Thursday, June 14, 2012

သစ်ထူးလွင် သတင်းစုစည်းမှု (၁၄-၆)


သစ်ထူးလွင်



Posted: 14 Jun 2012 03:55 AM PDT
၁၄ ဇွန် ၂၀၁၂။ ဂျနီဗာ အိုအယ်အို ညီလာခံအတွင်းမှာ ပြုလုပ်တဲ့ ဒေါ်အောင်ဆန်းစုကြည် သီးသန့် သတင်းစာ ၇ှင်းလင်းပွဲ (အသံဖိုင်) DVB TV News


Posted: 14 Jun 2012 03:51 AM PDT

၁၄ ဇွန် ၂၀၁၂။ ဂျနီဗာ အိုင်အယ်အို ညီလာခံမှာ ပြောကြားသော ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း
ဒီဗွီဘီ
DVB TV News

Posted: 14 Jun 2012 03:48 AM PDT
ဓာတ်ပုံ ဂျေမောင်မောင်(အမရပူရ)
မြန်မာ့တပ်မတော်စစ်ကြောင်းတစ်ခုက ဇွန် ၁၂ ရက်ည ၁၁ နာရီခန့်က စစ်တွေမြို့ ကုန်းတန်းရပ်ကွက်နေ ဘင်္ဂါလီများ နထိုင်သည့် အောင်မင်္ဂလာကျေးရွာသွားသောလူအုပ်အယောက်တစ်ရာထဲမှ တုတ်၊ဓား၊ လှံ လက်နှက်များကိုင်ဆောင်ထားသည့် လူ ၂၉ ဦးဖမ်းမိလိုက်ကြောင်းသတင်းရရှိသည်။
လူမျိုးစုံဒေသခံများကိုဖမ်းမိခြင်းဖြစ်ပြီး ၄င်းတို့လက်ထဲတွင်လက်နှက်များနှင့်အတူ ဓာတ်ဆီပုလင်း ၂၅ လုံးဖမ်းမိကြောင်းသတင်းရရှိသည်။ ယနေ့ ဇွန် ၁၄ ရက်တွင် စစ်တွေမြို့တွင်း ဆူပူအုံကြွမှုများမတွေ့ရကြောင်း 7 Day News သတင်းထောက်က သတင်းပေးပို့သည်။

7Day News Journal
Posted: 14 Jun 2012 03:30 AM PDT
လုဆိုင်း (မြစ်ကြီးနား)
by Myit Makha Mediagroup on 14 Jun, 2012

မြစ်ကြီးနားမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်  ဇွန်လ(၁၃)ရက်နေ့မှစ၍ အိမ်ခြေ ၁၀၀ နီးပါးခန့် ရေနစ်မြုပ်လျက်ရှိကြောင်း သိရှိရသည်။

မြစ်ကြီးနားမြို့ရှိ ဧဒင်၊ စံပြ၊ ထွယ်ဆန်၊ မြို့သစ်ကြီးကွက်သစ်နှင့် ဒူကထောင်လယ်ကွက်အိမ်ခြံများတွင် မိုးရေများ အိမ်တစ်ဝက်ကျော် နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။

 “အိမ်ပေါ်က အောက်ဆင်းလိုက်တာနဲ့ရေက ခါးကျော်နေပြီ၊ ထမင်းတောင်မှ ကုန်းပေါ်အပြင်မှာဘဲ ချက်စား နေရတယ်။” ဟု အိမ်ရေနစ်နေသော မိသားစုတစ်ခုက ပြောသည်။

ဇွန်လ(၁၃) ရက်ညအချိန်တွင် မိုးဆက်တိုက်ရွာခြင်းကြောင့် ရေတက်လာခဲ့ခြင်းဖြစ်သည်။

“ရေက ည(၁၀)နာရီလောက်မှာ အိမ်ထဲဝင်လာတယ်၊ တစ်ညလုံးပစ္စည်းတွေ သိမ်းရပြီး မအိပ်ခဲ့ရဘူး။” ဟု ရေနစ်အိမ်ထောင်စုတစ်စုမှ အမျိုးသမီးတစ်ဦးက  ပြောသည်။

