မပြတ်ပွားများ သရဏဂုံတရား
မပြတ်ပွားများ သရဏဂုံတရား
သရဏဂုံ
သရဏဂုံဆိုသည်မှာ “သရဏဂမန”ဟူသော ပါဠိမှ မြန်မာမှု ပြုထားခြင်း ဖြစ်သည်။ သရဏ ပုဒ် နှင့် ဂမန ပုဒ် နှစ်ခုကို ပေါင်းစပ် ထားခြင်း ဖြစ်သည်။ သရဏ- ကိုးကွယ်ရာ အားထားရာအဖြစ်ဖြင့် ဂမန- ဆည်းကပ်ခြင်းကို “(သရဏ+ဂမန) သရဏဂုံ”ဟု ဆိုခြင်း ဖြစ်သည်။
သရဏ
ရတနာသုံးပါးသည် ကြောက်ရွံခြင်း နှင့် ထိတ်လန့်ခြင်းကို ပယ်ဖျောက်ပေးနိုင်သောကြောင့် သရဏ (ကိုးကွယ်အားထားရာ) မည်၏။ စိတ်၏ကြောက်ရွံခြင်းကိုလည်းကော င်း၊ ထိတ်လန့်ခြင်းကို လည်းကောင်း၊
ကာယိကဒုက္ခကိုလည်းကောင်း၊ ဒုဂ္ဂတိဘဝ၌ ဖြစ် စေတတ်သော ဆင်းရဲခြင်း
ပူပန်ခြင်းကိုလည်းကောင်း ဖျက်ဆီး ဖယ်ရှားပေးနိုင်သောကြောင့်
ထိုရတနာသုံးပါးကို သရဏ (ကိုး ကွယ်အားထားရာ)ဟု ဆိုလိုသည်။ သရဏ
(ကိုးကွယ်အားထား ရာ)ဟူသော အမည်ကို ဗုဒ္ဓ ဓမ္မ သံဃာ ဟူသော ရတနာသုံးပါး၏ အမည်ဟု
မှတ်ယူပါ။
အဘယ်ကြောင့်ဆိုသော်---
၁) မြတ်ဗုဒ္ဓသည် သတ္တဝါတို့၏ အကျိုးစီးပွားကို ဖြစ်စေတတ်သော ကြောင့်လည်းကောင်း၊ သတ္တဝါတို့၏ အကျိုးစီးပွားမဲ့ကို ဖယ်ရှား ပေးတတ်သောကြောင့်လည်းကောင်း၊ သတ္တဝါတို့၏ ဘေးရန်အမျိုး မျိုးကို ဖယ်ရှားပေးတတ်သောကြောင့်လည်းကော င်း ကိုးကွယ် ဆည်းကပ်ထိုက်ပေ၏။
၂) ဓမ္မသည် ရှည်လျားလှစွာသော ဘဝသံသရာ ခရီးကြမ်းမှ ထုတ်ဆောင် ပေးတတ်သောကြောင့် လည်းကောင်း၊ နိဗ္ဗာန်ဟုဆို အပ်သော ချမ်းသာကို ပေးတတ်သောကြောင့်လည်းကောင်း၊ သံသရာဘေးကို ပယ်ဖျောက်ဖျက်ဆီး တတ်သောကြောင့်လည်း ကောင်း ကိုးကွယ်ဆည်းကပ်ထိုက်ပေ၏။
၃) သံဃာသည် ကုသိုလ်ကောင်းမှု(အနည်းငယ်မျှပင် ဖြစ်ပါစေ)ကို ပြုကြကုန်သော
သတ္တဝါတို့၏ အကျိုးစီးပွားကို ဖြစ်စေတတ်၊ ပြုစေတတ်သောကြောင့်လည်းကောင်း၊
သတ္တဝါတို့၏ ဘေးအန္တ ရာယ်အပေါင်းကို ပယ်ဖျောက်ဖျက်ဆီး တတ်သောကြောင့်လည်း
ကောင်း ကိုးကွယ် ဆည်းကပ် ထိုက်ပေ၏။
ထို့ကြောင့် ဗုဒ္ဓ ဓမ္မ သံဃာဟူသော ရတနာသုံးပါးသည် သရဏ (သရဏဂုံ) မည်ပါ၏။ ဗုဒ္ဓ ဓမ္မ သံဃာ ဟူသော ရတနာသုံးပါးကို ကြည်ညိုသော၊ အရိုအသေပြုသော၊ ကိုးကွယ်ရာ အားထားရာ အဖြစ်ဆည်းကပ်သောစိတ်ရှိသည့် ပုဂ္ဂိုလ်သည် ဗုဒ္ဓ ဓမ္မ သံဃာ ဟူသော သရဏဂုံသုံးပါး၌ တည်ပြီးသူ၊ မှီဝဲဆည်းကပ်သောသူ မည်၏။
သရဏဂုံ(၂)မျိုး
လောကုတ္တရာသရဏဂုံ နှင့် လောကီသရဏဂုံဟူ၍ နှစ်ပါးအပြား ရှိသည်။
ထိုတွင်...
(၁) လောကီသရဏဂုံသည်...
ပုထုဇဉ်ပုဂ္ဂိုလ်တို့၏ သန္တာန်၌ သရဏဂုံသုံးပါးအပေါ် ယုံကြည် ဆည်းကပ်မှုဖြင့်တည်သော သရဏဂုံ ဖြစ်၏။ သရဏဂုံ၏ ညစ်ညူး ကြောင်းတရားများကို ပယ်ဖျောက်လျှက် ရတနာမြတ်သုံးပါး၏ဂုဏ် ကို တိုက်ရိုက်အာရုံပြု၍ ဆောက်တည်မှ ပြီးပြည့်စုံသော သရဏဂုံ မျိုး ဖြစ်သည်။
ထိုလောကီသရဏဂုံသည် ညစ်ညူးတတ်၏၊ ပျက်စီးနိုင်၏။ ယခု ဘဝ မညစ်နွမ်း၊ မပျက်စီးခဲ့လျှင်ပင် နောက်နောင် ထိုထိုဘဝတို့၌ ညစ်နွမ်းနိုင်၊ ပျက်စီးနိုင်၏။ ရတနာသုံးပါးကို ကောင်းစွာမသိခြင်း၊ ရတနာသုံးပါး အပေါ်၌ ဟုတ်မှဟုတ်လေပါ့မလားဟု ယုံမှားသံသ- ယဖြစ်ခြင်း (ဝိစိကိစ္ဆာ) တို့သည် လောကီသရဏဂုံကို ညစ်နွမ်း စေသည်။ ထိုသို့ မညစ်နွမ်းအောင် ထိန်းသိမ်းနိုင်ခဲ့လျှင် ကောင်း သောဘုံဘဝ၌ ဖြစ်တည်ရခြင်း၊ စည်းစိမ်ဥစ္စာနှင့် ပြည့်စုံရခြင်း စသော အကျိုးတရားများကို ရရှိခံစားနိုင်မည် ဖြစ်ပါသည်။
(၂) လောကုတ္တရာသရဏဂုံသည်…
သစ္စာလေးပါးတရားတော်ကို သိမြင်ပြီးကုန်သော အရိယာ သူ-တော်စင်များ၏ မဂ်ခဏ၌ ထိုမဂ်ဉာဏ်နှင့်အတူ ဖြစ်ပေါ်လာသော သရဏဂုံမျိုး ဖြစ်သည်။ ထိုအရိယာ ပုဂ္ဂိုလ်တို့သည် ဗုဒ္ဓ ဓမ္မ သံဃာ ဟူသော သရဏဂုံသုံးပါးအပေါ်၌ မမှိတ်မသုန် ယုံကြည် ကိုးကွယ် ခြင်း ရှိလေတော့၏။ ထိုအရိယာပုဂ္ဂိုလ်တို့သည် မဆောက်တည်ရ ဘဲ အမြဲသရဏဂုံ တည်နေကြသော ပုဂ္ဂိုလ်များ ဖြစ်၏။ဗုဒ္ဓဘာသာ ဝင်အဖြစ်မှ မည်သည့်အခါမှ မဆုံးရှုံးနိုင်တော့ပေ။
သရဏဂုံ၏ ညစ်ညူးခြင်း၊ ပျက်စီးခြင်းလည်း မရှိတော့ပေ။ ထို့ ကြောင့် အရိယာပုဂ္ဂိုလ်ဖြစ်မှသာလျှင် လောကုတ္တရာ သရဏဂုံကို ရပေမည်။ ပုထုဇဉ်ဘဝဖြင့် ဘယ်သောအခါမှ မရရှိနိုင်ပေ၊ မဖြစ်နိုင် ပေ။ အရိယာပုဂ္ဂိုလ်များ၏ လောကုတ္တရာ သရဏဂုံသည် နိဗ္ဗာန်ကို မရမခြင်း ဘဝဆက်တိုင်း တည်မြဲ နေလိမ့်မည်။
သရဏဂုံညစ်နွမ်းခြင်း အကြောင်းသုံးပါး
၁. အဉာဏ-သရဏဂုံသုံးပါးအပေါ်၌သေချာကျ နစွာ မသိခြင်း၊
