Saturday, June 16, 2012

17.06.2012 နေ့ဖတ်ရန်သတင်းများ


by Myanmar Journal on Saturday, June 16, 2012 at 2:36pm 

ခိုးဝင်လာတဲ့ လူငယ်တွေ ကန် ပြန်မပို့တော့
အမေရိကန် နိုင်ငံထဲ ကလေး ဘဝနဲ့ တရားမဝင် ရောက်လာတဲ့ သူတွေဟာ အသက် ၃ဝ အောက် ရှိကြောင်း သက်သေ ပြနိုင်ရင်၊ ပြစ်မှု ကင်းရှင်းရင် နောက် ပညာ သင်ကြား နေတယ်ဆိုရင် နေရပ် ပြန်မပို့တော့ဘူး လို့ အမေရိကန် အစိုးရက ကြေညာ လိုက်ပါတယ်။
အမေရိကန် လို ကြီးပြင်း လာပီး အရည်အချင်းရှိတဲ့ လူငယ်တွေကို ပြန်လွှတ်တာ အဓိပ္ပာယ်မဲ့တဲ့ လုပ်ရပ်လို့ သမ္မတ အိုဘားမားက ဆိုပါတယ်။

ဒီဆောင်ရွက်ချက်ဟာ လွတ်ငြိမ်းချမ်းသာခွင့် လဲမဟုတ်၊ နိုင်ငံသား ဖြစ်ရေး လမ်းကြောင်းလဲ မဟုတ်ပေမယ့် လတ်တလောမှာ လုပ်သင့်တဲ့ ကိစ္စ ကို လုပ်တာသာ ဖြစ်တယ်လို့ သူက အလေးထား ပြောဆိုပါတယ်။
ကွန်ဂရက်စ် လွှတ်တော်က အတည်ပြုလိုက်တဲ့ ဒီဆုံးဖြတ်ချက်ကြောင့် လက်တင် နွယ်ဖွား အများစု ဖြစ်တဲ့ လူ ၈ သိန်း လောက် အကျိုး ခံစားရမယ် လို့ ဆိုပါတယ်။
ရွေးကောက်ပွဲ နှစ်မှာ ဒီမိုကရက်နဲ့ ရီပတ်ဘလစ်ကန်တွေကြား ဒီကိစ္စဟာ အဓိက အငြင်းပွား စရာ ဖြစ်လာမှာပါ။

ရခိုင်ပြည်နယ် ဒုက္ခသည်များကို ကုလ ကူညီမည်
မဇ္ဈိမသတင်းဌာန | သောကြာနေ့၊ ဇွန်လ ၁၅ ရက် ၂၀၁၂ ခုနှစ် ၂၁ နာရီ ၄၆ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။       ။ ရခိုင်ပြည်နယ်အတွင်း လတ်တလော ဖြစ်ပွားနေသည့် အကြမ်းဖက် တိုက်ခိုက် ဖျက်ဆီးမှု များကြောင့် အိုးအိမ်မဲ့ ဖြစ်သွားရသည့် ဒုက္ခသည် ထောင်ပေါင်းများစွားအား ကုလသမဂ္ဂမှ ကူညီထောက်ပံ့ပေးသွား မည်ဟု ဆိုသည်။

“အစိုးရ ညွှန်ပြတာကတော့ အစားအစာ၊ နေစရာနဲ့ ဆေးဝါးအကူအညီတွေ အရေးပေါ် လိုနေတယ်လို့ သိရပါတယ်။ UN နဲ့ မိတ်ဖက်အဖွဲ့တွေအနေနဲ့ ဝန်ထမ်းလုံခြုံရေး အာမခံနိုင်သရွေ့ အကူအညီပေးဖို့ အဆင်သင့်ပါပဲ” ဟု ကုလသမဂ္ဂ ဌာနေ ကိုယ်စားလှယ်နှင့် လူသားချင်းထောက်ထားသည့် ကူညီမှုပေးရေးအရာရှိ Ashok Nigam က ပြောသည်။

ဇွန်လအတွင်း ဖြစ်ပျက်ခဲ့သည့် အကြမ်းဖက်မှုများကြောင့် လူပေါင်း ၃၀ ခန့် သေဆုံးခဲ့ရကာ အိုးအိမ်မဲ့ ရွှေ့ပြောင်း ခိုလှုံသူများအဖြစ် လူပေါင်း ၂၃,၀၀၀ ခန့်မှာ ဒုက္ခသည်စခန်း ၃၇ ခုတွင် ခိုလှုံနေထိုင်ကြရသည်ဟု အစိုးရ တရားဝင် သတင်းထုတ်ပြန်ချက်များအရ သိရသည်။ သို့သော် အခြေအနေမှာ အကဲဆတ်လှဆဲ ဖြစ်၍ ဆုံးရှုံးမှု စာရင်း အတိအကျ ကောက်ခံရရှိရန်မှာ ခက်ခဲကြောင်း အကူအညီပေးရေး အဖွဲ့များက ဆိုသည်။

ဇွန်လ ၁၃ နှင့် ၁၄ ရက်နေ့များတွင် ရခိုင်ပြည်နယ် မောင်တောမြို့သို့ Ashok Nigam နှင့်အတူ သွားရောက်ခဲ့သည့် ကုလ အတွင်းရေးမှူးချုပ်၏ အကြံပေးအရာရှိ မစ္စတာ ဗီဂျေး နမ်ဘီးယားကလည်း “ရခိုင်ပြည်နယ်တွင်း အရေးပေါ် လိုအပ်နေတဲ့ အကူအညီတွေ ရရှိစေဖို့အတွက် UN အနေနဲ့ နိုင်ငံတကာနဲ့ နိုင်ငံတွင်းက ဝန်ထမ်းအဖွဲ့တဖွဲ့ကို လက်ရှိ ဝန်ထမ်းတွေနဲ့ တွဲလုပ်ဖို့ ဖြန့်ကျက်စေလွှတ်လိုပါတယ်” ဟု ဇွန်လ ၁၅ ရက်နေ့က ကြေညာချက် ထုတ်ပြန်သည်။

