သစ်ထူးလွင် သတင်းစုစည်းမှု (၁၅-၆)
|
- စစ်တွေမြို့နှင့်အနီးတဝိုက်တွင် မိုးသည်းထန်စွာရွာ၍ ဒုက္ခသည်များအခက်ကြုံ
- ရခိုင်ပြည်နယ် ပြဿနာတွေအပေါ် ဦးဝင်းတင်ရဲ့ သဘောထားအမြင်
- မြန်မာ အမျိုးသမီး အမတ်များ ဆွီဒင်ပါလီမန်သို့ သွားရောက်လေ့လာခဲ့
- ဟိုတယ်နှင့်ခရီးသွားစီမံခန့် ခွဲမှု့ ဘာသာရပ်ပို့ချရာတွင် အင်္ဂလန်မှ နံပါတ် (၁)အဆင့် တက္ကသိုလ် University of Surrey မှ ပညာသင်ထောက်ပံကြေးကမ်းလှမ်းပြီ
- ယခုအပါတ်ထုတ် Hot News Weekly Journal
- (MPG) မှ ရခိုင်ပြည်နယ်အတွင်းရှိ ART ကုထုံးဖြင့် ဆေးကုသမှုခံယူနေသူများနှင့်ပတ်
သက်ပြီး သဘောထားကြေညာချက်ထုတ်ပြန် - စစ်တွေမြို့ရှိ ရခိုင်ဒုက္ခသည်စခန်းများတွင် ဝမ်းရောဂါ ဖြစ်ပွားသူတစ်ရာကျော်သို့ရောက်
ရှိ - လွှတ်တော်တွင် လက်ရှိပြဿနာများကို ဆွေးနွေးမည်
- ကျပ်တစ်သောင်းတန် ငွေစက္ကူ စတင်ထုတ်ဝေ
- တရားမ၀င်ကုန်သွယ်နေမှုများ ထိရောက်စွာအရေးယူဆောင်ရွက်မည်
- ဆွစ် မြို့တော်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ Swiss President တွေ့ဆုံ (ရုပ်/သံ)
- အိပ်ရေးပျက်ပင်ပမ်းခေါင်းမူးလို
ု့ ဒေါ်အောင်ဆန်းစုကြည် သတင်းစာရှင်းလင်းပွဲ ရပ်လိုက်ရ (ရုပ်/သံ) - အိုင်အယ်အို ညီလာခံမှာ ပြောကြားသော ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း (ရုပ်/သံ)
- ဒေါ်စု ILO မိန့်ခွန်းပြောပြီး ရခိုင်ပြည်နယ်နှင့် ရိုဟင်ဂျာအရေး ဖြေကြား
- အစိုးရ စွမ်းအင်လုပ်ငန်း ပွင့်လင်းမှုနည်းဟု ဒေါ်စု ဝေဖန်
- မသီတာထွေးအမှု စွပ်စွဲခံရသူများ တမှု ဝန်ခံ၊ နှစ်မှု ငြင်းဆို
- ရခိုင်ပြည်နယ်အခြေအနေ ပြည်နယ်အစိုးရ ရှင်းလင်းပြောကြား
- ပြည်ခိုင်ဖြိုး၊ တောင်ကြီးခရိုင် ရွေးချယ်တင်မြှောက်ပွဲ
- စစ်တွေမြို့ မြို့သူကြီးရပ်ကွက်ကို ဘင်္ဂါလီလူမျိုးများက စက်လှေဖြင့်လာရောက်မီးရှို့သွာ
း - အခြေအနေအေးချမ်းစေပြီး တွေ့ဆုံဆွေးနွေးဖို့ လိုအပ်ဟု နှစ်ဖက် အဖွဲ့အစည်းခေါင်းဆောင်များကို တိုက်တွန်း
- စစ်တွေတွင် နာရေးကိစ္စဆောင်ရွက်ရန် အခက်အခဲဖြစ်နေ
- မြန်မာ့ လူ့အဖွဲ့အစည်း တိုးတက်ရေး ကူညီဖို့ ဒေါ်အောင်ဆန်းစုကြည် ILO ညီလာခံမှာ ပန်ကြား
- ILO ညီလာခံ ဒေါ်စု မိန့်ခွန်း
- လာဘ်စားမှုကင်းတဲ့ နယ်စပ် လုံခြုံရေး လိုအပ်
- ILO အရေးယူမှု ရပ်ဆိုင်းခြင်း ဒေါ်စု ကြိုဆို
Posted: 15 Jun 2012 04:54 AM PDT
ရန်နိုင်(မြစ်မခ)
ဇွန်(၁၅)ရက်၊၂၀၁၂ခုနှစ်။ ရခိုင်ပြည်နယ်စစ်တွေမြို့နှင့် “မိုးဆက်တိုက်ရွာနေတာ နှစ်ရက်ရှိပြီ။ မိုးတင်မဟုတ်ဘူး လေပါလာတော့ဒုက္ခသည်စခန်းတွေက လုံခြုံမှုမရှိကြတော့ လူတွေကို မိုးစိုကုန်တယ်။ ပြီးတော့အစားအသောက်အတွက်လည်း မလုံလောက်တော့ ဒုက္ခရောက်နေကြတယ်”ဟု ရခိုင်ပြည်နယ် စစ်တွေဒေသခံတစ်ဦးက ပြောသည်။ သက်ဆိုင်ရာမှ ဒုက္ခသည်များထားရှိရာ ကယ်ဆယ်ရေးစခန်းများသို့စားနပ်ရိ မိုးသည်းထန်စွာရွာသွန်းမှုကြောင် ထို့အပြင် စစ်တွေမြို့ရှိ အချို့သောဒုက္ခသည်စခန်းများသို့ အစားအသောက်နှင့်ထောက်ပံ့ပစ္စည်း “ဘုန်းကြီးတွေကပဲ ကျွေးနေကြတာ၊ ဒုက္ခသည်တွေကများတော့ နေရာထိုင်ခင်းကမလောက်ဘူးလေ။ မိုးရွာတော့ အမိုးအကာ အပြင်ဘက်ရောက်နေတဲ့ ဒုက္ခသည်တွေအကုန်မိုးရေတွေစိုပြီ တစ်ပတ်ကျော်ကြာသည်အထိ ရခိုင်ပြည်နယ်အတွင်းဖြစ်ပေါ်ခဲ့ေ နိုင်ငံတော်အစိုးရနှင့် အခြား အဖွဲ့အစည်းများ အလှုရှင်များမှ ဒုက္ခသည်စခန်းများ ဖွင့်လှစ်ထားရာနေရာများသို့ အစားအသောက်နှင့် အခြားထောက်ပံ့မှုများ သွားရောက် ပြုလုပ်လျက်ရှိကြကြောင်း သိရသည်။ ထို့ပြင် စစ်တွေမြို့နှင့် အနည်းငယ်အလှမ်းဝေးသောဂွိုင်လာသဲ အောင်မင်္ဂလာကျေးရွာနှင့် သက်ကယ်ပြင်ကျေးရွာတို့တွင် မွတ်စလင် ဒုက္ခသည်များရောက်ရှိနေကြောင်းနှ “အခုချိန်အထိ ဘာအကူအညီ အထောက်အပံ့မှ မရသေးပါဘူးဗျာ။ကျွန်တော်တို့ဆီ ရခိုင်ပြည်နယ်အစိုးရ၏ ထုတ်ပြန်ချက်မျာအရ ဇွန်လ (၈) ရက်နေ့မှ (၁၃)ရက်နေ့အထိရခိုင်လူမျိုးတို့ ၏နေအိမ် (၁၁၉၂)လုံး နှင့် မွတ်စလင် တို့၏အိမ်(၁၃၃၆)လုံး စုစုပေါင်း (၂၅၂၈) လုံး၊ ဗလီ (၇ ) လုံး၊ ဘုန်းကြီးကျောင်း (၉)ကျောင်း၊ စာသင်ကျောင်း (၁) ကျောင်းတို့ အား မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်းသိ by Shwe Myitmakha Media Group | ||
Posted: 15 Jun 2012 03:00 AM PDT
Burma VJ Media Network အစိုးရအနေနဲ့ ရပ်တည်ဖို့ဆိုတာဟာ ဒီပြဿနာတွေဟာ အခုမှဖြစ်တာမဟုတ်ဘဲ ဟိုးအရင် နှစ်ပေါင်း ၆၀ လောက်ကတည်းက ဒီမိုကရေစီအစိုးရလက်ထက်တုန်းကလဲ ရှိခဲ့တာသလို ဦးနေဝင်းလက်ထက်တုန်းကလဲရှိခဲ့တာ Burma VJ Media Network | ||
Posted: 15 Jun 2012 02:50 AM PDT
နေမျိုး | သောကြာနေ့၊ ဇွန်လ ၁၅ ရက်
နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာ့နိုင်ငံရေးတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍ မြှင့်တင်ရန် ရည်ရွှယ်၍ မြန်မာ အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ် ၁၄ ဦး ဆွီဒင်နိုင်ငံ ပါလီမန်သို့ သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။ဇွန်လ ၆ ရက်နေ့မှ ၁၄ ရက်နေ့ထိ ၉ ရက်ကြာ လေ့လာရေးခရီးစဉ်ကို ဆွီဒင်နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ဆွီဒင် နိုင်ငံတကာဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ SIDA မှ စီစဉ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ လေ့လာရေး ခရီးစဉ်တွင် ဆွီဒင်၏ နိုင်ငံရေးစနစ်နှင့် ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်းများနှင့် စနစ်များ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်ပြင်ဆင်ခြင်းဆိုင်ရာ ဖြစ်စဉ်များနှင့် နိုင်ငံရေးပါတီများ၏ အခန်း ကဏ္ဍများအပြင် ဒီမိုကရေစီရေးရာနှင့် ကျား/မ ဖြစ်မှု Gender ကိစ္စရပ်များ လေ့လာခဲ့ကြကြောင်း သိရသည်။
မြန်မာ့နိုင်ငံရေးတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍ မြှင့်တင်ရန် ရည်ရွှယ်၍ မြန်မာ အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ် ၁၄ ဦး ဆွီဒင်နိုင်ငံ ပါလီမန်သို့ သွားရောက် (Photo: SIDA)
