Wednesday, June 13, 2012

သစ်ထူးလွင် သတင်းစုစည်းမှု (၁၃-၆)


သစ်ထူးလွင်


Posted: 13 Jun 2012 04:54 AM PDT

ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားနေသော ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ကယ်ဆယ်ရေးစခန်းများသို့ ရောက်ရှိနေသော ဒုက္ခသည်များကို စီးပွားရေး လုပ်ငန်းရှင်များနှင့် စာပေအနုပညာရှင်များက ထောက်ပံ့ရေး ပစ္စည်းများ ပေးအပ်နေသည်ကို ဇွန်လ ၁၃ ရက်နေ့က တွေ့မြင်ရစဉ်။
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားနေခြင်းကို ထိန်းသိမ်းနိုင်ရန်ဟုဆိုကာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တပ်မတော်သား များက ရခိုင်တိုင်းရင်းသားများထံတွင် ရှိနေသော လေးခွများနှင့် ဒုတ်များကို ကားများဖြင့် လိုက်လံသိမ်းဆည်းလျက်ရှိကြောင်း ရခိုင်တိုင်းသားများ တိုးတက်ရေး ပါတီဝင်တစ်ဦးက ပြောကြားသည်။

“ဘင်္ဂါလီတွေ သေနတ်နဲ့ပစ်နေတာ။ ဒီလိုသိမ်းလိုက်တော့ ကျွန်တော်တို့မှာ ခုခံစရာ ဘာမှမရှိတော့ဘူး” ဟု ၄င်းဆိုသည်။

လက်ရှိ စစ်တွေမြို့တွင် လုံခြုံရေးများလုံလောက်စွာ ချထားခြင်း မရှိသည့်အပြင် ပြန်လည်ခုခံနိုင်ရန်အတွက် ရှာထားသည့် လေးခွများ ကိုလည်း လုံခြုံရေးတပ်ဖွဲ့ဝင်များက သိမ်းဆည်းနေသောကြောင့် ရခိုင်တိုင်းသားများမှာ ဆူပူအကြမ်းဖက်မှုဖြစ်ပွားပါက ပြန်လည် မခုခံနိုင်မည်ကို စိုးရိမ်နေကြကြောင်း ဒေသခံများက ပြောကြားသည်။

“သူတို့ဆီက ဘာလက်နက်ကိုမှ သိမ်းဆည်းတာမတွေ့ရဘူး။ နဂိုကတည်းက ဆူပူထကြွနေတာ။ ဒီလိုလုပ်လိုက်တော့ ပိုဆိုးကုန်မှာပေါ့” ဟု ဒေသခံရခိုင်အမျိုးသားတစ်ဦးက ဆိုသည်။
The Voice Weekly
Posted: 13 Jun 2012 04:49 AM PDT
ဝင့်သင်ဇာကျော် (မြစ်မခ)
by Myit Makha Mediagroup on 13 Jun, 2012

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် လုံထိန်း/စစ်တပ်ကြပ်မတ်မှုများရှိနေ၍  ပုဒ်မ(၁၄၄)အရ လူ(၅)ဦးစုဝေးခြင်း မပြုလုပ်ရအမိန့် ထုတ်ပြန်ကြေညာခဲ့ကြောင်း ဒေသခံများထံက သိရှိရသည်။

လက်ရှိအချိန်တွင် စစ်တွေ၌ ပဋိပက္ခများ အေးဆေးတည်ငြိမ်လျက်ရှိကြောင်းကိုလည်း သိရှိသည်။“ဒီနေ့ မနက်ဘဲ စစ်တပ်ကနေပြီးတော့ ပုဒ်မ(၁၄၄)ထုတ်ပြန်ကြေညာတယ်၊ လူ(၅)ဦးစုဝေးပြီး အပြင်ထွက် ခွင့်မပြုတာ၊ စစ်တပ်တွေလည်း ရောက်လာတော့ အခြေအနေက အခုတော့ အေးအေးဆေးဆေး ဖြစ်နေ ပါတယ် ” ဟု မင်းဂံရပ်ကွက်ရှိ ရခိုင်တိုင်းရင်းသား ကိုဖြိုးက ပြောသည်။

စစ်တွေမြို့တွင် မြို့ပေါ်ရှိရပ်ကွက်ပေါင်း (၂၀)အနက်မှ ဘင်္ဂလီအများစု နေထိုင်သော ရပ်ကွက်(၄)ခု တွင်လည်း စစ်တပ်များသေနတ် ကိုင်ဆောင်ကာ လုံခြုံရေးအထူးကြပ်မတ်ပေးထားခြင်းကြောင့် နေ့ဘက်တွင် ခိုက်ရန်ဖြစ်ပွားမှု မရှိသော်လည်း ညဘက်တွင် စိုးရိမ် ရကြောင်း သိရှိရသည်။

“ဘင်္ဂလီတွေအများစု နေထိုင်တဲ့ရပ်ကွက်(၄)ခုလည်း အေးအေးဆေးဆေးဖြစ်နေပါပြီ စစ်တပ်ကစောင့်ပေး နေတော့ ဘာမှမဖြစ်တော့ဘူး ဆိုပေမဲ့ စိုးရိမ်နေရတဲ့အခြေအနေတော့ ရှိတာပေါ့နော်၊ ညဘက်မှာ ဘယ်သူကို ဘယ်လိုဆွဲခေါ်သွားမလဲဆိုတာ မသိဘူးလေ၊ ဘင်္ဂလီ လူမျိုးတွေ အများစုနေတဲ့ ရပ်ကွက်တွေက နာဇီရယ်၊ အောင်မင်္ဂလာရပ်ကွက် ၊ စံပြ(ပြည်တော်သာ) နဲ့ မင်းဂံပေါ့ “ ဟု စစ်တွေမြို့နေ ရခိုင်တိုင်းရင်းသား ကိုကျော် ခင်ထူးက ပြောသည်။

ပုဒ်မ ၁၄၄ အရ စစ်တွေမြို့နယ်တွင် ညနေ(၆း၀၀) နာရီမှ နံနက်(၆း၀၀)နာရီအထိ အပြင်မထွက်ရကြောင်း အစ္စလာမ်ဘာသာဝင် တစ်ဦး ထံက သိရှိရသည်။

“မနက် ၈နာရီခွဲလောက်ကတည်းက အပြင်မထွက်ရဆိုပြီး ထုတ်ပြန်ထားတော့ ရေခပ်တာလောက်ပဲ ကျွန်တော် တို့အပြင်ကိုထွက်တယ် အဲ့ကိစ္စကလွဲလို့ ကျွန်တော်တို့ အပြင်မထွက်ဘူး စစ်တပ်တွေကလဲ သေနတ်နဲ့ ကျွန်တော်တို့ကိုချိန်ပြီး စောင့်ကြပ်နေတာမို့ မွတ်ဆလင်တွေ   အကုန်လုံး ရွာထဲမှာပဲနေတယ်  ရွာပြင်ကို ဘယ်သူမှ မထွက်ကြဘူး “ဟု အောင်မင်္ဂလာ ရပ်ကွက်နေ အစ္စလာမ် ဘာသာဝင်တစ်ဦးကပြောသည်။

 ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ရပ်ကွက်များတွင် ရခိုင်တိုင်းရင်းသားများနှင့်ဘင်္ဂလီများ ပဋိပက္ခဖြစ်ပွားမှုမှာ ရက်ကြာပြီဖြစ်သော်လည်း တည်ငြိမ်အေးချမ်းခြင်း မရှိသေးသောကြောင့် ပုဒ်မ(၁၄၄)အား ယနေ့ ထုတ်ပြန် ခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော်အစိုးရအနေဖြင့် ဒေသရပ်ရွာတည်ငြိမ်းအေးချမ်းမှုရရှိစေရေးအတွက် မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်များတွင် အဆိုပါ ပုဒ်မ(၁၄၄)အားထုတ်ပြန်ခဲ့ပြီး ဇွန်လ (၁၀)ရက်နေ့တွင် စစ်တွေမြို့နယ်၊ သံတွဲမြို့နယ်၊ ကျောက်ဖြူမြို့နယ်နှင့် ရမ်းဗြဲမြို့နယ်များ အား ဆက်လက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါဥပဒေမှာ နောက်ထပ်အထက်မှ အမိန့်တစုံတရာ ရရှိခြင်းမရှိသ၍ အတည်ဖြစ်ကြောင်းကိုလည်း သိရှိရသည်။
Posted: 13 Jun 2012 03:04 AM PDT
ဒေါ်အောင်ဆန်းစုကြည် ၁၈ ရက်ကြာ ဥရောပခရီးစဉ် စတင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ သူမရဲ့ ဥရောပ ခရီးစဉ်ကို စတင်လိုက်ပြီ ဖြစ်ပါတယ်။ ဒီကနေ့ ဇွန်လ ၁၃ ရက်နေ့ နံနက် ၉း၄၅ နာရီအချိန်မှာ ထိုင်းအဲယားဝေး (TG) လေယာဉ်ဖြင့် မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ စတင်ထွက်ခွာသွားပြီ ဖြစ်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ကို ဦးစွာ သွားရောက်မှာဖြစ်ပြီး အဲ့ဒီကနေ တဆင့် နော်ဝေနိုင်ငံ အော်စလိုမြို့၊ အိုင်ယာလန်နိုင်ငံ၊ ဗြိတိန်နိုင်ငံ လန်ဒန်မြို့၊ ပြင်သစ်နိုင်ငံတို့ကို ၁၈ ရက်ကြာ သွားရောက်မှာ ဖြစ်ပါတယ်။ ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်၏ ၆၇ နှစ်ပြည့် မွေးနေ့ကို မိသားစုနဲ့အတူ ဗြိတိန်နိုင်ငံမှာ ကျင်းပမှာဖြစ်တယ်လို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါက်တာတင်မာမြင့်၊ ဦးခွန်သာမြင့်၊ ဦးဖြိုးဇေယျာသော်နဲ့ ဦးနေခြည်ဝင်းတို့ လိုက်ပါသွားတယ်လို့ သတင်းရရှိပါသည်။
Burma VJ Media Network
ယနေ့ ရန်ကုန်လေဆိပ်မှာ သတင်းထောက်များနှင့် အတူတွေ့ ရစဉ်

Posted: 13 Jun 2012 02:48 AM PDT
 မေသင်္ကြန်ဟိန် (မြစ်မခ) ဇွန် ၁၃၊ ရန်ုကုန်မြို့။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရဲ့ အခြေအနေ

ဇွန်လ ၁၃၊ ၂၀၁၂

ယနေ့ နံနက် ၈နာရီခွဲ ၀န်းကျင်ခန့်အချိန်မှစပြီး စစ်တွေမြို့တွင်းတွင် လူငါးဦးစသော လူစုလူဝေးဖြင့် အပြင်မထွက်ရဟူသော အမိန့်ကို စစ်တပ်မှ ထုတ်ပြန်ခဲ့ကြောင်း စစ်တွေမြို့ခံ မြစ်မခ သတင်းထောက်ကသတင်းပို့ပေးပါတယ်။

ဒါ့အပြင် စစ်တွေမြို့ပေါ်က မွတ်ဆလင်တွေကို တနေရာတည်းမှာစုထားပြီး လုံထိန်းဝိုင်းထားတယ်၊ စောင့်ကြည့်နေတယ်လို့လည်း မွတ်ဆလင်ဒေသခံတဦးက ပြောပါတယ်။

စစ်တွေမြို့က ဒေသခံမွတ်စလင်တဦးကို ဖုန်းဆက်မေးမြန်းတော့ လက်ရှိအခြေအနေကို သူက ခုလိုပြောဆိုတယ်။

`ဗလီမှာ ရေသွားခပ်ရတယ်၊ ရေမရတာ ၁၀ ရက်ရှိပြီ၊ မီးကတော့ မနေ့ကစဖြတ်တယ်။ ဆန်ကိုတော့ စစ်တပ်နဲ့ ရန်ကုန်က အလှူရှင်တွေက ပေးတယ်၊ လူမှုရေးအသင်းတွေဆီက ရတယ်၊စားဝတ်နေရေးကတော့ အခက်အခဲရှိနေပြီ၊ အိမ်ပြင်ကို တယောက်ချင်းစီပဲ ထွက်လို့ရတော့တယ်၊ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတယ်`ဟု အဆိုပါ မြန်မာ-မွတ်ဆလင်က ပြောပါတယ်။

ယနေ့မှာတော့ နေ့လည် ၁နာရီ ၀န်းကျင်ထိ လက်ရှိအခြေအနေအရ စစ်တွေမြို့တွင်းတွင် ငြိမ်သက်လျက်ရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။


ဇွန်လ ၁၂၊ ၂၀၁၂

မနက် (ဇွန်လ ၁၂) ရက်နေ့ ၁၀ နာရီမှာ စစ်တွေကို ဖုန်းခေါ်ပါတယ်။ ဒေသခံ ရခိုင်တိုင်းရင်းသား ကုန်သည်တယောက်ဆီကို ဖုန်းဝင်သွားခဲ့တယ်။ သူ့အသံက တုန်နေတယ်။ ပြီးတော့  စကားလုံးတွေက မကွဲဘူး။

`ခုပဲ ဓည၀တီရပ်ကွက်က ဘုန်းကြီးကျောင်းကို ဘင်္ဂလီတွေ မီးရှို့နေပြီ၊ သူတို့က လူအင်အားများတော့ ဒီက လူတွေ မနိုင်တော့ဘူး၊ ကျနော်လည်း ` ..ဆိုတဲ့ အသံနဲ့အတူ လူအော်သံတွေကြားပြီးစကားမဆုံးခင်မှာပဲ ဖုန်းလိုင်းပြတ်သွားတယ်။

ဖုန်းပြန်ခေါ်ပေမဲ့ ဖုန်းမကိုင်တော့ဘူး။ ဖုန်းမကိုင်လေ ကျမအနေနဲ့ စိတ်ပူမိလေပါပဲ၊ ရှိသမျှ စစ်တွေ ဖုန်းတွေကို တလုံးပြီး တလုံးခေါ်နေမိတယ်။ ခဏကြာတော့ စစ်တွေမြို့မှာ နေထိုင်တဲ့ ဗမာရှေ့နေတဦးဆီကို ဖုန်းဝင်သွားတယ်။

`ဒီမှာက လုံထိန်းရဲကလည်း ခြောက်လှန့်တဲ့ သဘောပဲ ပစ်နေတယ်။ ခုချိန်ထိတော့ တပ်ကလုံးဝ မပစ်ဘူး ။ မီးရှို့တာကတော့ နှစ်ဖက်စလုံးက ရှို့နေကြတာပဲ။ လုံထိန်းတွေက ၀င်ရှို့တာမျိုးလည်း မရှိပါဘူး။ ရိုဟင်ဂျာတွေကတော့ ရခိုင်တွေထက် လူအင်အားပိုများတယ်၊ သူတို့က အုပ်စုအင်အားတောင့်တယ်၊ လုံထိန်းတွေကိုတော့ ကြောက်ပုံမရဘူး`` လို့ ပြောတယ်။

နာရီဝက်လောက် ကြာတော့ မြစ်မခ ရခိုင်ပြည်နယ်သတင်းထောက်က စစ်တွေကနေ ဖုန်းဆက်လာခဲ့တယ်။သူ့အသံကလည်းေ လာလော လောလောနဲ့ပါပဲ။

`နာဇီရပ်ကွက်ကို ဘင်္ဂလီတွေ ၀ိုင်းထားတယ် အမ၊ သူတို့ဘက်က လူ ၁ သောင်းလောက်ရှိတယ်၊ ဒါးတွေ ဒုတ်တွေရော သေနပ်တွေလည်း ပါတယ်။  ဒီမှာရခိုင်နဲ့ ရဲ ၂ ထောင်လောက်က ခုခံနေရတယ်၊ ကျနော်လည်း ပြေးနေရတယ်၊ ခုပဲ ရခိုင်တယောက်အသတ်ခံရတယ်လို့ ကြားတယ်။ လူလတ်ပိုင်းပဲ…ကျနော် ဆက်ပို့ပေးပါမယ်`

အဲလို ပဲ ပြောပြီး ဖုန်းချသွားပြန်တယ်။ စစ်တွေမှာ ဇွန်လ ၁၀ ရက်နေ့ နေ့ခင်းပိုင်းကတည်းက အင်တာနက် မရတော့ဘူး၊ စစ်တွေမှာနေထိုင်တဲ့မြစ်မခသတင်းထောက်က ဖုန်းနဲ့ပဲ သတင်းပို့ပေးနေတယ်။

ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေတဲ့  အကြမ်းဖက်မှုတွေကြောင့် ရခိုင်ပြည်နယ်အတွင်းက မြို့နယ်(၄)မြို့နယ်မှာ ဒုက္ခသည်ပေါင်း တစ်သောင်းကျော်ရှိပြီး စားဝတ်နေရေးအခက်အခဲဖြစ်ပေါ်နေကြောင်းဒဏ်ရာရရှိသူများ အတွက် အရေးပေါ်ဆေးဝါး အကူအညီလိုအပ်နေတယ်လို့လည်း သတင်းထောက်က လှမ်းပြီးသတင်းပို့ပေးတယ်။