၂. သံသယ- သရဏဂုံသုံးပါးအပေါ်၌ ယုံမှားသံသယရှိခြင်း၊
၃. မိစ္ဆာဉာဏ- သရဏဂုံသုံးပါးအပေါ်၌ မှားယွင်းသော အမြင်၊
အယူအဆ ရှိခြင်း။ (မူလ ပဏာသအဋ္ဌကထာ)
ထိုသုံးမျိုးတို့တွင် ဗုဒ္ဓ ဓမ္မ သံဃာဟူသော သရဏဂုံ သုံးပါးအ ကြောင်းကို သိအောင် လေ့လာခြင်းဖြင့် နံပါတ် (၁)နှင့်(၂) ညစ်နွမ်း မှုကို ပယ်ဖျောက်နိုင်သည်။ နံပါတ် (၃) ညစ်နွမ်းမှုကိုကား ဗုဒ္ဓ ဓမ္မ သံဃာ-ဟူသော သရဏဂုံအပေါ်၌ ယုံကြည်သော သဒ္ဓါတရား နှင့် ပညာဉာဏ်ကို ခိုင်မာအောင်ပြုလျှက် ပယ်ဖျောက်နိုင်သည်။ ပယ်ဖျောက်မှု မပြုနိုင်ပါက သရဏဂုံပျက်စီးခြင်းသို့ ရောက်၏။
သရဏဂုံတည်ခြင်း
ရတနာမြတ်သုံးပါးကို သဒ္ဓါ၊ ပညာ ပြည့်စုံစွာဖြင့် ကိုးကွယ်အား ထားလဲလျောင်းရာ အမှန်ဟူ၍ တစ်ကြိမ်တစ်ခါ ဆောက်တည်ထား လျှင် ထိုရတနာ မြတ်သုံးပါးအပေါ်၌ ယုံကြည်ကိုးကွယ် ဆည်းကပ် သည့်စိတ်မပျောက်သေးသမျှ ကာလပတ်လုံး တည်မြဲနေ၏။
သရဏဂုံပျက်ခြင်း နှစ်မျိုး
သရဏဂုံပျက်ခြင်းဟုဆိုရာ၌ အပြစ်ရှိသော ပျက်ခြင်း နှင့် မပြစ် မရှိသော ပျက်ခြင်း ဟူ၍ နှစ်မျိုး ရှိသည်။
(၁)ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်ဆည်းကပ်မှု မရှိတော့ခြင်း။
(၂) သေဆုံးသွားခြင်း။
ဗုဒ္ဓ ဓမ္မ သံဃာဟူသော သရဏဂုံသုံးပါးမှအပ တပါးသော ဂိုဏ်း ဆရာများ၊ ရသေ့များ၊ နတ်များ၊ စသည်တို့ကို “တပည့်တော်၏ အ-သက်နှင့် ခန္ဓာကို အပ်နှင်း လှူဒါန်းပါ၏ဟု ကိုးကွယ် ဆည်းကပ် သည်ရှိသော် သရဏဂုံပျက်၏။ ထိုသို့ ပျက်ခြင်းမျိုးသည် အပြစ်ရှိ သော ပျက်ခြင်းမည်၏။ မကောင်းသော အကျိုးများကိုသာ ရရှိစေ နိုင်သည်။
သေဆုံးသွား၍ သရဏဂုံပျက်ခြင်းသည် မပြစ်မရှိသော ပျက်ခြင်း မျိုးဖြစ်၏။ သေဆုံးပြီးနောက် ထိုသူဆောက်တည်ခဲ့သော ကံအား လျော်စွာ နတ်စည်းစိမ် ခံစားစံစားရခြင်း ကောင်းကျိုးချမ်းသာ သုခ နှင့် ပြည်စုံခြင်းစသော ကောင်းကျိုးများကို ရရှိနိုင်သည်။
ယခုခေတ်တွင် သေဆုံးသွားသော သူများကို သရဏဂုံတင်ခြင်း ပြုလုပ်ကြလေ့ရှိ၏။ သေသူ၌ စိတ်မရှိ၊ စေတသိတ်မရှိ၊ ဥတုဇရုပ် ဟုခေါ်သော အလောင်းကောင်သာ ရှိ၏။ စိတ်မရှိသော အလောင်း ကောင်ကို အဘယ်သို့ သရဏဂုံတင်နိုင်အံ့နည်း။ကျန်ရစ် သူများ၏
သရဏဂုံ ကျိုးခြင်း၊ ပျက်ခြင်း၊ ပေါက်ခြင်းမှ ပြန် လည် တည်သွားအောင်သာ
သရဏဂုံပေးခြင်း ဖြစ်၏။ သရဏဂုံ တည်၍ ကောင်းမှုအစုစုကို
ပြုလုပ်ရခြင်းသည်အကျိုးများလှ သည်။ ထိုသို့သောကောင်းမှုသိုလ်မျိုးကို သေသွားသော သူတို့အား အမျှ ပေးဝေခြင်း သေသူအတွက် အကျိုးထူးလှ၏။
သရဏဂုံဖြစ် မဖြစ်
၁) ဆွေမျိုးဖြစ်၍ ရှိခိုးခြင်း။
၂) ကြောက်၍ ရှိခိုးခြင်း။
၃) ဆရာဖြစ်၍ ရှိခိုးခြင်း။
ဤအကြောင်းများကြောင့် ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ကို ရှိခိုးလျှင် သရဏဂုံ မဖြစ်တည်ပေ။ ယုံကြည်ပြီး ကိုးကွယ်ဆည်းကပ်သည့် အနေဖြင့် ရှိခိုးမှသာလျှင် သရဏဂုံ ဖြစ်တည်သည်။
သရဏဂုံပျက် မပျက်
သရဏဂုံဆောက်တည်ပြီးသောသူသည် ...
(၁) သာသနာတော်မှအပ တပါးသောအယူရှိသော တိတ္ထိတို့၌ ရသေ့ရဟန်းပြုထားသော ဆွေမျိုးကို “ဤသူသည် ငါ၏ ဆွေမျိုး တည်း”ဟုအသိရှိလျှက် ရှိခိုးသောသူသည် သရဏဂုံ မပျက်ပေ။ ရသေ့ရဟန်း မဟုတ်သော ဦးလေး ဘကြီး စသည့် ဆွေမျိုးတို့အား ရှိခိုးသော သူသည်လည်း သရဏဂုံ မပျက်သည်သာတည်း။
(၂) ထို့အတူ ကြောက်ရွံ၍ ဘုရင် (သို့) ကိုယ့်၏ အထက် လူကြီးကို ရှိခိုးခြင်းသည်လည်း သရဏဂုံ မပျက်သည်သာတည်း။ အဘယ်ကြောင့်ဆိုသော် ဘုရင်ကို ပြည်သူတို့က ပူဇော်အပ်သော ကြောင့်လည်းကောင်း၊ မရှိခိုးအပ် မရိုမသေပြုအပ်သည်ရှိသော် အ ကျိုးမဲ့ကိုသာ ဖြစ်စေသောကြောင့်လည်းကောင်း ရှိခိုးရ၏။ ထိုသို့ ရှိခိုးခဲ့သော် သရဏဂုံ မပျက်ပေ။ ထို့ကြောင့် ယခုခေတ် ကိုယ့်အ ထက် လူကြီးကို ကြောက်သဖြင့် လက်အုပ်ချီသော် ဆောက်တည် ထားသော သရဏဂုံသည် မပျက်နိုင်ဟု မှတ်ယူရမည်။
(၃) တစ်ခုခုသော အတတ်ပညာကို သင်ပေးသော တိတ္ထိကို “ဤသူသည် ငါ၏ ဆရာတည်း”ဟူ၍ မိမိ၏ ဆရာအမှတ်ဖြင့် ရှိခိုး ခြင်းသည်လည်း သရဏဂုံမပျက်ပေ။
သရဏဂုံဆောက်တည်ခြင်း
သရဏဂုံဆောက်တည်ချင်သောသူသည်….
အောက်ပါအတိုင်းဆောက်တည်ရမည်။
အဇ္ဇတဂ္ဂေ ပါဏုပေတံ...
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
ဓမ္မံ သရဏံ ဂစ္ဆာမိ။
သံဃံ သရဏံ ဂစ္ဆာမိ။
ဒုတိယမ္ပိ ဗုဒ္ဓံ...,
တတိယမ္ပိ ဗုဒ္ဓံ...
