Saturday, February 11, 2012

Protest & Promote Citizen Rights & Civic Rights from Foreign Abusers.- နိုင်ငံခြားသားက လာပြီးစော်ကားတာကိုတော့ ကာကွယ်ရမည်။

by Udp Myanmar on Saturday, February 11, 2012 at 10:37pm ·
Protest & Promote Citizen Rights & Civic Rights from Including Foreign Abusers.

နိုင်ငံသားတွေ၏ အခွင့်အရေး Citizen Rights & Civic Rights တွေကို မြန်မာနိုင်ငံသားတွေ ဥပဒေအရ အပြည့်အ၀ခံစားခွင့် ကာကွယ်ခွင့်ရရှိဖို. အထူးလိုနေပါသည်။

နိုင်ငံခြားသား-Foreigner နဲ. နိုင်ငံသား-Citizen တွေ၏ရပိုင်ခွင့်နဲ. ခံစားခွင့်တွေဟာ သီးခြားဆီပါ။ နိုင်ငံတိုင်းမှာ နိုင်းသားဖြစ်တဲ့ Citizens တွေကို အထူးဦးစားပေး ကာကွယ်ကြတာပါ။ ဒါမျိုး မြန်မာပြည်မှာ အမြန်ဆုံးဖြစ်ဖို.လိုပါသည်။

အထူးသဖြင့် ကိုယ့်နိုင်ငံထဲမှာတော့ ကိုယ့်နိုင်ငံသားတွေဟာ ထိပ်ဆုံးမှာ ဦးစားပေးခံရဖို. အခွင့်အရေးတွေ ပေးဖို.လိုပါသည်။ ဒါဟာလဲ နိုင်ငံတိုင်းမှာ နိုင်သားတွေကို ဦးစားပေးကျတဲ့ လုပ်လေ့လုပ်ထအကျင့်တွေပါ။


မြန်မာဟော်တယ်ဝန်းထမ်းအမျိုးသမီးကို နိုင်ငံခြားသား ဂျပန်ဧည့်သည်က ပါးရိုက်တာမျိုး။ ဒါဟာ ၀န်ထမ်းတဦးကို စော်ကားတာထက် လုပ်လို.ရတယ်။ ငွေရှိတယ် လုပ်ရင် ဘာမှ မဖြစ် ဖူးဆိုတဲ့ ယူဆချက်တွေကြောင့် လက်ရဲဇက်ရဲလာတဲ့ စရိုက်ပါ။ ငုံ.ခံလို.မဖြစ်ပါ။

ကိုယ့်နိုင်ငံထဲမှာ တရားဝင် အလုပ်လုပ်နေတာတောင် နိုင်ငံသားတွေကို တန်းတူ အလုပ်သမား အခွင့်အရေးတွေမရရှိပဲ နိုင်ငံခြားသား အလုပ်သမားတွေကို ဦးစားပေးတာ အနိုင်ကျင့် ဗိုလ်ကျ တာ လစာငွေ ပိုပြီး ရရှိတာတွေဟာ လုံးဝ လက်ခံနိုင်စရာမရှိပါ။ အနည်းဆုံးတော့ မြန်မာနိုင်ငံ သားတွေ မြန်မာပြည်ထဲမှာတော့ တန်းတူအခွင့်အရေးနဲ. ခံစားပိုင်ခွင့်တွေ အတူတူ ဖြစ်ဖို.ရရှိဖို.လိုပါသည်။

လိုင်သာယာမှာ အလုပ်သမားတွေ ဆန္ဒပြနေတဲ့သတင်းတွေထဲမှာလဲ နိုင်ငံခြားသားအလုပ်ရှင် တရုတ်က မခြေမငံနဲ. ပြောဆိုဆက်ဆံနေတဲ့အပြင် တခြားနိုင်ငံခြားသား အလုပ်သမားတွေကို ဦးစားပေးပြီး မြန်မာနိုင်ငံသား ပြည်တွင်းက အလုပ်သမားတွေထက် ပိုပြီး အခွင့်အရေးတွေ ပေးထားတယ်လို. ဆိုပါသည်။ ထားဝယ်မြို.မှာရှိတဲ့ ငါးစက်ရုံတွေ ငါးမှုံ.စက်ရုံတွေမှာလဲ ဒေသ ခံမြန်မာအလုပ်သမားတွေထက် နိုင်ငံခြားသား ထိုင်းလုပ်သမားတွေ ဂျပန်အလုပ်သမားတွေ ဟာ အလုပ်ရှင်တွေက နိုင်ငံခြားသားတွေဖြစ်နေတာမို. သူတို.နိုင်ငံက လုပ်သမားတွေကို ပိုပြီး ဦးစားပေးတာ အခွင့်အရေးပေးတာနဲ. လစာပိုပြီး ပေးနေတဲ့ကိစ္စတွေကို စနစ်တကျဖြင့် ကိုင် တွယ်ဖို. အထူးလိုနေပါသည်။ ကိုယ့်နိုင်ငံ ကိုယ့်တိုင်းပြည်ထဲလာပြီး လူတွင်ကျယ်လုပ်တာ လူ စွာလုပ်ပြီး ခွဲခြားဆက်ဆံနေတာတွေကို ဥပဒေကြောင်းအရရော အမျိုးသားရေးအရပါ လုံးဝ ခွင့်ပြုရမည့်အရာ မဟုတ်ပါ။ ။