လတ်တလောတွင် ရေကျသွားခြင်းမရှိသဖြင့် အိမ်အပြင်သို့ ၀ါးဖောင်များပြုလုပ်ကာ သွားလာနေရကြောင်း ကိုလည်း တွေ့ရှိ ရသည်။   ရေကြီးနေခြင်းကြောင့် အစိုးရမူကြိုကျောင်းမှာ ယနေ့မှ ခေတ္တ ပိတ်ထားလိုက်ကြောင်း သိရသည်။

မြစ်ကြီးနားမိုးရေချိန် ဇွန်လ (၁၃)ရက်နေ့တွင် ၀.၈၀mm(3.15inches)ရှိပြီး ဇွန်လ (၁၄)ရက်နေ့တွင်မူ 245mm (9.64inches) ထိရောက်ရှိသွားကြောင်းကို မြစ်ကြီးနားလေကြောင်းမိုးလေ၀သခန့်မှန်းရေးရုံးက သိရသည်။ ထို့အတူ ၀ိုင်းမော်မြို့တွင် ဇွန်လ (၁၄)ရက် မိုးရေချိန် 13.02inches ထိရှိနိုင်ကြောင်း သိရှိရသည်။
Posted: 14 Jun 2012 03:26 AM PDT
 4-23
PopularNews Journal အား PDF File ဖြင့် Download ရယူ ဖတ်ရှုလိုသူ ပရိတ်သတ်များအတွက်...... ဇွန်လ (၁၄)ရက်နေ့ ထုတ် PopularNews အတွဲ(၄)၊ အမှတ်(၂၃) ကို download ရယူနိုင်ပါပြီ။
http://www.mediafire.com/?6h4e5rkv4qbcqgr


Posted: 14 Jun 2012 02:50 AM PDT
ဒေါ်အောင်ဆန်းစုကြည် အိုင်အယ်အိုညီလာခံ မိန့်ခွန်းပြောကြား တိုက်ရိုက် ထုတ်လွှင့်မှု

http://www.ilo.org/global/meetings-and-events/events/aung-san-suu-kyi/lang--en/index.htm

Posted: 14 Jun 2012 02:37 AM PDT
ဇွန် ၁၄၊ ၂၀၁၂၊ YPI

တပိုင်တနိုင် ရွှေတူးဖေါ်သည့် လုပ်ငန်းများဆက်လက် လုပ်ကိုင်ရန်ခက်ခဲ့သည့် သတ်မှတ်ချက်ကြောင့် ရမည်းသင်းခရိုင် မိုးထိမိုးမိ ရွှေတူးလုပ်သား ထောင်နှင့်ချီ ဆန္ဒပြပြီး ၁၄ရက်အကြာတွင် လုပ်သားများ၏ တောင်းဆိုချက်များ ကို အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီက သဘောတူညီလိုက်ပြီဖြစ်သည်။

မိုးထိမိုးမိ ရွှေလုပ်သားများ၏ တောင်းဆိုချက် ၆ ချက်ကို ရရှိရန် လွန်ခဲ့သည့် ၄ ရက်မှစ၍ ညှိနှိုင်းလာခဲ့ရာ ယမန်နေ့မှစ၍ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီ မှ တာဝန်ရှိသူ ဦးစိုးထွန်းရှိန် ကိုယ်တိုင် ပါဝင်လာသည့်နောက် ယနေ့နေ့လည် ၁၂နာရီခွဲတွင် သဘောတူညီချက်ရရှိခြင်းဖြစ်သည်ဟု အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးသူ ကိုဟန်ဝင်းအောင်က YPI သို့ပြောသည်။

ယခုနောက်ဆုံး သဘောတူညီမှုရသည့် အချိန်၌ ပိတ်ဆို့ထားသည့်နေရာတွင်  ဆန္ဒပြလုပ်သား ၁၇၀၀ ၀န်းကျင် ရှိနေသေးကြောင်းလည်း သိရှိရသည်။

ညှိနှိုင်းရာတွင် မန္တလေးတိုင်း အစိုးရအဖွဲ့ သတ္တုတွင်းဝန်ကြီးလည်းပါဝင်ကာ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီနှင့် တပိုင်တနိုင်ရွှေတူး လုပ်ငန်း ကိုယ်စားလှယ်များ ပါဝင်သည်ဟု ၎င်းကပြောသည်။

“မကြာခင် အချိန်မှာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးကြတော့မယ်” ဟု ၎င်းက ယနေ့မွန်းလွဲ  ၂ နာရီတွင် YPI သို့ပြောသည်။