ဆွီဒင် ပါလီမန်တွင် အာဏာရအစိုးရသည် အတိုက်အခံ အမျိုးသမီး အမတ်များနှင့် အမျိုးသမီးထုအပေါ်တွင် အလေးထား ပူးပေါင်းဆောင်ရွှက်မှု ရှိကြောင်း သိရသည်။ ယင်းအချက်သည် မြန်မာ့နိုင်ငံရေးတွင် အမျိုးသမီးများ တက်ကြွစွာ ပါဝင်လာနိုင်ရေးအတွက် နမူနာကောင်း ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ် တဦးလည်းဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုအမျိုးသမီး အဖွဲ့ ခေါင်းဆောင် ဒေါက်တာ ဒေါ်မေဝင်းမြင့် က ရှင်းပြသည်။ “ပါတီတခုကနေ တင်လိုက်တဲ့အထဲမှာ အမျိုးသမီးကိစ္စတွေ မပါဘူးဆိုရင် ဆွေးနွေးကြတဲ့အခါမှာ အမျိုးသမီး တွေက ဘယ်အချက်မှာ ဘာတွေ ကွဲလွဲနေတယ်၊ ဘာတွေ လိုနေတယ်ဆိုတာ ချက်ချင်းထပြီး ဆွေးနွေးတယ်။ အာဏာရ အဖွဲ့ကလည်း ကြည်ကြည်ဖြူဖြူနဲ့ သူတို့ဟာကို လက်ခံပြီးဆွေးနွေးတာ တွေ့ရတယ်” ဟု မဇ္ဈိမကို ပြောသည်။ လူဦးရေ ၉ သန်း ၃ သိန်းကျော်သာ ရှိသည့် ဆွီဒင်နိုင်ငံတွင် အမျိုးသမီးလွှတ်တော်အမတ် ၄၅ ရာခိုင်နှုန်း ခန့်ရှိပြီး အစိုးရအဖွဲ့တွင် အမျိုးသမီး၊ အမျိုးသား ပါဝင်မှု မျှတကြောင်း သိရသည်။ “ဖွဲ့စည်းထားတာလည်း အမျိုးသမီး များတဲ့အတွက် ဒီလွှတ်တော်ခန်းမမှာရှေ့မှာ ထိုင်နေတာက အမျိုးသမီး ၁ဝ ယောက်လောက် တွေ့ရတယ်။ လွှတ်တော်ခန်းမမှာ တာဝန်ယူထားတဲ့ ပုဂ္ဂိုလ်တွေထဲမှာ အမျိုးသမီးတဝက် ပါတာကို တွေ့ရတယ်။ ယောက်ျား/မိန်းမ မျှတတာကို တွေ့ရတယ်” ဟု ဒေါက်တာဒေါ်မေဝင်းမြင့် က ဆိုသည်။ ပြည်သူများ လွတ်လပ်ခွင့်ရှိပြီး အသက်ငယ်ရွယ်သူများ နိုင်ငံရေးတွင် စိတ်ပါဝင်စား လာစေရေးအတွက် ပါလီမန်တွင် လူငယ်များ လေ့လာနိုင်ပုံကို ဒေါ်မေဝင်းမြင့်က ဆက်ပြောပြသည်။ “ဒီပါလီမန်ထဲကို အန်တီတို့နဲ့အတူ သူတို့ဆီက ကျောင်းသားလေးတွေက လေ့လာလို့ ရတယ်။ Transparency ရှိတယ်ပေါ့။ အဲဒါလေးက အန်မတန်မှ စိတ်ဝင်စားဖို့ ကောင်းတာ။ ပြည်သူတွေကို လွတ်လွတ်လပ်လပ် လေ့လာခွင့် ပေးထားတယ်။ သူတို့ဆီက လူငယ်တွေကို အသက်ငယ်ငယ်ကတည်းက စပြီးတော့ ဒီနိုင်ငံရေးမှာ၊ ပြည်သူ့အရေးမှာ ပိုပြီး စိတ်ဝင်စားအောင် train လုပ်ထားတာကို တွေ့ရတယ်” ဟု ဆိုသည်။ ဆွီဒင်ပါလီမန် အဆောက်အဦးရှေ့တွင် ပြည်သူများ လွတ်လပ်စွာ သွားလာနိုင်ပြီး နေပြည်တော် လွှတ်တော် နှင့် ကွာခြားပုံကိုလည်း “အထူးသဖြင့် အန်တီတို့ ကျမ်းကျိန်တဲ့ နေ့တုန်းက နေပြည်တော်မှာရှိတဲ့ အန်တီတို့ အဖွဲ့ဝင်တွေက အန်တီတို့ကိုလာပြီး ကြိုဆိုနှုတ်ဆက်နေတာ၊ သူတို့က ဟိုးအဝေးကနေပဲ အန်တီတို့ကို လက်ပြရတာ။ နေပြည်တော်က ပါလီမန်ကို တခြားအပြင်လူတွေက သိပ်ပြီးကပ်လို့မရဘူး” ဟု နှိုင်းယှဉ် ပြောဆိုသွားသည်။ အဆိုပါ လေ့လာရေးခရီးစဉ်တွင် NLD မှ ငါးဦး၊ ချင်းအမျိုးသားပါတီမှ တဦး၊ ကြံ့ခိုင်ရေးပါတီမှ ငါးဦး၊ အမျိုးသားဒီမိုကရေစီအင်အားစုမှ နှစ်ဦး၊ ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီမှ တဦး ပါဝင်ကြောင်း သိရသည်။ | ||
Posted: 15 Jun 2012 02:41 AM PDT
http://crowneducation.nazuka.