လွန်ခဲ့သော နှစ်ရက်အတွင်း ရခိုင်ပြည်နယ် ဒုက္ခသည်များအတွက် ကုလသမဂ္ဂမှ ဆန်အိတ်ပေါင်း ၄၀၀ ကျော်ထောက်ပံ့ခဲ့ကြောင်း သိရသည်။

မဲလာပေးသူတွေဟာ အသက်ကြီးသူတွေ ဖြစ်အီဂျစ်မှာ ဒုတိယအကျော့ ရွေးကောက်ပွဲ ကျင်းပ
အီဂျစ်နိုင်ငံမှာ ဒုတိယအကျော့ သမ္မတ ရွေးကောက်ပွဲကို ကျင်းပနေပြီ ဖြစ်ရာ အီဂျစ် ပြည်သူတွေ မဲပေးနေကြပြီ ဖြစ်ပါတယ်။
ဒီရွေးကောက်ပွဲဟာ အရင် ဝန်ကြီးချုပ်ဟောင်း Ahmed Shafiq နဲ့ မူဆလင် ညီနောင်များအဖွဲ့က Mohamed Morsi တို့ အကြိတ်အနယ် ယှဉ်ပြိုင်တဲ့ ပွဲဖြစ်ပါတယ်။
ဒီရွေးကောက်ပွဲမှာ အနိုင်ရသူဟာ ပြီးခဲ့တဲ့နှစ်က ရာထူးကနေ ဖြုတ်ချခံခဲ့ရတဲ့ သမ္မတ Hosni Mubarak နေရာကို လက်ခံ ရယူရမှာ ဖြစ်ပါတယ်။
ပြီးခဲတဲ့နှစ်တုန်းက အစိုးရ ဆန့်ကျင်တဲ့ တော်လှန်ရေးတွေ စတင်ခဲ့သူ လူငယ်တွေကတော့ ဒီသမ္မတလောင်း နှစ်ဦးထဲကနေ ရွေးချယ် မဲပေးရမှာကို သိပ်စိတ်မပါကြဘူးလို့ ကိုင်ရိုမြို့မှာရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။
မဲပေးခဲ့သူ အများစုကတော့ အသက်ကြီးသူတွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။
ကြာသပတေးနေ့တုန်းကတော့ ပြီးခဲ့တဲ့နှစ် ပါလီမန် ရွေးကောက်ပွဲတွေဟာ အခြေခံ ဥပဒေနဲ့ မညီတဲ့အတွက် ဖျက်သိမ်းကြောင်း လွှတ်တော် တရားရုံးချုပ်ကနေ အမိန့် ထုတ်ပြန်လိုက် ပါတယ်။

 နမ်းဘီးယား ကြေညာချက် ထုတ်
မြန်မာ အစိုးရ နယ်စပ်ရေးရာ ဝန်ကြီး ဖိတ်ကြားချက်နဲ့ အရင် ၂ ရက်က ရောက်ခဲ့ တဲ့ ကုလ သမဂ္ဂ အထူး အကြံပေး အရာရှိ မစ္စတာ ဗီဂျေ နမ်းဘီးယားက ၁၅ ရက်နေ့က ကြေညာချက် ထုတ်ခဲ့ပါတယ်။
ဘူးသီးတောင် မောင်တော စစ်တွေမှာ လူ တသောင်း ငါးထောင်လောက် အခြေပျက် ဒုက္ခရောက် နေကြပီး စစ်တွေမှာ လူတသောင်းလောက် ရှိမယ်လို့ ဆိုပါတယ်။
ဒီသူတွေကို အမြန်ဆုံး အကူအညီပေးဖို့လဲ အထူး ကိုယ်စားလှယ်က ကုလ သမဂ္ဂ ကို တောင်းဆိုပါတယ်။
မြန်မာနိုင်ငံက လူမျိုးရေး အဓိကရုဏ်း များ ကြောင့် ထွက်ပြေး လာတဲ့ ရိုဟင်ဂျာ မွတ်ဆလင် တွေကို လက်ခံ ဖို့ ဘင်္ဂလား ဒေ့ရှ် နိုင်ငံကို ကုလ သမဂ္ဂ ဒုက္ခသည် များ ဆိုင်ရာ ရုံးက တောင်းဆို လိုက်ပါတယ်။
ဗုဒ္ဓ ဘာသာနဲ့ မွတ်ဆလင် များ ကြား ဖြစ်ပွားတဲ့ ပဋိပက္ခ တွေကြောင့် ထွက်ပြေး လာတဲ့ လှေစီး ဒုက္ခသည် တွေကို ဘင်္ဂလား ဒေ့ရှ် တပ်တွေက လှည့်ပြန် ခိုင်းတဲ့ အကြောင်း ခိုင်လုံတဲ့ ပေးပို့ချက်တွေ ရထားကြောင်း ဒုက္ခသည်များ ရုံးက ပြောကြား ပါတယ်။
အမျိုး သမီး ကလေးငယ်တွေနဲ့ ဒဏ်ရာ ရသူတွေ ပါလာတဲ့ လှေတွေမှာ အစာရေစာ နဲ့ ဆေးဝါး မပါဘဲ မျောကုန်တယ် ဆိုတဲ့ သတင်းတွေလဲ ရတယ်လို့ ကုလ သမဂ္ဂ က ဆိုပါတယ်။
မြန်မာပြည်က ဒုက္ခသည် ခန့်မှန်းခြေ ၃ သောင်း လောက် ဘင်္ဂလား ဒေ့ရှ် ဒုက္ခသည် စခန်း တွေမှာ ရှိနေပီးသား ဖြစ်မယ်လို့ ဒုက္ခသည် အေဂျင်စီ က ဆိုပါတယ်။
ဒီ ပဋိပက္ခ အတွင်း သတင်းဖော်ပြမှုကို မကျေနပ်လို့ သတင်း မီဒီယာ တွေကို ဆန္ဒပြမှု တွေမှာ ရန်ကုန်မှာ ဖြစ်ခဲ့သလို မလေးရှားမှာလဲ ရိုဟင်ဂျာ မွတ်ဆလင်တွေ မြန်မာ သံရုံးရှေ့ ဆန္ဒပြ ကြတယ်လို့ သိရပါတယ်။
လတ်တလော မှာတော့ ပဋိပက္ခ ဖြစ်တဲ့ ရခိုင် ဒေသ တချို့ နေရာတွေမှာ ငြိမ်သက်တဲ့ ပုံ ရှိနေပီ ဖြစ်ပါတယ်။