စသည်ဖြင့် ဆက်ဆိုပါ။
အဇ္ဇတဂ္ဂေ- ယနေ့ကို အစပြု၍၊ ပါဏုပေတံ-အသက်ရှည်သမျှ ကာလပတ်လုံး၊ ဗုဒ္ဓံ - မြတ်စွာဘုရားကို၊ သရဏံ သရဏံဣတိ - ဆင်းရဲကို ဖျောက်တတ် ချမ်းသာကို ဆောင်ပေတတ်၏ ဟူ၍၊ ဂစ္ဆာမိ- မှီဝဲဆည်းကပ်ပါ၏။
ဓမ္မံ- မဂ်လေးပါး ဖိုလ်လေးပါး နိဗ္ဗာန် ပရိယတ်ဟု ဆိုအပ်သော ဆယ်ပါးသော တရားတော်မြတ်ကို၊ သရဏံ သရဏံဣတိ- ဆင်းရဲ ကို ပယ်ဖျောက်တတ် ချမ်းသာကို ဆောင်တတ်၏ ဟူ၍၊ ဂစ္ဆာမိ- မှီဝဲဆည်းကပ်ပါ၏။
သံဃံ- သမုတိ အရိယာ သံဃာတော်အပေါင်းကို၊ သရဏံ သရဏံဣတိ - ဆင်းရဲကို ပယ်ဖျောက်တတ် ချမ်းသာကို ဆောင် တတ်၏ ဟူ၍၊ ဂစ္ဆာမိ- မှီဝဲ ဆည်းကပ်ပါ၏။
သရဏဂုံတည်ခြင်း၏အကျိုး
သရဏဂုံသုံးပါးကို အမြဲမပြတ် ရွတ်ဆိုပွားများသဖြင့် ကောင်းကျိုး များ အဆင့်ဆင့် ရရှိသွားသော တိသရဏဂမနိယမထေရ် အ- ကြောင်းကို သာဓကအဖြစ် ထုတ်ပြပါမည်။
တိသရဏဂမနိယမထေရ် လောင်းလျာအမျိုးကောင်းသား တစ် ယောက်သည် ရှေးရှေးဘုရားရှင်တို့ ထံတော်၌ (ဣဒံမေ ပုညံ နိဗ္ဗာနဿ ပစ္စယော ဟောတု) မဂ်ဖိုလ်နိဗ္ဗာန် ရလိုပါကြောင်း ဆု တောင်းခဲ့သည်။ ထိုထိုဘဝ၌ ဝဋ်ကင်းရာ နိဗ္ဗာန်ကို ရခြင်းရောက် ခြင်း၏ အထောက်အပံ့ ဖြစ်ကုန်သော ဒါနကောင်းမှု သီလကောင်း မှု ဘာဝနာကောင်းမှုတို့ကို ဆည်းပူးပြုလုပ်ကာ အားထုတ်ခဲ့သည်။
ထိုသို့အားထုတ်ခဲ့သောကြောင့် ဝိပဿီမြတ်စွာဘုရားရှင် လက် ထက်တော်အခါ၌ ဗန္ဓုမတီမြို့တော်ရှိ အမျိုးကောင်းသား အိမ်၌ ကံ အားလျော်စွာ မွေးဖွားခဲ့သည်။ သို့သော် သူ၏မိဘနှစ်ပါးစလုံးသည် မျက်စိနှစ်ကွင်း အလင်း မရရှိကြပါ။ တစ်နေ့တွင် ဝိပဿီမြတ်စွာ ဘုရားရှင် ဟောကြားသော တရားတော်ကို နာကြားရသည့်အခါ ရ ဟန်းပြုချင်စိတ်များ ဖြစ်ပေါ်လာခဲ့သည်။ သိုသော် မိဘနှစ်ပါးစလုံး သည် မျက်မမြင်များ ဖြစ်သောကြောင့် ရဟန်းပြုခွင့် မရရှိခဲ့ပါ။ မျက် မမြင် မိဘနှစ်ပါးကို ထားခဲ့၍ ရဟန်းပြုခဲ့ပါက သင့်တော်မည် မ ဟုတ်ပေ။
ထို့ကြောင့် မိဘများကို လုပ်ကျွေးရင်း မည်ကဲ့သို့သော တရားကို ကျင့်ကြံရရင်လျှင် ကောင်းမည်နည်းဟု ရှာဖွေကြည့်သောအခါ သ-ရဏဂုံသုံးပါးကို အမြဲမပြတ် ရွက်ဆိုနေပါက အကျိုးတရား အား- ကြီးကြောင်း သိရှိခဲ့၏။ ထိုအခါ ရဟန်းတော် တစ်ပါးထံ၌ သရဏဂုံ သုံးပါးကို ခံယူဆောက်တည်ကာ သတိရသည့်အခါတိုင်း ရွတ်ဆို ပွားများနေခဲ့သည်။အလုပ်လုပ်ရင် လည်းရွတ်ဆိုပွားများနေခဲ့သည်။ အိပ်ပျော်သွားသည်အထိ ရွတ်ဆိုပွားများနေခဲ့သည်။ မိဘနှစ်ပါးကို လည်း အသက်ထက်ဆုံး ပြုစုလုပ်ကျွေးခဲ့သည်။
မိဘနှစ်ပါး ကွယ်လွန်ပြီးသည့်နောက် သူလည်း ထိုဘဝမှ ကွယ် လွန် အနိစ္စ ရောက်ခဲ့သည်။ သရဏဂုံသုံးပါးကို ရွတ်ဆိုခဲ့သည့် အစွမ်းသတ္တိ နှင့် မိဘနှစ်ပါးကို ပြုစုလုပ်ကျွေးခဲ့သည့် အစွမ်းသတ္တိ တို့ကြောင့် ဘဝသံသရာ ကျင်လည်စဉ် သိကြားမင်းအဖြစ်က ကြိမ် (၈ဝ)၊ စကြာဝတေးမင်းအဖြစ်က (၅၇)ကြိမ် ဖြစ်ခဲ့ပါသည်။ သရဏ ဂုံ၏အကျိုးသည် ဤမျှလောက် ကြီးမားပါပေသည်။
နောက်ဆုံးဘဝ ဂေါတမဘုရားရှင်လက်ထက် သာဝတ္ထိပြည်ရှိ သူဋ္ဌေးတစ်ဦး၏သားအဖြစ် ပဋိသန္ဓေနေ၍ မွေးဖွားခဲ့ပါသည်။ ခုနှစ် နှစ်သား အရွယ်တွင် ကလေးတို့သဘာဝအတိုင်း သူငယ်ချင်းများ နှင့် ဆော့ကစာရင်း ဘုန်းကြီးကျောင်း တစ်ကျောင်း အတွင်းသို့ ရောက်သွားခဲ့ကြသည်။ ထိုကျောင်း၌ သီတင်းသုံးနေထိုင်သော ရ-ဟန်းတော်မှာ ရဟန္တာဖြစ်ပါသည်။ ရဟန်းတော်မှ ကလေးများအား ခေါ်ပြီး သရဏဂုံကို သင်ပေးသည့်အခါ တိသရဏဂမနိယမထေရ် လောင်းလျာ အမျိုးကောင်းသားလေးမှာ တစ်ကြိမ်တည်းနှင့် အားလုံးကို အလွတ်ရခဲ့သည်။
ထို့နောက် သူ၏စိတ်ထဲတွင် ဤသရဏဂုံတရားကို သူပွားများခဲ့ ဘူးသည်ဟု အတိတ်ကို သိသောဉာဏ် (ဇာတိဿရဉာဏ်) ပေါ် လာခဲ့သည်။ သူ၏ စိတ်ထဲတွင်လည်း ဝမ်းသာမှု ပီတိသောမနဿ များ ဖြစ်ပေါ်လာခဲ့သည်။ ထိုပီတိသောမနဿတို့ကို ဉာဏ်နှင့် ဆင် ခြင်၍ ရှုကြည့်သည့်အခါ ဖြစ်ပြီးလျှင် ပျက်ပျက်သွားသော အနိစ္စ သဘောတရားများဖြစ်ပေါ်လာခဲ့သည်။ ဖြစ်ခြင်း၊ ပျက်ခြင်းသဘော အမြဲမပြတ် နှိပ်စက်သောကြောင့် ဆင်းရဲခြင်း ဒုက္ခသဘော တရား များလည်း ဖြစ်ပေါ်လာခဲ့သည်။ ထိုသဘောတရားများကို အဖန်ဖန် ဆန်းစစ်ကြည့်သောအခါ အနှစ်သာရဟူ၍ ဘာမျှတစ်ခုမျှ ရှာဖွေ၍ မရသော အနတ္တသဘောများလည်း ပေါ်လာခဲ့သည်။ ဤကဲ့သို့ ဝိပဿနာဉာဏ်များ တဆင့်ထက်တဆင့် မြင့်တက်လာကာ ထိုဝိပဿနာဉာဏ်၏ အဆုံးတွင် အာသဝေါကင်းကွာ ရဟန္တာအဖြစ်သို့ ရောက် ရှိခဲ့သည်။ အရဟတ္တမဂ်ဉာဏ်နှင့်အတူ မည်သည့်အခါမျှ ပျက်စီးခြင်း မရှိနိုင်သည့် လောကုတ္တရာ သရဏဂုံကို ခိုင်မြဲစွာ ရရှိ သွားခဲ့သည်။