Hospitality and Tourism degrees အဆင့်တွင် UK ၏ နံပါတ် (၁) သတ်မှတ်ခံရသော University of Surrey မှ ပညာသင်ထောက်ပံ့ကြေးအဖြစ် ပေါင် ၂၅၀၀ ပေးအပ်သွားမည်ဖြစ်ကြောင်း၊ အဆိုပါ ပညာသင်ထောက်ပံ့ကြေးမှာ University of Surrey ၏ Foundation နှင့် ညီမျှသော International Study Center တွင်တက်ရောက်မည့် ကျောင်းသူကျောင်းသားများကို ပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည် University of Surrey တွင် Business, Economics, Law and Politics International Foundation Year ၊ Engineering, Science and Mathematics International Foundation Year နှင့် Economics Pre-Masters ဘာသာရပ်များကိုလေ့လာသင်ယူနို (၁၀)တန်းအောင်မြင်ပြီးသူများ International Foundation Year မှစတင်တက်ရောက်နိုင်ပြီး၊ Terms (၃)ခု လေ့လာသင်ယူရ မည်ဖြစ်ကာ၊ Study Skills, Academic subjects, Project Study, English Language Training အပါအ၀င် သက်ဆိုင်ရာအထူးပြုဘာသာရပ်များကိ မြန်မာနိုင်ငံမှ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးေ Foundation Year ပြီးမြောက်ပါက တက်ရောက်နိုင်သော Degree များ - • BSc Accounting and Financial Management • BSc Applied Psychology and Sociology • BSc Business and Retail Management • BSc Business Economics • BSc Business Economics with Finance • BSc Business Management • BSc Business Management and English for International Communications • Bsc Criminology and Sociology • BSc Economics • BA Film Studies with Creative Writing • BA Film Studies • BSc International Hospitality & Tourism Management • BSc International Hospitality Management • BA International Politics • BA International Politics and Englishfor International Communication • LLB Law • LLB Law with Criminology • LLB Law with International Studies • BSc Media Studies • BA Politics with Policy Studies • BSc Psychology • BSc Sociology • BSc Sociology Culture and Media • BA Theatre Studies • BSc Tourism Management • BEng or MEng Aerospace Engineering • BEng or MEng Audio Media Engineering • BSc Biochemistry (Medical) • BSc Biochemistry (Neuroscience) • BSc Biochemistry (Pharmacology) • BSc Biochemistry (Toxicology) • BSc Biochemistry • BSc Biotechnology • BEng or MEng Chemical and Bio-Systems Engineering • BEng or MEng Chemical Engineering • BSc or MChem Chemistry • MChem Chemistry with Forensic Investigation • BEng or MEng Civil Engineering • BSc Computer Science • BSc Computer Science & Engineering • BSc Computing & Information Technology • BEng Digital Media Engineering • MEng Digital Media Engineering • BEng Electronic Engineering • MEng Electronic Engineering • BEng Electronics & Computer Engineering • MEng Electronics & Computer Engineering • MEng Electronics with Satellite Engineering • BSc Financial Mathematics • BSc Food Science and Microbiology • BSc Mathematics • MMath Mathematics • BSc Mathematics and Computing Science • BSc Mathematics with Business Studies • BSc Mathematics with Management • BSc Mathematics with Statistics • BEng Mechanical Engineering • MEng Mechanical Engineering • BEng or MEng Medical Engineering • MChem Medicinal Chemistry • BSc Microbial Genetics • BSc Microbiology (Medical) • BSc