မြန်မာနိုင်ငံသားတွေလဲ နိုင်ငံခြားတိုင်းပြည်တွေကို တရားဝင်ရော တရားမ၀င်ရော နည်းလမ်းစုံ ဖြင့် သွားရောက်နေထိုင်ကြတာမို. သူများနိုင်ငံ သူများတိုင်းပြည် သူများလူမျိုးအကြားမှာ ဘယ် လို နေရပြောရဆိုရ သတိထားရတယ်ဆိုတာ သိနေကြတာပဲ။

တရားဝင်ပဲဖြစ်ဖြစ် တရား မ၀င် ပဲဖြစ်ဖြစ် နိုင်ငံခြားသား အလုပ်သမားအနေဖြင့် သွားလုပ်ရတဲ့ မြန်မာပြည်သားတွေဟာ အိမ် ရှင်နိုင်ငံသားတွေကို မစော်ကားရဲပါ။ စော်ကားလို.လဲမရပါ။ ဥပဒေအရလဲ လုပ်ခွင့်မပေးသလို လူမှုရေးအရ လူဆိုးလူမိုက်နည်းတွေနဲ.ပါမကျန် မလုပ်ရဲအောင် နိုင်ငံခြားတိုင်းပြည်တွေမှာ သူနိုင်ငံသားတွေအပေါ် နိုင်ငံခြားသားတွေ မစော်ကားရဲအောင် လုပ်ထားတာပါ။ မတရားတာ လုပ်ရင် နိုင်ငံသားလဲ ထိလို.ရတယ်ဆို သိထားဖို.လိုပါသည်။

ထိုင်း။ မလေးရှား၊ အိန္ဒိယနဲ. တရုတ်ပြည်မှာ တရားမ၀င် အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား တွေမှာတော့ အိမ်ရှင်နိုင်ငံသားတွေကို စော်ကားဖို.မပြောနဲ. အဲဒီနိုင်ငံတွေက အိမ်ရှင်နိုင်ငံ သားတွေ၏ စော်ကားတာ ခံရရင်တောင် ပြန်မချရဲပဲ ငုံ.ခံရတာတွေ အများကြီးပါ။

စော်ကားဖို. လုပ်ဖို.မပြောနဲ. စဉ်းစားဖို.တွေးဖို.တောင် ခက်ပါသည်။  စင်္ကာပူ၊ ကိုးရီးယား၊ ဂျပန်နဲ. ဥရောပ နဲ.မြောက်အမေရိကမှာ နိုင်ငံတွေမှာ တရားဝင် အလုပ်လုပ်နေတဲ့ မြန်မာပြည်သားပဲဖြစ်ဖြစ် အဲ ဒီတိုင်းပြည်မှာ အခြေချပြီး နိုင်ငံသား ခံယူထားတဲ့သူတွေတောင် ဒေသခံ မူလနိုင်ငံသားတွေ လူမျိုးတွေကို ယှဉ်ရဲ စော်ကားရဲ မတရားခွဲခြားရဲတာ မရှိပါ။ ဒါ ဥပဒေစိုးမိုးရေးနဲ.လူ.အခွင့်အ ရေး အပြည့်အ၀ရှိတဲ့ နိုင်ငံတွေမှာတောင် နိုင်ငံသားအခွင့်အရေးရှိတဲ့ နိုင်ငံသားတွေနဲ.နိုင်ငံ ခြားသား-Foreigners အကြား ခြားနားမှုတွေ မတူညီပဲ ဦးစားပေးခံရမှုတွေ ရှိနေပါသည်။

ဒါကြောင့် မြန်မာနိုင်ငံသားတွေအနေဖြင့် ပြည်တွင်းမှာတော့ နိုင်ငံသားအခွင့်အရေးနဲ.ရပိုင်ခွင့် တွေကို နိုင်ငံခြားသားတွေထက် ပိုပြီး ဦးစားပေးတာ ရရှိခံစားခွင့်တွေ ရှိသင့်ပါသည်။ အခုလို ကိုယ့်နိုင်ငံထဲမှာ နိုင်ငံခြားသားက ပါးရိုက်တာ။ နိုင်ငံခြားသားအလုပ်သမားတွေက လစာများ တာ အခွင့်အရေးပိုပေးတာတွေကိုတော့ လုံးဝကို ဆန်.ကျင်ကန်.ကွက်ပြီး နိုင်ငံသားတွေကို နိုင်ငံခြားသားတွေ မထိရဲအောင် ဥပဒေအရရော လူမှုရေးအရပါ ကာကွယ်ရမည်ပါ။