တိသရဏဂမနိယမထေရ်မြတ်က ဝမ်းသာလွန်း၍ သူ၏အကြောင်း ကို ပြောပြချင်သောကြောင့် ရဟန်းတော်များကို စုဝေးဖိတ်ကြား ကာ သူ၏ ဘဝဖြစ်စဉ်ကို ဤသို့ လျှောက်ထားခဲ့သည်။"စည်းလုံးညီညာ ရောက်လာကြကုန်သော သံဃာတော် အရှင်သူ မြတ်တို့ဘုရား။ အရှင်မြတ်တို့၌ ကြားနိုင်သော သောတဝိညာဏ်ဟု ခေါ်ဆိုအပ်သည့် နာမ်တရားသည် ရှိပါပေ၏။ယခုလျှောက်ထားမည့် ဘုရားတပည့်တော်၏ ကိုယ်တိုင်ကြုံတွေ့ ခဲ့ရသော အကြောင်း အရာကို အာရုံစိုက်၍ နာယူတော်မူကြပါဘု ရား။”ဟုဆိုကာ သူ၏ ဘဝဖြစ်စဉ်ကို ဟောကြားခဲ့သည်။
ထိုနောက် ဆက်လက်၍ ”စည်းလုံးညီညာ ရောက်လာကြကုန် သော သံဃာတော် အရှင်မြတ်တို့ ဘုရား လောကတစ်ခွင်၌ မြတ် စွာဘုရားသည် ဥဒေတောက်ကျွန်း နေစက်ဝန်းကဲ့သို့ ပေါ်ပေါက်၍ နေပါ၏။ မြတ်စွာဘုရားသခင်၏ အဆုံးအမတရားတော်တို့သည် လည်း လောက၌ အထင်အရှား ဖြစ် ပေါ်၍ နေပါပေ၏။စိုးရိမ်သောက ဘေးဒုက္ခတည်းဟူသော ညှောင့်တံသင်းတို့ကို ပယ်ပျောက်ဖျက်ဆီးတတ်သော၊ သေခြင်းကင်းရာဖြစ်သော တရား ဓမ္မတည်းဟူသော စည်တော် ကြီးကိုလည်း တီးခတ်၍ နေကြပါပေ ကုန်၏။
ကုသိုလ်ကောင်းမူပြုရာ လယ်ယာမြေကောင်းသဖွယ် ဖြစ်ပါပေ ထသော အတုမရှိ အမြတ်ဆုံး အသာဆုံးဖြစ်တော်မူသော သာသ နာတော်မြတ်ကြီး၌ စွမ်းနိုင်ကြသည့်အားလျော်စွာကော င်းစွာပြုအပ်
သော ကောင်းမှုကုသိုလ်များကို ပြုကြကုန်လော၊့ ပါရမီ ပြည့်စုံလုံ
လောက်သည့်အခါ နိဗ္ဗာန်ချမ်းသာကို တွေ့မြင်ခံစားကြရပေလိမ့်မည်”ဟု
လျှောက်ထားခဲ့သည်။
ထို့နောက် သရဏဂုံ၏အကျိုးတရားများကို ဆက်လက်၍ ဟော ကြားခဲ့သည်။
သရဏဂုံသုံးပါးကို အမြဲမပျက်ရွတ်ဆိုပွားများသော ပုဂ္ဂိုလ်သည် အောက်ပါ အကျိုးတရားများကို ရရှိနိုင်ပါသည်။
၁. ဒိသာသု ပူဇိတော ဟောမိ = သွားလေရာ အရပ်တိုင်း၌ လေးစားမြတ်နိုးခြင်းခံရမည်။
၂. တိက္ခပညော ဘဝါမဟံ= ဉာဏ်အလွန်ထက်မြက်မည်။
၃. သဗ္ဗေ ဒေဝါနုဝတ္တန္တိ= နတ်တို့၏ စောင့်ရှောက်ခြင်းခံရမည်။
၎. အမိတဘောဂံ လဘာမဟံ= စီးပွားရေး အဆင်ပြေမည်။
၅. သုဝဏ္ဏဝဏ္ဏော သဗ္ဗတ္ထ= ဖြစ်လေရာဘဝတိုင်း၌ ရုပ်အဆင်းအလွန်လှပမည်။
၆. ပဋိကန္တော ဘဝါမဟံ= ဖြစ်လေရာ ဘဝတိုင်း၌ လူချစ်လူခင် အလွန်ပေါမည်။
၇. မိတ္တာနံ အစလော ဟောမိ= ဖြစ်လေရာ ဝတိုင်း၌ မိတ်ကောင်းဆွေကောင်း ခိုင်မြဲမည်။
၈. ယသော အဗ္ဘုဂ္ဂတော မမံ= ဖြစ်လေရာ ဘဝတိုင်း၌ လူအများ၏ လေးစားခြင်းခံရမည်။ကောင်းသောစကားများကိုသာ ပြောကြမည်။ ကောင်းသတင်းများသာ ကျောဇောလိမ့်မည်ဟု တိသရဏမထေရ် ရဟန္တာအရှင်မြတ်က ဟောကြားခဲ့ပါသည်။
ဒီဃနိကာယ် (နှာ-၃၃၂) သံယုတ္တနိကာယ် (နှာ-၃၄၁) တို့၌ လာသော သရဏဂုံ၏ အကျိုးတရားများမှာ-
၁။ ယခုပစ္စုပ္ပန်ဘဝ၌ ကျရောက်ဆဲ ကျရောက်လတ္တံ့သော ဘေးရန် အန္တရယ်များရှိခြင်း၊ ကြောက်ရွံခြင်း၊ ထိတ်လန့်ခြင်း၊ ကိုယ်ဆင်းရဲ ခြင်း၊ စိတ်ဆင်းရဲခြင်း၊ အပါယ်လေးပါးသို့ လားရောက်ရခြင်းစသည် တို့ကို တားမြစ်ဖျက်ဆီးပေးတတ်၏။
၂။ နောင်ဘဝ နတ်ပြည်သို့ ရောက်သည့်အခါတွင်လည်း သရဏဂုံ တည်သောနတ်သည် သရဏဂုံ မတည်သော နတ်ထက် အသက် ရှည်ခြင်း၊ အဆင်းလှခြင်း၊ အခြွေအရံပေါများခြင်း၊ အပူဇော်ခံရခြင်း၊ ထက်မြက်သော ဉာဏ်ပညာရှိခြင်း၊ မနှိုင်းယှဉ်နိုင်သော စည်းစိမ်း ချမ်းသာကို ရရှိခြင်း၊ ရွှေအဆင်းနှင့်တူသော အဆင်းရှိခြင်း၊ ချစ်ခင် နှစ်သက်မှုကို ရရှိခြင်း၊ ကျော်စောထင်ရှားခြင်း၊ အစိုးရခြင်း၊ နတ် တို့၏ အာရုံငါးပါးတွင် သာလွန်ခြင်း၊ မိမိ၏အလိုကို အခြားသော နတ်များက လိုက်လျောကြရခြင်း၊ မိမိ၏ အဆွေခင်ပွန်းများကို မည် သူကမျှပျက်စီးအောင် မပြုလုပ်နိုင်ခြင်းစသည့် အကျိုးတရားတို့ဖြင့် ပြည့်စုံ နိုင်ပါသည်။