NLD အတွင်းရေးမှူး ဦးဉာဏ်ဝင်း မမှန်သတင်းပေးမှုဖြင့် တရားစွဲဆိုခံရ
ဝေစန္ဒာ | ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၁၃ ရက် ၂၀၁၂ ခုနှစ် ၁၃ နာရီ ၃၅ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။         ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အတွင်းရေးမှူး ဦးဉာဏ်ဝင်းအား ဇမ္ဗူသီရိမြို့နယ် တရားရုံးတွင် ဥပဒေပုဒ်မ ၁၈၂ ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တရားစွဲဆိုထားကြောင်း ဦးဉာဏ်ဝင်းက မဇ္ဈိမသို့ ပြောသည်။

“ကျနော့်ကို ပုဒ်မ ၁၈၂ မမှန်သတင်းပေးပို့မှုနဲ့ တရားစွဲထားတယ်လို့ သိရပါတယ်” ဟု ပြောသည်။

NLD အတွင်းရေးမှူး အနေဖြင့် ဧပြီလ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပနေစဉ် မဲလက်မှတ်များတွင် ဖယောင်းသုတ်မှုများ ရှိနေသည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ တိုင်ကြားခဲ့သည်။

“ကျနော့်ကို တရားစွဲထားတဲ့ အဆိုလွှာကို မဖတ်ကြည့်ရသေးပါဘူး။ နေပြည်တော်ရောက်မှ အတိအကျ သိရမှာဖြစ်ပါတယ်” ဟု ဦးဉာဏ်ဝင်း က ပြောဆိုပြီး ဇွန်လ ၁၄ ရက်နေ့တွင် တရားရင်ဆိုင်ရန်အတွက် နေပြည်တော်သို့ ဗုဒ္ဓဟူးနေ့က ထွက်ခွါသွားပြီ ဖြစ်သည်။

ရွေးကောက်ပွဲကော်မရှင် အနေဖြင့် ဖယောင်းသုတ်သည့် တိုင်ကြားမှုနှင့် ပတ်သက်ပြီး မေလ ၉ ရက်နေ့ကကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။

“ဖယောင်းသုတ်မှုဖြစ်စဉ် လုံးဝဖြစ်ပွားခဲ့မှု မရှိကြောင်း၊ တရားဝင် တိုင်ကြားသူလည်း မရှိကြောင်းနှင့် ယခုကဲ့သို့ မမှန်မကန် စွပ်စွဲပြောဆိုမှုများကြောင့် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲ ဂုဏ်သိက္ခာ ကျဆင်းနိုင်သဖြင့် မမှန်မကန် တိုင်ကြားသူအား ကော်မရှင်က လိုအပ်လျှင် အရေးယူနိုင်ရန် ဥပဒေနှင့်အညီ ခေါ်ယူရှင်းလင်း အသိပေးခြင်းဖြစ်ကြောင်း” အဆိုပါ ကော်မရှင် ကြေညာချက်တွင် ပါရှိသည်။

ဦးဉာဏ်ဝင်းသည် ကြားဖြတ်ရွေးကောက်ပွဲကာလအတွင်း NLD ၏ ရွေးကောက်ပွဲ အောင်နိုင်ရေး မန်နေဂျာ အဖြစ်ဆောင်ရွက်ခဲ့ပြီး လစ်လပ် ၄၄ နေရာတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ ၄၃ နေရာ အနိုင်ရရှိခဲ့သည်။

လွှတ်တော်အစည်းအဝေးများ ဇူလိုင်လဆန်းတွင် ပြန်စမည်
မဇ္ဈိမသတင်းဌာန | ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၁၃ ရက် ၂၀၁၂ ခုနှစ် ၂၁ နာရီ ၂၇ မိနစ်

မဇ္ဈိမသတင်းဌာန ။       ။ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော်တို့၏ ပထမအကြိမ် လွှတ်တော် စတုတ္ထ ပုံမှန်အစည်းအဝေးများကို ဇူလိုင်လ ၄ ရက်နေ့တွင် စတင်ကျင်းပတော့မည် ဖြစ်သည်။

ယခုအစည်းအဝေးများတွင် ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ကျမ်းသစ္စာကျိန်ဆိုပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ လွှတ်တော် ကိုယ်စားလှယ်များလည်း တက်ရောက်ဆွေးနွေးကြတော့မည် ဖြစ်သည်။

အစီအစဉ်အရ ထိုနေ့နံနက်ပိုင်းတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် အစည်းအဝေးများ ကျင်းပကာ မွန်းလွဲပိုင်းတွင်မှ ထိုလွှတ်တော်နှစ်ရပ်ပေါင်း၍ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို ကျင်းပမည် ဖြစ်သည်။

ထိုပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဇွန်လ ၁ဝ ရက်နေ့က နိုင်ငံတော် သမ္မတ ထုတ်ပြန်ကြေညာထားသည့် ရခိုင်ပြည်နယ်အတွင်း “အရေးပေါ်အခြေအနေ” ကြေညာချက်အား ရုတ်သိမ်းခြင်း မရှိသေးလျှင် အခြေခံဥပဒေ ပုဒ်မ ၂၁၂ (ခ) အရ အတည်ပြုချက် ရယူရမည်ဖြစ်ပြီး ကာလတိုးမြှင့်သတ်မှတ်လိုပါကလည်း ပုဒ်မ ၄၁၆ အရ တိုးမြှင့်နိုင်မည်ဖြစ်သည်။

မျိုးချစ်စိတ်ဓါတ်ကို အပုပ်ချဆောင်းပါးဖြင့် ထိပါးစိန်ခေါ်လာသော ဧရာဝတီမီဒီယာ
Posted by admin on June 16, 20120 Comment