 “အကူအညီကတော့ လိုအပ်နေတာပဲ ဘာလို့လဲဆိုတော့ နေရာတော်တော်များများမှာ ဒုက္ခသည်တွေ အများကြီးပဲ၊ တစ်သောင်းကျော် လာက်တော့ရှိတယ် ကျွန်တော်တို့ သွားကူညီပေးတာတဲ့ နေရာပေါင်း (၂၇)ခုလောက်ရှိတယ် လာပြီးကူညီပေးနေတာလည်း ရှိတယ်၊ မလုံလောက်ဘူးပေါ့ ဆေးဝါးလည်းလိုတယ် ထိခိုက် ဒဏ်ရာရတဲ့လူတွေလည်း ရှိနေတယ် “ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ ဗဟိုကော်မတီ အဖွဲ့ဝင်တစ်ဦးက လက်ရှိအခြေအနေကို ပြောပါတယ်။

လက်ရှိ အခြေအနေအရ ဒဏ်ရာရရှိသူ ရခိုင်တိုင်းရင်းသားများရှိသလို၊ ဘင်္ဂါလီများမှာလည်း ရှိကြောင်း သိရပါတယ်။ ရခိုင်တိုင်းရင်းသားတွေကို မေးမြန်းရင် ရခိုင်ဘက်က ထိခိုက်ဒဏ်ရာရသူ ပိုများကြောင်း ဖြေသလို၊ ဘင်္ဂါလီဘက်ကလည်း သူတို့ဘက်က ထိခိုက်ဒဏ်ရာရသူ ပိုများတယ်လို့ ဖြေတာပါပဲ။

နှစ်ဘက်စလုံး အပြန်အလှန်ဖြစ်နေကြတဲ့အတွက် ထိခိုက်ဦးရေနဲ့ သေဆုံးဦးရေကိုလည်း အတည်ပြုလို့မရသေးပါဘူး။
ဒုက္ခသည်အရေအတွက်ကိုတော့ ရခိုင်တိုးတက်ရေးပါတီက ခုလို အတည်ပြုပေးပါတယ်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်မြေဗောဓိဓမ္မရိပ်သာတွင် ရခိုင်တိုင်းရင်းသား ဒုက္ခသည်ဦးရေမှာ (၅၅၇)ဦး ၊အလိုတော်ပြည့်   ပရဟိကျောင်း(၂၄၇ )ဦး၊ ဗဟိုကျောင်းတွင်(၇၀)ဦး နှင့် (၄)မိုင်ရဲတပ်ရင်း(၂) တွင် (၃၀၀၀)ဦးရေ ၊ စုစုပေါင်း မောင်တောမြို့နယ်တွင် ဒုက္ခသည်ဦးရေ (၇၀၀၀) ဝန်းကျင်ရှိပြီး ၊ စစ်တွေမြို့နယ်ရှိ ဘုန်းကြီးကျောင်းနှင့် ပညာသင်ကျောင်းများတွင် ၄၉၀၀ (လေးထောင့်ကိုးရာ )ဦးရေရှိကာ၊ ဘူးသီးတောင်မြို့နယ် ရှိ အ.လ.က ကျောင်းတွင်(၁၃၀၀)ဦးခန့်ရှိကြောင်းနှင့် ရသေ့တောင်မြို့နယ်တွင် ဒုက္ခသည် (၂၀၀၀)၀န်းကျင် ရှိကြောင်း ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီက ပြုစုထားသော စာရင်းများအရ သိရပါတယ်။

ဘူးသီးတောင်၊ မောင်းတောမှာလည်း
လက်ရှိအခြေအနေမှာတော့ ဘူးသီးတောင်၊မောင်တေားဒေသတွေမှာ အကြမ်းဖက်မှုတွေအနေနဲ့ ငြိမ်သက်သွားကြောင်းကိုလည်း သတင်းစကားများအရ ကြားရပါတယ်။


ရခိုင်ပြည်နယ်မောင်တောနှင့် ဘူးသီးတောင်မြို့နယ်အတွင်းမှာရှိတဲ့ ရပ်ကွက်နဲ့ကျေးရွာတွေမှာ  ဇွန်လ ၈ ရက်နေ့မွန်းလွဲပိုင်းမှစတင်ပြီး ဘဂါင်္လီရိုဟင်ဂျာများက လူစုလူဝေးဖြင့် မီးရှို့ခြင်း၊ ရိုက်နှက်ခြင်း၊ လုယက်ခြင်းများ ပြုလုပ်ခဲ့တဲ့ အတွက်မြို့နယ်အထွေထွေအုပ်ချုပ်ဦးစီးဌာနက အမိန့်အမှတ် ၁/ ၂၀၁၂ဖြင့် ညမထွက်ရအမိန့်ထုတ်ပြန်လိုက်ကြောင်း သိရပါတယ်။

 ဇွန်လ ၈ ရက်နေ့ မွန်းလွဲပိုင်းက မောင်တောမြို့မှာ ဘဂါင်္လီရိုဟင်ဂျာထောင်ဂဏန်းခန့်ကှိမြို့မပရိယတ္တိစာသင်တိုက်ကိုဖျက်ဆီးခြင်းနဲ့ မာင်တောမြို့နယ် အတွင်းရှိ ကျေးရွာတွေမှာ လူနေအိမ်များ၊ ဈေးဆိုင်တန်းများ၊ တည်ခိုခန်း စသည်တို့ကို  မီးရှို့ဖျက်ဆီးခြင်း၊  ရန်ပြုသတ်ဖြတ်ခြင်းများ  ဖြစ်ပေါ်ခဲ့ကြောင်း၊  ထိုကဲ့သို့  ဆူပူအကြမ်းဖက်မှုများ၊ ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားနေသည့်အတွက် ဘူးသီးတောင်မြို့နယ်နှင့်မောင်တောမြို့နယ် တို့တွင် ညမထွက်ရ အမိန့်(ပုဒ်မ ၁၄၄)ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါတယ်။

ပြဿနာရဲ့ အစ

အဆိုပါကိစ္စရပ်များဖြစ်ပေါ်ခဲ့ရခြင်းအစမှာ မေလ(၂၈)ရက်နေ့တွင် မသီတာထွေးအသတ်ခံခဲ့ရခြင်းမှ စတင်ခဲ့ပြီး ဂျမာအတ်(၁၀) ဦးအားသတ်ဖြတ်ခဲ့ခြင်းပေါ်မူတည်၍ အဆိုပါ ပြဿနာများဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။

 ဇွန်လ ၈ ရက်နေ့မွန်းလွဲပိုင်းတွင် မောင်းတောမြို့၌ ဘင်္ဂလီ ရိုဟင်ဂျာ ထောင်ဂဏန်းခန့်က မြို့မ ပရဟိတ စာသင်တိုက်အား ဖျက်ဆီး ခဲ့ရာမှ   ရခိုင် ရိုဟင်ဂျာ အဓိကရုဏ်း ဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့ အကြမ်းဖျင်းသိထားခဲ့ရပါတယ်။

ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ အခြေအနေကို ကိုယ်တိုင် မျက်စိနဲ့ မမြင်ရပေမဲ့ စစ်တွေမြို့က ရခိုင်ပြည်နယ် သတင်းထောက် ပေးပို့တဲ့ သတင်းတွေနဲ့ အခြား မီဒီယာတွေမှာတက်နေတဲ့သတင်းတွေမှာတော့ ရခိုင်ပြည်နယ်က အခြေအနေက ဆိုးတာတွေ့ရပါတယ်။

ဘင်္ဂလီတွေ ဘာကြောင့် ဒီလောက်ထိ အကြမ်းဖက်ကြသလဲ၊ ရခိုင်တိုင်းရင်းသားတွေကို သတ်ပြ၊ ဘုန်းကြီးကျောင်းတွေ၊ အိမ်တွေ မီးရှို့ကြသလဲ ဆိုတာကလည်း စဉ်းစားစရာဖြစ်ပါတယ်။ မနေ့က ကြားရတဲ့ သတင်းတွေမှာလည်း ဘင်္ဂလီတွေဘက်က လက်နက်ကြီးနဲ့တောင် ပစ်တယ်ဆိုတဲ့ သတင်းတွေ ထွက်လာတာလည်း ကြားရတယ်။