ထို့ကြောင့် အလွန်အလုပ်များ၍ တရားအားထုတ်ရန်အတွက် အချိန်မရသော သူများသည် သရဏဂုံသုံးပါးကို အမြဲမပြတ် ရွတ် ဆိုပွားများသင့်ပါသည်။ ထိုသို့ ရွတ်ဆိုပွားများရခြင်း အကျိုးကြောင့် တနေ့နေ့ တချိန်ချိန်တွင် နိဗ္ဗာန်ကို မျက်မှောက်ပြုကြရပါမည်။ သံ သရာ၌ ကျင်လည်ရလျှင်လည်း ဖေါ်ပြခဲ့သော အကျိုးတရားများကို ရရှိပါလိမ့်မည်။ ထို့ကြောင့် သရဏဂုံ သုံးပါးကို သတိရတိုင်း အမှတ် ရတိုင်း စိတ်ထဲမှာ ရွတ်ဆိုပွားများကြပါဟု တိုက်တွန်းရင်း လင်္ကာ ဆောင်ပုဒ်လေးဖြင့် နိဂုံးချုပ်အပ်ပါ သည်။
ရုပ်ရည် ချောမော၊ စီးပွားဆင်ပြေ။
ချစ်ခင်သူပေါ၊ မိတ်ကောင်းခိုင်စေ။
လေးစားခံရ၊ သွားတိုင်းဆင်ပြေ။
ဉာဏ်လည်းကောင်း၊ နတ်ကောင်းခိုင်မာစေ။
သရဏဂုံတရား၊ ပွားများနိုင်ကြစေ။
ရုပ်ရည် ချောမော၊ စီးပွားဆင်ပြေ။
ချစ်ခင်သူပေါ၊ မိတ်ကောင်းခိုင်စေ။
လေးစားခံရ၊ သွားတိုင်းဆင်ပြေ။
ဉာဏ်လည်းကောင်း၊ နတ်ကောင်းခိုင်မာစေ။
သရဏဂုံတရား၊ ပွားများနိုင်ကြစေ။
အရှင်ဥက္ကံသ(ဖားအောက်တောရ)
မှတ်ချက်။ ။မေးမှတဆင်ကူးယူဖော်ပြပါသည်။ buddhist world မှပို့စ်လေးကို ထပ်ဆင့်ကူးယူဖေါ်ပြပေးပါသည်။
သရဏဂုံ
သရဏဂုံဆိုသည်မှာ “သရဏဂမန”ဟူသော ပါဠိမှ မြန်မာမှု ပြုထားခြင်း ဖြစ်သည်။ သရဏ ပုဒ် နှင့် ဂမန ပုဒ် နှစ်ခုကို ပေါင်းစပ် ထားခြင်း ဖြစ်သည်။ သရဏ- ကိုးကွယ်ရာ အားထားရာအဖြစ်ဖြင့် ဂမန- ဆည်းကပ်ခြင်းကို “(သရဏ+ဂမန) သရဏဂုံ”ဟု ဆိုခြင်း ဖြစ်သည်။
သရဏ
ရတနာသုံးပါးသည် ကြောက်ရွံခြင်း နှင့် ထိတ်လန့်ခြင်းကို ပယ်ဖျောက်ပေးနိုင်သောကြောင့် သရဏ (ကိုးကွယ်အားထားရာ) မည်၏။ စိတ်၏ကြောက်ရွံခြင်းကိုလည်းကော
အဘယ်ကြောင့်ဆိုသော်---
၁) မြတ်ဗုဒ္ဓသည် သတ္တဝါတို့၏ အကျိုးစီးပွားကို ဖြစ်စေတတ်သော ကြောင့်လည်းကောင်း၊ သတ္တဝါတို့၏ အကျိုးစီးပွားမဲ့ကို ဖယ်ရှား ပေးတတ်သောကြောင့်လည်းကောင်း၊ သတ္တဝါတို့၏ ဘေးရန်အမျိုး မျိုးကို ဖယ်ရှားပေးတတ်သောကြောင့်လည်းကော
၂) ဓမ္မသည် ရှည်လျားလှစွာသော ဘဝသံသရာ ခရီးကြမ်းမှ ထုတ်ဆောင် ပေးတတ်သောကြောင့် လည်းကောင်း၊ နိဗ္ဗာန်ဟုဆို အပ်သော ချမ်းသာကို ပေးတတ်သောကြောင့်လည်းကောင်း၊ သံသရာဘေးကို ပယ်ဖျောက်ဖျက်ဆီး တတ်သောကြောင့်လည်း ကောင်း ကိုးကွယ်ဆည်းကပ်ထိုက်ပေ၏။
၃) သံဃာသည် ကုသိုလ်ကောင်းမှု(အနည်းငယ်မျှပင်
ထို့ကြောင့် ဗုဒ္ဓ ဓမ္မ သံဃာဟူသော ရတနာသုံးပါးသည် သရဏ (သရဏဂုံ) မည်ပါ၏။ ဗုဒ္ဓ ဓမ္မ သံဃာ ဟူသော ရတနာသုံးပါးကို ကြည်ညိုသော၊ အရိုအသေပြုသော၊ ကိုးကွယ်ရာ အားထားရာ အဖြစ်ဆည်းကပ်သောစိတ်ရှိသည့် ပုဂ္ဂိုလ်သည် ဗုဒ္ဓ ဓမ္မ သံဃာ ဟူသော သရဏဂုံသုံးပါး၌ တည်ပြီးသူ၊ မှီဝဲဆည်းကပ်သောသူ မည်၏။
သရဏဂုံ(၂)မျိုး
လောကုတ္တရာသရဏဂုံ နှင့် လောကီသရဏဂုံဟူ၍ နှစ်ပါးအပြား ရှိသည်။
ထိုတွင်...
(၁) လောကီသရဏဂုံသည်...
ပုထုဇဉ်ပုဂ္ဂိုလ်တို့၏ သန္တာန်၌ သရဏဂုံသုံးပါးအပေါ် ယုံကြည် ဆည်းကပ်မှုဖြင့်တည်သော သရဏဂုံ ဖြစ်၏။ သရဏဂုံ၏ ညစ်ညူး ကြောင်းတရားများကို ပယ်ဖျောက်လျှက် ရတနာမြတ်သုံးပါး၏ဂုဏ် ကို တိုက်ရိုက်အာရုံပြု၍ ဆောက်တည်မှ ပြီးပြည့်စုံသော သရဏဂုံ မျိုး ဖြစ်သည်။
ထိုလောကီသရဏဂုံသည် ညစ်ညူးတတ်၏၊ ပျက်စီးနိုင်၏။ ယခု ဘဝ မညစ်နွမ်း၊ မပျက်စီးခဲ့လျှင်ပင် နောက်နောင် ထိုထိုဘဝတို့၌ ညစ်နွမ်းနိုင်၊ ပျက်စီးနိုင်၏။ ရတနာသုံးပါးကို ကောင်းစွာမသိခြင်း၊ ရတနာသုံးပါး အပေါ်၌ ဟုတ်မှဟုတ်လေပါ့မလားဟု ယုံမှားသံသ- ယဖြစ်ခြင်း (ဝိစိကိစ္ဆာ) တို့သည် လောကီသရဏဂုံကို ညစ်နွမ်း စေသည်။ ထိုသို့ မညစ်နွမ်းအောင် ထိန်းသိမ်းနိုင်ခဲ့လျှင် ကောင်း သောဘုံဘဝ၌ ဖြစ်တည်ရခြင်း၊ စည်းစိမ်ဥစ္စာနှင့် ပြည့်စုံရခြင်း စသော အကျိုးတရားများကို ရရှိခံစားနိုင်မည် ဖြစ်ပါသည်။
(၂) လောကုတ္တရာသရဏဂုံသည်…
သစ္စာလေးပါးတရားတော်ကို သိမြင်ပြီးကုန်သော အရိယာ သူ-တော်စင်များ၏ မဂ်ခဏ၌ ထိုမဂ်ဉာဏ်နှင့်အတူ ဖြစ်ပေါ်လာသော သရဏဂုံမျိုး ဖြစ်သည်။ ထိုအရိယာ ပုဂ္ဂိုလ်တို့သည် ဗုဒ္ဓ ဓမ္မ သံဃာ ဟူသော သရဏဂုံသုံးပါးအပေါ်၌ မမှိတ်မသုန် ယုံကြည် ကိုးကွယ် ခြင်း ရှိလေတော့၏။ ထိုအရိယာပုဂ္ဂိုလ်တို့သည် မဆောက်တည်ရ ဘဲ အမြဲသရဏဂုံ တည်နေကြသော ပုဂ္ဂိုလ်များ ဖြစ်၏။ဗုဒ္ဓဘာသာ ဝင်အဖြစ်မှ မည်သည့်အခါမှ မဆုံးရှုံးနိုင်တော့ပေ။
သရဏဂုံ၏ ညစ်ညူးခြင်း၊ ပျက်စီးခြင်းလည်း မရှိတော့ပေ။ ထို့ ကြောင့် အရိယာပုဂ္ဂိုလ်ဖြစ်မှသာလျှင် လောကုတ္တရာ သရဏဂုံကို ရပေမည်။ ပုထုဇဉ်ဘဝဖြင့် ဘယ်သောအခါမှ မရရှိနိုင်ပေ၊ မဖြစ်နိုင် ပေ။ အရိယာပုဂ္ဂိုလ်များ၏ လောကုတ္တရာ သရဏဂုံသည် နိဗ္ဗာန်ကို မရမခြင်း ဘဝဆက်တိုင်း တည်မြဲ နေလိမ့်မည်။
