Sunday, June 24, 2012

ရာဇ၀င်ဆိုတာ

by Bo K Nyein on Sunday, June 24, 2012 at 4:02pm ·

ရာဇ၀င် ဆိုတာ တကယ်တော့ Story telling ပဲ။ အချိန်တချိန် ကဖြစ်စဉ်ကို တင်ပြခြင်း သို့ မဟုတ် record လုပ်တာပဲ ဖြစ်တယ်။

ဥပမာ ဦးနု တို့ လို ၀န်ကြီးချုပ် က memoir လို့ခေါ်တဲ့ မိမိရဲ့ ဘ၀အတွေ့အကြုံကို ပြန်ရေးပြတယ်။ ဒါမှမဟုတ် Mary Callahan တို့လို Academic တွေက officials documents တွေကို research ပြီး Making Enemies လိုစာအုပ်မျိုးရေးတယ်။ ဦးသန့်ရဲ့ မြေး Dr Thant Myint Oo တို့လို Historians တွေက The River of Lost Footsteps လိုမြန်မာ နိုင်ငံနဲ့ ပတ်သက်တဲ့ ရာဇ၀င် စာအုပ်ရေးတယ်။


Dr Mary Callahan တို့  Dr Thant Myint Oo တို့ဟာ PhD ပါရဂူ ဘွဲ့တွေ ရှိတာကြောင့် Professionals လို့ပြောလို့ရသလို ၊ သူတို့ရဲ့ နာမည် နဲ့ ဂုဏ်သိက္ခာကို စောင့်ထိန်းသောအားဖြင့် fact တခုကိုတင်ပြလျှင်  Source ရှိမှ တင်ပြကြပါတယ်။ ဒါကြောင့် ဒီလို လူတွေကို Credible Professionals (သို့) Academic လို့ပြောနိုင်ပါတယ်။

သတင်းသမားတွေ ဖြစ်တဲ့ Bertil Litner တို့ Martin Smith တို့ တတွေကလည်း မြန်မာ ရာဇ၀င် အကြောင်းရေးကြပါတယ်။ ဒီလို နံမည်ရှိ သတင်သမားတွေ ဟာလည်း သူတို့ရဲ့ နံမည် ၊ ဂုဏ်သိက္ခာ ကိုစောင့်ထိန်းရန် အသေအခြာ research လုပ်၍သော်၎င်း ၊ လူချင်း Interview လုပ်၍သော်၎င်း ၊ အကြောင်းအရာ ကိုရေးကြပါသည်။

ဤသို့သော နံမည်ရှိသော ၊ သိက္ခာစောင့် ထိန်းသော စာရေးသူများ ကို (ယုံကြည်) ရသူများဖြစ်၍ အများက Credible Authors ဟု အသိအမှတ်ပြုကြပါသည်။

ဝင့်တင်ထွန်း လိုသူများကလည်း ရာဇ၀င် အကြောင်းကို ရေးကြပါသည်။ Fact နှင့် Source သည်အရေးမကြီး Propaganda ၀ါဒဖြန့်ရန် သက်သက် ရာဇ၀င် ကိုရေးခြင်းဖြစ်သည်။

ထို့နည်းတူ Shelby Tucker တို့လို Biased ဖြစ်သော စာရေးဆရာများသည် လည်း hearsay ကို facts အဖြစ်ရေးကြပါသည်။

ဤသို့သော စာရေးသူများကို Non Credible Authors အဖြစ် သတ်မှတ်ကြပါသည်။

မည်သို့ပင်ဖြစ်စေ Credible နှင့် Non Credible Authors ဆိုသူများသည် Category (သို့) Class .. ie Subset လို့သာ ပြောနိုင်ပါမည်။

နောက် Category ရှိပါသေးသည်။ ၎င်းမှာ Documentary ဖြစ်ပါသည်။ Documentary ကိုထုတ်လုပ်သော Documentary Production Companies များရှိ၍ ၎င်းတို့ကို History Channel – Discovery Channel – တို့လို နံမည် ရှိတဲ့ TV Channels တွေက Distributor အနေနဲ့ ဖြန့်ဝေ ပြသပါတယ်။ Al Jazeera တို့လို နံမည်ရှိသော TV Channel တွေကလည်း ကိုယ်ပိုင် Documentary Series တွေထုတ်ကြပါတယ်။ ဤသို့ နံမည်ရှိသော TV Channels တွေ တင်သော Documentary များသည်လည်း Credible ဖြစ်သည်ဟု ဆိုရပါမည်။ အဘယ်ကြောင့် ဆိုသော် ၎င်းတို့ သည် Distributor ပင်ဖြစ်သော်ငြားလည်း တာဝန်ယူဖြန့်ဝေရသဖြင့် နံမည် နှင့် သိက္ဖာ အထိမခံနိုင်ကြပါ။

မည်သို့ပင်ဖြစ်စေ ၊ ယုံကြည်ရသောသူများ နှင့် မယုံကြည်နိုင် ဟူသော် Category တွေကွဲပင်ကွဲ ငြားလည်း History ဆိုသည်မှာ နောက်ဆုံးတွင် Story Telling သာဖြစ်သည်။