ဇွန်လ ၁၅ ရက်နေ့ ၂ဝ၁၂ ခုနှစ် ဧရာဝတီမဂ္ဂဇင်း စာမျက်နှာရေးသားထားတဲ့ သတင်းတပုဒ်ဟာဖြင့် ရခိုင်ပြည်နယ်ကို ရခိုင်တွေ ဆက်လက် ပိုင်ဆိုင်ခွင့်ရှိဦးမလားဆိုတာကို ရိုဟင်ဂျာဘင်္ဂါလီများဖက်မှ ထုံးစံအတိုင်းရပ်တည်သော သတင်း ဆောင်းပါးတပုဒ်ဖြင့် စတင် သွေးတိုးစမ်းစိန်ခေါ်နေပြီ ဖြစ်ပါတယ်။
သတင်းအကျဉ်းချုပ်က ရခိုင်အရေးအခင်းဟာ အင်တာနက်သုံးစွဲသူ မြန်မာများကြောင့် ပိုမိုပြင်းထန်လာပြီး အစိုးရရဲ့ အ ရေးပေါ်ကြေငြာချက်ဟာ ဒီ အင်တာနက်သုံးစွဲသူ မြန်မာတွေကြောင့်လို့ စွပ်စွဲလိုက်တာ ဖြစ်ပါတယ်။ နောက်ထပ် ရေး သားထားတဲ့အချက်ကတော့ သြစတေးလျ သုတေသီတဦးနဲ့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ထဲက လူတဦးရဲ့ စကားကို ကိုးကားလို့ ရေးသားထားတာဖြစ်ပါတယ်။ ရေးထားတဲ့အချက်က ရိုဟင်ဂျာတွေဟာ မြန်မာ့တိုင်းရင်းသား မ ဟုတ်ဘူးဆိုတာ မြန်မာတွေက တဖက်သတ် မျက်စိမှိတ်ယုံကြည်နေကြတယ်လို့ ဖြစ်ပါတယ်။ သို့သော်လည်း အပြစ်တင် မှုတွေကို ရှောင်ထွက်ဖို့အတွက် ရခိုင်ပြည်နယ်ထဲက အင်တာနက် သုံးစွဲမှုအခြေအနေကို အစိုးရက ကန့်သတ်ထားတဲ့ အတွက် အတိအကျ ပြောဖို့ခက်ခဲနေတယ်ဆိုတာကို ဖော်ပြပြီး ထွက်ပေါက်ချန်ထားတာကိုလည်း တွေ့ရပါတယ်။
သတင်းတပုဒ်မှာ သတင်းခေါင်းစဉ်ဟာအရေးအကြီးဆုံး Main Message ဖြစ်ပါတယ်။ သတင်းခေါင်းစဉ်က “အင်တာ နက်အသုံးပြုသူအချို့ကြောင့် ရခိုင်ပြည်နယ်ပဋိပက္ခ ပိုမိုဆိုးရွားခဲ့ရ” ဆိုပြီးဖြစ်ပါတယ်။ဒီခေါင်းစဉ်ကပေးတဲ့ မက်ဆေ့ခ်ျက အင်တာနက်အသုံးပြုပြီး ရခိုင်အရေးအခင်းမှာ ရခိုင်တွေဖက်က ပြတ်ပြတ်သားသား ရပ်တည်ခဲ့တဲ့ လူတွေကို စိန်ခေါ် လိုက်သလို လက်ညှိုးထိုး စွပ်စွဲလိုက်တာပဲ ဖြစ်ပါတယ်။
ရခိုင်အရေးအခင်း ဖြစ်လာတဲ့အချိန်မှာ ပြည်တွင်းမီဒီယာတွေဖြစ်တဲ့ အလဲဗင်း၊ သဗွိုက်စ်တို့မှာ ထိထိမိမိ မဖော်ပြနိုင် သေးပေမယ့် အင်တာနက်သုံးစွဲသူ မြန်မာလူငယ်များလက်ထဲကိုတော့ သတင်းအချက်အလက်များကို ဆိုရှယ်နက်ဝေါ့ တွေက တဆင့် ချက်ခြင်းဆိုသလို ရောက်ရှိလာခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ ရိုဟင်ဂျာရှေ့နေ နာမည်ကြီး ဘီဘီစီနဲ့ ကျန် သော မီဒီယာများဖြစ်တဲ့ RFA, Mizzima, VOA, DVB, Irrawaddy တို့ဟာ အထိုက်အလျောက် နှာစေးနေခဲ့ကြပါတယ်။ မောင်တောမှာ စတင်ပေါက်ကွဲလာခဲ့တဲ့ ဒီဘင်္ဂါလီတွေရဲ့ လှုပ်ရှားမှုကို မသိချင်ယောင်ဆောင်ခဲ့ကြတာဟာ ဒီမီဒီယာ တွေပဲ ဖြစ်ပါတယ်။ နောက်ပြီး မဖြစ်တော့လို့သတင်းဖော်ပြခဲ့ရတဲ့ အချိန်မှာတော့ ဧရာဝတီက ဆန္ဒပြမွတ်စလင်တွေကို ရဲတပ်ဖွဲ့ဝင်တွေက ပစ်ခတ်တယ်ဆိုတဲ့ ခေါင်းစဉ်အကြောင်းအရာကို ဆူးလေမှာ ဆန္ဒပြနေတဲ့ မွတ်စလင်တဦးပုံနဲ့ တွဲဖက် ဖော်ပြကာ မြန်မာပြည်တွင် မွတ်စလင်များကို ယနေ့ ထူးထူးကဲကဲ နှိပ်စက်နေပါတယ်ဆိုတဲ့ ပုံစံ ရေးသားတင်ဆက်ခဲ့တာ ဟာ ဧရာဝတီမဂ္ဂဇင်းပဲ ဖြစ်ပါတယ်။ နောက်ပြီး နာမည်ကြီး ဘီဘီစီရဲ့ ဖော်ပြပုံတွေမှာ
“တောင်ကုတ်တွင် မွတ်စလင်ဆယ်ဦးကို လူအုပ်ကြီးက ဆွဲချသတ်ဖြတ်” ဆိုတဲ့ခေါ်င်းစဉ်နဲ့
“မောင်တောတွင် မွတ်စလင်များ ဆန္ဒပြ” ဆိုတဲ့ ခေါင်းစဉ်နဲ့ မရှေးမနှောင်းဖော်ပြခဲ့ပါတယ်။ တကယ်က အကြမ်းဖက် ဆူ ပူခြင်း ဖြစ်စဉ်… ယနေ့ အဓိကရုဏ်းရဲ့အစဖြစ်ပါတယ်။ ဒါပေမယ့် ဆန္ဒပြတယ်လို့ပဲ ဘက်လိုက်ဖော်ပြခဲ့ပါတယ်။