အခြားမိတ်ဆွေတယောက်ကလည်း ကျမကို အီးမေးလှမ်းပြီး ပို့တယ်၊ အခုဖြစ်နေတဲ့ ဒေသမှာနေတဲ့ ဘင်္ဂလီတွေကို ရိုဟင်၈ျာလို့ ခေါ်တယ်၊ သူတို့ကလည်း မြန်မာပြည်မှာ နှစ်ပေါင်းများစွာကြာအောင်နေလာခဲ့တဲ့သူတွေဖြစ်တယ်၊ ဒီလိုအခြေအနေမှာ အစိုးရနဲ့ ရခိုင်နဲ့ ပေါင်းပြီး သူတို့မွတ်ဆလင်တွေကို အစားဖြတ်တာတွေ၊ ရေဖြတ်တာတွေ လုပ်နေတယ်။ အိမ်ထဲက အိမ်ပြင်မထွက်ရဘူး၊ ထွက်ရင် လုံထိန်းက ပစ်တယ်လို့ ပြောပါတယ်။ သူ့မိတ်ဆွေ မိသားစုက အေးအေးချမ်းချမ်းနေတဲ့သူတွေပါ မွတ်ဆလင်တွေဖြစ်ပေမဲ့ အကြမ်းဖက်မှုတွေ မရှိပါဘူးလို့လည်း သူက စာထဲမှာ အာမခံပြီး ရေးသားပေးပို့လာပါတယ်။

သတင်းဘယ်လို ရေးသားထုတ်ပြန်နေကြသလဲ

နိုင်ငံတကာမီဒီယာတွေမှာတော့ ရခိုင်ပြည်နယ်မှာ ရခိုင်တွေနဲ့ မွတ်စ္စလင် ဘာသာရေး ပဋိပက္ခအသွင်နဲ့ ရေးသားနေတာ တွေ့ရတယ်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြိုကနေ ထုတ်ဝေတဲ့ သည်နေရှင်းမှာတောင် ထိုင်းသတင်းထောက်က တကယ့်မြန်မာပြည်ရဲ့ အဖြစ်မှန်ဖြစ်တဲ့ ဘင်္ဂလီတွေရဲ့ အကြမ်းဖက်မှုတွေထက် ဘင်္ဂလီတွေကို ရခိုင်နဲ့လုံထိန်းတွေက နှိမ်နင်းနေတဲ့သဘောမျိုးပဲ ဖော်ပြနေကြတယ်လို့လည်း မိတ်ဆွေတယောက်က ဖုန်းဆက်ပါတယ်။

ပြည်ပ မီဒီယာတွေအနေနဲ့ ပြည်တွင်းက ရခိုင်ဒေသကိုသွားရောက်ပြီး သတင်းမယူနိုင်ကြတဲ့အတွက် သတင်းတွေ လွဲနေတာဖြစ်လိမ့်မယ်လို့လည်း ယူဆမိကြောင်း မိတ်ဆွေက ပြောတယ်။

ပြည်တွင်း ဂျာနယ်တွေနဲ့ ပြည်တွင်းက သတင်းမီဒီယာတွေကတော့ ရခိုင်ပြည်နယ်မှာ သတင်းထောက်တွေ ရှိကြတယ်။ ရခိုင်သတင်းထောက်မရှိတဲ့သတင်းဌာနတွေကလည်း သတင်းထောက်တွေကို စေလွှတ်ကြတယ်၊ ဒါ့အပြင် အချိန်ပြည့် ၂၄နာရီ နီပါး တယ်လီဖုန်းတွေနဲ့ သတင်းယူကြပြီး အချိန်နဲ့အမျှ ရေးသားနေကြတယ်။

လူမှုရေးကွန်ယက်လို့ ပြောတဲ့ facebook နဲ့ ကိုယ်ပိုင် ဘလော့တွေ ပေါ်မှာတော့  ရခိုင်ပြည်နယ်အခြေအနေကို အမြင် သုံးမျိုးနဲ့ ရေးသားနေကြတာ တွေ့ရပါတယ်။ အမြင်တမျိုးကတော့ ဒါဟာ အစိုးရဘက်က ဆင်တဲ့ ထောင်ချောက်လို့ ပြောပြီးရေးသားနေတယ်။

နောက်အမြင်တမျိုးကတော့ ရခိုင်-ဘင်္ဂလီ ပြဿနာဟာရဲ့ နောက်မှာ ရိုဟင်ဂျာတွေ ရှိတယ်၊ မြန်မာအစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အကြပ်အတည်းဖြစ်စေရုံသာမက၊ ရိုဟင်ဂျာတွေအနေနဲ့ ရခိုင်ပြည်နယ်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးအထိ တောင်းဆိုဖို့ စီမံကိန်းဖြစ်တယ်ဆိုတာကို အချက်အလက်တွေနဲ့ ရေးသားထားတာတွေ့ရပါတယ်။

နောက်တမျိုးကတော့ မြန်မာမွတ်စ္စလင်တွေကို ရခိုင်နဲ့အစိုးရပေါင်းပြီး အစုလိုက်အပြုံလိုက်သတ်နေပြီ၊ ရခိုင်နဲ့ မွတ်စလင် ပြဿနာမှာ အစိုးရဘက်က ရခိုင်ဘက်ကို လိုက်တယ်၊ မွတ်စလင်တွေကို သတ်ပစ်တယ်ဆိုပြီး ရေးသားနေကြတယ်။

ကျမအနေနဲ့ကတော့ အမြင် ၃ မျိုးစလုံးရေးသားကြတာတွေကို ဖတ်ပါတယ်။ စဉ်းလည်း စဉ်းစားကြည့်ပါတယ်။
အချက်အလက်တွေနဲ့ သမိုင်းနောက်ခံအကြောင်းရင်းတွေပေါ်မှာ အရင်းခံပြီးစဉ်းစားကြည့်ဖို့၊ ကျယ်ကျယ်ပြန့်ပြန့် စဉ်းရတောမယ့်အနေအထား ဖြစ်နေတယ်လို့လည်း ယူဆမိတယ်။

စဉ်းစားကြည့်မယ်ဆိုရင် သမိုင်းနဲ့နောက်ခံအကြောင်းအရာတွေကိုလည်း မသိရင် ကျယ်ကျယ်ပြန့်ပြန့်စဉ်းစားနိုင်မှာ မဟုတ်ဘူးလို့လည်း နားလည်မိပါတယ်။

တကယ်တော့ ရိုဟင်ဂျာ ခေါ်၊ ဘင်္ဂါလီ အကြမ်းဖက်သမားတွေက ကျမတို့ မြန်မာတိုင်းရင်းသားတွေတော့ မဟုတ်ကြပါဘူး။ သမိုင်းမှတ်တမ်းတွေထဲမှာလည်း ရိုဟင်ဂျာတွေကို တိုင်းရင်းသားတွေထဲမှာ ထည့်မထားဘူး ဆိုတာကိုတော့ ကျမ အနေနဲ့ သေသေချာချာ ခိုင်ခိုင်မာမာ ပြောနိုင်ပါတယ်။

ရခိုင်ပြည်နယ် သမိုင်းကြောင်း

ရခိုင်ပြည်နယ်ရဲ့ သမိုင်းကို ပြန်ကြည့်မယ်ဆိုရင် ဓည၀တီ(စစ်တွေခရိုင်) ၊ ရမ္မ၀တီ(ကျောက်ဖြူခရိုင်)နှင့် မေဃ၀တီ(မာန်အောင်ခရိုင်) စသည့် ၀တီလေးရပ်နှင့် ပေါင်းစည်း အပ်သော ရခိုင်ပြည်နယ်မှာ ဓည၀တီခေတ်၊ ဝေသာလီခေတ်၊ လေးမြို့ခေတ်၊ မြောက်ဦးခေတ် ဟူ၍ ခေတ်လေးခေတ် ထွန်းကားခဲ့တာ တွေ့ရပါတယ်။

သမိုင်းသုတေသနဦးစီးဋ္ဌာနရဲ့ ရခိုင်သမိုင်း မှတ်တမ်းများအရ ဓည၀တီခေတ်သည် ဘီစီ ၃၃၅၂မှ အေဒီ ၃၂၇ အထိ ရှည်ကြာခဲ့ပြီး ခေတ်ဦးရခိုင်တွင် တည်ထောင်ခဲ့သော ဓည၀တီ၊ ဝေသာလီ၊ လေးမြို့ခေတ်များတွင် ကိုးကွယ်သော ဘာသာမှာ ဟိန္ဒူ ဘာသာနှင့် ဗုဒ္ဓဘာသာတို့ဖြစ်သည်ကို တွေ့ရပါတယ်။