ရွှေလုပ်သားများ ၎င်းတို့တောင်းဆိုချက်ရရှိရေးအတွက် နေပြည်တော် သမ္မတနေအိမ်ရှေ့ထိ ချီတက်ဆန္ဒပြရန် မိုးထိမိုးမိဒေသမှ လွန်ခဲ့သည့် ရက်ပိုင်းကထွက်ခွာလာရာတွင် ရမည်းသင်းမြို့နင့် ၆မိုင်အကွာ ရွှေမြင်တင်တောင်ခြေ၌ ရာနှင့်ချီသည့် လုံထိန်းတပ်များ၏ တားဆီး ပိတ်ဆို့ထားခြင်းခံခဲ့ရသည်။  ၎င်းနောက်  ညှိနိုင်းမှု လုပ်ဆောင်လျှက်ကာ ၄ ရက်အကြာတွင် သဘောတူညီချက်ရသွားခြင်းလည်း ဖြစ်သည်။
ဆန္ဒပြ မိုးထိမိုးမိ ရွှေလုပ်သားများအား လုံထိန်းတပ်ဖွဲ့များက ရွှေမြင်တင် တောင်ခြေ၌ တားမြစ်ပိတ်ဆို့ထားစဉ် (ုဓါတ်ပုံ Ashin Vicittabhivamsa ဖေ့စ်ဘွတ်)

အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီမှာ အစိုးရနှင့် နီးစပ်သည့် ပုဂ္ဂလိကလုပ်ငန်းရှင်ကြီးများ အစုရှယ်ယာ ထည့်ဝင်ကာ ဖွဲ့စည်းခဲ့သည့် ကုမ္ပဏီဖြစ်၍ တရုတ်မြန်မာနယ်စပ် ရေထွက်ပစ္စည်းရောင်းဝယ်ရာတွင် ၀န်ဆောင်မှုပေးကာ ရောင်းရငွေ၏ ၄% အထိ ပေးဆောင်ရသဖြင့် ရေထွက်ပစ္စည်း တင်ပို့သူမျာက မကျေနပ်သည့် အဖြစ်အပျက်များလည်း လွန်ခဲ့သည့် နှစ်ပိုင်းက ဖြစ်ပျက်ခဲ့ဖူးသည်။

ယခုလပိုင်းအတွင်း ရန်ကုန်မြို့အနီးအနားရှိ စက်မှုဇုန်များတွင် အလုပ်သမား အခွင့်အရေး တောင်းဆိုဆန္ဒပြမှုများ ဆက်တိုက်ဆိုသလို ဖြစ်ပွားလျှက်ရှိသည်။ သီတင်းပတ်နှင့် ချီကာကြာမြင့်သည့် ယင်းဆန္ဒပြမှုများကို အလုပ်သမား ၀န်ကြီးဋ္ဌာန တာဝန်ရှိသူများက ကြားဝင်ညှိနှိုင်းဖြေရှင်းခဲ့သည်ကိုတွေ့ရသည်။ အငြင်းပွားမှု ဖြေရှင်းရာတွင် အခြေခံ လုပ်ခလစာ သတ်မှတ်ချက် မရှိခြင်းက အလုပ်သမား အခွင့်အရေး ထိခိုက်မှု၏ ပင်မအချက်ဖြစ်သည်ဟုလည်း အလုပ်သမားအရေး ဆောင်ရွက်သူများက ဝေဖန်ထောက်ပြကြသည်။

မြန်မာနိုင်ငံသည် အလုပ်သမား အခွင့်အရေး နှင့်သက်ဆိုင်သည့် အသင်းအပင်းဖွဲ့စည်းခွင့်၊ အလုပ်သမား အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေများ ပြဋ္ဌာန်းပြီးဖြစ်ကြောင်း ယခုရက်ပိုင်းက ဂျီနီဗာတွင်ကျင်းပလျှက်ရှိသည့် အိုင်အယ်လ်အိုညီလာခံတွင် အလုပ်သမား ၀န်ကြီးဋ္ဌာန ၀န်ကြီး ဦးအောင်ကြည်က တင်ပြခဲ့သည်။

ယင်းသို့တင်ပြပြီးနောက် ယမန်နေ့က အိုင်အယ်လ်အို ညီလာခံမှ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် တားမြစ်ကန့်သတ်ချက်များကို ရုပ်သိမ်း၊ ပယ်ဖျက်၊ ဆိုင်းငံ့ပေးခဲ့သည်။        ။
by Yangon Press International
Posted: 13 Jun 2012 07:18 PM PDT