သူများနိုင်ငံတွေ သွားတော့လည်း မြန်မာပြည်သားတွေက အနှိပ်ခံရ။ အိမ်ရှင်နိုင်ငံသား က လေးတွေ လမ်းမပေါ်ထွက်ပြီး ဂုံညှုင်းဒိုး ကစားနေရင်တောင် သူတို. ဒိုးတွေ ကစားစရာတွေ ကို တက်မနင်းမိအောင် သတိထား ရှောင်ရှားသွားရပါတယ်။ မတော်တစ တက်နင်းမိရင် ပြ သာနာတက်တာတွေ ကြုံရတာကိုး။ ဒီတော့ လူကြီးမပြောနဲ. အိမ်ရှင်နိုင်ငံသားကလေးငယ် တွေနဲ.တောင် သတိထားပြီး အဆင်ပြေအောင် သွားလာလှုပ်ရှားရတဲ့ မြန်မာပြည်သားတွေ အတွက် ကိုယ့်တိုင်းပြည်ထဲမှာတော့ နိုင်ငံခြားသားတွေက ပါးရိုက် နားရိုက်သည်အထိ ကိုယ် ထိလက်ရောက်စော်ကားတာကို ခံရတဲ့အပြင် သူကိစ္စနဲ.သူ အလုပ်ပိတ်တာကိုတောင် လုပ်ခ ထဲက အဖြတ်ခံရတာ လစာနဲ. ခံစားခွင့်တွေ လျော့ပေးခံနေရတဲ့ နိုင်ငံခြားသားတွေ၏ မတရား မှုတွေကို ခေါင်းငုံ.ခံလို. မဖြစ်ပါ။ မဟုတ်ရင် လုပ်လို.ရတယ်ဆိုပြီး စော်ကားမှုတွေ များလာရင် ကိုယ်တိုင်လဲလုံခြုံမှု ရှိတော့မှာ မဟုတ်ပါ။ ဒါဟာ ဥပဒေကြောင်းအရရော အမျိုးသားရေး လူမှုရေးအရပါ ကာကွယ်ဖို.လိုပါသည်။

အခုတော့ နိုင်ငံခြားသား-Foreigners တွေနဲ. တခုခုဖြစ်တာနဲ. နိုင်ငံသားတွေက ဘာမှ မလုပ်ရဲပဲ--ရဲဌာနကို သွားတိုင်ရင်တောင် ရဲက နိုင်ငံခြားသားတွေနဲ. ဖြစ်တဲ့ကိစ္စကို မကိုင်ရဲပဲ ၀န်ကြီးဌာနတွေနဲ.ပဲ ဆိုင်တယ်ဆိုတဲ့ အယူအဆနဲ. မူဝါဒဟာ အတော် အသုံးမကျပါ။

လက် တွေ.မကျပါ။ နိုင်ငံသား အခွင့်အရေးတွေကို ကာကွယ်ရာ မရောက်ပဲ နိုင်ငံခြားသားတွေစော် ကားတာကို ကာကွယ်သလိုဖြစ်ပြီး ထိထိရောက်ရောက် အရေးယူဖို.အတွက် အခက်အခဲတွေ ဖြစ်စေပါသည်။ ဒီအယူအဆတွေ ဒီအကျင့်တွေ ဒီမူတွေကို အမြန်ဆုံး ပြုပြင်ပြောင်းလဲဖို.လိုပါ သည်။ ဘယ်နိုင်ငံခြားသားပဲဖြစ်ဖြစ် မြန်မာပြည်လာပြီး ဥပဒေတခုခုကို ချိုးဖေါက်ရင် သက် ဆိုင်ရာ အိမ်ရှင်နိုင်ငံ၏ တည်ဆဲဥပဒေတွေ-Law of the Land အတိုင်း အရေးယူခွင့်ရှိရမည်။ ကိုယ်လဲ သွားများဆီသွားပြီး တခုခု မဟုတ်တာလုပ်ရင် အဲဒီနိုင်ငံ၏ဥပဒေအရ အရေးယူခံရ မည် မဟုတ်ပါလား။  ။

ဒါကြောင့် ကိုယ်တိုင်းပြည်လဲမှာလဲ နိုင်ငံခြားသားတွေကို ဘာသာပေးတဲ့ ဦးစားပေးတဲ့ မထိရဲ မကိုင်ရဲတဲ့ စိတ်ဓာတ်တွေ အမူအကျင့်တွေကို ပြောင်းပစ်ပြီး ကိုယ်တိုင်းပြည်လာပြီး ကိုယ့်နိုင်ငံ သားတွေအပေါ် မတရားစော်ကားရင်တော့ အကြောင်းသိအောင် ကောင်းကောင်းကြီး ဆုံးမဖို. အထူးလိုနေပါသည်။ အမျိုးကိုထိရင် မချိအောင်နာ--တို.ပြည်မြန်မာ---။  ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...