သောကြာနေ့မှာ ဗလီဆင်းချိန် လူစုပြီး ကမ္ဘောဇဘဏ်ရှေ့က အဖီတွေကိုဖျက်ဆီးလို့ တည်းခိုခန်းတခုကို မီးတင်ရှို့ခဲ့တဲ့ လုပ်ရပ်ကို “ဆန္ဒပြသူများကို ရဲမှပစ်ခတ်” ဆိုတဲ့ အသွင်အနေနဲ့ ဧရာဝတီ၊ ဘီဘီစီနှင့်တကွ သူတို့နဲ့ နီးစပ်တဲ့ နိုင်ငံတကာ မီဒီယာတွေမှာ တပြိုင်နက် ဖော်ပြခဲ့ကြပါတယ်။
တဆက်တည်းမှာပဲ ဇွန်လ ၉ ရက် ၂ဝ၁၂ ခုနှစ်မှာ ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) စာမျက်နှာမှာတော့ ပီတာအောင် ဆိုတဲ့ သတင်းရေးသူက ရွှေတိဂုံဘုရားမှာ ဆန္ဒပြမှုဟာ မောင်တောမြို့နယ်မှာရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ နေအိမ် ကို မီးရှို့ဖျက်ဆီးမှု၊ လူတွေကိုသေကြေအောင်လုပ်မှု ဖြစ်အပြီးမှာ ရန်ကုန်မှာရှိတဲ့ ရခိုင်တိုင်းရင်းသားတွေက ပြုလုပ်ခဲ့ကြ တာ ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ အဖြစ်မှန်တွေကို ဖုန်းသတင်းတွေကတဆင့် အဆက်မပြတ်ဖြန့်ဝေနေ ကြတဲ့ အင်တာနက်သုံးစွဲသူလူငယ်တွေကြာကို ပျံ့နှံ့လာခဲ့ချိန်မှာတော့ လူငယ်တွေဟာ ဒေါသပေါက်ကွဲခဲ့ကြပါတော့ တယ်။
ထိုအချိန်မှာ အဓိကရုဏ်းကြောင့် ဘင်္ဂါလီအများစုရှိနေတဲ့ မောင်တောမြို့နယ်မှာရှိတဲ့ ရခိုင်တွေဟာ သေရေးရှင်ရေးနဲ့ ကြုံတွေ့နေခဲ့ရပြီ ဖြစ်ပါတယ်။ မီးလောင်မှုများနဲ့အတူ ဦးတည်ရာမဲ့ ထွက်ပြေးနေကြတဲ့ ရခိုင်လူအုပ်ထဲကို မောင်တောမြို့ ငွေပွဲစား ဇော်ဟိန်း ဆိုတဲ့သူရဲ့ နေအိမ်က သေနတ်နဲ့ပစ်ခတ်ခဲ့တယ်ဆိုတဲ့ အတည်မပြုနိုင်သေးတဲ့ သတင်းများထွက်ပေါ် နေပေမယ့် ထိုသတင်းဌာနတွေဟာ မောင်တောမြို့မှာရှိတဲ့ ရခိုင်လူမျိုးအနည်းစုရဲ့ ဘေးအန္တရာယ်နဲ့ပတ်သက်လို့ တလုံး တပါဒမှ ဖော်ပြခြင်းမပြုဘဲ ထိုအရေးအခင်းဟာ ဘာသာရေးအဓိကရုဏ်းအသွင် ဇောင်းပေးဖော်ပြလာခဲ့ပါတယ်။
မကြာခင်မှာဘဲ ပြည်တွင်းအင်အားကြီးမီဒီယာ အလဲဗင်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာနဲ့ အင်တာနက်စာမျက်နှာတွေမှာ ရခိုင် ပြည်သူတွေရဲ့ သတင်းကို အဆက်မပြတ်ဖော်ပြပေးလာခဲ့ပါတယ်။ တပ်ရဲ့ ပေါ့လျော့မှုတွေကိုလည်း သိသိသာသာ မြင် တွေ့ခွင့်ရလာခဲ့ပါတယ်။ ဖုန်းဆက်နေရင်း ရုတ်တရက်ဖုန်းချ ထွက်ပြေးသွားရလောက်အောင် မတည်ငြိမ်မှုတွေဖြစ်နေပြီး နေ့ရောညပါ ကျီးလန့်စာစား ဖြစ်နေခဲ့ရတဲ့ စစ်တွေမြို့ အဓိကရုဏ်းဖြစ်စဉ်မှာ သေဆုံးသူ ရခိုင်လူမျိုးများရဲ့ ဓါတ်ပုံတွေ အများကြီး တက်လာခဲ့ပေမယ့် ဒီသတင်းဌာနတွေဟာ လုံးဝဖော်ပြခြင်းမပြုတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဘီဘီစီ မြန်မာ ပိုင်းရဲ့ သတင်းဓါတ်ပုံဖော်ပြမှုမှာဆိုရင် ဘင်္ဂလားတဦးရဲ့ ဆိုင်ကယ်ကို ရခိုင်များက မီးရှို့ထားတဲ့ပုံ၊ ဓါးကိုင်၊ ဝါးချွန်ကိုင်ပြီး ကိုယ့်အိမ်ကို စောင့်ကြပ်နေကြရတဲ့ ရခိုင်များရဲ့ပုံကိုသာ ဖော်ပြပေးထားတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီလိုဖော်ပြခြင်း အားဖြင့် နိုင်ငံတကာ စောင့်ကြည့်လေ့လာသူများက ကိုယ့်အိမ်ကိုယ် ကာကွယ်နေကြတဲ့ ရခိုင်လူမျိုးများကို အစွန်း ရောက် တာလီဘန်များသဖွယ် မြင်တွေ့သွားကြမှာ ဖြစ်ပါတယ်။