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်
ဂျီနီဗာလေဆိပ်ရောက်ပြီ (ရုပ်/သံ) (ရိုက်တာ)
ဂျီနီဗာလေဆိပ်ရောက် ဒေါ်အောင်ဆန်းစုကြည်
Posted: 13 Jun 2012 06:15 PM PDT
ရန်ကုန်၊ ဇွန် ၁၃

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဆူပူအကြမ်းဖက်မှုများမှာ ဒေသအချို့တွင် ပြန်လည်တည်ငြိမ်ပြီ ဖြစ်သော်လည်း ဒေသခံ ရခိုင် တိုင်းရင်းသားများမှာ ၎င်းတို့၏ နေရပ်သို့ ပြန်မသွားရဲဘဲ ရှိနေကြောင်း ဘူးသီးတောင်မြို့နယ်တွင် ကယ်ဆယ်ရေး စခန်း ဖွင့်လှစ်ထားသူများ ထံမှ သိရသည်။

“ဟိုမှာ ဘင်္ဂလီတွေ များတော့ တစ်ယောက်မှ မပြန်ရဲဘူး။ ပြန်သွားရင်လည်း သူတို့မှာ နေစရာအိမ်မှ မရှိတော့တာ” ဟု မောင်တောမြို့ ဗဟိုဘုန်းတော်ကြီးကျောင်းမှ သံဃာတစ်ပါးက မိန့်ကြားသည်။

မောင်တောမြို့၏ လက်ရှိ အခြေအနေမှာ တည်ငြိမ်မှု ရှိသော်လည်း နယ်ကျေးရွာများတွင်မူ စိတ်ချရသည့် အနေအထားသို့ မရောက်ရှိ သေးကြောင်း၊ ဘင်္ဂလီ အကြမ်းဖက်သူများမှာ လျှပ်တပြက်အတွင်း အကြမ်းဖက်မှုများကို ပြုလုပ်ပြီး တစ်ဖက်နိုင်ငံသို့ အလွယ်တကူ ပြန်သွားနိုင်သဖြင့် ဒေသခံ ရခိုင်တိုင်းရင်းသားများမှာ နေရပ်သို့ မပြန်ရဲခြင်း ဖြစ်ကြောင်း ရခိုင်းတိုင်းရင်းသားများ တိုးတက်ရေး ပါတီဝင် မောင်တော ဒေသခံများက ပြောကြားသည်။

“နိုင်ငံတော်ရဲ့ ဝင်ပေါက် အနောက်တံခါးကို ကျွန်တော်တို့ ရခိုင်လူမျိုးတွေက နှစ်ပေါင်းများစွာ အသေခံပြီး ဖြစ်ဖြစ်၊ အငတ်ခံပြီး ဖြစ်ဖြစ် စောင့်ရှောက်ခဲ့တယ်။ ဒါပေမဲ့ အစိုးရ ဝန်ထမ်းတွေက အကျင့်ပျက်ခဲ့တာတွေ ရှိတယ်။ ပိုက်ဆံပေးပြီး လိုချင်တာတွေ ဖန်တီးသွားခဲ့တာတွေ ရှိတယ်။ အောက်ခြေမှာ ဖြစ်ခဲ့တာတွေက ကျွန်တော်တို့ နေခဲ့တဲ့ ခေတ်အဆက်ဆက်ပဲ …။

မဲရဖို့အတွက် လူတွေသွင်းခဲ့တဲ့ အမှားပဲ။ ခေတ်အဆက်ဆက်မှာ မှားခဲ့တာတွေ အများကြီးပဲ။ သတိမရှိခဲ့တဲ့ အခါကျတော့ ဘူးသီးတောင်၊ မောင်တော ကျဆုံးမလို ဖြစ်နေပြီ။