ထို့ကြောင့် Plato ခေတ် ၊ Roman ခေတ် ကတည်းက History ဆိုသည်မှ Story Telling သာဖြစ်သည်။

Plato  က Atlantis အကြောင်းရေးပြခဲ့ပါသည်။ အချိန်တွေကြာ မြင့်ပြီဖြစ်သဖြင့် ယနေ့အထိ ရှာမရပါ။ ထို့ကြောင့် တစ်ယောက် ယောက် က Evidence (အထောက်အထား) ပြပါ ဆိုလျှင် ရှာမရသည့် အတွက်  (အထောက်အထား) မပြနိုင်ပါ။

ထို့နည်းတူ (ဒီအရေးအသား အတွက်အထောက်အထားပြလို့) ဆိုလာရင် Plato ရဲ့  Atlantis နည်းတူ မည်သူကမှ အထောက်အထား ပြနိုင်မည် မဟုတ်ကြပါ။

တချိန်ထဲမှာ စာရေးသူတစ်ယောက် က A ဟု တင်ပြခဲ့သည်ကို ၊ ဒုတိယ စာရေးသူ က ထပ်ဆင့် တင်ပြသည်။ ဤသည်ကို (အထောက်အထား) ဟု ယတိပြတ် ပြောဆိုရန် ခက်လာပါသည်။ အထူးသဖြင့် (အတွေးအမြင်) ကိုတင်ပြလာလျှင် ပို ၍ပင် ခက်လာပါသည်။ ဥပမာ Julius Caesar ကို Brutus က သတ်သည်။ ဒါဟာ fact ။ သို့သော် Julius Caesar ကိုဘာကြောင့် သတ်ရသလဲ ဆိုတာ (သုံးသပ်ချက်) (အတွေးအထင်) ။ ထို့ပြင် Julius Caesar ကို Brutus က သတ်သည် ဆိုသည်ကို အထောက်အထားပြ ပါဆိုလျှင် ဟိုခေတ်က ယ္ခုလို တီဗီတွေ ၊ ဗီတီယို တွေမပေါ်သေး။ ထို့ကြောင့် ကပ်သီးကပ်သပ်ပြော လာလျှင် (အထောက်အထား) ပြရန် မဖြစ်နိုင်ဟု သာပြောရမည်။

ထို့ကြောင့် ဘာသာရေးပဲ ဖြစ်စေ ၊ ရာဇ၀င် History ဖြစ်စေ နောက်ဆုံး (လူ) သားတို့၏ Interpretation သာဖြစ်သည်ဟု ဆိုခဲ့သည်။

Interpretation ဆိုတာကလည်း Interpret လုပ်သူ၏ Capacity အပေါ်မူတည်ပြန်သည်။

ဤ အမြင် နှင့် အားလုံး ဟာ Relative ပါဟု ဆိုခဲ့သည်။ ဤ အတိုင်း ယုံကြည်မိသည်။

ဤသို့ အမြင်ရှိသူကို ကိုရန်ကပြောသည်မှာ (အမှန်) (Absolute truth) ဟု လက်ခံယုံကြည်သူ က အတ္တစိတ် ၊ မာန ဖြင့်ဆွေးနွေးရအောင်ဟု စိမ်ခေါ်လာလျှင် အားလုံးသည်နောက်ဆုံး Relative ပါဟုဆိုထားသူ အတွက် ဘာအဓိပ္ပါယ် ရှိမှာလဲ။  ကိုရန်ကပြောသည်မှာ (အမှန်) (Absolute truth) ဟု လက်ခံယုံကြည်သူ က passion ဖြင့်ရဲရဲတောက် ပြောနေသူကို (တကယ်က သင်ပြေနေသမျှသည် သင်၏ Interpretation (သို့) သင်၏ဆရာ၏ Interpretation ဟု ဆိုခဲ့လျှင် ဘာသာရေးကို စော်ကားသူ ၊ ဘာသာရေးကို မုန်းတီးသူ အဖြစ် အစွပ်အစွဲ ခံရဦးမည်။

