[mrsorcerer:18004] မြန်မာ့စီးပွားရေးသုံးသပ်ချက်......
စီးပွားရေးစနစ် တစ်ခု....အထူးသဖြင့် နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးစနစ်တစ်ခုကိုပဲ့ကိုင်
ရတာ တကယ်တော့မလွယ်ကူပါဘူး။ တခြားနိုင်ငံတွေမှာဆို company တွေကအစ စီးပွားရေးနဲ့ ဘွဲ့ရတွေကို
ထိုက်ထိုက်တန်တန် လစာပေးပြီး မိမိရဲ့စီးပွားရေးလုပ်ငန်းခွဲတစ်ခုစီမှာ အကြံပေးပဲဖြစ်ဖြစ် အဖွဲ့ခေါင်းဆောင်နေရာတွေပေးပြီးပဲဖြစ်ဖြစ် ထားကြပါတယ်။ ဒါကစီးပွားရေး (business ) နဲ့ဘွဲ့ရနယ်ပယ်တစ်ခုတည်းတင်မကပါဘူး။ ဥပဒေကအစနယ်ပယ်အသီးသီးမှာ သူ့လိုင်းနဲ့သူထူးချွန်သူတွေကိုကျောင်းတွေမှာအစကွင်းဆင်းရှာဖွေ
ခန့်ထားဦးဆောင်လုပ်ကိုင်ခိုင်းကြပါတယ်။
သူဋ္ဌေးတွေကသူတို့အထက်ကစီမံကြတာပဲလုပ်ကိုင်ကြတော့တယ်။ သူဋ္ဌေးလုပ်တဲ့သူတွေလဲ သူ့company ကလုပ်တဲ့ အရာတိုင်းသူတို့အကုန်ကျွမ်းကျွမ်းကျင်ကျင်မလုပ်နိုင်ကြပါဘူး။
ဒါပေမယ့်အကြီးအကဲ လုပ်သူတွေရဲ့ လက်သုံး နည်းလမ်းအရ ကဏ္ဍအသီးသီးမှာ ကျွမ်းကျင်သူတွေ ခန်
့ထားလုပ်ကိုင်စေပြီး မိမိမှကြီးကြပ်ပေးကြတာပါပဲ။
ပြောချင်တာက မြန်မာပြည်ရဲ့ စီးပွားရေးက အခြေခံလူတန်းစားတွေအတွက်
ကျပ်တည်းနေဆဲပဲ။ ပိုက်ဆံကရှာ၇ခက်သလို ငွေတန်ဖိုးကြမရှိပြန်ဘူး။နဂို
ချမ်းသာပြီးသားသူတွေနဲ့ လိုင်းကောင်းတွေ့ထားသူတွေတော့ပြသနာမရှိပေမယ့်
အခြေခံလူတန်းစားတွေခမျာ အခုထိကျပ်တည်းနေဆဲပါပဲ။ အချို့construction
ဆိုဒ်တွေမှာလုပ်ကိုင်နေကြတဲ့အမျိုးသမီးတွေဆိုတစ်နေ့မှ
ငွေနှစ်ထောင်ကျော်ပဲရကြပါတယ်။တောကလာကြတာပေါ့လေ။မနေ့က salegirlကောင်မလေးတစ်ယောက်ကိုမေးကြည့်တော့ လစာ ခုနှစ်သောင်းတဲ့။ ဒါဆိုတစ်နေ့မှ နှစ်ထောင်ငါးရာတောင်မပြည့်ဘူး ။ဒါပေမယ့်ကုန်ဈေးနှုန်းကျ
ကြည့် ။ ဆန်တစ်ပြည်ဘယ်လောက်လဲ။ဆီတပိသာဆိုရင်ရော။အဲဒီတစ်နေ့နှစ်ထောင်ကျော်
အသုံးစားရိတ်(allowance) က တစ်နေ့စာတောင်ဖူလုံမှုရှိပါ့မလား။ဒါတောင်
အသားတစ်ပိသာ စီမှာရှိတဲ့ နှုန်းတွေမပါသေးဘူး။ ဒါဆို သူတို့ ဒီ လစာ
(သို့)နေ့တွက်လေးနဲ့ဘယ်လိုနေကြသလဲ။အရမ်းကိုရောင့်ရဲ
တင်းတိမ်နေနှိုင်ကြတာလား။ တကယ်ပါအစိုးရ၀န်ထန်းတွေကအစ
ရောင့်ရဲတင်းတိမ်နီုင်တာတော့ချီးကျူးဖွယ်ကောင်းလှပါတယ်။
ပြောရရင် companyအချို့ကတော့ ဥပမာ bankerတွေပေါ့လေ နဂို အဆင်ပြေကြလို့
လစာကောင်းကောင်းပေးနိုင်ပေမယ့် အချို့ family business သာသာ companyတွေကတော့ သူတို့လဲလုံးလည်ချာလည်နေကြရတာကိုး။ဒါဆိုအစိုးရ၀န်ထမ်းတွေလစာမတိုးတာကရော?