ကျွန်တော်တို့ရဲ့ သဘောထားကတော့ ကျွန်တော်တို့ရဲ့ ပိုက်နက်မြေကို တစ်လက်မမှ အဆုံးရှုံးမခံနိုင်ဘူး။ နှစ်ပေါင်းများစွာ ဘိုးဘေးစဉ်ဆက် အမွေပေးခဲ့တဲ့ ကျွန်တော်တို့ရဲ့မြေ၊ ကျွန်တော်တို့ရဲ့လေ၊ ကျွန်တော်တို့ရဲ့ရေ တစ်လက်မမှ မပေးဘူး။ အဆုံးရှုံးမခံဘူး။ ကျွန်တော်တို့ ကာကွယ်သွားမှာပါ” ဟု ဒေါက်တာ အေးမောင်က ပြည်တွင်း မီဒီယာများသို့ ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီ လူမျိုးများ၏ ဆူပူအကြမ်းဖက်မှုကြောင့် သေဆုံးသူ ဦးရေမှာ ၂၁ ဦးသို့ ရောက်ရှိလာခဲ့ပြီး ဒေသခံ ရခိုင်တိုင်းရင်းသား သုံးသောင်းခန့်မှာ အသက်ဘေး အန္တရာယ်ကြောင့် ဘေးဒုက္ခသည်များအဖြစ် ကယ်ဆယ်ရေး စခန်းများတွင် ရောက်ရှိ ခိုလှုံ နေကြရသည်။

The Voice Weekly
Posted: 13 Jun 2012 03:45 PM PDT

DVB TV News
နေပြည်တော်ဆီကို ချီတက်လာနေတဲ့ ရမည်းသင်းက ဆန္ဒပြ ရွှေလုပ်သားတွေကို လမ်းခုလတ်မှာ ဒေသဆိုင်ရာ အာဏာပိုင်တွေက တားဆီးပြီး သတ္တုတွင်းဝန်ကြီးဌာနနဲ့ အမျိုးသား ကြီးပွားတိုးတက်ရေး ကုမဏီ တာဝန်ရှိသူတွေက ဆွေးနွေး ညှိနှိုင်းနေပါတယ်။

Posted: 13 Jun 2012 03:40 PM PDT
11-14r
ယနေ့ထုတ် 7Day News ဂျာနယ် အတွဲ ၁၁၊ အမှတ် ၁၄ PDF download ရယူနိုင်ပါပြီ။
ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော နောက်ဆုံးရအခြေအနေများနှင့် ရိုဟင်ဂျာဘင်္ဂါလီများဆိုင်ရာ လူမျိုးခြားစိမ့်ဝင်မှု အထူးသတင်းပေးပို့ချက်များကို ထည့်သွင်းဖော်ပြထားပါသည်။

http://www.mediafire.com/?60d1t5nmtirvrl7

Posted: 13 Jun 2012 03:37 PM PDT
 down21
ဇွန်လ ၁၀ -ဇွန်လ ၁၇ ဒီလှိုင်းဂျာနယ် အတွဲ(၆)၊ အမှတ်(၂၁)

Posted: 13 Jun 2012 03:33 PM PDT
 shade-6-21
ယနေ့ ထုတ် SHADE Journal | အတွဲ(၆)၊ အမှတ်(၂၁ )

Posted: 13 Jun 2012 03:18 PM PDT
ဓါတ်ပုံ (Google Images)
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ လှည်းကူးမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းအား ပြည်ခိုင်ဖြိုးပါတီမှ ကန့် ကွက်မှုကို ပလပ်ပေးရန် ဦးတည်လျှောက်ထားမှုအား ဇွန်လ ၁၁ ရက်နေ့တွင် ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ လှည်းကူးမြို့နယ်ကနေ NLD ပါတီက ဦးဖြိုးမင်းသိန်း၊ ပြည်ခိုင်ဖြိုးပါတီက ဒေါက်တာအောင်မြတ်သူနဲ မြန်မာ့လူ့ဘောင်သစ်ပါတီက ဦးဇင်အောင်တို့က ဝင်ပြိုင်ပါတယ်။ ဦးဖြိုးမင်းသိန်းက အနိုင်သွားတော့ ပြည်ခိုင်ဖြိုးပါတီက ဒေါက်တာအောင်မြတ်သူက ရွေးကောက်ပွဲမသမာမှုဆိုပြီး အချက် ၈ ချက်နဲ့ ကန့်ကွက်ထားပါတယ်။ ကော်မရှင်ခုံရုံက အချက် ၃ ချက်ကိုပဲ အတည်ပြုခဲ့ပါတယ်။ လက်ရှိအချိန်တော့ ရုံးချိန်း ၅ ကြိမ်သွားပြီးပါပြီ”ပာု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၂၀၁၂ ဇွန်လ ၄ ရက်နေ့တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းအား ကန့်ကွက်မှုနှင့် ပတ်သက်၍ ငြင်းချက်ထုတ်ရာတွင် ပြည်ခိုင်ဖြိုးပါတီမှ ဒေါက်တာအောင်မြတ်သူ လာရောက်ခဲ့ခြင်း မရှိသည့်အတွက် ယင်းအမှုအား ပလပ်ရန် ဦးတိုက်လျှောက်ထားခဲ့ခြင်းဖြစ်ပြီး လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းမှ တရားစီရင်ရေးလမ်းကြောင်းနှင့် တရားစီရင်ရေးလုပ်ထုံး လုပ်နည်းများအရ လျှောက်ထုံးဖြတ်ထုံးများနှင့်တကွ လျှောက်ထုံးနမူနာသုံးခုဖြင့် ရွေးကောက်ပွဲကော်မရှင်ခုံရုံးတွင် ကိုးကားတင်ပြထားကြောင်း သိရ သည်။

