သူ မ နှင့် Blog ( ၂ ) နှစ်ပြည့် အမှတ်တရ
သူမ
http://www.nyeinsoeoo.com/2012/02/blog.html
သူမက . . . . . ဖြစ်ပါတယ်
သူမ စကားပြောနေပါတယ်
သူမကို မြန်မာအဖြစ်မှ ငြင်းခဲ့
သူမကို ပိတ်လှောင်ထားခဲ့
သူမရဲ့ ပဲ့တင်သံများ ဟိန်းပျံ့ထွက်လာခဲ့
သူမရင်ထဲမှာ မှန်ကန်ခြင်း နဲ့ ရဲရင့်ခြင်း
သူမစကားမှာ ဇွဲသတ္တိများ ပူးတွဲရင်း
သူမကို ကြောက်လို့
သူမကို ခြောက်
သူမက မပျောက်ခဲ့
သူမက ခွင့်လွှတ်သည်းခံခြင်းတို့ ဖြည့်ရင်း
သူမမှာ စွန့်လွှတ် အာဇာနည်သွေးတို့ စီးဆင်း
သူမရဲ့ အမှန်တရား ရေချိန်တွေ မြင့် ၊ မြင့်လာ
သူမရဲ့ ဂုဏ်ရနံ့များ ဆင့် ၊ ဆင့်လာ
သူမရဲ့ သစ္စာပန်းတို့ ပွင့် ၊ ပွင့်လာ
သူမရဲ့ မျှော်လင့်မှုအလံကို လွှင့်ထူနိုင်ခဲ့ပါပြီ
သူမက ရိုးရိုး ပြောတာပါ
သူမရဲ့ ပြည်သူများက ဉာဏ်ကောင်းလာခဲ့တာ
သူမသည် ပြည်သူ ၊ ပြည်သူသည် သူမ
သူမသည် မြန်မာလူထုပုံရိပ် ဖြစ်ပါသည် ။ ။
ငြိမ်းစိုးဦး
( Jan ; 24 ; 2012 )
ယနေ့သည် www.nyeinsoeoo.multiply.com ၏ ( ၂ ) နှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်ပါသည် ။
ကျွန်တော့် မိသားစုရဲ့ ( ၂၆ ) နှစ်မြောက် မင်္ဂလာနေ့လည်း ဖြစ်ပါတယ် ။
ဘလော့ နှစ်ပတ်လည်နေ့အဖြစ်၎င်း ၊ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့အကြို အဖြစ်၎င်း
သွေးမျိုးဆက်၏ ဂုဏ်ရည်ကို ဖော်ပြသည့်အနေဖြင့်၎င်း
ကဗျာ တစ်ပုဒ်ကို တင်ဆက်လိုက်ပါတယ်ခင်ဗျား ...
မိတ်ဆွေများအားလုံးကို ကာယ ၊ စိတ္တ သုခနှစ်ဖြာ ပြည့်စုံနိုင်ပါစေကြောင်း
မေတ္တာ ပို့သလိုက်ပါတယ် ။
သိတတ်လို့ တတ်သိပြီး သတ္တိတွေတိုးကာ ...
ငြိမ်းချမ်းမှုများ စိုးမိုးလျက် ပညာဖြင့် ဦးဆောင်နှိုင်ပါစေ ...
ငြိမ်းစိုးဦး
( 12 ; 2 ; 2012 )
http://nyeinsoeoo.multiply.com/journal/item/425/425

0 comments:
Post a Comment