Microbiology • BSc Nutrition and Food Science • MPhys or BSc Physics • MPhys or BSc Physics with Finance • BSc Physics with Nuclear Astrophysics • MPhys Physics with Nuclear Astrophysics • MPhys or BSc Physics with Satellite Technology • MEng or BSc Space Technology & Planetary Exploration • Telecommunications Systems နိုင်ငံတကာအသိအမှတ်ပြု ဒီပလိုမာများဖြစ်သည့် IDCS (သို့မဟုတ်) အခြားဒီပလိုမာများ ရရှိထား သူများအနေဖြင့် Foundation Year ကို တက်ရောက်ရန် မလိုဘဲ တက္ကသိုလ်ပထမနှစ်ကို Direct entry လျှောက်ထားနိုင်ပါသည်။ ISC တွင် တက်ရောက်ရမည့် Pre-Masters in Economics ပရိုဂရမ်အောင်မြင်ပြီးပါက Master Degree ပရိုဂရမ်များဖြစ်သည့် MSc Economics၊ MSc Energy Economics and Policy၊ MSc International Economics၊ Finance and Development နှင့် MSc Business Economics and Finance တို့ကို University of Surrey တွင် ဆက်လက်တက်ရောက်နိုင်ပါသည်။ Foundation Year ၀င်ခွင့်ဆိုင်ရာ လိုအပ်ချက်များအနေဖြင့် မြန်မာနိုင်ငံမှ (၁၀)တန်းအောင်မြင်ပြီး၊ သို့မဟုတ် GCE ‘O’ အဆင့် ပြီးဆုံးထားသူများနှင့် IELTS 5 (သို့မဟုတ်) TOEFL 510 ရရှိထားသူများ လျှောက်ထားနိုင်ပါသည်။ Pre-Masters Program များအတွက် ဒီဂရီတစ်ခုနှင့် IELTS 6.0 ရရှိထားသူများ လျှောက်ထားနိုင်ပါသည်၊၊ http://www.surrey.ac.uk သည် University of Surrey ၏ တရားဝင်လွှင်ပတင်ထားသည့် ၀က်ဘ်ဆိုက်ဖြစ်သည်။ ၄င်း ၀က်ဘ်ဆိုက်တွင် University of Surrey အကြောင်း၊ University of Surrey တွင် တက်ရောက်သင်ကြားနိုင်သည့်ဘာသာ | ||
Posted: 15 Jun 2012 02:36 AM PDT
| ||
Posted: 15 Jun 2012 02:22 AM PDT
Myanmar Positive Group (National PLHIV Network) အခြေစိုက်ရုံးမှ ရခိုင်ပြည်နယ်အတွင်းရှိ ART ကုထုံးဖြင့် ဆေးကုသမှုခံယူနေသူများနှင့်ပတ်
ဇွန် ၁၅၊ ရန်ကုန်၊ သန်းထွန်း(MPG) ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသော မတည်ငြိမ်မှုများကြောင့် MSF(Holland) (နယ်စည်းမထား ဆရာဝန်များအဖွဲ့- ဟော်လန်)မှ ၄င်းဒေသတွင်း ဖွင့်လှစ်ထားသည့် သဇင်ဆေးခန်းများအား ယာယီပိတ်သိမ်းထားကြောင်း ကြေညာချက်ထုတ်ပြန် ခဲ့ခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ HIV ပိုးဖြင့် အသက်ရှင်နေထိုင်သူများကွန်ရက်ြ မူရင်း ထုတ်ပြန်ချက်ပူးတွဲ MPG Emergency Statement for Rakhine_June_2012 ရခိုင်ပြည်နယ်အတွင်းရှိ ARV ဆေးဝါးဖြင့် ကုသမှုခံယူနေသူများအတွက် ဆေးဝါးပြတ်လပ်မှု မရှိစေရေး အတွက် စစ်တွေမြို့ရှိ Utopia (Phoenix- Sittwe) အဖွဲ့နှင့် ဆက်သွယ်ဆောင်ရွက်နိုင် ဇွန် ၁၅၊ ရန်ကုန်၊ သန်းထွန်း (MPG) ရခိုင်ပြည်နယ်အတွင်းရှိ ART ကုထုံးဖြင့် ဆေးကုသမှုခံယူနေသော လူနာများအနေဖြင့် ART ဆေးပြတ်လပ်မှုနှင့် ဆေးယဉ်ပါးမှုကြောင့် နောက်ဆက်တွဲပြဿနာများ မဖြစ်ပေါ်စေရေးတို့အတွက် စစ်တွေမြို့ရှိ Utopia (Phoenix-Sittwe) အဖွဲ့ သည် ရန်ကုန်မြို့ရှိ Myanmar Positive Group (National PLHIV Network) (MPG) နှင့် ပူးပေါင်းကာ ဆောင်ရွက်လျက် ရှိပါသည်။ ရခိုင်ပြည်နယ်အတွင်းရှိ ART ကုထုံးဖြင့် ဆေးကုသမှုခံယူနေသူများအနေဖြင့် ဆေးဝါးမပြတ်လပ်စေရေးအတွက် စစ်တွေမြို့ရှိ Utopia (Phoenix- Sittwe) အဖွဲ့မှ အောက်အမည်ပါပုဂ္ဂိုလ်များထံသို့ လာရောက်ဆက်သွယ်နိုင်ပါကြောင်း သိရှိရသည်။ (က) ကိုသန်းထွန်း အဖွဲ့ခေါင်းဆောင်နှင့် MPG ၏ ရခိုင်ဒေသကိုယ်စားလှယ် ၀၉၇၃၀၈၇၀၁၅ (ခ) ကိုဦးဘဆွေ ဘဏ္ဍာရေးမှူး ၀၉၄၅၀၅၃၉၆၄၃ (ဂ) ကိုလှအောင်ကျော် အတွင်းရေးမှူး ၀၉၈၅၀၀၈၃၈(တစ်ဆင့်) (ဃ) ကိုကျော်စိန် အဖွဲ့ဝင် ၀၉၄၂၁၇၁၀၀၇၆ | ||
Posted: 15 Jun 2012 02:04 AM PDT