အစိုးရကတော့လွှတ်တော်
မှာကုန်ဈေးနှုန်းကိုထောက်ပြတယ် ။ဟုတ်ပါတယ် ။ လစာတိုးရင် ကုန်သည်တွေကဈေးလိုက်တက်မယ်။ဒါဆို လစာတိုးတာအချီးနှီးပဲ။ ဒါပေမယ့် တကယ်
အဖြေမရှိတော့ဘူးလား။ ရေတွင်းထဲကဖားလို
ကိုယ့်ဘောင်ကျဉ်းကျဉ်းလေးထဲကကြည့်ရင်တော့ အဖြေမရှိတော့သလိုပဲ။
အချို့ကလဲနိုင်ငံဆင်းရဲတာကိုထောက်ပြပြီး
နိုင်ငံတိုးတက်လာရင်တော့လို့ပြောကြတယ်။ ဒါပေမယ့် ဂျာအေးသူ့အမေရိုက်နေရင်
ဘယ်တော့နိုင်ငံကတိုးတက်မှာလဲ။တကယ်နိုင်ငံတိုးတက်လာမှုဆိုတာ
အဆောက်အဦးကောင်းကောင်းကြီးတွေပေါ်လာတာမျိုးလူတစ်ချို့ကားအကောင်းစားကြီးတွေ
စီးနိုင်တာမျိုးမဟုတ်ပါဘူး။နိုင်ငံသားတစ်ဦးစီရဲ့ GDP (၀င်ငွေနှုန်း)မြင့်မားပြီး
လူနေမှုဘ၀ အဆင့်အတန်း မြင့်မားလာတာနဲ့ပဲတိုင်းတာနိုင်ပါတယ်။
လူတိုင်းသူဋ္ဌေးမဖြစ်နိုင်ပါဘူး။
သူဋ္ဌေးဆိုတဲ့စကားလုံးကိုကဆင်းရဲသားဆိုတဲ့စကားလုံးရှိလို့
ရှိနေတာပဲဖြစ်ပါတယ်။ ဒါပေမယ့်ဖွင့်ဖြိုးပြီး နဲ့အခြားဖွင့်ဖြိုးဆဲနိုင်ငံအချို့ကိုကြည့်မယ်ဆို
သူတို့ဆီကဆင်းရဲသားက ဒီနိုင်ငံကပိုက်ဆံရှိတဲ့သူတွေနေသလောက်နီး
နီးနျေနိုင်တယ်၊ ဒီနိုင်ငံမှာချမ်းသာတဲ့သူတွေသုံးတဲ့ဟာတွေသုံးနိုင်တယ်။
ဒါကကိုယ့်နိုင်ငံကထုတ်လုပ်နိုင်တာကိုးလို့ပြောကြမယ်။ မမှားပါဘူး
။အခုထိကျွန်တော်တို့နိုင်ငံကမြန်မာပြည်သားကားစစ်စစ် မထုတ်နိုင်သေးပါဘူး။
ကပြားကားတွေနဲ့နိုင်ငံခြားသားကားတွေပဲရှိပါတယ်။
ဒါကကုန်ဈေးနှုန်းကြီးရခြင်းအကြောင်းတစ်ချက်ပေါ့လေ။ဒါပေမယ့်
တချို့နိုင်ငံတွေမှာမိမိနိုင်ငံကလဲထွက်ပေမယ့်အခြားနိုင်ငံကဟာကိုပဲဈေးပေါလို့ပဲဖြစ်စေ၀ယ်သုံးကြပါတယ်။
ဥပမာ အမေရိကမှာဆိုသူတို့နိုင်ငံထွက်ဟာတွေလဲသုံးကြပေမယ့်
တရုတ်လူသုံးကုန်နဲ့ ဂျပန်ကားပဲအစီးများကြပါတယ်။အခုသူတို့စီးပွားရေးပညာရှင်တွေလဲ အဲဒီပြသနာကိုပေါ်လစီမျိုးစုံ သုံးပြီး ပြည်တွင်းဖြစ်အားပေးအောင်တွန်း
အားပေးနေကြလေရဲ့
။ဒါပေမယ့် ပြည်တွင်းဖြစ်ဆိုတာကလဲ အရည် အသွေးနဲ့လက်ခံနိုင်လောက်တဲ့ဈေး
ရှိဦးမှကိုး။ ပြီးတော့ တခြားနိုင်ငံအများစုမှာ
