Wednesday, February 1, 2012

Virus ၏ ပင်ကိုယ်သဘောကိုရှင်းပြခြင်း

အခုထွက်နေတဲ့ သတင်းတွေ၊ Web Site Forum တွေမှာ ကြည့်လိုက်ပါ...။

ဘာတွေအတွေ့များလဲ။ ကျွန်တော့်စက်မှာတော့ Folder Option မပေါ်တော့ပါဘူး။ Virus ကိုက်နေပြီ။ ဘယ် Virus
အသစ်တွေကတော့ ပေါ်လာပြန်ပြီ။ ကယ်ကြပါ...ဒီမှာဘယ်လိုသတ်သတ် မသေဘူးအဲဒါတွေများနေတယ်မလား။
ဟုတ်တယ် Virus..Virus..။ လူတွေကိုတော်တော် ဒုက္ခပေးတယ်။ ကုမ္ပဏီတွေကိုလည်းဒုက္ခပေးတယ်။ ကြီးကြီးငယ်ငယ်အရွယ်အားလုံးကိုဒုက္ခပေးတယ်။ ကြားရင်တော့ ရယ်စရာကောင်းနေမလားမသိဘူး။
ကွန်ပျူတာ Virus ဆိုတာသတင်းတွေ၊ အချက်အလက်တွေအားလုံးအတွက် အံ့ဩဖွယ်ရာသက်တမ်းအရှည်ဆုံးဖြစ်ပါတယ်။
နောက်တစ်ခုပြောသေးတာက Virus ဆိုတာကိုယ်တွေဘယ်လောက် တန်ဖိုးရှိလည်းတော်လဲတတ်လဲဆိုတာ
ပြောပြပေးတဲ့ကောင်တဲ့။ အင်း.. ဒီလိုဆိုတော့ Virus ကိုထိုင်တောင် ရှိခိုးချင်စိတ်ပေါက်သွားပြီ။
သေသေချာချာထွင်ထားတဲ့ Virus တစ်ခုကဆိုးကျိုးပေးတာ၊ ထိခိုက်စေတာပိုများတယ်။
နောက်ပိုက်ဆံသန်းပေါင်းများစွာကိုနစ်နာစေတယ်။ ဟုတ်တယ်နော်..သူပြောထားတာလည်းဟုတ်သားပဲ။ Virus တစ်ခု
ပေါ်လာတာကလူတွေကြောင့်ပဲမဟုတ်လား။ ဒီတော့ သူတို့ကပိုထိခိုက်စေလေလူတွေတော်ကြောင်းပိုကြွားသလို
ဖြစ်လေပဲပေါ့။ ထွင်တဲ့လူတွေကိုပဲကျေးဇူးတင်ပါတယ် လိုက်ပြောရမလိုပဲနော်။
Virus ဆိုတာကလည်းတစ်နှစ်ပြီးတစ်နှစ်ကိုပေါ်လာတာအမျိုးမျိုးပဲ။ ၂၀၀၄၊ ဇန်န၀ါရီတုန်းကဆို Mydoom Worm
ပေါ်လာပြီးတစ်ရက်တည်းမှာတင် မီလျံလေးပုံတစ်ပုံလောက် ရှိတဲ့ Computer တွေကိုကူးသွားတာ။ ပြီးခဲ့တဲ့ ၁၉၉၉
မတ်လတုန်းကလည်း ကြည့်ပါလား။
Melissa Virus ဆိုပြီးပေါ်လာတယ်လေ။ Microsoft နဲ့တစ်ခြားကုမ္ပဏီအကြီးကြီးတွေ အားလုံး Virus ရှိနေသမျှ သုတို့
E-mail System တွေကိုသုံးလို့မရဘူးဖြစ်သွားတာ။
၂၀၀၀ ပြည့်နှစ်တုန်းက I Love You Virus တုန်းကလည်းဒီအတိုင်းပဲ။ ဟော.. ၂၀၀၇၊ ဇန်န၀ါရီလည်း ရောက်ရော Storm
ဆိုတဲ့ Worm တစ်ကောင်ပေါ်လာပြန်ရော။ အဲဒီ Virus ကြောင့် အောက်တိုဘာလလည်းကျရောကွန်ပျူတာပေါင်းသန်း ၅၀
အထက်ကိုအကူးခံရပါရောလား။ ကဲကြည့်လေ..ဘယ်လောက်တောင် အထင်ကြီးစရာကောင်းတဲ့ Virus တွေလဲလို့..။
IT နဲ့ ပတ်သက်တဲ့ သတင်းတွေကိုနားထောင်တဲ့လူတိုင်းက Virus ကူးပုံကူးနည်းအမျိုးမျိုးအကြောင်းကြားနေရမှာအမှန်ပဲ။
ဒီအောက်မှာဖော်ပြပေးထားတဲ့ Viruses တွေကိုဖော်ပြပေးထားပါတယ်။