ရခိုင်ပြည်နယ်တွင် ဒေသတွင်းဆူပူအကြမ်းဖက်မှု၊ မီးရှို့ဖျက်ဆီးမှုများကြောင့် ထွက်ပြေး တိမ်းရှောင်နေရသည့်ရခိုင် ဒုက္ခသည် စခန်းများတွင် ၀မ်းရောဂါ ဖြစ်ပွားသူ ကလေးငယ် တစ်ရာကျော်ခန့် ရှိနေပြီိဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ အထွေထွေအတွင်းရေးမှူး ဦးဦးလှစောက ယနေ့မွန်းလွဲ ၂နာရီခန့်က The Voice Weekly သို့ပြောကြားသည်။ The Voice Weekly | ||
Posted: 15 Jun 2012 01:59 AM PDT
ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စား လှယ်များအနေနှင့် လိုအပ်သော ပြင်ဆင်မှုများကို ပြုလုပ်နိုင်ရန် ဇူလိုင်လ ၂ ရက်ထက် မစော၊ ၃ ရက်နေ့ထက် နောက်မကျဘဲ နေပြည်တော် လွှတ်တော်ရုံးကို ဆက်သွယ်ကြရန်ကိုလည်း အသိ ပေးထားသည်။ ယခုကျင်းပမည့် လွှတ်တော်အစည်းအဝေးမှာ လက်ရှိတိုင်းပြည်၏ ဖြစ်ပေါ် နေသော ကိစ္စများနှင့် ပတ်သက်၍ ဆွေးနွေးမည်ဖြစ်ကြောင်း သိရပါ သည်။ ပြည်သူ့လွှတ်တော် စီးပွား ရေးနှင့် ကုန်သွယ်မှုလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ အတွင်း ရေးမှူး ဦးခင်မောင်ဦးမှ ““ပညာ ရေးနှင့် ပတ်သက်ပြီး တိုးတက် အောင်ပေါ့။ ဒါတွေ စီစဉ်ထား တယ်။ နောက်တစ်ခုက စွမ်းအင်၊ လျှပ်စစ်ကိစ္စတွေပေါ့။ ဒါတွေက လည်း တကယ်အာမခံနိုင်တဲ့ အဆင့်အတန်းရှိမှ။ နောက်တစ်ခု ကလည်း အလုပ်သမားကိစ္စပေါ့။ အားလုံးလည်း ဒါစိတ်ဝင်စားစရာ ဖြစ်တဲ့အတွက် လုပ်ကြပါလိမ့် မယ်။ အဲ့ဒီအချက်တွေကလည်း သိုင်းဝိုင်းပြီး လုပ်ကြရမှာပါပဲ။ ဗဟိုမှာ ပေါင်းပြီးတော့ ကော်မတီ အနေနဲ့ ဆွေးနွေးမှာပါ။ ပါတီမှာ လည်း ဆွေးနွေးမှာပါ။ ပါတီမှာ လည်း ရှိပြီးသားပါ””ဟု ဆိုသည်။ သင်္ကန်းကျွန်းမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်က ““အခုပေါ်ပေါက် နေတဲ့ အခြေအနေတချို့နဲ့ ဆက် စပ်တဲ့ မေးခွန်းတွေ အဆိုတွေ တချို့တော့ ကျွန်တော်လည်း ပေးပို့ထားပါတယ်။ အသေးစိတ် တော့ လွှတ်တော်ဥပဒေအရ ကျွန်တော်အခုချိန်မှာ ဖော်ပြခွင့် မရှိဘူး။ ကျွန်တော်ပြောလို့ရတဲ့ အချက်ကတော့ ကျွန်တော်လည်း လွှတ်တော်အစည်းအဝေးက တစ်ကြိမ်ပြီးတစ်ကြိမ်၊ နောက် လွှတ်တော်ရဲ့ ခိုင်မာမှုပေါ့၊ အား ကောင်းမှုပေါ့။ လွှတ်တော်နိုင်ငံရေး ရဲ့ မြင့်မားလာမှုတွေကတော့ တစ် ကြိမ်ပြီးတစ်ကြိမ် တိုးတက်လာ တယ်။ အားရစရာ ကောင်းတယ် လို့ ကျွန်တော်ပြောပါရစေ””ဟု ဆို ပါသည်။ ယင်းလွှတ်တော်အစည်းအဝေး မှာပဲ ကြားဖြတ်ရွေးကောက်ပွဲမှ ရွေးချယ်တင်မြှောက်ခံခဲ့ရသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မှ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော လွှတ်တော်ကိုယ်စား လှယ်တွေ အားလုံးလည်း လွှတ် တော်အစည်းအဝေးတက်ရောက်ဖို့ ရှိနေတယ်ဟု အန်အယ်လ်ဒီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း က ပြောပါသည်။ ပြီးခဲ့သော လွှတ်တော် အစည်းအဝေးတုန်းက ကျမ်းသစ္စာ ကျိန်ဆိုဖို့ ကျန်နေသေးတဲ့ ကိုယ်စားလှယ်တွေလည်း ကျိန်ဆို ကြမယ်လို့ လှည်းကူးမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စား လှယ် ဦးဖြိုးမင်းသိန်းက ဆိုပါ သည်။ ““၄ ရက်နေ့ လွှတ်တော်က ၂ ရက်နေ့ သတင်းပို့ရမယ်။ ၄ ရက်နေ့ကို လွှတ်တော်တက်ရမယ်ဆို ပြီး ထုတ်ပြန်တယ်လို့ ပြောပါ တယ်။ လွှတ်တော်တက်မှာပါ။ ပထမဆုံးအကြိမ် လွှတ်တော် တက်မှာဖြစ်တယ်။ ကျမ်းသစ္စာ ကျိန်ဆိုဖို့လည်း အခုမှ လုပ်မှာ ဖြစ်ပါတယ်။ ဒီတစ်ကြိမ်မှသာ လွှတ်တော်ရဲ့ အခြေအနေတွေ၊ လွှတ်တော်မှာ ဆောင်ရွက်နေတဲ့ လုပ်ထုံးလုပ်နည်းတွေကို သေသေ ချာချာ လေ့လာပြီးမှ ဘာတွေ တင်ပြမယ်။ ဘာတွေဆောင်ရွက် မယ်ဆိုတာကို ပြင်ဆင်မှာပါ””ဟု ပြောပြခဲ့သည်။ ဥယျာဉ်မှူး-Hot News Weekly | ||
Posted: 15 Jun 2012 01:53 AM PDT
"ဘဏ်တွေမှာတော့ ငွေသွင်းငွေထုတ်က ပုံမှန်ပဲ။ ကျပ်တစ်သောင်းတန်ကလည်း ဒီနေ့စထုတ်တာ လူသိအောင်လို့ ဘဏ်တွေကို နည်းနည်းပါးပါးပဲ ပေးထားတယ်။ ဗဟိုဘဏ်က အများကြီးထုတ်မပေးသေးဘူး"ဟု ကျပ်တစ်သောင်းတန် ငွေစက္ကူ စတင်ထုတ်ဝေမှုနှင့်ပတ်သက်ပြီး အခြေအနေကို CB ဘဏ်မှ မန်နေးဂျင်းဒါရိုက်တာက ပြောသည်။