အေဒီ ၁၄၃၀ မှ ရခိုင်ကို ဗဒုံမင်း တိုက်ခိုက်သိမ်းပိုက်တဲ့ အေဒီ ၁၇၈၄ အထိ မည်သူမျှ မွတ်ဆလင်များ မဟုတ်ခဲ့ကြောင်း၊ ရခိုင်တွင် ဘုရင် ၄၈ ဦးနန်းတက်ခဲ့ရာ ၉ဦးသာ မွတ်ဆလင်အမည်ဖြင့် ဒင်္ဂါးသွန်းခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်း ၉ဦးသည် စစ်တ ကောင်းကို သိမ်းပိုက်အောင်နိုင်ခဲ့သည့် ဘုရင်များဖြစ်သဖြင့် လက်အောက်ခံဒေသတွင် ရှိသည့် ပြည်သူတို့၏ ကြည်ညိုမှု ရရှိ အောင် ဆောင်ရွက်ခြင်းသာ ဖြစ်နိုင်ကြောင်း သမိုင်းသုတေသနဦးစီးဌာနရဲ့ မော်ကွန်းမှာ တွေ့မြင်ရပါတယ်။

 ရခိုင်ဘုရင်လက်ထက်က ရှိစဉ်က သုံ့ပန်းအဖြစ် ဖမ်းဆောင်ခေါ်ယူလာသော မွတ်ဆလင်တွေကို လယ်ယာလုပ်ငန်းတွေမှာ လည်းကောင်း၊ အခြားအမှုထမ်းလုပ်ငန်းများမှာ လည်းကောင်း ပါဝင်ခဲ့ကြပါတယ်။

ဘင်္ဂေါနယ်မှ အခြေချနေထိုင်လာတဲ့ မွတ်ဆလင်တွေကို ရခိုင်ဒေသတွင်း ၁၅ရာစုတွင် စတင်ရောက်ရှိ လာခဲ့ကြောင်း သမိုင်းသုတေသနဌာန၊ မော်ကွန်းအထောအထားများအရ သိရပါတယ်။

ဗြိတိသျှကိုလိုနီခေတ် ဘင်္ဂါလီမွတ်ဆလင် ရခိုင်ပြည်နယ်သို့ ၀င်ရောက်လာခဲ့ခြင်း

တကယ်တော့ ကျမတို့ တိုင်းပြည်ထဲကို ဘင်္ဂါလီမွတ်ဆလင်တွေ စတင်ရောက်ရှိလာခဲ့တာက ကိုလိုနီခေတ်မှာဖြစ်ကြောင်း သမိုင်းအထောက်အထားများအရ သိရပါတယ်။

၁၇၈၅ ခုနှစ်တွင်ဗဒုံမင်းက ရခိုင်ပဒေသရာဇ်နယ်ကို သိမ်းပိုက်ပြီးနောက် အင်္ဂလိပ်တို့ သိမ်းပိုက်ထားတဲ့ ဘင်္ဂါနယ်နဲ့ဆက်စပ်လာရာမှာ အင်္ဂလိပ်-မြန်မာ ဆက်ဆံရေးမှာ တင်းမာမှုဖြစ်ပေါ်ပြီးနောက် ၁၈၂၄ တွင် ရှင်မဖြူကျွန်းကို အကြောင်းပြုပြီး အင်္ဂလိပ်- မြန်မာ ပထမစစ်ဖြစ်ပွားခဲ့ရာ ရန္တပိုစာချုပ်ဖြင့် စစ်ရပ်စဲခဲ့ရတယ်၊

အဆိုပါစာချုပ်အရ ရခိုင်နဲ့တနသာင်္ရီက အင်္ဂလိပ် တို့လက်အောက်သို့ ရောက်သွားခဲ့ပြီး ရခိုင်ြပြည်နယ်က  အင်္ဂလိပ်တို့ သိမ်းပိုက်ထားပြီးဖြစ်တဲ့ ဘင်္ဂလားနယ်များနဲ့ တစ်ပေါင်းတည်းတည်ရှိလာခဲ့ကြောင်း သိရပါတယ်။

၁၈၃၉ခုနှစ်မှာ မြေရိုင်းများ တိုးချဲ့လုပ်ကိုင်နိုင်ရေးအတွက် ရခိုင်ပြည်နယ် ဂရံကြီး ဥပဒေတစ်ရပ်ထုတ်ပြန်ခဲ့ပြီး၊ ထိုဥပဒေအရ ချမှတ်ထားနဲ့ နယ်မြေအမြောက်အများအတွက် အလုပ်သမားများအနေနဲ့ စစ်တကောင်းမှ ဘင်္ဂါလီများ၊ မဒရပ်မှ ဆူရတီများ အများအပြားဝင်ရောက်လာခဲ့တယ်လို့ သမိုင်းမှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

ထိုမှ စပြီး ဘင်္ဂါနယ်မှ  မွတ်ဆလင်များ နှစ်စဉ်တိုးလာရခြင်းက  ဒေသခံရခိုင်တို့အတွက် နောင်ကာလတွင် အန္တရာယ်ကြီး ဖြစ်လာစေနိုင်တယ်လို့ ဗြိတိသျှအာဏာပိုင်တို့က ယခင်ကပင် သတိပေးခဲ့သည်ကိုလည်း  သမိုင်းသုတေသနဌာနက မှတ်တမ်းများအရ တွေ့ရပါတယ်။

လွတ်လပ်ရေးရပြီးနောက် ရခိုင်ပြည်နယ်ရှိ မွတ်ဆလင်တို့ အခြေအနေ

၁၉၄၈ ခုနှစ် ဇန်န၀ါရီလ (၄) ရက်နေ့တွင် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိခဲ့ရာ နိုင်ငံတော်အား ဖဆပလ အစိုးရက အုပ်ချုပ်ခဲ့ တယ်၊ ထိုကာလ ရခိုင်တွင်(ရတည) အဖွဲ့က ရခိုင်ပြည်နယ် ရရှိရေးကို  အကြောင်းပြု၍ စည်းရုံးလှုပ်ရှားနေပြီး၊ လွတ်လပ်ရေး မရမီကပင် ဖွဲ့စည်းခဲ့တဲ့ မူဂျာဟစ်အဖွဲ့က လွတ်လပ်ရေးရပြီးနောက် ပိုမိုအင်အားတောင့်တင်းလာခဲ့တာကို သမိုင်းမှတ်တမ်းအရ သိရပါတယ်။

၁၉၄၈ မှာ မွတ်ဆလင်လွတ်မြောက်ရေးအဖွဲ့ညီလာခံကို မောင်းတော့မြို့နယ်၊ ကရဗျင်ရွာမှာ ကျင်းပစဉ် အဖွဲ့အမည်ကို မူဂျာဟစ်လို့  တရားဝင်ပြောင်းလဲဖွဲ့စည်းလိုက်ခြင်းဖြစ်ပါတယ်။ အဆိုပါ အဖွဲ့ရဲ့ စစ်ရေးခေါင်းဆောင်မှာ Jaffar Kawal ဖြစ်ပြီး လက်ထောက်မှာ ဟူစိန်ဖြစ်ပါတယ်။ ၎င်းတို့ရဲ့ တောင်းဆိုချက်ထဲမှာ  ကုလားတန်မြစ် အနောက်ဘက်ကမ်းနှင့် နတ်မြစ်အရှေ့ဘက်ကမ်းကြားဒေသကို မွတ်ဆလင် တို့၏ National Home အဖြစ်သတ်မှတ်ပေးရန်၊ရခိုင်ရှိ မွတ်ဆလင်များကို တိုင်းရင်းသားစာရင်းထဲ ထည့်သွင်းပေးရန်၊ စသည့်အချက်များပါဝင်ကြောင်း သမိုင်းမှတ်တမ်းတွေမှာတွေ့ရှိရပါတယ်။

မူဂျာဟစ်

မူဂျာဟစ်ပြဿနာကတော့ လောလောဆယ်အားဖြင့် ဒုတိယကမ္ဘာစစ်ကြီး၏ ဆိုးမွေတစ်ရပ်ဖြစ်သော်လည်း အတိတ်အားဖြင့် ၁၈၂၄ ခုနှစ် အင်္ဂလိပ်မြန်မာစစ်ပွဲအပြီးမွတ်ဆလင်များ မြန်မာနိုင်ငံတွင်းသို့ဝင်ရောက်လာခြင်းမှ မြစ်ဖျားခံခဲ့ကြောင်း တွေ့ရပါတယ်။ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ စသည့်ဒေသများသို့ မွတ်ဆလင်ဘာသာဝင် စစ်တကောင်း ဘင်္ဂါလီများ အတားအဆီးမရှိ ၀င်ရောက်လာခြင်းမှ စတင်ခဲ့ပါတယ်။

မူဂျာဟစ်အဖွဲ့များဖြစ်သော အဒူဇော်လီအဖွဲ့၊ ဘီအေဇော်ဖောအဖွဲ့၊ ဇာဖော်အဖွဲ့တို့အား ပူးပေါင်းစေခဲ့ပြီး ၎င်းအဖွဲ့ရဲ အမည်ကို ရိုဟင်ဂျာအမည် ထည့်သွင်းအသုံးပြုကာ “ ရိုဟင်ဂျာ အမျိုးသားလွတ်မြောက်ရေးပါတီ” လနို့ဖွဲ့စည်းလိုက်ကြောင်းသိရပါတယ်။