“ပြီးခဲ့တဲ့ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ပါတီက လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်း မဲဆွယ်စည်းရုံးခဲ့ရာမှာ အသုံးပြုခဲ့တဲ့ လက်ကမ်း ကြေငြာနဲ့ ဗွီနိုင်းတွေမှာ ပုံနှိပ်ထုတ်ဝေခွင့်နဲ့ ပုံနှိပ်ထုတ်ဝေသူ အမည်မပါရှိတာ၊ မဲဆန္ဒရှင်တွေနဲ့ ဦးဖြိုးမင်းသိန်း တွေ့ဆုံစည်းရုံးစဉ်မှာ ဘာသာရေး၊ လူမျိုး ရေးနဲ့ မဲဆွယ်စည်းရုံးတာတွေ၊ ရွာတစ်ရွာမှာ တစ်ရွာလုံးကို ထမင်းကျွေးပြီး မဲဆွယ်စည်းရုံးတာတွေကို  ရွေးကောက်ပွဲကော်မရှင်ခုံရုံးက လက်ခံစစ်ဆေး နေတာပါ”ပာု ၎င်းက ဆက် လက်ပြောကြားသည်။

ပြီးခဲ့သည့် ဧပြီ ၁ ရက်နေ့တွင် ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲများတွင် လစ်လပ်မဲဆန္ဒနယ် (၄၅)နေရာအနက် မဲဆန္ဒနယ် (၄၃) နေရာ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ အနိုင်ရရှိခဲ့သည်။

ရန်ကုန်တိုင်းမ်ဂျာနယ်
Posted: 13 Jun 2012 03:13 PM PDT
(12 June 20 ရက်စွဲပါ The Week မှ Edward Loxton ရေးသားသော Is Burma inciting Rakhine conflict discredit Aung San Suu Kyi? ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံအနောက်ဖက် ရခိုင်ပြည်နယ်တွင် ဘာသာရေးနှင့် ဆက်နွယ်သော ပြင်းထန်သည့်ဖြစ်ရပ်များ ဆက်လက်ဖြစ်ပေါ်လျှက်ရှိရာ ပေါ်ပြူလာဖြစ်လွန်းလှသော အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ယုံကြည်မှုနည်းသွားစေရန်နှင့် စစ်တပ်အပေါ်နောက်ခံပြုသော အာဏာဖြစ်တည်မှုကို ဒေါ်အောင်ဆန်းစုကြည်က ခြိမ်းခြောက်လာမှုအား အားနည်းသွားစေရန် အစိုးရ၏ အကွက်ချစီစဉ်မှု၏ တစိတ်တပိုင်း ဖြစ်မည်လောဟု သံသယများလည်းကြီးထွားလာသည်။

“ဒီဖြစ်စဉ်ဟာ ကျွန်တော်တို့ ယုံကြည်ထားသလို သူ့ဘာသာဖြစ်လာတာ မဟုတ်ပါဘူး။ အသေအချာ စီမံထားတယ်ဆိုတာ သိသာနေပါတယ်”ဟု မြန်မာ့အရေးကျွမ်းကျင်သူ စာရေးဆရာ Bertil Lintner ကပြောသည်။ ၎င်း၏ “Great Game East” ဆိုသည့် စာအုပ်မှာ ထွက်ရှိခါနီးပြီဖြစ်၍ အိန္ဒိယအရှေ့ဘက်မှ နိုင်ငံတစ်ခု၏ အာဏာအတွက် ကစားနေမှုများကို ရေးသားထားသည်။