ဒီလို ပြည်ပမြန်မာမီဒီယာများနဲ့ နိုင်ငံတကာမီဒီယာများရဲ့ တဖက်သတ်ဖော်ပြကာ ရခိုင်လူမျိုးများအပေါ် လျစ်လျူရှုမှုများ ကို မခံမရပ်နိုင်ဖြစ်လာကြတဲ့ ပြည်တွင်း၊ ပြည်ပမှ အင်တာနက်သုံးစွဲသူများဟာ ပြည်တွင်း Citizen Journalists များ၊ ပြည်တွင်းမှ အွန်လိုင်းသတင်းဌာနများနဲ့ ပြည်တွင်းမီဒီယာများမှ သတင်းတိုများ၊ သတင်းရှည်များကို အင်္ဂလိပ်လို ပြန်ဆို ရေးသားကာ ဖြန့်ဝေလာခြင်းဖြင့် စံနစ်တကျ ဖွဲ့စည်းထားကြတဲ့ နိုင်ငံရေးသမားများနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ပမြန်မာမီဒီယာ များနဲ့ နိုင်ငံတကာမီဒီယာများ၊ အိမ်နီးချင်း ထိုင်း၊ စင်ကာပူတို့မှ သတင်းမှားများကို နာရီပေါင်းများစွာ ဆန့်ကျင်ချေပလာခဲ့ ကြပါတယ်။ ဒီလို တဖက်သတ် သတင်းတွေကို မြင်တွေ့လာရတဲ့ အင်တာနက်သုံးသူ ပြည်သူများရဲ့ မကျေမနပ် ဒေါသ ပေါက်ကွဲသံများဟာ ပြည်တွင်းမီဒီယာများရဲ့ မှတ်ချက်ပြုခွင့်ပေးထားတဲ့နေရာများမှာ လျှံတက်လာခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုပြည်သူတွေ မကျေမနပ်ဖြစ်နေတာကို လုံးဝ လျစ်လျူရှုခဲ့ကြတာကတော့ ထိုပြည်ပ မြန်မာမီဒီယာများပဲ ဖြစ်ပါတယ်။
မခံနိုင်တော့တဲ့အဆုံးမှာ မျိုးချစ်ရခိုင်ရဟန်းတော်များနဲ့ ရခိုင်များနှင့်တကွ ကျန်တိုင်းရင်းသားညီအစ်ကိုများဟာ ဒုက္ခ ပင်လယ်ဝေနေကြတဲ့ ရခိုင်များအတွက် မိမိတတ်နိုင်တဲ့နည်းနဲ့ ရွှေတိဂုံစေတီမှာ ဆန္ဒထုတ်ဖော် ဝတ်ပြုဆုတောင်းခဲ့ကြ ပါတယ်။ အဲ့ဒီအချိန်မှာ ထို ဆန္ဒထုတ်ဖော်သူများလက်မှာ “DVB, BBC, ပြည်ပမိဒီယာများအလိုမရှိ” စတဲ့ စာသားများနဲ့ သဘောဆင်တူတဲ့ ဆိုင်းဘုတ်များကို ကိုင်စွဲဆန္ဒထုတ်ဖော်ခဲ့ကြတာကို ပြည်တွင်းမီဒီယာများနဲ့ တာဝန်သိ Citizen Journalists များရဲ့ အင်တာနက်စာမျက်နှာများမှာ တွေ့ရပေမယ့် ဘီဘီစီနဲ့တကွ ကျန် မြန်မာမီဒီယာများမှာတော့ ဆန္ဒပြ ရဟန်းတော်များနဲ့ ဘင်္ဂါလီများကို အလိုမရှိကြောင်း သတင်းဓါတ်ပုံမျာကိုသာ ရွေးချယ်ဖော်ပြခဲ့တာကိုလည်း တွေ့ရပြန်ပါ တယ်။
ထို့နောက် မျိုးချစ်တိုင်းရင်းသားညီအစ်ကိုများပူးပေါင်းပြီး ဆူးလေမှာ ဆန္ဒထုတ်ဖော်တဲ့ပွဲစဉ်တွေမှာလည်း ထိုပြည်ပ မီဒီ ယာတွေကို ဆန့်ကျင်တဲ့ ကြွေးကြော်သံတွေ၊ ဆိုင်းဘုတ်တွေကို ကိုင်ဆောင် ဆန္ဒပြခဲ့ပေမယ့် အလားတူစွာပဲ မည်သည့် ပြည်ပမြန်မာမီဒီယာများနဲ့ နိုင်ငံတကာမီဒီယာများက ဖော်ပြခဲ့ခြင်း မရှိပါဘူး။ နောက်ဆုံးအနေနဲ့ အင်္ဂလန် သံရုံးရှေ့မှာ ဒီမီဒီယာတွေရဲ့ သတင်းမှား ဖြန့်ဝေမှုကို ဆန္ဒပြနေတဲ့ ပြည်သူတွေကို ပြည်တွင်းမီဒီယာများကလွဲလို့ ဘယ်မီဒီယာကမှ ဖော်ပြခဲ့တာကို လက်လှမ်းမီသလောက် မတွေ့ခဲ့ရပါ။ ဒီလို ဆန္ဒ ထုတ်ဖော်တာဟာ ပြည်သူ့ ဆန္ဒဖြစ်ပါတယ်။ မီဒီယာဆို တာ အရှိကိုအရှိအတိုင်းဖော်ပြရတဲ့ ကျင့်ဝတ်ရှိပေမယ့် ပြည်ပမီဒီယာတွေရဲ့ အကျင့်ပျက်ဘက်လိုက်မှုကြောင့် လူထုက လက်မခံနိုင်ဘူးဆိုတာကို အခုလို နည်းလမ်းများနဲ့ ပြသလိုက်တာ ဖြစ်ပါတယ်။ ပြည်တွင်းအင်တာနက် စာမျက်နှာများမှာ လည်း ဒီဗွီဘီဝက်ဘ်ဆိုက်ကို မခံမရပ်နိုင် ဒေါသပေါက်ကွဲနေတဲ့ ပညာတတ်လူငယ်များက တိုက်ခိုက်ခဲ့ကြပါတယ်။ အဲ့ဒီ ဖြစ်ရပ်ကိုလည်း ၂ဝ၁ဝ ရွေးကောက်ပွဲမတိုင်ခင် မှာ ဒီလိုတိုက်ခိုက်ခဲ့ဖူးတယ်ဆိုတဲ့ အရေးအသားနဲ့ နှပ်ကြောင်းပေးပြီး ကိုယ့်ရဲ့ ရုပ်ပျက်ဆင်းပျက် ဘက်လိုက်သတင်းဖော်ပြမှုကြောင့် ဒီလို ဖြစ်ရတာကို ဖုံးကွယ်သွားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ အင်တာနက်ကွန်ယက်ဖြန့်ကျက်မှုဟာ အိမ်နိးချင်း ထိုင်း၊ မလေးရှားတို့နဲ့ ယှဉ်ရင်များစွာနည်းပါးပါတယ်။ ဒါ့အပြင် ဖြစ်စဉ်တွေမှာ ပြည်မက လူတွေသိရတာဟာ သတင်းတွေတက်လာမှ သိရတာဖြစ်ပါတယ်။ ဘူးသီးတောင်၊ မောင်တောမှာ အဓိကရုဏ်းဖြစ်ပြီဆိုတဲ့ သတင်းဟာ တကယ့်ဖြစ်စဉ်နဲ့ အနည်းဆုံး သုံးလေးနာရီကွာပြီးမှသာ သိကြရ တာ ဖြစ်ပါတယ်။ နောက်ပြီး အဓိကရုဏ်းဟာ စစ်တွေမြို့ရဲ့ ပတ်ချာလည်နဲ့မောင်တောမြို့ပတ်ချာလည်ရွာတွေမှာ ဖြစ် ပွားနေပြီးမှသာ စစ်တွေမြို့ပေါ်ကိုကူးစက်လာတာ ဖြစ်ပါတယ်။ ဒီလို လျှပ်စစ်မီးတောင် ကောင်းကောင်းမရှိဘဲ အင်တာ နက်ဆိုတာ ဝေလာဝေး ဖြစ်နေတဲ့ ရွာတွေမှာ အခြေပြုပေါက်ကွဲလာတဲ့ အဓိကရုဏ်းတွေဟာ အင်တာနက်သုံးစွဲသူ မြန် မာများကြောင့် ဖြစ်လာရတယ်ဆိုတာကတော့ ရယ်ချင်ဖွယ်ဟာသပြက်လုံးတခုပဲ ဖြစ်ပါတယ်။ သြစတေးလျသုတေသီရဲ့ လက်ထဲမှာ စစ်တွေမြို့ရှိ အင်တာနက်ကွန်ယက် လွှမ်းခြုံမှု ရာနှုန်းနဲ့ ဒီဆိုရှယ်နက်ဝေါ့ကို အခင်းဖြစ်ရာဒေသက လူတွေ ဘယ်လောက်အထိ လက်လှမ်းမီသလဲဆိုတဲ့ ဒေတာအချက်အလက်တွေကို ရရှိထားပြီးမှ “အင်တာနက်သုံးစွဲသူတွေ ကြောင့် ပဋိပက္ခပိုအရှိန်မြင့်” ဆိုတဲ့ မှတ်ချက်ကို ပေးလိုက်တာလားလို့ ပြန်မေးချင်ပါတယ်။ နောက်ပြီး စစ်တွေမြို့ကို ကူး စက်လာချိန်မှာ မြို့ရဲ့ အဓိကရပ်ကွက်ကြီးများမှာ နေရာတိုင်း တင်းမာမှုတွေဖြစ်နေပြီး သတင်းရယူသူ သတင်းထောက် များပင်လျှင် အသက်အန္တရာယ်ကို စိုးရိမ်နေကြရတာ ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ အေးအေးလူလူ အင်တာနက်ထိုင်သုံး နေကြပြီး ဒီအင်တာနက်က ဝါဒဖြန့်မှုတွေက အရေးအခင်းဖြစ်ရာ စစ်တွေရှိ ရခိုင်လူထုနဲ့ ဘင်္ဂါလီလူထုထဲကို ထိုးဖောက် ပျံ့နှံ့နိုင်တယ်ဆိုတာကတော့ ရယ်ချင်စရာပဲ ဖြစ်ပါတယ်။
နောက်ပြီး မြန်မာနိုင်ငံမှာ မွတ်စလင်များစွာရှိပါတယ်။ ဒီမွတ်စလင် အသိုင်းအဝိုင်းတွေနဲ့ ကျန်တဲ့ အာရပ်နိုင်ငံ ပဋိပက္ခ တွေလို မျိုးဖြုတ်သတ်ဖြတ်မှုတွေ မြန်မာနိုင်ငံမှာ လုံးဝမရှိခဲ့တာလည်းအမှန်ပဲ ဖြစ်ပါတယ်။ ဘာသာရေးအဓိကရုဏ်းတွေ ရှိခဲ့ပေမယ့် နိုင်ငံရေးပယောဂတွေကို ကာကွယ်ဖို့ ဗုဒ္ဓဘာသာရဟန်းတော်များကိုယ်တိုင် အစ္စလာမ်ဗလီများကို စောင့် ရှောက်ပေးခဲ့ဖူးတဲ့ သာဓကတွေလည်း ရှိပါတယ်။ ထို့ပြင် ရခိုင်သုတေသီသမိုင်းပညာရှင်များရဲ့ စံနစ်တကျပြုစုထားတဲ့ သုတေသနစာတမ်းများရှိပေမယ့်ဒိလိုစာတမ်းတွေကို လျစ်လျူရှုပြီး မြန်မာလူထုတွေက တဖက်သတ်ဇာတ်လမ်းတွေကိုပဲ ယုံကြည်နေတယ်ဆိုတဲ့ Phil Robertson ဆိုသော လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က လူရဲ့ မှတ်ချက်ကလည်း အ ပေါ်ယံ အင်မတန်ဆန်နေပါတယ်။
