Friday, June 15, 2012

ခုနှစ်သံချီ (၄)


by Maung Maung Than on Thursday, June 14, 2012 at 9:34pm

သံစဉ်များ အဆက်

အဲဒီမှာ အောက်ပြန်သံစဉ်နဲ့ ဆင်တဲ့ နောက် မြန်မာသံစဉ်ကို တွေ့ မိရပါတော့တယ်

သံရိုး ခြောက်ပေါက်ဆိုတဲ့ သံစဉ်ပါပဲ။

ပန်းရည်ဘဏ်တိုက်ကို တီးထားတာ ဒီ ခြောက်ပေါက်ပါပဲ၊ ဆရာ ချစ်ဦးညိုကတောင် E Major ဆိုပြီး ရေးထားလေရဲ့ ၊
မြန်မာသံစဉ်တွေကို အနောက်တိုင်း ဝေါဟာရ မေဂျာ မိုင်နာတွေနဲ့ ပြောလိုက်ရင် စာဖတ်တဲ့လူကလဲ ၀ိုးတိုးဝါးတာပဲဆိုရင်တော့ သိပ်ပြသနာမရှိပါ၊ ဒါပေမဲ့ နားလည်တဲ့ နိုင်ငံခြားသားတွေ ဖတ်ရင် လွဲသွားမှာစိုးရိမ်ရလို့ ကျနော် ဆရာကြီးတစ်ပါးကို သူမှားကြောင်း ရေးရတော့မယ်



အနောက်တိုင်း ဝေါဟာရမှာ မေဂျာသံစဉ်များဟာ Chromatic scale မှာ အောက်ပါအတိုင်းရှိရပါတယ်
ဥပမာ C Major

C D E F G A B C

ဒိုရေမီဖါနဲ့ ဆိုရင်
ဒို ရေ မီ ဖါ ဆို လာ တီ ဒို

ဒိုရေမီဖါဆိုလာတီဒို ဟာ ဘယ် မေဂျာကီးပဲ ဖြစ်ဖြစ် အသေပါပဲ၊ ဒို ရေ မီ ဒီ သုံးခုမှာ သံပြည့် (full tone) ရှိပြီး မီနဲ့ ဖါကြား  နောက် တီ နဲ့  ဒို ကြားမှာ သံဝက် (half tone) ပဲရှိပါတယ်

အဲ နားလည်လွယ်အောင် F Major ကို ရေးပြမယ်
ဒို  ရေ  မီ  ဖါ  ဆို  လာ  တီ  ဒို
F  G    A  Bb  C    D    E    F

တွေ့ တဲ့အတိုင်းပဲ ဖါနေရာမှာ ဘီ ဖလက်က ၀င်လာပါတယ်၊ ဒါကြောင့် ငါးပေါက်သံစဉ်ကို ၀မ်းဖလက်လို့ ခေါ်ကြတယ်

ဆရာ ချစ်ဦးညို ပြောတဲ့ E Major ဆိုရင်

ဒို  ရေ  မီ  ဖါ  ဆို  လာ  တီ  ဒို
E  F# G#  A  B    C#  D#  E

ဖိုးရှာပ့် ကီးလို့ ဆိုကြတယ်

မြန်မာ သံစဉ် ခြောက်ပေါက်ဟာ ဒိုရေမီဖါသံစဉ်မှာ မီနဲ့ ကျပါတယ် ကီးကတော့ သံမှန်ကီး Key C Major ဖြစ်ပြီး သံစဉ်ကျတာက သီချင်းတွေဟာ မေဂျာသံစဉ်တွေလို ဒို (C) မှာမကျပါဘူး

ရေးကြည့်ရင်
ခုနှစ်သံချီဟာလဲ အဲဒီလိုပဲ ပြောလိုက်ရင် လေးပေါက် အောက်ပြန် (Key G) ဖြစ်ပြီး အများစုကျတာက မီ ဖြစ်တဲ့ B မှာကျတယ်၊

ခြောက်ပေါက်နဲ့ အောက်ပြန်ဟာ တမျိုးတစားထဲကို ပြောရမယ်၊ ပတ်ပျိုးတွေကို စောင်းနဲ့ တီးရင် အောက်ပြန်နဲ့ တီးတယ်၊
ပတ္တလျားနဲ့ တီးရင် ခြောက်ပေါက်နဲ့ တီးတယ်၊ ရွှေပြည်တော်သည်၊ ယမုန်နာ အစရှိတဲ့ ပတ်ပျိုးတွေပေါ့၊ အဲဒါတွေကို သံရိုး ပတ်ပျိုးတွေလို့ ခေါ်တယ်

