Continued
by Bo K Nyein on Wednesday, February 22, 2012 at 8:25am ·
ဥါဏ်ချင်းယှဉ်ရပြီ။
ကံကောင်းတာက ဒေါ်စုဟာ သတ္တိဗျတ္တိ တွင်သာမက ဥါဏ်အရာမှာလည်း ကြီးမားပေတယ်။ ဒီတစ်လမ်းပဲ ဖွင့်ပေးထားတာ မသိလို့ မဟုတ်။ သိတာပေါ့။ သို့သော် မဟော်သထာ ဇာတ်တော်ကြီးမှာ မိခင်အစစ် ဟာမိခင်မေတ္တာနဲ့ ခလေးမနာ ရအောင် မိမိအနစ်နာခံ သလို ဒေါ်စုဟာလည်း တိုင်းပြည်အကျိုးကိုကြည့်ပြီး ဒီမိုကရေစီလမ်းပေါ်ပြန်ရောက်အောင် သည်လမ်းကိုလျှောက် ၊ သည်တံထားကိုကူး ဖို့ ဆုံးဖြတ်ရတာပဲ။
ဒေါ်စုလို ပုဂ္ဂိုလ်မျိုး နဲ့ဥါဏ်ချင်းယှဉ်ဖို့ တည်ဆောက်ထားတဲ့ အစိုးရဖက် က အဖွဲ့ကို အထင်သေးလို့ မရပါ။ ဒီဗိုလ်ချုပ်တွေဟာ တသက်လုံး ရာဇပုလ္လင်ပေါ်မှာထိုင် တိုင်းပြည်ကို အုပ်ချုပ်ခဲ့သူများ ဖြစ်ကြတဲ့ အတွက် ရာထူးနဲ့ အာဏါ ၊ နိုင်ငံရေးနှင့် Human Psycho အကြောင်းတွေကို နော်ကြေနေသူများ ဖြစ်ကြပါတယ်။
ဗိုလ်ချုပ်တွေအားလုံးဟာ Street smart သမားတွေကြီးပဲ။ နိုင်ငံရေးမှာ Street smart သမားတွေ လိုကိုလိုပါတယ်။ သမ္မတ ဂျွန်ဆင်က Whiz Kid လို့ခေါ်တဲ့ လူငယ်လူတော်လေးတယောက် ကို မင်းရဲ့ Harvard degree ထက် နယူးရောက်လမ်းပေါ်က မင်းတတ်လာတဲ့ Street smart ကိုပို အလိုရှိတယ်လို့ပြောဖူးတယ်။ နိုင်ငံရေးမှာ Street smart သမားတွေက book smart သမားတွေကို ခိုင်းစားတာ ဓမ္မတာပဲ။ ဗိုလ်ချုပ်သန်းရွှေ ထားခဲ့တဲ့ ဗိုလ်ချုပ်တွေဟာ တကယ်တော့ သူ့ရဲ့ (A) Team ဆိုတာကိုလက်ခံထားရပါမယ်။
သို့သော် အစိုးရရဲ့ အားနဲချက် က အာဏါရအဖွဲ့အစည်းဖြစ်တာကြောင့် လူ့သဘာဝ အရ သူ့လူအများစု ဟာ အခွင့်ရေးလိုချင်လို့ ၀င်လာသူတွေဖြစ်ကြတယ်။ NLD က ယုံကြည်ချက်ကြောင့် အနာခံ ဖို့ဝင်လာသူတွေ များကြတယ်။ Dedication ချင်းကြတော့ မတူနိုင်ကြ။ အစိုးရပါတီက လူတွေကိုလည်း ရန်သူလို့မြင်စရာမလိုပါ။ တိုင်းပြည်စီးပွားရေး ထောင်လာပြီး လူတိုင်းပါဝင်ခွင့်ရလာချိန်မှာ အခွင်အလမ်းတွေ များလာသည်နှင့်အမျှ သည်လူတွေဟာ စီးပွားရေးဖက် တဖြည်းဖြည်း ပြန်ရောက်သွားကြမှာပါ။