သရဏဂုံညစ်နွမ်းခြင်း အကြောင်းသုံးပါး
၁. အဉာဏ-သရဏဂုံသုံးပါးအပေါ်၌သေချာကျ
၂. သံသယ- သရဏဂုံသုံးပါးအပေါ်၌ ယုံမှားသံသယရှိခြင်း၊
၃. မိစ္ဆာဉာဏ- သရဏဂုံသုံးပါးအပေါ်၌ မှားယွင်းသော အမြင်၊
အယူအဆ ရှိခြင်း။ (မူလ ပဏာသအဋ္ဌကထာ)
ထိုသုံးမျိုးတို့တွင် ဗုဒ္ဓ ဓမ္မ သံဃာဟူသော သရဏဂုံ သုံးပါးအ ကြောင်းကို သိအောင် လေ့လာခြင်းဖြင့် နံပါတ် (၁)နှင့်(၂) ညစ်နွမ်း မှုကို ပယ်ဖျောက်နိုင်သည်။ နံပါတ် (၃) ညစ်နွမ်းမှုကိုကား ဗုဒ္ဓ ဓမ္မ သံဃာ-ဟူသော သရဏဂုံအပေါ်၌ ယုံကြည်သော သဒ္ဓါတရား နှင့် ပညာဉာဏ်ကို ခိုင်မာအောင်ပြုလျှက် ပယ်ဖျောက်နိုင်သည်။ ပယ်ဖျောက်မှု မပြုနိုင်ပါက သရဏဂုံပျက်စီးခြင်းသို့ ရောက်၏။
သရဏဂုံတည်ခြင်း
ရတနာမြတ်သုံးပါးကို သဒ္ဓါ၊ ပညာ ပြည့်စုံစွာဖြင့် ကိုးကွယ်အား ထားလဲလျောင်းရာ အမှန်ဟူ၍ တစ်ကြိမ်တစ်ခါ ဆောက်တည်ထား လျှင် ထိုရတနာ မြတ်သုံးပါးအပေါ်၌ ယုံကြည်ကိုးကွယ် ဆည်းကပ် သည့်စိတ်မပျောက်သေးသမျှ ကာလပတ်လုံး တည်မြဲနေ၏။
သရဏဂုံပျက်ခြင်း နှစ်မျိုး
သရဏဂုံပျက်ခြင်းဟုဆိုရာ၌ အပြစ်ရှိသော ပျက်ခြင်း နှင့် မပြစ် မရှိသော ပျက်ခြင်း ဟူ၍ နှစ်မျိုး ရှိသည်။
(၁)ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်ဆည်းကပ်မှု မရှိတော့ခြင်း။
(၂) သေဆုံးသွားခြင်း။
ဗုဒ္ဓ ဓမ္မ သံဃာဟူသော သရဏဂုံသုံးပါးမှအပ တပါးသော ဂိုဏ်း ဆရာများ၊ ရသေ့များ၊ နတ်များ၊ စသည်တို့ကို “တပည့်တော်၏ အ-သက်နှင့် ခန္ဓာကို အပ်နှင်း လှူဒါန်းပါ၏ဟု ကိုးကွယ် ဆည်းကပ် သည်ရှိသော် သရဏဂုံပျက်၏။ ထိုသို့ ပျက်ခြင်းမျိုးသည် အပြစ်ရှိ သော ပျက်ခြင်းမည်၏။ မကောင်းသော အကျိုးများကိုသာ ရရှိစေ နိုင်သည်။
သေဆုံးသွား၍ သရဏဂုံပျက်ခြင်းသည် မပြစ်မရှိသော ပျက်ခြင်း မျိုးဖြစ်၏။ သေဆုံးပြီးနောက် ထိုသူဆောက်တည်ခဲ့သော ကံအား လျော်စွာ နတ်စည်းစိမ် ခံစားစံစားရခြင်း ကောင်းကျိုးချမ်းသာ သုခ နှင့် ပြည်စုံခြင်းစသော ကောင်းကျိုးများကို ရရှိနိုင်သည်။
ယခုခေတ်တွင် သေဆုံးသွားသော သူများကို သရဏဂုံတင်ခြင်း ပြုလုပ်ကြလေ့ရှိ၏။ သေသူ၌ စိတ်မရှိ၊ စေတသိတ်မရှိ၊ ဥတုဇရုပ် ဟုခေါ်သော အလောင်းကောင်သာ ရှိ၏။ စိတ်မရှိသော အလောင်း ကောင်ကို အဘယ်သို့ သရဏဂုံတင်နိုင်အံ့နည်း။ကျန်ရစ်
သရဏဂုံဖြစ် မဖြစ်
၁) ဆွေမျိုးဖြစ်၍ ရှိခိုးခြင်း။
၂) ကြောက်၍ ရှိခိုးခြင်း။
၃) ဆရာဖြစ်၍ ရှိခိုးခြင်း။
ဤအကြောင်းများကြောင့် ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ကို ရှိခိုးလျှင် သရဏဂုံ မဖြစ်တည်ပေ။ ယုံကြည်ပြီး ကိုးကွယ်ဆည်းကပ်သည့် အနေဖြင့် ရှိခိုးမှသာလျှင် သရဏဂုံ ဖြစ်တည်သည်။
သရဏဂုံပျက် မပျက်
သရဏဂုံဆောက်တည်ပြီးသောသူသည် ...
(၁) သာသနာတော်မှအပ တပါးသောအယူရှိသော တိတ္ထိတို့၌ ရသေ့ရဟန်းပြုထားသော ဆွေမျိုးကို “ဤသူသည် ငါ၏ ဆွေမျိုး တည်း”ဟုအသိရှိလျှက် ရှိခိုးသောသူသည် သရဏဂုံ မပျက်ပေ။ ရသေ့ရဟန်း မဟုတ်သော ဦးလေး ဘကြီး စသည့် ဆွေမျိုးတို့အား ရှိခိုးသော သူသည်လည်း သရဏဂုံ မပျက်သည်သာတည်း။
(၂) ထို့အတူ ကြောက်ရွံ၍ ဘုရင် (သို့) ကိုယ့်၏ အထက် လူကြီးကို ရှိခိုးခြင်းသည်လည်း သရဏဂုံ မပျက်သည်သာတည်း။ အဘယ်ကြောင့်ဆိုသော် ဘုရင်ကို ပြည်သူတို့က ပူဇော်အပ်သော ကြောင့်လည်းကောင်း၊ မရှိခိုးအပ် မရိုမသေပြုအပ်သည်ရှိသော် အ ကျိုးမဲ့ကိုသာ ဖြစ်စေသောကြောင့်လည်းကောင်း ရှိခိုးရ၏။ ထိုသို့ ရှိခိုးခဲ့သော် သရဏဂုံ မပျက်ပေ။ ထို့ကြောင့် ယခုခေတ် ကိုယ့်အ ထက် လူကြီးကို ကြောက်သဖြင့် လက်အုပ်ချီသော် ဆောက်တည် ထားသော သရဏဂုံသည် မပျက်နိုင်ဟု မှတ်ယူရမည်။
(၃) တစ်ခုခုသော အတတ်ပညာကို သင်ပေးသော တိတ္ထိကို “ဤသူသည် ငါ၏ ဆရာတည်း”ဟူ၍ မိမိ၏ ဆရာအမှတ်ဖြင့် ရှိခိုး ခြင်းသည်လည်း သရဏဂုံမပျက်ပေ။
သရဏဂုံဆောက်တည်ခြင်း
သရဏဂုံဆောက်တည်ချင်သောသူသည်….
အောက်ပါအတိုင်းဆောက်တည်ရမည်။
အဇ္ဇတဂ္ဂေ ပါဏုပေတံ...
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
ဓမ္မံ သရဏံ ဂစ္ဆာမိ။
သံဃံ သရဏံ ဂစ္ဆာမိ။
ဒုတိယမ္ပိ ဗုဒ္ဓံ...,
တတိယမ္ပိ ဗုဒ္ဓံ...
