Friday, June 8, 2012

ဒီနေ့တက်လာတဲ့ မောင်တောသတင်း၂ပုဒ်

မောင်တောမှာထပ်ပြီး ဖြစ်ကြပြန်ပြီ... အတုံ့အလှည့်တွေရပ်တန့်ဖို့ နေ့စဉ်ရက်ဆက်ကြိုးပမ်းထားတာတွေ ရေစုန်မျောပြီလားမသိဘူး... မောင်တောအဆက်အသွယ်ရတဲ့လူတွေ သတင်းဆက်တင်ပေးကြပါဦးဗျို့... ဤကမ္ဘာပေါ်ရှိ မည်သည့်လူသားမှ ထပ်မံမထိခိုက်စေလိုပါ... ဖြစ်ရပ်တိုင်းကို အစိုးရနှင့်တာဝန်ရှိသူတွေ အကောင်းဆုံးထိန်းချုပ်နိုင်ပါစေဗျာ...  
မောင်တောမြို့တော်ခန်းမ အနီးရှိအိမ်များကို ဘင်္ဂါလီများက လူအုပ်စုဖြင့် မီးရှို့ဖျက်ဆီးနေသဖြင့် ဒေသခံများ ထွက်ပြေးနေရ၊ အခြေအနေကို အလျင်အမြန် ထိန်းသိမ်းနိုင်ရန် လိုအပ်နေPDFPrint
FRIDAY, 08 JUNE 2012 14:39
AddThis Social Bookmark Button
မောင်တော မြို့တော်ခန်းမ အနီးရှိအိမ်များကို ဘင်္ဂါလီများက လူအုပ်စုဖြင့် မီးရှို့ဖျက်ဆီးနေသဖြင့် ဒေသခံများ ထွက်ပြေးနေရကြောင်းနှင့် လက်ရှိ ဆိုးရွားနေသော အခြေအနေကို အလျင်အမြန်ထိန်းသိမ်းနိုင်ရန် လိုအပ်နေကြောင်း ဒေသခံများထံမှ သတင်းရရှိပါသည်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် လူထောင်ချီရှိသော ဘင်္ဂါလီ ရိုဟင်ဂျာများမှ မြို့တော်ခန်းမအနီရှိ အိမ်များကို ယနေ့ မွန်းလွဲပိုင်းမှ စ၍ မီးရှို့ဖျက်ဆီးနေပြီး ဒေသခံ အများစုက မိမိအိမ်နှင့် ဝေးရာသို့ ထွက်ပြေး နေရကြောင်း သိရသည်။ အဆိုပါ မီးရှို့ဖျက်ဆီးခံရသော အိမ်များအနက် မောင်တောမြို့ ရွာသစ်ရပ်ကွက်ရှိ Weekly Eleven News Journal သတင်းထောက်၏ နေအိမ်လည်း ပါဝင်ကြောင်း သိရှိရသည်။ မောင်တောမြို့ လုံခြုံရေးကို ရဲတပ်ဖွဲ့မှ တာဝန်ယူပြီး အင်အား ၂၀၀ ၀န်ကျင်ခန့်သာရှိကြောင်း သိရသည်။ လက်ရှိအခြေအနေမှာ ထိန်သိမ်းရန် ခက်ခဲသော အခြေအနေ ရှိနေကြောင်း ဒေသခံတစ်ဦးမှ ပြောကြားပါသည်။
နောက်ဆက်တွဲ အခြေအနေများကို ဆက်လက်ဖော်ပြသွားပါမည်။

မောင်တောတွင် ဆူပူရန် ကြိုးပမ်းသူများကို လုံထိန်းများက မိုးပေါ် သေနတ်ထောင်ပစ်၍ လူစုခွဲ

မင်းဆက်ခိုင်
ရခိုင်ပြည်နယ်  အနောက်ဘက် နယ်စပ် မောင်တောမြို့တွင် ဆူပူရန် ကြိုးပမ်းသူ လူအုပ်ကြီး တစ်ခုအား လုံထိန်း တပ်ဖွဲ့ဝင်များက သေနတ် ပစ်ဖေါက်ကာ လူစုခွဲလိုက်ရကြောင်း သတင်း ရရှိသည်။
မောင်တောမြို့လယ် တစ်နေရာ ( ဓါတ်ပုံ- နိရဉ္စရာ)
“ ဒီနေ့  သူတို့ ရွှေဇားက ဗလီကြီးမှာ ၀တ်ပြု ဆုတောင်းလို့ အပြန်မှာ  ဆူပူမူ ဖြစ်တာပါ။ နေ့လည် ၁ နာရီခန့်မှာ ဖြစ်တာပါ။ လုံထိန်းတပ်ဖွဲ့က မိုးပေါ်ကို ထောင်ပစ်တော့ လူအုပ်ကြီးက ပြိုကွဲသွားပါတယ်” မောင်တော ဒေသခံက တစ်ဦးက နိရဉ္စရာကို ပြောသည်။
အဆိုပါ လူအုပ်ကြီးသည် ကမ္ဘောဇဘဏ်ကို ခဲများနှင့် ပေါက်ပစ်ခဲ့ကြပြီး ရခိုင် ထမင်းဆိုင် တစ်ချို့ကိုလည်း ဖျက်ဆီးခဲ့ကြသည်ဟု ဆိုသည်။
“ ကျွန်တော်တို့ ရပ်ကွက်ကိုလည်း မူဆလင် လူတစ်ရာခန့် ၀င်လာပြီး ဂဲတွေနဲ့ လာပစ်ပါတယ်။ လုံထိန်းတပ်ဖွဲ့က သုံးလေးချက် မိုးပေါ်ကို ထောင်ပစ်တဲ့ အတွက် လူစုကွဲပြီး ထွက်သွားကြပါတယ်” ဟု အမှတ် (၁) ရပ်ကွက်မှ တခြား ဒေသခံ ရခိုင်တစ်ဦးကလည်း ပြောသည်။
သေနတ်ပစ်ဖေါက်ပြီးနောက် လူစုကွဲသွားသော်လည်း မောင်တောမြို့တွင် အခြေအနေမှာ တည်ငြိမ် မရှိဘဲ ဖြစ်နေပြီး လုံခြုံရေးကို တင်းကျပ်စွာ ချထားကြောင်း သိရသည်။
ဘူးသီးတောင်တွင်လည်း ယနေ့အခြေအနေမှာ ခါတိုင်းနှင့် မတူဘဲ အစ္စလာမ်ဘာသာဝင်များ၏ ဈေးဆိုင်များကို ပိတ်ထားခြင်း၊ သူတို့ ကျောင်းသားများ ကျောင်းမလာခြင်းတို့ကြောင့် ခါတိုင်းနေ့များထက် ထူးခြားမူ အနည်းငယ် ရှိနေကြောင်း သိရသည်။
သို့သော်လည်း လုံခြုံရေးကို ထူထပ်စွာ ချထားသဖြင့် စိုးရိမ်စရာ မရှိကြောင်း ဦးဇင်းသောမက  ပြောသည်။
မူဆလင်ဘာဝင်များ၏ မောင်တော ဆူပူမူမှာ တောင်ကုတ်တွင် ဖြစ်ပေါ်ခဲ့သော လူသတ်မူနှင့် သက်ဆိုင်ကြောင်း ဒေသခံများက ပြောသည်။ မောင်တောရဲစခန်းအား  အခြေအနေကို သိရှိရန် ကြိုးစား ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပါ။
+++++++++++++++++++++++++++++++++++++
-- 
This is JEKYLL & HYDE
if u want my fwd mails u can join this group >> Click here
If u want to visit my blog >> Click here

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...