7Day News Journal | ||
Posted: 15 Jun 2012 01:51 AM PDT
နယ်စပ်ဒေသလမ်းကြောင်း များမှတစ်ဆင့် တရားမ၀င်ကုန် သွယ်နေမှုများကို ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ် ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။
တရားမ၀င်ကုန်သွယ်မှု လျော့နည်းကျဆင်းရေးနှင့် စားသုံးသူအကာအကွယ်ပေးရေး တို့ကို ဆောင်ရွက်သည့်နေရာတွင် အသိပေးခြင်း၊ စည်းရုံးခြင်း၊ ပညာ ပေးခြင်း၊ အရေးယူခြင်းတို့ကို တစ်ဆင့်ပြီးတစ်ဆင့် ထိထိရောက် ရောက်ဆောင်ရွက်မည်ဟု သိရ သည်။ ““တရားဝင်ကုန်သွယ်မှု လမ်း ကြောင်းပေါ် ရောက်ဖို့ဆောင်ရွက် နေကြပေမယ့် လက်တွေ့မှာ တရားမ၀င်ကုန်သွယ်မှုများ ပိုမို များပြားနေတာကို တွေ့နေရပါ တယ်””ဟု အထက်ပါဝန်ကြီးဌာန မှ တာဝန်ရှိသူကပြောသည်။ တရားမ၀င်ကုန်စည်များ ၀င်ရောက်လာမှုသည် စားသုံးသူ များအား အဘက်ဘက်မှ လုံခြုံမှု ရှိအောင် စားသုံးသူအကာအကွယ် ပေးရေးသည် အရေးပါသော စိန်ခေါ်မှု တစ်ရပ်ဖြစ်လာသည်။ ပုဂ္ဂလိကလုပ်ငန်းရှင်များကလည်း ကုန်စည်များ တရားမ၀င် ၀င် ရောက်နေခြင်းကို ပပျောက်အောင် ဆောင်ရွက်သင့်ပြီး စားသုံးသူများ ဘက်သို့ အကာအကွယ်ပေးရေး များ ဆောင်ရွက်သင့်ကြောင်း သိရသည်။ လက်ရှိတွင် မြန်မာနိုင်ငံ၌ စားသုံးသူအကာအကွယ်ပေးရေး လုပ်ငန်းများကို ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။ မေဇင်ကို - Hot News Weekly | ||
Posted: 14 Jun 2012 06:12 PM PDT
DVB News Mirror and Rhythm ဆွစ် မြို့တော်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ Swiss President Eveline Widmer-Schlump တွေ့ဆုံ (ရုပ်/သံ) ရိုက်တာ | ||
Posted: 14 Jun 2012 06:15 PM PDT
DVB News Mirror and Rhythm အိပ်ရေးပျက် ပင်ပမ်းခေါင်းမူးလို့ ဒေါ်အောင်ဆန်းစုကြည်သတင်းစာရှင် | ||
Posted: 14 Jun 2012 06:17 PM PDT
| ||
Posted: 14 Jun 2012 05:40 PM PDT
မဇ္ဈိမသတင်းဌာန ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ် ILO ညီလာခံတွင် ဇွန်လ ၁၄ ရက်နေ့က နာရီဝက်ခန့်ကြာ မိန့်ခွန်းပြောဆိုပြီး သတင်းစာ ရှင်းလင်းပွဲတခု လည်း ပြုလုပ်ခဲ့သည်။
မိန့်ခွန်းတွင် မြန်မာနိုင်ငံမှာ အာဏာရှင်စနစ်မှ အသွင်ပြောင်း အရေခွံလဲလာသည့် နိုင်ငံများနှင့် ဆင်တူကြောင်း
ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ် ILO ညီလာခံတွင် နာရီဝက်ခန့်ကြာ မိန့်ခွန်းပြောဆိုပြီး သတင်းစာ ရှင်းလင်းပွဲတွင် တွေ့ရစဉ် (Photo: ILO)
၁၉၈၈ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လည်အခြေချခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံး ဥရောပခရီးစဉ်ကို ဇွန်လ ၁၃ ရက်နေ့က စတင်ခဲ့ပြီး ဆွတ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ပြုလုပ်သည့် ILO ညီလာခံတွင် တက်ရောက် မိန့်ခွန်းပြောဆိုခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် ရွေးကောက်ခံတပိုင်း အစိုးရ အုပ်ချုပ်မှုအောက်တွင် ရှိနေပြီး တောင်အမေရိက နိုင်ငံများနှင့် အလား သဏ္ဍာန်တူကြောင်း ILO ညီလာခံသို့ တက်ရောက်လာကြသည့် နိုင်ငံတကာ ပရိသတ်ကြီးအား NLD ဥက္ကဋ္ဌက မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုသွားသည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တယောက် ဖြစ်နေသော်လည်း ယခုမိန့်ခွန်းမှာ မြန်မာအစိုးရကိုယ်စား မဟုတ်ကြောင်း ပြောဆိုလိုက်ရာ ညီလာခံခန်းမရှိ ပရိသတ်ကြီးမှာ ရယ်သံများ၊ သြဘာသံများ သောသောညံသွားခဲ့သည်။
နာရီဝက်ခန့်ကြာ မိန့်ခွန်းပြောဆိုပြီးနောက် ခေတ္တနားပြီး သတင်းစာရှင်းလင်းပွဲတခုလည်း NLD ဥက္ကဋ္ဌက ပြုလုပ်ခဲ့သေး သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ် ILO ညီလာခံတွင် မိန့်ခွန်းပြောဆိုနေစဉ် (Photo: ILO)