စသည်ဖြင့် ဆက်ဆိုပါ။
အဇ္ဇတဂ္ဂေ- ယနေ့ကို အစပြု၍၊ ပါဏုပေတံ-အသက်ရှည်သမျှ ကာလပတ်လုံး၊ ဗုဒ္ဓံ - မြတ်စွာဘုရားကို၊ သရဏံ သရဏံဣတိ - ဆင်းရဲကို ဖျောက်တတ် ချမ်းသာကို ဆောင်ပေတတ်၏ ဟူ၍၊ ဂစ္ဆာမိ- မှီဝဲဆည်းကပ်ပါ၏။
ဓမ္မံ- မဂ်လေးပါး ဖိုလ်လေးပါး နိဗ္ဗာန် ပရိယတ်ဟု ဆိုအပ်သော ဆယ်ပါးသော တရားတော်မြတ်ကို၊ သရဏံ သရဏံဣတိ- ဆင်းရဲ ကို ပယ်ဖျောက်တတ် ချမ်းသာကို ဆောင်တတ်၏ ဟူ၍၊ ဂစ္ဆာမိ- မှီဝဲဆည်းကပ်ပါ၏။
သံဃံ- သမုတိ အရိယာ သံဃာတော်အပေါင်းကို၊ သရဏံ သရဏံဣတိ - ဆင်းရဲကို ပယ်ဖျောက်တတ် ချမ်းသာကို ဆောင် တတ်၏ ဟူ၍၊ ဂစ္ဆာမိ- မှီဝဲ ဆည်းကပ်ပါ၏။
သရဏဂုံတည်ခြင်း၏အကျိုး
သရဏဂုံသုံးပါးကို အမြဲမပြတ် ရွတ်ဆိုပွားများသဖြင့် ကောင်းကျိုး များ အဆင့်ဆင့် ရရှိသွားသော တိသရဏဂမနိယမထေရ် အ- ကြောင်းကို သာဓကအဖြစ် ထုတ်ပြပါမည်။
တိသရဏဂမနိယမထေရ် လောင်းလျာအမျိုးကောင်းသား တစ် ယောက်သည် ရှေးရှေးဘုရားရှင်တို့ ထံတော်၌ (ဣဒံမေ ပုညံ နိဗ္ဗာနဿ ပစ္စယော ဟောတု) မဂ်ဖိုလ်နိဗ္ဗာန် ရလိုပါကြောင်း ဆု တောင်းခဲ့သည်။ ထိုထိုဘဝ၌ ဝဋ်ကင်းရာ နိဗ္ဗာန်ကို ရခြင်းရောက် ခြင်း၏ အထောက်အပံ့ ဖြစ်ကုန်သော ဒါနကောင်းမှု သီလကောင်း မှု ဘာဝနာကောင်းမှုတို့ကို ဆည်းပူးပြုလုပ်ကာ အားထုတ်ခဲ့သည်။
ထိုသို့အားထုတ်ခဲ့သောကြောင့် ဝိပဿီမြတ်စွာဘုရားရှင် လက် ထက်တော်အခါ၌ ဗန္ဓုမတီမြို့တော်ရှိ အမျိုးကောင်းသား အိမ်၌ ကံ အားလျော်စွာ မွေးဖွားခဲ့သည်။ သို့သော် သူ၏မိဘနှစ်ပါးစလုံးသည် မျက်စိနှစ်ကွင်း အလင်း မရရှိကြပါ။ တစ်နေ့တွင် ဝိပဿီမြတ်စွာ ဘုရားရှင် ဟောကြားသော တရားတော်ကို နာကြားရသည့်အခါ ရ ဟန်းပြုချင်စိတ်များ ဖြစ်ပေါ်လာခဲ့သည်။ သိုသော် မိဘနှစ်ပါးစလုံး သည် မျက်မမြင်များ ဖြစ်သောကြောင့် ရဟန်းပြုခွင့် မရရှိခဲ့ပါ။ မျက် မမြင် မိဘနှစ်ပါးကို ထားခဲ့၍ ရဟန်းပြုခဲ့ပါက သင့်တော်မည် မ ဟုတ်ပေ။
ထို့ကြောင့် မိဘများကို လုပ်ကျွေးရင်း မည်ကဲ့သို့သော တရားကို ကျင့်ကြံရရင်လျှင် ကောင်းမည်နည်းဟု ရှာဖွေကြည့်သောအခါ သ-ရဏဂုံသုံးပါးကို အမြဲမပြတ် ရွက်ဆိုနေပါက အကျိုးတရား အား- ကြီးကြောင်း သိရှိခဲ့၏။ ထိုအခါ ရဟန်းတော် တစ်ပါးထံ၌ သရဏဂုံ သုံးပါးကို ခံယူဆောက်တည်ကာ သတိရသည့်အခါတိုင်း ရွတ်ဆို ပွားများနေခဲ့သည်။အလုပ်လုပ်ရင်
မိဘနှစ်ပါး ကွယ်လွန်ပြီးသည့်နောက် သူလည်း ထိုဘဝမှ ကွယ် လွန် အနိစ္စ ရောက်ခဲ့သည်။ သရဏဂုံသုံးပါးကို ရွတ်ဆိုခဲ့သည့် အစွမ်းသတ္တိ နှင့် မိဘနှစ်ပါးကို ပြုစုလုပ်ကျွေးခဲ့သည့် အစွမ်းသတ္တိ တို့ကြောင့် ဘဝသံသရာ ကျင်လည်စဉ် သိကြားမင်းအဖြစ်က ကြိမ် (၈ဝ)၊ စကြာဝတေးမင်းအဖြစ်က (၅၇)ကြိမ် ဖြစ်ခဲ့ပါသည်။ သရဏ ဂုံ၏အကျိုးသည် ဤမျှလောက် ကြီးမားပါပေသည်။
နောက်ဆုံးဘဝ ဂေါတမဘုရားရှင်လက်ထက် သာဝတ္ထိပြည်ရှိ သူဋ္ဌေးတစ်ဦး၏သားအဖြစ် ပဋိသန္ဓေနေ၍ မွေးဖွားခဲ့ပါသည်။ ခုနှစ် နှစ်သား အရွယ်တွင် ကလေးတို့သဘာဝအတိုင်း သူငယ်ချင်းများ နှင့် ဆော့ကစာရင်း ဘုန်းကြီးကျောင်း တစ်ကျောင်း အတွင်းသို့ ရောက်သွားခဲ့ကြသည်။ ထိုကျောင်း၌ သီတင်းသုံးနေထိုင်သော ရ-ဟန်းတော်မှာ ရဟန္တာဖြစ်ပါသည်။ ရဟန်းတော်မှ ကလေးများအား ခေါ်ပြီး သရဏဂုံကို သင်ပေးသည့်အခါ တိသရဏဂမနိယမထေရ် လောင်းလျာ အမျိုးကောင်းသားလေးမှာ တစ်ကြိမ်တည်းနှင့် အားလုံးကို အလွတ်ရခဲ့သည်။
ထို့နောက် သူ၏စိတ်ထဲတွင် ဤသရဏဂုံတရားကို သူပွားများခဲ့ ဘူးသည်ဟု အတိတ်ကို သိသောဉာဏ် (ဇာတိဿရဉာဏ်) ပေါ် လာခဲ့သည်။ သူ၏ စိတ်ထဲတွင်လည်း ဝမ်းသာမှု ပီတိသောမနဿ များ ဖြစ်ပေါ်လာခဲ့သည်။ ထိုပီတိသောမနဿတို့ကို ဉာဏ်နှင့် ဆင် ခြင်၍ ရှုကြည့်သည့်အခါ ဖြစ်ပြီးလျှင် ပျက်ပျက်သွားသော အနိစ္စ သဘောတရားများဖြစ်ပေါ်လာခဲ့သည်။ ဖြစ်ခြင်း၊ ပျက်ခြင်းသဘော အမြဲမပြတ် နှိပ်စက်သောကြောင့် ဆင်းရဲခြင်း ဒုက္ခသဘော တရား များလည်း ဖြစ်ပေါ်လာခဲ့သည်။ ထိုသဘောတရားများကို အဖန်ဖန် ဆန်းစစ်ကြည့်သောအခါ အနှစ်သာရဟူ၍ ဘာမျှတစ်ခုမျှ ရှာဖွေ၍ မရသော အနတ္တသဘောများလည်း ပေါ်လာခဲ့သည်။ ဤကဲ့သို့ ဝိပဿနာဉာဏ်များ တဆင့်ထက်တဆင့် မြင့်တက်လာကာ ထိုဝိပဿနာဉာဏ်၏ အဆုံးတွင် အာသဝေါကင်းကွာ ရဟန္တာအဖြစ်သို့ ရောက် ရှိခဲ့သည်။ အရဟတ္တမဂ်ဉာဏ်နှင့်အတူ မည်သည့်အခါမျှ ပျက်စီးခြင်း မရှိနိုင်သည့် လောကုတ္တရာ သရဏဂုံကို ခိုင်မြဲစွာ ရရှိ သွားခဲ့သည်။