၎င်းပါတီက ရခိုင်ပါတီများဖြစ်သော ရခိုင်အမျိုးသားလွတ်မြောက်ရေးပါတီ (ရမလ)၊ ရခိုင်ပြည်ကွန်မြူနစ်ပါတီ(ရကပ) တို့ကို ညီညွတ်ရေး ကမ်းလှမ်းခဲ့ကြသည်။ ဆွေးနွေးမှု ပြုလုပ်ရာတွင် (ရမလ)က တစ်ပါတီဖြစ်မြောက်ရေးအတွက် တင်ပြသော်လည်း (ရကပ)က တပ်ပေါင်းစုဖြစ်ရေးတင်ပြခဲ့ပါတယ်။ အဆိုပါ ရိုဟင်ဂျာပါတီက အောက်ပါ အချက်များကို တောင်းဆိုခဲ့ပါတယ်။

 ရိုဟင်ဂျာပါတီက ရိုဟင်ဂျာကို တိုင်းရင်းသားလူမျိုးအဖြစ် အသိအမှတ်ပြုရန်၊
ဘူးသီးတောင်၊ မောင်တောနယ်ကို ရိုဟင်ဂျာဒေသအဖြစ် အသိအမှတ်ပြုရန်၊ ရခိုင်ပြည်နယ်လွတ်မြောက်သည့်အခါ အုပ်ချုပ်ရေးတွင် ရခိုင် ၆၀% ၊ ကုလား ၄၀%၊ ပါဝင်ရန်၊အမှန်တကယ်အားဖြင့် ၎င်းအချက်များသည် စစ်ပြီးစ အလယ်သံကျော် မွတ်ဆလင် ညီလာခံက ချမှတ်ထားသော အခြေခံအချက်များကို ဆက်လက်အကောင်အထည်ဖော်ခြင်းပင် ဖြစ်သည်။ (ရကပ)က ထိုတောင်းဆိုချက်များကို လောလောဆယ် သဘောတူညီမှု မပေးနိုင်သော်လည်း တဖြည်းဖြည်းညှိနှိုင်းသွားမည်ဟု ပြန်ကြားခဲ့သည်။ သို့သော် အင်အားချိနဲ့နေသော အဖွဲ့များဖြစ်သဖြင့် ရိုဟင်ဂျာအဖွဲ့၏ တောင်းဆိုချက်အချို့ကို လိုက်လျောခဲ့ရသည်ဟု ဆိုသည်။ ၎င်းတို့မှာ  ရိုဟင်ဂျာပါတီသည် ရိုဟင်ဂျာ(ဘင်္ဂါလီ)၏ တစ်ခုတည်းပါတီ ဖြစ်ကြောင်း သိရသည်။- ထို့ကြောင့် ကုလားအများအပြားရှိသော မောင်တော၊ဘူးသီးတောင်အနောက်ဘက် တောင်ရင်းပိုင်းသည်လည်းကောင်းဘူးသီးတောင်မြို့နယ် ညောင်ချောင်းနှင့် ညောင်ချောင်းအထက်ပိုင်းသည်လည်းကောင်း၊ ရိုဟင်ဂျာ(ကုလားများ) နယ်မြေဖြစ်သည်။-  ပူးတွဲစစ်ကော်မတီ၏ အကြီးအကဲသည် စစ်အင်အားများသော ရိုဟင်ဂျာပါတီမှ ဖြစ်ရမည် ဟူသော အချက်များဖြစ်သည်။ ` ဟု၎င်းတို့ဘက်မှ  တောင်းဆိုခဲ့ကြောင်း မူဂျာဟစ်အလင်းဝင်ခြင်း မှတ်တမ်းတွင် တွေ့မြင်ရပါတယ်။


ရိုဟင်ဂျာပေါ်လာခြင်း

အင်္ဂလိပ်တို့ ရခိုင်ဒေသကို သိမ်းပိုက်ချိန်ထိ ရိုဟင်ဂျာမပေါ်သေးပါဘူး။ ကိုလိုနီခေတ်သမိုင်းရေးသားခဲ့သော ဆရာတွေမှာလည်း အဆိုပါ အသုံးအနှုန်းမရှိသေးကြောင်း အတည်ပြုပြောဆိုကြပါတယ်။

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းက ၁၉၄၇-ဒုတိယကမ္ဘာစစ်အတွင်းမှာသာ ပေါ်ပေါက်လာတဲ့ အသုံးအနှုန်းဖြစ်ပြီး၊ လွတ်လပ်ရေးရပြီးခေတ်နောက်ပိုင်းမှာ ခေတ်ပညာတတ်ဘင်္ဂလီများက  သမိုင်းကို ဖန်တီးယူပြီး ရိုဟင်ဂျာကို တိုင်းရင်းသားဖြစ်အောင် ဖန်တီးရေးသားခဲ့တယ်လို့ သမိုင်းသုတေသနဦးစီးဋ္ဌာနက မော်ကွန်းဌာနစုရဲ့ မှတ်တမ်းများအရသိရပါတယ်။

မောင်းတောမြို့နယ် ဖြစ်စဉ်သမိုင်းရဲ့ ဖော်ပြချက်မှာတော့ ရိုဟင်ဂျာဟူသောစကားကို အလံနီကွန်မြူနစ်များက မူဂျာဟစ် သူပုန်များအတွက် ထွင်ပေးခဲ့သော အမည်ဖြစ်ပြီး၊ ၁၉၅၀ ခုနှစ်ပိုင်းများက အလံနီများနှင့်မူဂျာဟစ်များက ယာယီမဟာမိတ်ဖွဲ့ထားပြီး ဖဆပလအစိုးရကို တိုက်ခိုက်နေသော အချိန်လည်းဖြစ်ကြောင်းသိရပါတယ်။

ဘူးသီးတောင် ပါလီမန်အမတ် အဒူဂေါ်ဖော်(ဂဖါး)က ၁၉၆၀ ပြည့်နှစ် ဧပြီ ၂၁ရက်နေ့ ရန်ကုန်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ရခိုင်၊ ပထန်နှင့် အာရပ်တို့ သွေးနှောရာမှ ဖြစ်ပေါ်လာသော လူမျိုးသည် ရိုဟင်ဂျာလူမျိုးဖြစ်သည်ဟုလည်းကောင်း၊ ရခိုင်၊ ဘင်္ဂါလီ၊ အူရဒူ၊ ပါရှန်၊ အာရဘီစကားများကို ရောနှော၍ ဖြစ်ပေါ်လာသော စကားသည် ရိုဟင်ဂျာ စကားဖြစ်ကြောင်း တင်ပြခဲ့သည်ဟု  သမိုင်းမှတ်တမ်းမှာ ဖော်ပြထားတာ တွေ့ရပါတယ်။

ဘင်္ဂါလီတို့အနေဖြင့် ဂျာဟင်ဂျာဟု သမိုင်းအထောက်ထားများဖြင့် ခေါ်ဆိုနေသော်လည်း ရိုဟင်၈ျာလူမျိုးဟုပြောဆိုနေကြသော်လည်း ၁၉၄၇ ခုနှစ်ထိ မည်သည့်သမိုင်းအထောက်အထားတွင်မှ ပါဝင်ခဲ့ခြင်း မရှိသည်ကို တွေ့ရကြောင်း ရခိုင်သမိုင်းသုတေသနအသင်းမှ သိရှိရပါတယ်။

၁၉၆၂ နောက်ပိုင်း အခြေအနေ

ဗိုလ်ချုပ်ကြီးနေ၀င်းအာဏာယူပြီးချိန် ၁၉၆၂ ခုနှစ်၊ တော်လှန်ရေးကောင်စီလက်ထပ်တွင်  ဘင်္ဂါလီတို့၏ နိုင်ငံရေးလှုပ်ရှားမှုသည် ခေတ္တငုတ်လျှိုးသွားခဲ့ပါတယ်။၁၉၇၄ တွင် ဘီအေဇော်ဖောအဖွဲ့ တပ်မတော်ထိုးစစ်ကြောင့် ပြိုကွဲသွားပြီး ဘူးသီးတောင်၊ မောင်တောရှိ မူဂျာဟစ်သူပုန်တို့ကလည်း တစ်ဖက်နိုင်ငံများသို့ ထွက်ပြေးခဲ့ရကြောင်း သိရပါတယ်။