ချုပ်လိုက်ရင်
ရုတ်တရက်ကြည့်ရင် ၊ အပေါ်ယံကြော အမြင်နဲ့ကြည့်ရင် လွှတ်တော်ဥက္ကဋ္ဌ နေရာဟာ အရေးပါတာ ထင်သာမြင်သာ မရှိသေးဖူး။
အသေအခြာ စဉ်းစားတတ်ရင် ဦးရွှေမန်းနေရာ ရဲ့ နေရာ ဟာ အရေးပါ ပါတယ်။ လွှတ်တော်ဥက္ကဋ္ဌ ဆိုတာ ပါလီမန် ရဲ့ အိမ်ပိုင်ရှင်ပဲ။ ကြားဖြတ်ရွေးကောင်ပွဲ ပြီးတာနဲ့ ဒေါ်စုနဲ့ အင်အာလ်ဒီ ၊ ပါလီမန် အထဲ ၀င်လာတာနဲ့ dynamics ဟာပြောင်း သွားပြီ။ အားပြိုင်မှု ဟာ လမ်းပေါ်ကနေ ပါလီမန် အထဲကို ရောက်လာပြီ။ ဒီနေရာမှာ နိုင်ငံရေး ကျွမ်းတဲ့ ၊ စိတ်ထိမ်းနိုင်တဲ့ (Even Temperament) ရှိတဲ့ခေါင်းဆောင် ၊ Strategic Vision ရှိတဲ့ ရှေ့ကိုကြို ကြည့်နိုင်တဲ့ Forward Thinkers တွေ နှစ်ဖက်လုံးမှာ လိုလာပြီ။ Staff တွေ Consultants အကြံပေး တွေလိုလာပြီ။
အဓိပ္ပါယ် မရှိတဲ့ ဥပဒေ တွေကိုပြင်ရတော့မယ်။ စီးပွားရေး ၊ လူမှုရေး ၊ Human Rights ကို ဦးစားပေး ထဲ့သွင်းစဉ်းစား တဲ့ ဥပဒေ တွေ ကို ဖေါ်ထုတ်ရတော့မယ်။ အရေးအကြီးဆုံးက အစိုးရ ကို monitor လုပ်ဖို့ ဘာကော်မတီ ညာကော်မတီ တွေဖွဲ့ရုံမက ထိထိရောက်ရောက် ထိန်းကွပ်နိုင် အောင်ကြိုးစားရတော့မယ်။ ပြီး အစိုးရဘတ်ဂျက် ကို ပါလီမန်က အတည်ပြူပေးရတော့မယ်။ စီးပွားရေး အတွက် မရှိမဖြစ်တဲ့ Property Rights ဥပဒေတွေကို စဉ်းစားရတော့မယ်။ ဒါတွေအားလုံး ကိုချက်ချင်း မပြင်နိုင်ပါ။ သို့သော်၂၀၁၅ ကိုရည်မှန်းပြီး အစပျိုးကြ ရတော့မယ်။
ပြီးတော့ ပါလီမန်စည်းမျဉ်းလို့ ခေါ်တဲ့ Parliamentarian Rules တွေကိုဖေါ်ဆောင်ရတော့မယ်။
ဒါ ပါလီမန် ကို Institutionalized လုပ်ရာမှာ ရှောင်လို့မရတဲ့ Evolution Process ပဲ။
ဒါကြောင့် ဒီမိုကရေစီ လမ်းကြောင်းကို ဖေါ်ဆောင်ရာမှာ ဒေါ်စု အတွက် Dance Partner အသစ်တစ်ယောက် တိုးလာရပြီပဲ။
အစိုးရရဲ့ ကြံ့ခိုင်ဖွံ့ဖြိုး ပါတီ ဟာလည်း အကယ့် အတိုက်အခံ ရှိလာပြီ ဖြစ်တဲ့ အတွက် Attitude ပြောင်းရတော့မယ်။ အစိုးရ အတွင်း လည်း Dynamics ပြောင်းသွားပြီလေ။