လုံးဝလက်လွတ်ခွက်ချွတ်လူတွေကို မသေမချင်း စီးပွားရေးမပြေလည်မချင်း
ထောက်ပံ့ကြေးလဲပေးသေးတယ်ဗျ။မစို
့မပို့မဟုတ်ဘူးနော် ဒီက
နှဖူးကချွေးခြေမကျအောင်လုပ်လို့
ရတဲ့
ငွေထက်မသာတောင်လယ်ပယ်တော့လိုက်န
ိုင်တယ်။အခြေခံလူတန်းစားတွေဆို
ကိုယ်ပိုင်ကားကိုယ်စီနဲ့။အစိုးရ၀န်ထမ်းနဲ့company၀န်ထမ်းတွေဆိ
ုပိုသာတာပေါ့ဗျာ။
ဒါဆို ဒီလိုတွေလုပ်တော့ မြန်မာပြည်လို
ငွေကြေးမဖောင်းပွဘူးလား။မဖြစ်
သလို ကုန်သည်တွေလဲကြီးပွားကြပါတယ်။
ဥပမာ စလုံးကိုပဲကြည့် ။လူတိုင်းသူဋ္ဌေးမဟုတ်ပေမယ့်
စလုံးသားအခြေခံလူတန်းစားတွေကတော
င်
သူများနိုင်ငံသားတွေကိုခိုင်းစားနေကြတာဗျ။ဘယ်နိုင်ငံမှန၈ိုကတည်
းကမချမ်းသာကြပါဘူး။
ဒါပေမယ့်ပေါ့လေ မြန်မာပြည်မှာက စိတ်ရှိတိုင်းလုပ်လို့မရတဲ့
အကန့်အသတ်တွေရယ်........အဲစိတ်
ရှိတိုင်းဆိုလို့
မင်းလုပ်ချင်ရာလုပ်လို့တော့ဘယ်ရမှာလဲကွလို့ပြောကြမယ်။မှန်ပါ
တယ် ဒါပေမယ့်
အဲဒါက ပြည်သူအများစုအတွက်ပဲဖြစ်ပြီး အချို့တွေအတွက်တော့
အမြဲပါမစ်တွေကopen ပဲဗျ။ ဒါကထားပါ
အခုကနိုင်ငံရေးအကြောင်းမဟုတ်ဘူး
။ဒါပေမယ့် အစိုးရရဲ့
ကွပ်ကဲမှုညံ့ဖျင်းတယ်လို့ပဲပြော
ရမလား။တကယ်ဆိုမိမိမလုပ်နိုင်ရင်
လုပ်နိုင်တဲ့လူတွေ ကိုခန့်ထားဦးဆောင်စေရင်
အခုထက်နိုင်ငံပိုအကျိုးရှိလာနို
င်ပါတယ်။အခုက ဆေးဆရာဝန်က တူကိုင်သလို
အင်ဂျင်နီယာကဆေးထိုးအပ်ကိုင်သလိ
ု ဖြစ်နေတယ်။အစိုးရရုံးတော်တော်
များများမှာ တကယ် အဲဒီနယ်ပယ်မှာ
ကျွမ်းကျင်တိုးတက်အောင်လုပ်နိုင်သူနဲပါးလှပါတယ်။လူတော်တွေနဲ့အစားထိုးသင့်ပါပြီ။မြန်မာပြည်သွေးသစ်လောင်းသင့်ပါပြီ။လူတိုင်းလူမှန်နေရာမှန်နဲ့ကိုယ်ကျွမ်းကျ
င်ရာမှာ
ပဲ လုပ်ကိုင်သင့်ပါပြီ။ ထိပ်ကလူကြီးမင်းတွေအနေနဲ့လဲ
မိမိလက်အောက်ကလုပ်ငန်နယ်ပယ်အသီး
သီးမှာ တကယ် ကျွမ်းကျင်တဲ့ လူတွေကို
အသီးသီးဦးဆောင်စေသင့်ပါပြီ။ကို
ယ်မလုပ်တက်ရင်
လုပ်တတ်တဲ့သူကိုရှာခိုင်းရမှာပါ
။လူတိုင်း အရာရာ
မတတ်ပါဘူးမတတ်လို့အပြစ်မဟုတ်ပါဘူး။ဒါပေမယ့်တတ်တဲ့သူကိုရှာခိုင်းရပါမယ်။တတ်ရောင်ကားလုပ်တာကေ
တာ့တကယ့်အပြစ်ကြီးပါ။ဒါဟာ