အဆိုပါ ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်တွင်လည်း ရခိုပြည်နယ်က မွတ်ဆလင်များတောင်းဆိုချက်ကို ဖယ်ရှားခဲ့ပြီး ဘူးသီးတောင်၊မောင်းတောမြိုကနယ်ရှိ စစ်တကောင်းသား မွတ်ဆလင်တွေကို ပါတီ၊ကောင်စီအာဧာရအဖွဲ့အစည်းတွင် ပါဝင်ခွင့်ကိုလည်း ကန့်သတ်ထားခဲ့တယ်လို့  မောင်းတောမြို့နယ် ဖြစ်စဉ်သမိုင်း ၄၉၊ ၅၁ မှတ်တမ်းအရ သိရပါတယ်။

သို့ပေမဲ့ အဆိုပါဒေသတွေမှာ မွတ်ဆလင်ဦးရေကတော့ တိုးမြဲတိုးနေခဲ့တာကိုလည်း တွေ့ရပါတယ်။
ဆက်လျက် ဖော်ပြပါမည်။

မေသင်္ကြန်ဟိန်(မြစ်မခ)

Posted: 13 Jun 2012 03:19 AM PDT

သရုပ်ဆောင် ပြေတီဦးအား တပ်ဦးပရိယတ္တိ ကယ်ဆယ်ရေးစခန်းတွင် တွေ့ရစဉ်

ရခိုင်ပြည်နယ်မှ အိုးမဲ့အိမ်မဲ့ စားဝတ်နေရေး အခက်အခဲ ဖြစ်နေကြသော ပြည်သူများအား ကူညီထောက်ပံရေးအဖွဲ့ (ယာယီ) သို့ ဦးဇော်ဇော်မှ ငွေကျပ်သိန်း ၅၀၀ လှူဒါန်းစဉ် (ရခိုင်ပြည်နယ်မှ အိုးမဲ့အိမ်မဲ့ စားဝတ်နေရေး အခက်အခဲ ဖြစ်နေကြသော ပြည်သူများအား ကူညီထောက်ပံရေးအဖွဲ့ (ယာယီ) သည် နာရေးကူညီမှုအသင်း (စစ်တွေ)မှ ဦးဆောင်၍ ဖွဲ့စည်းထားသော အဖွဲ့အစည်း၏ အမည်ဖြစ်ပါသည်။ အဆိုပါအဖွဲ့သို့ ဆက်သွယ် လှူဒါန်းလိုသူများအနေဖြင့် ဖုန်း ၀၄၃-၂၂၄၇၅၊ ၀၉၈၅၀၀၉၄၄၊ ၀၉၈၅၀၀၂၄၁ သို့ ဆက်သွယ် လှူဒါန်းနိုင်ပါသည်။)
ဓါတ်ပုံ Eleven Media Group

“စစ်တွေမြို့ရဲ့ ယနေ့မွန်းလွဲပိုင်း အခြေအနေကတော့ အေးအေးချမ်းချမ်း ရှိနေတယ်။ မနက်ပိုင်းကတော့ မကျည်းမြိုင် ဘက်မှာ မီးရှို့ဖို့ ကြိုးစားတဲ့ ဘင်္ဂါလီ ၃ ဦးကို ရခိုင်တိုင်းရင်းသားတွေက ဖမ်းဆီးလိုက်တယ်။ ကသဲရွာဘက်မှာလည်း မီးရှို့ဖို့ ကြိုးစားတဲ့ ဘင်္ဂါလီ ၂ ဦးကို ရခိုင်တိုင်းရင်းသားတွေက ဖမ်းမိပါတယ်။ အဲဒါတွေ အပြင် တခြားထူးခြားတဲ့ ဖြစ်စဉ်တော့ မတွေ့ရသေးပါဘူး” ဟု စစ်တွေမြို့သို့ ရောက်ရှိနေသော သတင်းထောက်မှ မွန်းလွဲ ၁း၅၀ နာရီတွင် သတင်းပေးပို့ပါသည်။

 ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများကြောင့် ပျက်ဆီးဆုံးရှုံးမှုများအတွက် ထောက်ပံလူဒါန်းငွေများကို ရခိုင်ပြည်နယ် တာဝန်ရှိသူများနှင့် ကယ်ဆယ်ရေး စခန်းများသို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းများ၊ ပြည်တွင်းမီဒီယာအချို့ နှင့် အနုပညာရှင်အချို့သည် ဇွန်လ ၁၃ ရက် ယနေ့ နံနက် ၉ နာရီခွဲတွင် စစ်တွေမြို့ မြို့တော်ခန်းမတွင် သွားရောက် လှုဒါန်းခဲ့ပါသည်။

ထို့နောက် အလှူရှင်များသည် အာဂျိတ်တောင် ကယ်ဆယ်ရေးစခန်း၊ တပ်ဦးပရိယတ္တိစာသင်တိုက် ကယ်ဆယ်ရေးစခန်းများသို့ အလှူငွေများ၊ စောင်များ၊ အ၀တ်အထည်များ၊ ပန်းကန်များ၊ ခေါက်ဆွဲခြောက်များ နှင့် အခြား လိုအပ်သောပစ္စည်းများအား သွားရောက်လှူဒါန်းခဲ့ကြပါသည်။ ဦးအောင်ကိုဝင်း (နာယက၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်) ကျပ်သိန်း ၁၀၀၀ ဦးဇော်ဇော် (ဥက္ကဌ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်) ကျပ်သိန်း ၁၀၀၀ ဦးရန်ဝင်း (ဥက္ကဌ၊ ဧရာဝတီယူနိုက်တက် ဘောလုံးအသင်း) ကျပ်သိန်း ၃၀၀ ဦးဖြိုးကိုကိုတင့်ဆန်း (ဥက္ကဌ၊ နေပြည်တော် ဘောလုံးအသင်း) ကျပ်သိန်း ၃၀၀ ဦးလှဌေး (ပိုင်ရှင်၊ ဇွဲကပင်ဘောလုံးအသင်း) ကျပ်သိန်း ၂၀၀ ဦးဇော်မင်းသိန်း (ပိုင်ရှင်၊ ရက္ခပူရ ဘောလုံးအသင်း) ကျပ်သိန်း ၁၀၀ ဒေါက်တာစိုင်းဆမ်ထွန်း (ပိုင်ရှင်၊ ရတနာပုံ ဘောလုံးအသင်) ကျပ်သိန်း ၁၀၀ ဦးသူရိန် (ဥက္ကဌ၊ ဇေယျာရွှေမြေဘောလုံးအသင်း) ကျပ်သိန်း ၁၀၀ ဦးအောင်မိုးကျော် (ပိုင်ရှင်၊ ဟံသာဝတီ ဘောလုံးအသင်း) ကျပ် သိန်း ၁၀၀ ဦးဝမ်စိန် (ဥက္ကဌ၊ မောရ၀တီ ဘောလုံးအသင်း) ကျပ်သိန်း ၁၀၀ ဦးလှမျိုး (အောင်မြင်သူ ကုမ္ပဏီအုပ်စု) ကျပ်သိန်း ၂၀၀ ဦးကျော်ဟိန်း (ချယ်ဟိန်း ကုမ္ပဏီ) ကျပ်သိန်း ၂၀၀ Fresh Air Con ကျပ်သိန်း ၁၀၀ လူငယ်မီဒီယာသမားများ ကိုယ်စားပြု ကျပ်သိန်း ၅၀ Eleven Media Group ကျပ်သိန်း ၂၀ ပေါ်ပြူလာ ဂျာနယ် ကျပ်သိန်း ၂၀ သရုပ်ဆောင် ပြေတီဦး ကျပ်သိန်း ၂၀ ဒါရိုက်တာ ၀ိုင်း ကျပ် ၁၅ သိန်း အလှူပစ္စည်းနှင့် ငွေသား စုစုပေါင်း ကျပ် သိန်း ၅၀၀၀ ခန့်ကို ပေးအပ်လှူဒါန်းခဲ့ပါသည်။

 မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်မှ ကယ်ဆယ်ရေးစခန်းများသို့ ထပ်ဆောင်း အလှူငွေ ကျပ်သိန်း ၁၅၀၀ခန့် ကို ထပ်မံပေးအပ်လှူဒါန်းခဲ့ကြောင်း  Eleven Media Group အင်တာနက်စာမျက်နှာဖော်ပြထားပါသည်။

Eleven Media Group
Posted: 13 Jun 2012 02:28 AM PDT
ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားနေသော ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ကယ်ဆယ်ရေးစခန်းများသို့ ရောက်ရှိနေသော ဒုက္ခသည်များကို အနုပညာရှင်၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် စာပေအနုပညာရှင်များက ထောက်ပံ့ရေး ပစ္စည်းများ ပေးအပ်နေသည်ကို ဇွန်လ ၁၃ ရက်နေ့က တွေ့မြင်ရစဉ်။