မူဂျာဟစ်သူပုန်များ အဖြစ်ရပ်တည်ခဲ့ပြီး ယနေ့အချိန် ရိုဟင်ဂျာများဟာ အယ်လ်ခေးဒါးများနဲ့ ဆက်စပ်နေတယ်ဆိုတဲ့ သ တင်းများ ထွက်ပေါ်လာတာ မထူးဆန်းဘူးလို့ ဆိုရမှာပါ။ AZG အဖွဲ့မှ တာဝန်ရှိသူတဦးကိုလည်း အယ်လ်ခေးဒါးဆက် စပ်အနေနဲ့ ဖမ်းဆီးထားတယ်ဆိုတာကို 7Days သတင်းဂျာနယ်ကို အတည်ပြုပြောကြားခဲ့ပေမယ့် ဒီသတင်းလို နိုင်ငံ တော်လုံခြုံရေးအတွက် ထိပ်တန်းတမျှ အရေးကြီးလှတဲ့ သတင်းမျိုးကို ဘယ်ပြည်ပမီဒီယာကမှလည်း အလေးအနက် ဖော်ပြခဲ့ခြင်း မရှိတာကိုတွေ့ရမှာ ဖြစ်ပါတယ်။ ထူးခြားတဲ့ လုပ်ရပ်ဖြစ်တဲ့ ဘင်္ဂါလီများက ရခိုင်အိမ်များကို မီးတင်ရှို့သော ဖြစ်စဉ်များကို လုံးဝဖော်ပြခဲ့ခြင်း မရှိတာကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။
နောက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက နေ့စဉ်ရက်ဆက် ဒီရိုဟင်ဂျာတွေနဲ့ မွတ်စလင်အကြမ်းဖက်တွေရဲ့ ပတ် သက်မှုကို အသိအမှတ်ပြုပြောဆိုနေပေမယ့် ဒီ ဧရာဝတီမဂ္ဂဇင်းနဲ့ တကွ မည်သည့်မီဒီယာများက အလေးအနက်ထား ဖော်ပြခဲ့ခြင်းမရှိတာဟာ ဘာသဘောပါလဲ။ မူဂျာဟစ်သူပုန်ဆိုတာ အစဉ်အလာရှိတဲ့ လက်နက်ကိုင်အဖွဲ့ ဖြစ်ခဲ့ပါတယ်။ ဒီလူတွေရဲ့ နောက်မျိုးဆက်တွေအနေနဲ့ ရခိုင်ပြည်နယ်ကို အချိန်မရွေးတိုင်းပြည်ကနေ ဖဲ့ယူသွားလောက်အောင် ခြိမ်း ခြောက်နေတဲ့အနေအထားမှာ ဘာကြောင့် ဒီပြည်ပမီဒီယာတွေအနေနဲ့ လျစ်လျူရှုနေပါသလဲ။ သေချာတာကတော့ ကိုယ်ကျိုးကြည့်လွန်းနေကြပြီ ဆိုတာပဲ ဖြစ်ပါတယ်။
သာမန် ဘလော့ဂ်များဖြစ်တဲ့ ဒီမိုဝေယံ၊ ဒေါင်းမာန်ဟုန် တို့လို လူငယ်ဘလော့ဂါတွေက အင်နဲ့အားနဲ့ အနှိပ်စက်ခံ ရခိုင် ပြည်သူတွေအတွက် အမျိုးသာရေးမှာသွေးမကွဲဘဲ ပူးပေါင်းခဲ့ကြပေမယ့် ဒီပြည်ပမီဒီယာတွေဟာ ရခိုင်ပြည်နယ်ကို လက် သိပ်ထိုးပြိး ဘင်္ဂလားများထံ ရောင်းစားခဲ့ကြပါတယ်။ ဒီအရေးအခင်းကို ကြိုတင်ကြံစည်ထားကြောင်းကို ဘင်္ဂလားဒေ့ရှ် သတင်းစာတစ်စောင်က ယခုနှစ် (၂ဝ၁၂) ဇန်နဝါရီလမှာ ဖော်ပြထားခဲ့ပါတယ်။ ဒီဟာကို အခုအချိန်မှာ လေ့လာတွေ့ရှိ သူများက ထုတ်ဖော်တင်ပြကာ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးရဲ့ စကားနဲ့ ဆက်စပ်ကိုးကားကာ နိုင်ငံတော်လုံခြုံရေး ကို ခြိမ်းခြောက်နေသူများအဖြစ် မီးမောင်းထိုးပြနေပေမယ့် ဧရာဝတီအပါအဝင် ပြည်ပမီဒီယာတွေအတွက်ကတော့ ဒီလို ခြိမ်းခြောက်မှုအန္တရာယ်များဟာ မြန်မာ့အရေးသုတေသီလား ဘာသုတေသီမှန်း မသိတဲ့ လူတဦးရဲ့စကားကို ကိုးကားဖို့ လောက် အရေးမပါဘူး ဖြစ်နေပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဒီပူးမိုနီ လို အစိုးရထိပ်တန်းအရာရှိကြီးရဲ့ စကားထက် Human Right Watch က လူတဦးရဲ့ စကားကို ပိုမို ကိုးကားလိုနေပါတယ်။
ချုပ်ပြောရရင် ဧရာဝတီဟာ ရခိုင်လူထုကို ပါးရိုက်လိုက်တာပါပဲ။ ဒုက္ခပင်လယ်ဝေနေတဲ့ ရခိုင်များနဲ့ မျိုးချစ်မြန်မာများရဲ့ သတ္တိသွေးကို စိန်ခေါ်လိုက်တာပါပဲ။ အနှိပ်စက်ခံရခိုင်လူထုနဲ့ မြန်မာ့အချုပ်အခြာအာဏာကို ထိပါးလာနိုင်မှုကို ဘယ်လို မှ ဂရုမထားနိုင်တော့ဘဲ ငွေကြေးရဖို့သက်သက်သာ လုပ်ဆောင်နေဟန်တူနေပါတယ်။ ဒီလို လူတွေရေးတဲ့ အွန်လိုင်းမီဒီ ယာကို အားကိုးနေရဦးမယ့် မြန်မာ့မီဒီယာလောကနဲ့ အရေးအခင်းတလျှောက်လုံး ပါးစပ်ပိတ်နေခဲ့တဲ့ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း လိုလူရဲ့ လုပ်ရပ်တွေ ပေါင်းစပ်လိုက်တဲ့အခါ မြန်မာလူထုရဲ့ ကံကြမ္မာကို တွေးရင်း ရင်လေးနေမိပါတော့ တယ်။
Myo Set

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...