ထိုသတင်းစာရှင်းလင်းပွဲတွင် လူအများ စိတ်ဝင်တစား ရှိနေကြသည့် မြန်မာနိုင်ငံတွင် လက်ရှိ ဖြစ်ပွားလျက်ရှိသော ရခိုင်ပြည်နယ်တွင်း ပဋိပက္ခများနှင့် ရိုဟင်ဂျာအရေး တို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားသေးသည်။
ရခိုင်အရေးမှာ တရားဥပဒေစိုးမိုးမှု မရှိခြင်းကြောင့် ဖြစ်ကြောင်း၊ ရခိုင်ဒေသ ပဋိပက္ခမှာ မြန်မာပြည်အတွက် အရေးကြီးတဲ့ သင်ခန်းစာဖြစ်ကြောင်း၊ ပြန်လည် ငြိမ်းချမ်းဖို့အတွက် အားလုံး ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း သတင်းထောက်တဦး၏ အမေးကို ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်က ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံကြား နယ်စပ်အရေး ကိစ္စများတွင် နှစ်ဖက်လုံး၏ အားနည်းချက်များရှိခဲ့သည့်အတွက် တရားမဝင် ဝင်ရောက်လာသူများ အချိန်တိုင်းတွင် ရှိခဲ့ကြောင်း၊ နိုင်ငံသား တယောက် ဖြစ်ရန်အတွက် နိုင်ငံသားဖြစ်ခွင့်နှင့် စပ်ဆိုင်သည့်ဥပဒေများ အမှန်တကယ် အသက်ဝင်ဖို့ လိုအပ်ကြောင်း ထည့်သွင်းပြောဆိုသွားသည်။
ရိုဟင်ဂျာများမှာ မြန်မာနိုင်ငံမှ တိုင်းရင်းသားများ မဟုတ်ကြောင်း မြန်မာအစိုးရက ကြေညာထားသည်။
ရခိုင်ပြည်နယ် ပဋိပက္ခများအတွင်း ဇွန်လ ၈ ရက်နေ့မှ ၁၁ နေ့အထိ လူပေါင်း ၂၁ ဦး သေဆုံးခဲ့ပြီး ၂၁ ဦး ဒဏ်ရာရရှိခဲ့ သည်ဟု နိုင်ငံပိုင် သတင်းစာများက ရေးသားသည်။ ယင်းအပြင် လူနေအိမ် ၁၆၆၂ လုံး၊ ဆိုင်ခန်း ခြောက်ခန်း၊ ဆိုင်ကယ် ၁၈ စီး၊ ထော်လာဂျီ သုံးစီး၊ စက်ဘီး ကိုးစီးတို့လည်း ပျက်စီးခဲ့ရသည်ဟု ဆိုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ် ILO ညီလာခံတွင် မိန့်ခွန်းပြောဆိုနေစဉ် (Photo: ILO)
ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်တွင် နော်ဝေနိုင်ငံ၊ အော်စလိုမြို့သို့ ဇွန်လ ၁၅ ရက်နေ့တွင် သွားရောက်ကာ ၁၉၉၁ ခုနှစ်က ရရှိခဲ့သည့် ငြိမ်းချမ်းရေးနိုဘယ်ဆုအား ကိုယ်တိုင်လက်ခံရယူကာ မိန့်ခွန်းပြောကြားမည် ဖြစ်သည်။
ထို့နောက် ဇွန်လ ၁၈ ရက်နေ့တွင် အိုင်ယာလန်နိုင်ငံ၊ ဒဗ္ဗလင်မြို့သို့ သွားရောက်ကာ ကမ္ဘာကျော် U2 တေးဂီတအဖွဲ့၏
ဖျော်ဖြေပွဲသို့ တက်ရောက်ပြီး အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ IA က ချီးမြှင့်ထားပြီး ဖြစ်သည့် Ambassador of Conscience ဆုကို လက်ခံရယူမည်ဖြစ်သည်။ ထိုဆုကို U2 ခေါင်းဆောင် ရော့ခ်အဆိုတော် Bono က ပေးအပ်ရန် စီစဉ်ထားသည်။
ထိုနေ့တွင်ပင် ဗြိတိန်နိုင်ငံသို့ ခရီးဆက်၍ ဇွန်လ ၂၆ ရက်နေ့ထိ နေထိုင်မည် ဖြစ်သည်။ ထိုအတောအတွင်း ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် ၆၇ နှစ်မြောက် မွေးနေ့ကိုလည်း သားနှစ်ယောက်နှင့်အတူ ကျင်းပရန်ရှိပြီး ဇွန် ၂၁ ရက်နေ့တွင် ဗြိတိန် လွှတ်တော်နှစ်ရပ်သို့ မိန့်ခွန်းပြောကြားမည် ဖြစ်သည်။
ထို့ပြင် BBC Reith lectures တွင် “သဘောထားကွဲလွဲမှုနှင့် လွတ်လပ်မှု” ဟူသည့် ခေါင်းစဉ်ဖြင့် ပို့ချရန် စီစဉ်ထားပြီး
ဒေါ်အောင်ဆန်းစုကြည် အလွန်နှစ်သက်သော BBC တေးဂီတ အစီအစဉ်တခု ဖြစ်သည့် A Jolly Good Show ၏ အစီအစဉ်မှူး Hairy Cornflake နှင့်လည်း တွေ့ဆုံနိုင်မည် ဖြစ်သည်။
ယခုခရီးစဉ်၏ နောက်ဆုံးနိုင်ငံဖြစ်သည့် ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် သမ္မတ Francois Hollande ၏ ဧည့်သည်အဖြစ် ဇွန်လ ၂၉ ရက်နေ့ထိ နေထိုင်မည် ဖြစ်သည်။
ဥရောပ ငါးနိုင်ငံ ခရီးစဉ် ပြီးဆုံး၍ မြန်မာနိုင်ငံသို့ ပြန်ရောက်သည့်အခါ ပြည်သူ့လွှတ်တော်နှင့် ပြည်ထောင်စု လွှတ်တော် ပုံမှန်အစည်းအဝေးများသို့ ဇူလိုင်လ ၄ ရက်နေ့တွင် စတင်တက်ရောက်ဆွေးနွေးနိုင်မည် ဖြစ်သည်။
by Mizzima - News in Burmese | ||
Posted: 14 Jun 2012 05:38 PM PDT
|
0 comments:
Post a Comment