(၁)Viruses

Virus ဆိုတဲ့ကောင်က Software လေးပဲ။ Software မှာမှ တကယ့် လူတွေအသုံးများတဲ့၊ သုံးနေတဲ့ Program တွေ၊
နောက်မှာကပ်ပါးလျက်ပါး ခိုးကြောင်ခိုးဝှက်လိုက်လာတဲ့ ကောင်တွေပေါ့။ ဥပမာပြောရရင် Spreadsheet Program လေး
နောက်မှာ Virus လေးကကပ်ပါလာတယ်ဆိုပါတော့။ ဒီတော့ အဲဒီ Spreadsheet Program Run တိုင်း၊ Run တိုင်းမှာ
Virus Program လေးကလည်းလိုက် Run နေတာပေါ့။ ဒီကောင်က Program တစ်ခုမှာကပ်ရုံနဲ့
မပြီးဘူး။ဂြိုလ်သားတွေလိုပဲ.. ပွားနိုင်တယ်။ အခုဒီ Program ကနေ၊ နောက် Program တွေကိုလည်း
လိုက်ကပ်နိုင်သေးတယ်။

(၂)Email Virus

Email Virus ကတော့ Email Virus ဆိုတဲ့အတိုင်းပဲ။ လူတွေ လူတွေ ပို့သမျှ Email နောက်ကနေကပ်လိုက်သွားတာလား။
လိုက်လည်းလိုက်သွားပြီးရောအကူးခံရတဲ့ လူရဲ့ Address Book ထဲကနေ၀င်ပြီးတစ်ခြားလူတွေဆီသူ့ဟာသူအော်တို
Mail တွေ ပို့တော့တာပဲ။
အဲဒီတော့ အပို့ခံရတဲ့ လူကမသိ၊ ဖွင့်လည်းဖွင့်လိုက်ရောသူ့ Address Book ထဲ ပါဝင်ပြီးကူးပြီးတော့ နောက်လူတွေပါ
ဆက်ပို့တော့တာပဲ။ တစ်ဆင့်ကူး၊ တစ်ဆင့်ကူးနဲ့ ပလူပျံကုန်တော့ တာပေါ့။ G-Galk Virus က အဲဒီလိုမျိုးသွားတာလေ။

(၃)Trojan Horses

Trojan Horses ကလည်းကွန်ပျူတာ Program တစ်ခုပဲ။ ဒါပေမယ့် ဒီကောင်ကအယောင်ဆောင်ကောင်။ ဥပမာ-Game
လိုလို၊ ဘာလိုလိုအယောင်ဆောင်ထားတာပေါ့။ ကိုယ်ကမသိလို့သွားလည်း Run
လိုက်ရော...ကိုယ့်စက်ကြီးဖျက်ခံရပါလေရော..။
အခန့်မသင့်ရင် Hard Disk ကိုတောင် ၀င်ကိုက်သွားတာနော်။ ဒါပေမယ့် ဒီကောင်ကသူ့ဟာသူမပွားနိုင်ဘူး။

(၄)Worms

Worm ကတော့ Network တွေ၊ Security တွေရဲ့ ယိုပေါက်တွေကနေတစ်ဆင့် ကူးပြီးသူ့ဟာသူဆက်ပွားသွားတာ။
Worm ရဲ့ Copy ကောင်ကဘယ်စက်မှာ Security ပိုင်းယိုကွက်/ ဟာကွက်ရှိနေလဲလိုက်ချောင်း၊
ချောင်းပြီးလို့တွေ့တာနဲ့ကူးတော့တာပဲ။
ကူးပြီးတာနဲ့ ဘယ်စက်ကိုထပ်ကူးရင်ကောင်းမလဲထပ်ရှာတယ်။ အဲဒီလိုနဲ့ မျိုးပွားတဲ့ ကောင်တွေ၊ ရောက်ရာအရပ်မှာ
မျိုးစေ့ချတယ်လေ။ ကဲဒါကတော့ Worms Virus ပါပဲ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...