နိုင်သေးပါ။ နိုင်ငံတော်သို့ တစ်လလျှင် ရွှေ ၇၃ိ/ သား ပေးသွင်းနေတာဟာ အမျိုးသား---- ရဲ့ ဗြုံးတစ်စေ့မှ မပါပါ။ အင်းပိုင် အင်းသားများလုပ်လို့ရတဲ့ ရွှေတွေသာဖြစ်ကြောင်း အားလုံးက ပြောကြပါတယ်။
ဒီ ပိတ်ပင်ကန့်သတ်မှုကို ၅-၁-၂၀၁၂ ရက်နေ့မှာ ရွှေသတ္တုထုတ်လုပ်မှု ဇုံတာဝန်ခံ (ခ) မိတ်ဖက် ကုမ္ပဏီများမှတဆင့် အကြောင်းကြားခဲ့ပါတယ်။ သိန်း ၁၀၀၀- သာရှယ်ယာဝင်ထားတဲ့ မဲန်ဘာ(ခ)တာဝန်ခံများ က လက်အောက်ခံအင်းပ
...

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...