Wednesday, February 22, 2012

ပေါင်ပေါ်တွင် Laptop တင်၍ အသုံးပြုသူများအတွက် ဂျင်းဘောင်းဘီ

by Moenge Aung on Thursday, February 23, 2012 at 9:54am ·
 

Planet

ပေါင်ပေါ်တွင် Laptop တင်ပြီး အသုံးပြုခြင်းကို အခြေခံကာ IT နည်းပညာသုံး ဂျင်းဘောင်းဘီ တစ်ခုကို ဖန်တီး တီထွင်လိုက်သည်။ အဆိုပါ ဂျင်းဘောင်းဘီ၏ ပေါင်နေရာတွင် Laptop မှ Keboard ကို ထည့်သွင်း တပ်ဆင်ထားပြီး ဘောင်းဘီ၌ Mouse နှင့် Speaker များပါ ပါရှိနေသည်။ ထို့ကြောင့် အခြားမည်သည့် ကွန်ပျူတာနှင့်မဆို ချိတ်ဆက်ကာ ဘောင်းဘီကို အကျိုးရှိရှိ အသုံးချနိုင်မည် ဖြစ်သည်။

နယ်သာလန်မှ ပညာရှင်များသည် Laptop များ၏ စွမ်းရည်ကို အပြည့်အဝ ပေးစွမ်းနိုင်မည့် ဂျင်းဘောင်းဘီ အသစ်တစ်မျိုးကို တီထွင်ရန် အင်နှင့်အားနှင့် ကြိုးပမ်းနေသည်။ Beauty and the Geek ဟု အမည်ပေးထားသည့် ဘောင်းဘီတွင် အပြည့်အဝ အလုပ်လုပ်သည့် Keyboard၊ Mouse နှင့် Speaker များ ပါဝင်သည်။ ဘောင်းဘီ ဒီဇိုင်းကို Nieuwe Heren ကုမ္ပဏီက တာဝန်ယူ ရေးဆွဲပြီး ဘောင်းဘီကို ဝတ်ဆင်ထားချိန်တွင် Keyboard ကြောင့် လှုပ်ရှားသွားလာမှု အနှောင့်အယှက် မဖြစ်ရအောင် ဖန်တီးထားသည်

ဒီဇိုင်းပညာရှင် အဲရစ်ဒီနစ်ဂ်ျက “ပျော့ပြောင်းတဲ့ Keyboard၊ Speaker သေးသေးလေးတွေနဲ့ Mouse အငယ်စားလေး တစ်ခုကို ထည့်ပေးထားပါတယ်။ သူတို့ဟာ ရိုးရိုးဂျင်းဘောင်းဘီထက် နည်းနည်းပဲ အလေးချိန်ပိုမှာပါ။ ဒီဘောင်းဘီ ဝတ်ထားရင် ကိုယ့်ကွန်ပျူတာနဲ့ ဝေးဝေးမှာ ထိုင်နေရလည်း လှမ်းသုံးနိုင်ပြီပေါ့” ဟု ပြောဆိုသွားသည်။ ဂျင်းဘောင်းဘီ၏ ဒီဇိုင်းသည် ခေတ်လူငယ်များ အကြိုက်ဖြစ်ပြီး အသုံးမပြုချိန်တွင် Mouse ကိုလည်း သပ်သပ်ရပ်ရပ် သိမ်းဆည်းထားနိုင်သည်။ ယင်းဘောင်းဘီကို ဈေးကွက်အတွင်း ပေါင်စတာလင် (၂၅၀) မျှဖြင့် ဖြန့်ဖြူးရောင်းချဖွယ် ရှိနေကြောင်း သိရှိရသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...