(လူကြီးမင်းမှာ ဆွေးနွေးဖို့ အရည်အချင်းရှိသလား? မရှိဘူးလား ခင်ဗျား) ဆိုတဲ့မေးခွန်းဟာ (မာန) အရှိန်ကို မီးမောင်းထိုးပြနေပါသည်။ (မာန) ဆိုတာ (အတ္တ) ကလာပါသည်။ ငါ့ဘုရား ၊ ငါ့ဘာသာ ၊ ငါ့ ရဲ့ ကျမ်းစာအုပ်။ ထို့ကြောင့် (ငါတို့သည် အမှန်) ဆိုတဲ့ အတ္တဇော် ဟာ ထင်ပေါ်နေပါသည်။ ဥပမာ တစ်ခု တင်ပြပါမည်။ စော်ကားသည်ဟု မထင်စေချင်ပါ။ ဥပမာ လူတစ်ယောက် က စိတ်အေးချမ်းမြစွာ အားလုံဟာ Relative ပဲဟု တွေးထင်ရင်း လမ်းလျှောက်လာသည်။ လမ်းတွင် ခွေးတစ်ကောင်က မာန်ဖီနေသည်။ ခွေး၏အသိ Capacity အရ ဒါဟာ ငါ့နယ်မြေ ၊ ငါ့ပိုင်နက် ဟုသာ သာသိနိုင်သဖြင့် ငါ့ပိုင်နက်ကိုကျူးကျော်လာသူ ဟု အတ္တအစွဲ နှင့် ငါနိုင်အောင်ကိုက် လိုက်မည်ဟု မာန်ဖီခြင်းဖြစ်နိုင်သည်။ ဒါကလည်း လက်ရှိအခြေအနေကို ခွေး၏အသိဥါဏ် နှင့် Interpret လုပ်ခြင်းပေ။ လူ၏ Interpretation နှင့် ခွေး၏ Interpretation ၊ တခုတည်းသော အခြေအနေကို သုံးသပ်ရာတွင် capacity ချင်းမတူ၍ Interpretation မတူနိုင်ပါ။ ဤ သို့သော အခြေအနေတွင် (လူသား) သည် ဥါဏ်ရှိပါက မာန်ဖီနေသော (ခွေး) နှင့် (ပြိုင်ကိုက်) ပါမည်လား။

စာဖတ်သူများသာ စဉ်းစားကြည် အဖြေရှာကြပါတော့
လောင်းခြေးထပ်ခြင်သူများကိုလည်း သနားမိပါရဲ့

စာရေးသူ ၏ ရေးသားချက်သည် Credible Source ဟုလွယ်လွယ်လေးတင်ပြ နိုင်ပါသည်။ တမင်မတင်ပြသည်ပါ။ ထပ်ဆင့် ငြင်းနေရလျှင် အချိန်ကုန်မည်သာ ရှိပါသည်။

စာရေးသူ က ဤသို့ ရေးသားခဲ့ပါသည်။
ဒီ ဗုဒ္ဓရုပ်ပွားတော်တွေ အကြောင်းရေးပြခဲ့တဲ့ တရုတ်ဘုန်းကြီး Xuangzang ရေးခဲ့တဲ့ Da Tang Xiyu Ji မှာ ပိုမိုကြီးမားတဲ့ လဲလျောင်းတော်ရှိသေးတယ်ဆိုတာကို ရေးပြခဲ့တယ်။ အခုလိုက်ရှာဖွေ တူးနေတဲ့ သူတွေရှိတယ်။ ဘာကြောင့် မြှုပ်ခဲ့ရသလဲဆိုတာကို ရှင်းပြရာမှာ ဗုဒ္ဓဘာသာဘုန်းကြီးတွေ ကို မွပ်စလင်ဘုန်းကြီးတွေက လိုက်သတ်လို့ ထွက်ပြေးရင်း မြှုပ်ခဲ့ရတာပါလို့ ပြောတဲ့သူတွေရှိတယ်။ အသေးစိတ် သိချင်ရင်တော့ Da Tang Xiyu Ji ကိသွားဖတ်ကြည့်စေချင်တယ်။ တရုတ်စာတတ်သူ ရဲ့အကူအညီတော့လိုလိမ့်မယ်ထင်တယ်။ 

အထက်ပါဖေါ်ပြချင်ကိုကြည့်လျှင်လည်း Julius Caesar နှင့် Brutus ကဲ့ သို့  (လဲလျောင်းတော်ရှိသေးတယ်ဆိုတာ) ဆိုတာသည် (Fact) ၊ (ဘာကြောင့် မြှုပ်ခဲ့ရသလဲဆိုတာကို ရှင်းပြရာမှာ ဗုဒ္ဓဘာသာဘုန်းကြီးတွေ ကို မွပ်စလင်ဘုန်းကြီးတွေက လိုက်သတ်လို့ ထွက်ပြေးရင်း မြှုပ်ခဲ့ရတာပါလို့ ပြောတဲ့သူတွေရှိတယ်။) ဆိုတာသည် (အတွေးအထင်)။ အသေအခြာ စဉ်းစားတတ်လျှင် တရုတ် ဘုန်းကြီးက Fact ကိုသာ ပြောခဲ့သူ ၊ (အတွေးအထင်) ကိုပြောခဲ့သူပါ ဟု ရေးခဲသည် မဟုတ်ပါ။ စာကိုသေသေခြာခြာ ဖတ်တတ်သူလား ၊ သမန်ကာရှန်ကာ ဖတ်သူလား သိလိုသည့် အတွက် တမင် အကွက်ချ ထားခဲ့သည်ပါ။ နောက်တစ်ချက်က Interpretation ကို ပုံဖေါ် သက်သေပြချင်လို့ပါ။

ထိုကြောင့် Definition တွေကိုသာ ရှာ၍ မေ့လျှော်နေရုံနှင့် မပြီးပြည့်စုံ နိုင်ပါ။

လောက မှာ (အတွေးအခေါ်) နှင့် (Concept) ဆိုတာတွေကျန်ပါသေးသည်။

တော်သေးပြီ

စာဖတ်သူများ အသိဥါဏ် ကြွယ်ဝကြပါစေ

BKN

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...