အလိုလို စင်ပေါ်ရောက် သွားမှာက ဘယ်သူလဲ ၊ လွှတ်တော်ဥက္ကဋ္ဌ ကြီးပဲ မဟုတ်ဖူးလား။
ဒါကြောင့် ဦးရွှေမန်း ရဲ့ ယနေ့ပြောနေတဲ့ စကားတွေ ၊ လုပ်ဆောင် ချက်တွေဟာ စာရေးသူ အဖို့ကတော့ အလွန်အဓိပ္ပါယ် ရှိတယ်လို့ နိုင်ငံရေး အမြင်နဲ့ ပြောချင်တယ်။
ဦးသိန်းစိန် ၊ ဦးရွှေမန်း နဲ့ ယနေ့ Reformers လို့နံမည်ကြီးနေတဲ့ ၀န်ကြီးတွေ ဟာ စစ်ဗိုလ်ချုပ်တွေ အပြင် အုပ်ချုပ်ရေး အာဏါကို နားလည်တဲ့ နိုင်ငံရေး နားလည်တဲ့ Seasoned Operatives တွေပါ။ ဒါပေမဲ့ တိုင်းပြည် အတွက် Hope ရှိတာက ဒီလူတွေ ရဲ့ တိုင်းပြည်ကိုပြန်လည်ထူထောင် လိုတဲ့ စိတ်ကလေးတွေကို လှစ်ကနဲ ၊ လှစ်ကနဲ တွေ့နေရတယ်။ တချိန်ထဲမှာ Reform ကိုစိုးရိမ်တဲ့ သူတွေကိုလည်း လျော့တွက်၍ မရပါ။ အရည်အချင်း မရှိပဲ ဒီနေရာမရောက်လာကြပါ။
နောက်ဆုံးတော့ တိုင်းပြည်စီးပွားရေး ပြန်ဦးမော့ လာရင် ၊ စစ်တပ် ရဲ့ Image ပုံရိပ် ပြန်ကောင်းအောင် လုပ်နိုင်တဲ့သူ ကို စစ်တပ်က ထောက်ခဲ့ မှာပဲ။
ပထမ Election Cycles တွေမှာ စစ်တပ် ရဲ့ Role ကို ထဲ့စဉ်းစားရမှာပဲ။ တဖြည်းဖြည်း လျော့သွားရမှာပဲ။ ဒါ REALITY ပဲ။
ပထမ ပိုင်းအပြီးမှာ Provocative Thinking နဲ့ ခဏနားခွင့်ပေးစေချင်ပါတယ်။
၁၉၈၉ စစ်အာဏါသိမ်းအပြီး ကတည်းက အနှစ် (၂၀) ကျော် စစ်တပ်က စစ်အာဏါရှင် စနစ်ကို ထူထောင်ခဲ့ရတယ်။ ရန်-ငါ စည်းပြတ်ရမယ်ကွ ၊ ဇီးရိုးစမ်းကွ ဆိုသူတွေ ခေါင်းဆောင်မှု ပေးနိုင်ခဲ့ကြလို့လား။
တော်လှန်ရေး တခု ဖေါ်ဆောင်ရတယ် ဆိုတာ လွယ်တဲ့ အလုပ် မဟုတ်ပါဖူး။ တဖက်က ပြန် စဉ်းစားရင် သတ္တိခဲ တော်လှန်ရေး သမားတွေ အောင်မြင်တဲ့ တော်လှန်ရေးကို မဖေါ်ဆောင်နိုင်ခဲ့ကြလို့ ယနေ့ ငြိမ်းချမ်းရေးလမ်းကို လျှောက်ရတာ မဟုတ်ဖူးလားလို့ မေးလာရင် စာဖတ်သူတို့ ဘယ်လို မြင်မှာလဲ။ တော်လှန်ရေး ဆိုတာ Rhetoric ကြီးပဲ အော်နေလို့ မရပါ။ Action ပါရပါတယ်။ Action ပါဖို့ ခေါင်းဆောင်မှုလိုပါတယ်။ စာဖတ်သူ တို့ ဆက်တွေးနိုင် ကြပါစေ။
ဘိုဘိုကျော်ငြိမ်း
0 comments:
Post a Comment