စီးပွားရေးသဘောတရားနဲ့ project or operation တွေအောင်မြင်ရေးအတွက်အခြေခံ
သဘောတရားပဲဖြစ်ပါတယ်။လဘ်းစားတယ်
ဆိုတာကလဲ
အချို့ကနဂိုကတည်းက၀ါသနာပါကြေ
ပမယ့် အချို့ကတော့ တကယ်မပြေလည်ကြလို့ပါ။ဆရာမ
မူပြ တစ်ယောက်လစာဟာ
လေးသောင်းကျော်ပဲရှိပါတယ်။မလုပ်နိုင်ရင်ထွက်လို့ပြောနိုင်ပေမယ်
့ တကယ်ဆို
တစ်ရက်နှစ်ထောင်မပြည့်တဲ့လခနဲ့
သာတကယ် ရပ်တည်မယ်ဆို
အခုကုန်ဈေးနှုန်းတွေနဲ့ ဆိုမဖြစ်နိုင်ပါဘူး။မိဘအထောက်
အပံ့ဖြစ်စေ
ဘေးပေါက်ဖြစ်စေလိုတာပါပဲ။လဘ်စား
တာပဲနှိပ်ကွပ်မယ်ဆိုတာတော့ တကယ်ရော
အလုပ်ဖြစ်ပါ့မလား။သူ့ဟာနဲ့သူကစပ်စပ်မှုရှိနေပါတယ်။လဘ္မစားေ
စချင်ရင်
မသေရုံတမယ်မဟုတ်ဘဲ
လစာလောက်ငှအောင်တော့ပေးဖို့လိုပါတယ်။တကယ်ကျွန်နော်တို့လိုအပ်ေ
နတာ
ကမူဝါဒနဲ့ တကယ်အလုပ်ဖြစ်နိုင်တဲ့လမ်းစဉ်ကောင်းတွေပါ။ပြီးတော့တကယ်လုပ်တတ်တဲ့သူတွေ။ကိုယ်ကျိုးလဲမဖက်တာဝန်လဲကျေတဲ့သူတွေ။အခုချမ်းသာတဲ့နို
င်ငံအားလုံးနီးပါးဟာ
ဒီမိုကရေစီနိုင်ငံတွေပဲဖြစ်ပါ
တယ်။ဒါပေမယ့် တရုတ်ကတော့
ကွန်မြူနစ်ပါ။ဒါပေမယ့် တရုတ်ကလဲ တိန်ရှေင်ဖိန်
လက်ထက်ကစလို့ဒီသဘောတရားနားလည်ပြီး
စီးပွားရေးမှာဒီမိုကရေစီဖြစ်သွားပါပြီ။အစိုးရက၀င်မစွက်ဖက်တော့သလောက်ပါပဲ။ဒါကြောင့်ပဲဒီလောက်ထိ
အရှိန်အဟုန်ကောင်းနဲ့တိုးတက်ခဲ့တာဖြစ်ပါတယ်။လူမှန်နေရာမှန်တွေပေါ့လေ။မြန်မာပြည်စီးပွားရေး
တိုးတက်ဖို့ စီးပွားရေးပညာရှင်ကောင်းတွေ ၊အကြံပေးကောင်းတွေလိုအပ်နေပါပြီ။ အဲလေ
ကိုင်းပင်ကနဂိုကတည်းကကိုယ့်အိတ်ထဲကိုယ်ယိမ်းရင်ပြီးရောဆိုရင်ေ
တာ့တစ်မျိုးပေါ့။ကိုယ့်နေရာဟာ ကိုယ်စားဖို့အတွက်မဟုတ်ဘဲ
အဲဒီနေရာနဲ့ထိုက်တန်အောင်လုပ်နိုင်ရမယ်ဆိုတဲ့စိတ်လဲရှိဖို့လိုပါတယ်။လစာလဲအထိုက်အလျောက်လောက်
ငှရပါမယ်နို့မို့ဂျာအေးသူ့အမေရိုက်ထဲကလိ
ုသံသရာလည်နေမှာပါပဲ။
ပြီးတော့လူတွေကဒီမိုကရေစီဆိုတာကို ယိုယွင်းမှုနဲ့တွဲမြင်ကြတယ်။မှန်ပါတယ်
ကလေးဘ၀ကမိဘအုပ်ထိမ်းမှုအောက်မှာနေရပေမယ့်
အရွယ်ရောက်လာလို့အိုးအိမ်ထူကြပြီဆို၇င်တော့ ကိုယ့်အားကိုကိုးကြရပြီလေ။
လွတ်လပ်မှုလဲအရင်ကနဲ့မတူတော့ဘူး။