ရခိုင်ပြည်နယ်တွင် မွတ်ဆလင်ရိုဟင်ဂျာများနှင့် ဗုဒ္ဓဘာသာရခိုင်အသိုင်းအဝိုင်းကြားတွင် ဖြစ်လျက်ရှိသော ပဋပက္ခမှာ ရက်သတ္တပတ်တစ်ပတ်ခန့်ရှိပြီဖြစ်ပြီး ယခုအချိန်အထိ တစ်ဒါဇင်ခန့်သေဆုံးခဲ့ပြီး၊ အိမ်ရာနှင့်ချီ၍ မီးလောင်ဆုံးရှုံးခဲ့သည်။

ရခိုင်ပြည်နယ်တွင် ဘာသာရေးနှင့် လူမျိုးရေးအရတင်းမာမှုများမှာ အမြဲတစေ ဖြစ်ပွားလျက်ရှိနေသည်။ ထိုဒေသရှိ ရိုဟင်ဂျာအနည်းစုမှာ အခြေခံရပိုင်ခွင့်အများစု မရကြပေ။ မြန်မာနိုင်ငံသားဖြစ်နေသူ ရိုဟင်ဂျာများပင်အခွင့်အရေး မရကြပေ။ ရိုဟင်ဂျာယောင်္ကျားအများစုသည် ရာနှင့် ထောင်နှင့်ချီ၍ ဘင်္ဂလားဒေ့ရှ်သို့ ကုန်းလမ်းမှလည်းကောင်း၊ လှေများဖြင့် ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံများသို့ ထွက်ပြေးခဲ့ကြသည်။ အိမ်နီးခြင်း ဘင်္ဂလားဒေ့ရှ်တွင်ပင် ၎င်းတို့ကို တရားမဝင် ဝင်ရောက်လာသူများအဖြစ် သတ်မှတ်ထားသည်။

အချိန်အတန်ကြာ ငုပ်လျှိုးနေသောတင်းမာမှုများသည် အဘယ့်ကြောင့် ယခုလိုအချိန်မျိုးတွင် ပေါက်ကွဲထွက်လာရသနည်း ဆိုသည်ကို မြန်မာ့အရေးစောင့်ကြည့်နေသူများက မေးမြန်းလျက်ရှိသည်။ ယခုအချိန်သည် အရပ်သားအစိုးရသစ်အတွက် နိုင်ငံရေးအရ ဖြေလျော့မှုများနှင့် လူ့အခွင့်အရေးကိစ္စများတွင် တိုးတက်မှုအနည်းငယ်အတွက် နိုင်ငံတကာမှ ထောက်ခံမှုများရနေချိန်ဖြစ်သည်။

“အဖြေကရှင်းနေတာပဲ”ဟု Linter  က The Week သို့ပြောသည်။ “အစိုးရက ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပေးမှုအပေါ် စိုးရိမ်မှုတွေ ရှိနေပါတယ်။ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာတွေကြားမှာ မွတ်ဆလင်ဆန့်ကျင်ရေးစိတ်ဓါတ်တွေ ကြီးထွားလာနေတဲ့အချိန်မှာ သူ့အနေနဲ့ ရိုဟင်ဂျာဘက်ကရပ်တည်တဲ့ ကြေညာချက်ထွက်ခဲ့ရင် သူ့ပေါ်ပြူလာဖြစ်မှုကို ထိခိုက်နိုင်ပါတယ်။ တခြားတဖက်မှာလည်း သူ့အနေနဲ့ ဘာမှမပြောဘဲ ငြိမ်နေရင်လည်း သူ့ကိုထောက်ခံတဲ့ လူ့အခွင့်အရေးအုပ်စုတွေက စိတ်ပျက်ကြဦးမယ်”ဟု ၎င်းကပြောသည်။