အဲဗျာ အရိုးရှိရင် အဆန်းရှိရမယ်၊ သံဆန်းပတ်ပျိုးတွေရှိတယ်

သေသေချာချာ သိတာ ဒီပါအေးမြ၊

သီချင်းထဲမှာကို အောက်ပြန်သံစဉ်တွေပါတယ်၊ စောင်းဆရာဟာ သံရိုးပဲ ညှိတယ်၊ အောက်ပြန်ကွက်တွေ (Key G) ကိုသူ သံရိုးနဲ့
ပဲတီးသွားတော့တယ်၊

စဉ်းစားမိတာကတော့ သီချင်းရေးဆရာဟာ သံစဉ်တွေကို ရှာတဲ့အခါ စောင်းအတွက်ဆိုပြီး ရှာပုံမရပါ၊

ပတ္တလျား သမားအတွက် ဒီပါအေးမြတီးရင် နောက် အသံစုံတဲ့ သာဆန်းရဂုံဘွေ၊ စသည့် ငါးပေါက် ရောက်လိုက် ပုလဲရောက်လိုက်၊ စတုန်းကတော့ အောက်ပြန်နဲ့ စတဲ့ သီချင်းများတီး ပြသနာမ၇ှိ၊

စောင်းဆရာကတော့ ရိုးရိုးပတ်ပျိုးများကို သူ ဘယ်တော့မှ သံရိုးနဲ့ မတီး၊ အောက်ပြန်နဲ့ပဲ တီးပါ၏၊ ကြိုးညှိပုံ ပြောင်းလိုက်၏၊ တျာဆိုသည့် မူတည်သံကို ယခု လေးပေါက်ထားလိုက်၍ တီး၏။

ဒီပါအေးမြလို သံစဉ်တွင် အောက်ပြန်ပါပြီးသား သီချင်းတပုဒ်ထဲတွင် ကီးမျိုးစုံးချိန်းတီးထားသော ပတ်ပျိုးသီချင်းများကြမှသာ သူ သံရိုးညှိ၍တီး၏။

စောင်း၏ တိုးတက်မှုက ယခင်က ကြိုး ခုနှစ်ကြိုးနှင့်သာ တီးရာမှ ကုန်းဘောင်ခေတ်အတွင်းကျမှသာ ၁၃ကြိုး ညှိပြောင်းလဲတိုးတက်လာသည်ဟု ဆရာဆရာမကြီးများ ပြောကြပါ၏။

ကျနော် စောင်းသင်စဉ်က ၁၃ကြိုး အခြေခံနှင့်သာ သင်ခဲ့ပါသည်။

မြန်မာဆိုင်းပညာက စောင်းထက် စောပြီး ဖွံ့ ဖြိုးထားဟန်ပါ၊ ခုနှစ်သံချီ (လေးပေါက် အောက်ပြန်) နတ်ချင်းများနှင့် ခြောက်ပေါက် သံရိုးသီချင်းများက စောင်းထက်စော၍ ဖြစ်တည်ထားရှိမည်ဟာ ယုံကြည်ပါသည်။

မေဂျာကီး၏ မီနေရာတွင် အသံ အဆုံးသတ်သော ဂီတစံနစ် ကျနော်တို့ တွင်သာ ရှိသည်ဟုလည်း ယုံကြည်မိပါ၏

အနောက်နိုင်ငံများနှင့် အခြား အရှေ့ ပိုင်းနိုင်ငံများတွင် မေဂျာကီး၏ လာ နေရာတွင်သာ အသံချထားခြင်းများ တွေ့ ရပါသည်၊ မြန်မာတွင်လည်း ဤကဲ့သို့ သော သီချင်းများ ရှိပါသည်။

ဥပမာ A Time for us (Romeo & Juliet)
ကမ္ဘာကုန် ကျယ်သရွေ့ ဝယ်

မိုင်နာသံစဉ်များဆိုသည်မှာ ဤသီချင်းများက စစ်စစ်ဖြစ်ပါသည်။

မီတွင်ကျသော အနောက်တိုင်းသံစဉ်၊ အရှေ့ တိုင်းသံစဉ်များရှိပါ က အသိပေးကြပါရန်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...