ကလေးမဟုတ်တော့ဘူးကိုး။ကိုယ်ကောင်းရင်ကိုယ်စံရမယ်။ကိုယ်မကောင်းရင်ကိုယ်ခံရမယ်။ချုပ်ချယ်ထားတာ
ပဲကြိုက်တယ်ဆိုတဲ့သူတွေကတော့
ကလေးစိတ်မကုန်သေးလို့ပဲပြောရမယ်။မရင့်ကျက်သေးဘူးပေါ့လေ။ဒါပေမယ့်မိဘတွေဆိုတာနေရာတိုင်းမှာမရှိပါဘူး။တချို့တွေလဲမိဘကကျပ်ရဲ့
နဲ့
ပျက်စီးနေတာတွေတစ်ပုံကြီး။ဥပမာ ပြည့်တန်ဆာနှိပ်ကွပ်ရေးတွေ
ဥပဒေထုတ်ထားပြီး ထိုင်းတို့လို တခြားနိုင်ငံတွေကို ပြည့်တန်ဆာနိုင်ငံတွေ
ခေါ်ကြပေမယ့် နေရာတိုင်းမှာပြည့်တန်ဆာတွေသူ့
အဆက်အသွယ်နဲ့သူရနိုင်နေတာ
အရွယ်ရောက်သူတိုင်း ကြားဖူး၊တချို့ဆိုလဲ...ကိုယ်တိုင်
တွေ့ဖူးကြမှာပါ။ပုံစံအမျိုးမျို
းနဲ့ပေါ့လေ။တစ်ခါတလေ အကြီးအကဲအချို့တောင်
သီတင်းသိုးသိုးသန့်သန့်ထွက်သေး။ ဆိုလိုတာက ဒီမိုကရေစီကြောင့်မှရယ်မဟုတ်ပါဘူး။ ပျက်စီးချင်တဲ့သူကနဂိုကတည်းကိုက ပျက်စီးမှာပါပဲ။ ဒီမိုကရေစီဆိုတာပျက်စီးခြင်းဆယ်ပါးမဟုတ်ပါဘူး။
လူတိုင်းကိုယ်ရပိုင်ခွင့်ရှိတဲ့ အခွင့်အရေးတွေမကြောက်မရွံ့ပဲတောင်းဆိုနိုင်ခွင့်ရှိတာပါ။ လူမိုက်အားပေးဝါဒတစ်ခုမှမပါပါဘူး။ ပျက်စီးအောင်နေရမယ်လို့လမ်းညွှန်
ချက်တွေမရှိသလိုမိမိနဲ့သူတပါးပျက်စီးစေမယ့်ဟာမျိုးတရားဝင်အားပေးခြင်းလဲမရှိပါဘူး။ဘယ်ဒီမိုကရေစီနိုင်ငံမှတရားဝင်ဘိန်းခန်းဖွင့်ခွင့်မပေးပါဘူး။
ဒါပေမယ့်လွတ်လပ်မှုပိုတော့ ပျက်စီးနိုင်ဖို့လမ်းစပိုတာပဲရှိတာပါ။ဒါပေမယ့်လဲ
ဒါကလဲမိမိအပေါ်ပဲ မူတည်ပါတယ်။မူဝါဒနဲ့ ချုပ်ချယ်မှုဘယ်လောက်ကောင်းကောင်း ပျက်စီးချင်တဲ့သူတွေကဆီလိုအပေါက်ရှာမှာပါပဲ။မြန်မာပြည်ကဒီမို
ကရေစီရရင်သူများထက်သာမယ့်အချက်က
ကျင့်ဝတ်ပိုင်းမှာ သူများနိုင်ငံတွေထက်သာတယ်
လို့ကျွန်တော်တို့ကျွေးကျော်ထားတဲ့အချက်ပါပဲ။ကျွန်တော်တို့လူမျိုးတကယ်ကျင့်ဝတ်သာတယ်လို့ယုံကြည်နိုင်ရင်
ဘာများကြောက်စရာရှိသေးလို့လဲ။။
အဲဒီကျင့်ဝတ်နဲ့ ဒီမိုကရေစီရဲ့လွတ်လပ်ခြင်း
သယံဖာတ နဲ့လူ့အရင်းအမြစ်တွေသာတကယ်ပေါင်
းစပ်နိုင်မယ်ဆို ရင် မြန်မာပြည်ဟာ
တစ်ချိန်မှာ နိုင်ငံတွေအများစုထက်တောင်သာသွားနိုင်ပါတယ်။

0 comments:
Post a Comment