အမည်မဖော်လိုသူ မြန်မာ့အရေးလေ့လာနေသူတစ်ဦးကလည်း သဘောတူခဲ့သည်။

“ဒေါ်အောင်ဆန်းစုကြည်ဟာ ဆုပ်လဲစူး၊ စားလည်းရူးမယ့် အခြေအနေမှာ ရှိနေပါတယ်။ သူ့ရဲ့သိက္ခာကို အကြီးအကျယ်ထိခိုက်ပြီး ပေါ်ပြူလာ ဖြစ်မှုကို လျော့နည်းစေမယ့် ခက်ခဲတဲ့အခြေအနေကို ရင်ဆိုင်နေရပါတယ်”ဟု ဆိုသည်။

London School of Economics မှ ဖဲလိုးတစ်ဦးဖြစ်သူ မောင်ဇာနည်ကလည်း ယခုပဋိပက္ခမှနေ၍ အစိုးရ အကျိုးအမြတ်ထွက်နိုင်ကြောင်း၊ အစိုးရစစ်တပ်က တိုင်းရင်းသားအုပ်စုတွေအပေါ် စစ်ဆင်ရေးတွေ လုပ်နေတဲ့အပေါ်ကျနေသောအာရုံများကို ရခိုင်ပြည်နယ်သို့ပြောင်း၍ ကျစေသောကြောင့်ဟုဆိုသည်။

ကချင်ပြည်နယ်တွင် တိုက်ပွဲများပြင်းထန်လျက်ရှိရာ Linter သည် မကြာမီက တရုတ်-မြန်မာနယ်စပ်သို့ သွားရောက်ခဲ့ပြီး တရုတ်နိုင်ငံဘက်၌ ကချင်ဒုက္ခသည် သုံးသိန်းခန့်ထိရှိကြောင်း အတည်ပြုခဲ့သည်။

ယခု ရခိုင်ပဋိပက္ခသည် ဒေါ်အောင်ဆန်းစုကြည်အတွက် အရေးပါလာသောအချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်ကြောင်း Linter ကထောက်ပြသည်။ သူသည် ဇွန်လ ၁၅ ရက်နေ့မှစ၍ ဥရောပခရီးစဉ်ကို စတင်ရန်ပြင်ဆင်လျှက်ရှိသည်။

“ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရခိုင်ပြည်နယ်က ပြင်းထန်တဲ့ဖြစ်ရပ်နဲ့ပတ်သက်ပြီး ပြည်သူကို ကြေညာချက်ထုတ်မယ်လို့ မျှော်လင့်ရပါတယ်။ ဒါဟာ သိပ်ကိုခက်ခဲတဲ့ စိန်ခေါ်မှုပါပဲ။ အခန့်မသင့်ရင် သူရဲ့ ဥရောပခရီးစဉ်တောင် ဖျက်သိမ်းနိုင်ပါတယ်”ဟု ၎င်းကပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယခုတစ်ပတ်၌  သူ့အပေါ် ပြင်းထန်စွာထောက်ခံခဲ့သော လူ့အခွင့်အရေးလှုပ်ရှားသူနှစ်ဦးက ရိုဟင်ဂျာဆန့်ကျင်ရေး ကြေညာချက်များထုတ်ခဲ့ရာ စိတ်ထဲတွင် တမျိုးတမည်ခံစားရမည်ဟု ယူဆရသည်။

“ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားအုပ်စုထဲမှာ မပါဝင်ပါဘူး”ဟု ၈၈ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက ပြောခဲ့သည်။

“အခုဖြစ်ရပ်ရဲ့ရင်းမြစ်က နယ်စပ်ကိုဖြတ်ပြီး နိုင်ငံခြားတိုင်းပြည်တွေက လာတာပါ”ဟု ၎င်းက ပြောသည်။

“လူ့အခွင့်အရေး လှုပ်ရှားနေသူတစ်ဦးဟု ယူဆရသူတစ်ဦးဆီက ဒီလိုပြောကြားခဲ့တာ အံ့သြစရာကောင်းပါတယ်။ ဒီပြောဆိုချက်ဟာ အစိုးရက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အောင်မြင်မှုတွေ အဟန့်အတားဖြစ်အောင်လုပ်နိုင်အောင် အတိုက်အခံတွေကို ကိုင်တွယ်ရန် ကြိုးစားနေတယ်လို့ ယုံကြည်နေမှုကို များစွာအထောက်အကူ ဖြစ်စေပါတယ်”ဟု အနောက်နိုင်ငံမှ စောင့်ကြည့်လေ့လာသူတစ်ဦးက ပြောသည်။

by Transparency မှ ဘာသာပြန်ဆိုသည်။
yangon chronicle

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...