ရန်ကုန်၊ ဇွန် ၁၃

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဆူပူအကြမ်းဖက်မှုနှင့် နေအိမ်မီးရှို့ခံရမှုတို့ကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်လာသော ဒုက္ခသည်အရေအတွက် တစ်သောင်းကျော်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း ရခိုင်ပြည်နယ်သို့ရောက်ရှိနေသော The Voice Weekly သတင်းထောက်က ယနေ့ မွန်းလွဲ ၃ နာရီတွင် သတင်းပေးပို့သည်။

အဆိုပါဒုက္ခသည်တစ်သောင်းကျော်မှာ စစ်တွေမြို့ပေါ်ရှိ ကယ်ဆယ်ရေးစခန်း ၃၅ ခုတွင် ယာယီနေထိုင်နေကြပြီး စားနပ်ရိက္ခာမလုံလောက်ဘဲ အခက်အခဲကြုံတွေ့နေရကြောင်း ၀ံလက်လူမှုရေးအဖွဲ့ထံမှ သိရသည်။

“ဈေးတွေ ပိတ်ထားလို့ ၀ယ်စရာလည်း မရှိတော့ဘူး။ ချက်စရာလည်း မရှိတော့ဘူး။ အရင်က လူတစ်ယောက်ကို ထမင်းတစ်ထုပ်၊ ဟင်းတစ်ထုပ် ဝေပေးတာ၊ အခု အဲ့လို ပုံမှန်မပေးနိုင်တော့ဘူး” ဟု ၀ံလက်လူမှုရေးအဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

အလားတူ ရခိုင်ပြည်နယ် ရသေ့တောင်မြို့ရှိ ဒုက္ခသည် ငါးထောင်ကျော်မှာလည်း စားနပ်ရိက္ခာမလုံလောက်မှုများ ကြုံတွေ့နေရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“ရသေ့တောင်မှာ ဘာဆူပူမှ မဖြစ်ပေမယ့် ကြောက်ပြီးတော့ ငါးဖမ်းထွက်မယ့်သူ၊ ဟင်းလာရောက်တဲ့သူတွေလည်း မရှိဘူး။ ဒါကြောင့် ဒုက္ခသည်တွေကို ထမင်းပဲ ဝေပေးနိုင်တယ်။ ဟင်းမဝေပေးနိုင်တော့ဘူး”ဟု ဒေသခံရခိုင်တိုင်းရင်းသားတစ်ဦးက ပြော ကြားသည်။ အဆိုပါ ဒုက္ခသည် ငါးထောင်ကျော်မှာ ကလေးငယ်များနှင့် အမျိုးသမီးများဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ဇွန်လ ၁၁ ရက်နေ့ မွန်းလွဲ ၂ နာရီအထိ စာရင်းအရ ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှု၊ နေအိမ်များ မီးရှို့ခံရမှု တို့ကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင် လာကြသော ဒုက္ခသည် တစ်သောင်းကျော် ၁၂၀၇၄ ဦးအထိ ရောက်ရှိလာပြီ ဖြစ်ကြောင်း၊ မောင်တော မြို့နယ်တွင် ဒုက္ခသည် ၃၈၇၄ ဦး၊ ဘူးသီးတောင် မြို့နယ်တွင် ဒုက္ခသည် ၁၃၀၀ ဦး၊ စစ်တွေမြို့တွင် ဒုက္ခသည် ၄၉၀၀ ဦးနှင့် ရသေ့တောင်တွင် ဒုက္ခသည် ၂၀၀၀ ဦး စုစုပေါင်း ၁၂၀၇၄ ဦး ရှိကြောင်း၊ မောင်တောမြို့နယ်တွင် ဒုက္ခသည်စခန်း ၄ ခု၊ စစ်တွေမြို့တွင် ဒုက္ခသည်စခန်း ၂၁ ခုခန့် ရှိပြီး ဘူးသီးတောင်မြို့တွင် ဒုက္ခသည်စခန်း ၁ ခုနှင့် ရသေ့တောင် မြို့တွင် ဒုက္ခသည်စခန်း ၅ ခု ရှိကြောင်း ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ၏ ထုတ်ပြန်ချက်အရ သိရသည်။
The Voice Weekly
Posted: 13 Jun 2012 02:22 AM PDT

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည်
သည်၂၀၁၂ခု၊ဇွန်လ(၁၃)ရက်နေ့နံနက်၁၀နာရီကဥရောပခရီး
စဉ်ထွက်ခွာသွားခဲ့သည်။
သတင်း-ဓါတ်ပုံ National League for Democracy

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဇွန်လ(၁၃)ရက် ဗုဒ္ဓဟူးနေ့ မနက်က (TG)လေ ကြောင်းလိုင်းနဲ့  ထိုင်းနိုင်ငံကနေတဆင့် ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ ကို ထွက်ခွာသွားပြီလို့ NLD-ဗဟိုက ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ လုံခြုံရေးအရာရှိ ဦးခွန်သာမြင့် ၊ ကိုယ်ရေးအရာရှိ ဒေါက်တာ ဇင်မာအောင်၊ ပုပ္ဗသီရိလွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယာသော်နဲ့  NLD-လူငယ် ကိုနေခြည်ဝင်းတို့  လိုက်ပါသွားပါ တယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျနီဗာမှာကျင်းပနေတဲ့ ILO-ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်ညီလာခံမှာ မိန့် ခွန်းပြော မှာဖြစ်ပြီး အဲဒီကနေတဆင့် နော်ဝေ၊ ဗြိတိန်၊ အိုင်ယာလန်နဲ့ ပြင်သစ်နိုင်ငံတွေကို ခရီးဆက်မှာဖြစ်ပါတယ်။
Posted: 12 Jun 2012 08:01 PM PDT
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေး နမ်ဘီယား ဟာ သမ္မတ ဦးသိန်းစိန်နဲ့ မနေ့ က နေပြည်တော်မှာ
တွေ့ဆုံခဲ့ပြီး အရေးပေါ်အခြေအနေကြေညာထားတဲ့ ရခိုင်ပြည်နယ်
အရေး ဆွေးနွေးခဲ့တယ်လို့ ကုလသမဂ္ဂ သတင်းဌာန က ဖေါ်ပြပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ရဲ့ အထူးအကြံပေး မစ္စတာ နမ်ဘီယား ဟာ သမ္မတ ဦးသိန်းစိန်အပါအ၀င် မြန်မာအစိုးရအဖွဲ့ခေါင်းဆောင်တွေနဲ့
တွေ့ဆုံဖို့ မြန်မာနိုင်ငံကို ရောက်ရှိနေတာပါ။

ဦးသိန်းစိန်နဲ့ ဆွေးနွေး ရာမှာ အရေးပေါ် အခြေအနေကြေညာရတဲ့
အကြောင်း၊ အခြေအနေတွေကို ပွင့်လင်းမြင်သာမှု ရှိရှိ၊ လူ့အခွင့် အရေး၊ တရားဥပဒေစိုးမိုးရေးတွေနဲ့အညီ ကိုင်တွယ်ဖြေရှင်းဖို့လိုကြောင်း၊ အကြမ်းဖက်သံသရာကို ဖြတ်တောက်ရေး၊ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေမထိခိုက်ရေး စတာတွေ အကြောင်း ဆွေးနွေး ခဲ့တယ်လို့ ကုလသမဂ္ဂ ပြောခွင့်ရပုဂ္ဂိုလ် က နယူးယောက်မြို့မှာ သတင်းထောက်တွေကို
ပြောဆိုခဲ့ပါတယ်။
RFA Burmese
Posted: 12 Jun 2012 07:55 PM PDT
ပြီးခဲ့သည့် (၃.၆.၂၀၁၂) ရက်နေ့တွင် မွန်ပြည်နယ်၊ပေါင် မြို့နယ်သဲကုန်းကျေးရွာတွင်အမှတ်  (၇၃၀၊၇၂၉စီ၊၇၃၃၊၇၃၂)ကွင်းရှိ  တောင်သူများ၏ ပျိုးထောင်စိုက်  ပျိုးထားသည့် စပါးပင်များနှင့် လယ်ယာမြေဧက (၁၀၀၀)ကျော်  ရေကြီးနစ်မြှုပ်၍ ပျက်စီးဆုံးရှုံး  မှုများဖြစ်ပေါ်ခဲ့ကြောင်း သိရှိရ သည်။
ယခင်နှစ်များ ယခုကဲ့သို့ ပင် လယ်ရေကြီးနစ်မြှုပ်မှုဒဏ်ကို  ခံစားရခြင်းမရှိပါ။ယခုနှစ်သည်    အဆိုးဆုံးနှစ်ဖြစ်
...

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...