တိသရဏဂမနိယမထေရ်မြတ်က ဝမ်းသာလွန်း၍ သူ၏အကြောင်း ကို ပြောပြချင်သောကြောင့် ရဟန်းတော်များကို စုဝေးဖိတ်ကြား ကာ သူ၏ ဘဝဖြစ်စဉ်ကို ဤသို့ လျှောက်ထားခဲ့သည်။"စည်းလုံးညီညာ ရောက်လာကြကုန်သော သံဃာတော် အရှင်သူ မြတ်တို့ဘုရား။ အရှင်မြတ်တို့၌ ကြားနိုင်သော သောတဝိညာဏ်ဟု ခေါ်ဆိုအပ်သည့် နာမ်တရားသည် ရှိပါပေ၏။ယခုလျှောက်ထားမည့် ဘုရားတပည့်တော်၏ ကိုယ်တိုင်ကြုံတွေ့ ခဲ့ရသော အကြောင်း အရာကို အာရုံစိုက်၍ နာယူတော်မူကြပါဘု ရား။”ဟုဆိုကာ သူ၏ ဘဝဖြစ်စဉ်ကို ဟောကြားခဲ့သည်။
ထိုနောက် ဆက်လက်၍ ”စည်းလုံးညီညာ ရောက်လာကြကုန် သော သံဃာတော် အရှင်မြတ်တို့ ဘုရား လောကတစ်ခွင်၌ မြတ် စွာဘုရားသည် ဥဒေတောက်ကျွန်း နေစက်ဝန်းကဲ့သို့ ပေါ်ပေါက်၍ နေပါ၏။ မြတ်စွာဘုရားသခင်၏ အဆုံးအမတရားတော်တို့သည် လည်း လောက၌ အထင်အရှား ဖြစ် ပေါ်၍ နေပါပေ၏။စိုးရိမ်သောက ဘေးဒုက္ခတည်းဟူသော ညှောင့်တံသင်းတို့ကို ပယ်ပျောက်ဖျက်ဆီးတတ်သော၊ သေခြင်းကင်းရာဖြစ်သော တရား ဓမ္မတည်းဟူသော စည်တော် ကြီးကိုလည်း တီးခတ်၍ နေကြပါပေ ကုန်၏။
ကုသိုလ်ကောင်းမူပြုရာ လယ်ယာမြေကောင်းသဖွယ် ဖြစ်ပါပေ ထသော အတုမရှိ အမြတ်ဆုံး အသာဆုံးဖြစ်တော်မူသော သာသ နာတော်မြတ်ကြီး၌ စွမ်းနိုင်ကြသည့်အားလျော်စွာကော
ထို့နောက် သရဏဂုံ၏အကျိုးတရားများကို ဆက်လက်၍ ဟော ကြားခဲ့သည်။
သရဏဂုံသုံးပါးကို အမြဲမပျက်ရွတ်ဆိုပွားများသော ပုဂ္ဂိုလ်သည် အောက်ပါ အကျိုးတရားများကို ရရှိနိုင်ပါသည်။
၁. ဒိသာသု ပူဇိတော ဟောမိ = သွားလေရာ အရပ်တိုင်း၌ လေးစားမြတ်နိုးခြင်းခံရမည်။
၂. တိက္ခပညော ဘဝါမဟံ= ဉာဏ်အလွန်ထက်မြက်မည်။
၃. သဗ္ဗေ ဒေဝါနုဝတ္တန္တိ= နတ်တို့၏ စောင့်ရှောက်ခြင်းခံရမည်။
၎. အမိတဘောဂံ လဘာမဟံ= စီးပွားရေး အဆင်ပြေမည်။
၅. သုဝဏ္ဏဝဏ္ဏော သဗ္ဗတ္ထ= ဖြစ်လေရာဘဝတိုင်း၌ ရုပ်အဆင်းအလွန်လှပမည်။
၆. ပဋိကန္တော ဘဝါမဟံ= ဖြစ်လေရာ ဘဝတိုင်း၌ လူချစ်လူခင် အလွန်ပေါမည်။
၇. မိတ္တာနံ အစလော ဟောမိ= ဖြစ်လေရာ ဝတိုင်း၌ မိတ်ကောင်းဆွေကောင်း ခိုင်မြဲမည်။
၈. ယသော အဗ္ဘုဂ္ဂတော မမံ= ဖြစ်လေရာ ဘဝတိုင်း၌ လူအများ၏ လေးစားခြင်းခံရမည်။ကောင်းသောစကာ
ဒီဃနိကာယ် (နှာ-၃၃၂) သံယုတ္တနိကာယ် (နှာ-၃၄၁) တို့၌ လာသော သရဏဂုံ၏ အကျိုးတရားများမှာ-
၁။ ယခုပစ္စုပ္ပန်ဘဝ၌ ကျရောက်ဆဲ ကျရောက်လတ္တံ့သော ဘေးရန် အန္တရယ်များရှိခြင်း၊ ကြောက်ရွံခြင်း၊ ထိတ်လန့်ခြင်း၊ ကိုယ်ဆင်းရဲ ခြင်း၊ စိတ်ဆင်းရဲခြင်း၊ အပါယ်လေးပါးသို့ လားရောက်ရခြင်းစသည် တို့ကို တားမြစ်ဖျက်ဆီးပေးတတ်၏။
၂။ နောင်ဘဝ နတ်ပြည်သို့ ရောက်သည့်အခါတွင်လည်း သရဏဂုံ တည်သောနတ်သည် သရဏဂုံ မတည်သော နတ်ထက် အသက် ရှည်ခြင်း၊ အဆင်းလှခြင်း၊ အခြွေအရံပေါများခြင်း၊ အပူဇော်ခံရခြင်း၊ ထက်မြက်သော ဉာဏ်ပညာရှိခြင်း၊ မနှိုင်းယှဉ်နိုင်သော စည်းစိမ်း ချမ်းသာကို ရရှိခြင်း၊ ရွှေအဆင်းနှင့်တူသော အဆင်းရှိခြင်း၊ ချစ်ခင် နှစ်သက်မှုကို ရရှိခြင်း၊ ကျော်စောထင်ရှားခြင်း၊ အစိုးရခြင်း၊ နတ် တို့၏ အာရုံငါးပါးတွင် သာလွန်ခြင်း၊ မိမိ၏အလိုကို အခြားသော နတ်များက လိုက်လျောကြရခြင်း၊ မိမိ၏ အဆွေခင်ပွန်းများကို မည် သူကမျှပျက်စီးအောင် မပြုလုပ်နိုင်ခြင်းစသည့် အကျိုးတရားတို့ဖြင့် ပြည့်စုံ နိုင်ပါသည်။
ထို့ကြောင့် အလွန်အလုပ်များ၍ တရားအားထုတ်ရန်အတွက် အချိန်မရသော သူများသည် သရဏဂုံသုံးပါးကို အမြဲမပြတ် ရွတ် ဆိုပွားများသင့်ပါသည်။ ထိုသို့ ရွတ်ဆိုပွားများရခြင်း အကျိုးကြောင့် တနေ့နေ့ တချိန်ချိန်တွင် နိဗ္ဗာန်ကို မျက်မှောက်ပြုကြရပါမည်။ သံ သရာ၌ ကျင်လည်ရလျှင်လည်း ဖေါ်ပြခဲ့သော အကျိုးတရားများကို ရရှိပါလိမ့်မည်။ ထို့ကြောင့် သရဏဂုံ သုံးပါးကို သတိရတိုင်း အမှတ် ရတိုင်း စိတ်ထဲမှာ ရွတ်ဆိုပွားများကြပါဟု တိုက်တွန်းရင်း လင်္ကာ ဆောင်ပုဒ်လေးဖြင့် နိဂုံးချုပ်အပ်ပါ သည်။
ရုပ်ရည် ချောမော၊ စီးပွားဆင်ပြေ။
ချစ်ခင်သူပေါ၊ မိတ်ကောင်းခိုင်စေ။
လေးစားခံရ၊ သွားတိုင်းဆင်ပြေ။
ဉာဏ်လည်းကောင်း၊ နတ်ကောင်းခိုင်မာစေ။
သရဏဂုံတရား၊ ပွားများနိုင်ကြစေ။
ရုပ်ရည် ချောမော၊ စီးပွားဆင်ပြေ။
ချစ်ခင်သူပေါ၊ မိတ်ကောင်းခိုင်စေ။
လေးစားခံရ၊ သွားတိုင်းဆင်ပြေ။
ဉာဏ်လည်းကောင်း၊ နတ်ကောင်းခိုင်မာစေ။
သရဏဂုံတရား၊ ပွားများနိုင်ကြစေ။
အရှင်ဥက္ကံသ(ဖားအောက်တောရ)
မှတ်ချက်။ ။မေးမှတဆင်ကူးယူဖော်ပြပါသည်။
လွမ်းနေသူ®ူ --
0 comments:
Post a Comment