Tuesday, February 21, 2012

ခေတ်သစ်သရုပ်ဆောင် ဘဝ


နောက်ဆုံး လက်ကျန် ခေါက်ထားသည့် အကျီ င်္လေးကို အိတ်ထဲ ထိုးထည့်အပြီး ဖွင့်ဟနေသည့် ခရီးဆောင်အိတ်
ကို သူမ ဇစ်ဆွဲ ပိတ်လိုက်သည်..။ သူမ ကိုယ်သင်းရနံ့လေး စွဲကျန်နေသေးသည် အခန်းလေးအား ပတ်ပတ်
လည် ဝေ့ကြည့်လိုက်ပြီး ရင်ထဲ လွမ်းသလိုလို ။ ယခု ထက်တိုင် ဖွင့်ထားခဲ့မိသော ပြတင်းပေါက်လေး ပိတ်ဖို့
ကျန်နေသေးတာကို တွေ့မိ၍  ပြတင်းတံခါးဆီသိုက လျှောက်ခဲ့မိပြီး တံခါးရွက်တွေ ဆီလက်က အလှမ်း........



အိုးး လှပလွန်းတဲ့ ပန်ခြံကြီးထဲမှာ လိပ်ပြာလေးတွေက တောင်ပံခတ်လို့ ပန်းပွင့်လေးတွေနားမှာ လူးလွန့် ပျံ
သန်းလို့နေသည်။ အနက်ရောင် ပိန်းပိန်းထနေသော ပိတုန်းတို့ကလဲ တစ်ဝဲလဲလဲ။ ပျားတွေကလဲ တစ်ရစ်ဝဲဝဲ။





သူမ တွေးတောနေမိသည်။ ပန်းဝတ်ရည်တို့ကို စုပ်ယူသူခြင်း အတူတူ ဘာကြောင့်များ ပျားနှင့် ပိတုန်းက
အဆိပ်တွေ လှိုင်ထနေပြီး လိပ်ပြာလေးတွေက အပြစ်ကင်းစင်နေရတာလဲ။ ဒီဥယျာဉ်ကြီးထဲမှာ တူတူကြီးပြင်း ၊
ဒီဥယျာဉ်ကြီးထဲမှာ ပန်းဝတ်ရည်တွေကို တူတူစားသုံးနေပြီး ဘာကြောင့်များ ကွာခြားမှုတွေ ဖြစ်ပေါ်နေရတာလဲ။
ပန်းတစ်ပွင့်ခြင်းစီရဲ့ ဝတ်ရည်ကို တူတူစုပ်ယူနေကြပြီး ပျားနဲ့ ပိတုန်း အဆိပ်ပြင်းနေပုံကို အရိုးခံ ပန်းပွင့်လေးမှ
သိပါလေစ။


ဟူး ..... သူမ ဘာတွေ တွေးနေမိပါလိမ့်။ ခုချိန်မှာ အတွေးယဉ်ကြောထဲမျှောနေရမည့်အချိန်မဟုတ်သေးပါ။
ယခု လက်ရှိ အချိန်က သူမ ထိုနေရာမှ စွန့်ခွာရမည်ပင် ။ 


ထိုနေရာလေးသည် သူမ ပိုင်ဆိုင်ထားသည့် တစ်ခုတည်းသော နေရာ။ ပန်းပေါင်းစုံ ဖူးပွင့်၍ ကျေးငှက်တို့ သံစုံ
တေးသီကျူးရာနေရာ။ တောင်ညိုတောင်တန်းကြားတွင် အုပ်ဆိုင်းစွာ တည်ရှိ၍ အေးချမ်းလျှက် ရှိသော နေရာ။
သူမ အဆင်မပြေမှုတွေနှင့် ကြုံလာတိုင်းမှာ ထိုနေရာလေးမှာ သူမ တိတ်တဆိတ် လာရောက် ပုန်းအောင်းေ
နေထိုင်လေ့ရှိသည်။ စိတ်ညစ်ညူးမှုတွေ များလာတိုင်း ထိုနေရာလေးသို လာရောက်၍ သူမ၏ စိတ်ဖိဆီးမှုကို
ဖြေဖျောက်လေ့ရှိသည်။ ထိုနေရာလေးသည် သူမ၏ တစ်ခုတည်းသော နားခိုရာ စိတ်ဖြေဖျောက်ရာနေရာ။သူမ
ပိုင်ဆိုင်ထားသည့် မွေးရပ်မြေမှ အိမ်နှင့်ခြံ။



တောမှာ မွေးသည့်သူမ မှိုင်းညို့ညို့တောင်းတန်းတွေကို ချစ်သည်။ပန်းပေါင်းစုံ ဖူးပွင့်နေသော ဥယျာဉ်ကို သူမ
ချစ်သည်။ထိုတောင်တန်း ထိုဥယျာဉ်တို့မှ ဖြတ်သန်းတို့မှ ဖြတ်သန်းတိုက်ခတ်လာသော လေတွေကို သူမမြတ်
နိုးသည်။ သို့ပေမဲ့ သူမ ထိုနေရာလေးမှာ ကြာကြာနေလို့ မဖြစ်။ မာယာတွေ အထွေထွေဖုံးတဲ့ လူသားဆန်ဆန်
ပတ်ဝန်းကျင်ထဲ ပြန်လည်ဝင်ရာက်ရအုံးမည်။ 




သူမရင်မှာ ခိုအောင်းနေတဲ့ ဝမ်းနည်းအားငယ်မှုကို ဖုံး လို့ ပေါ့ပါးမြူးကြွတဲ့ ငှက်မွေးလေးတစ်ချောင်းလို လေမှာ
ဝဲပျံနေတဲ့ ပျော်ရွှင် မြူးကြွနေတဲ့ သဏ္ဍန်လုပ်သရုပ်ကို ဖော်ကြူးရအုံးမည်။ ရင်ထဲက ငိုချင်းကို ကွယ်ဝှက် ပြုံး
တစ်လှည့် ရယ်တစ်လှည့် မျက်နှာနှင့် ဟန်ဆောင်ရပေအုံးမည် ။ အများအမြင်မှာတော့ သူမသည် ပူပင်မှုတွေ
ကင်းသည့် မင်းသမီး။ ဒရိုက်တာ တွေရဲ့ ခိုင်းစေချက်အောင်မှာ ရင်ထဲက ဆန္ဒတွေ သိုဝှက် မာယာပြုံးတွေနှင့်
ပြုံးပြရပေအုံးမည်။



လက်ရှိ အနုပညာလောကရဲ့ ခေတ်သရုပ် သရုပ်ဆောင်ခြင်းအတတ်ထက် ခန္ဓာပြအလှကို ရှိုက်ကြီးရှိုက်ငယ်
အသွယ်သွယ် ကောက်ကြောင်းတွေပင့်ကာပြရင်း ဟိုဖော်ဒီဖော် အလှနှင့် သူမ ရှေ့ဆက်ရပါအုံးမည်။
အများသူငှာ မိုးခါးရေ သောက်နေချိန် ရေငတ်နေသည့် သူမ ထိုမိုးခါးရေကို မချိမဆန့် သောက်ရပေအုံးမည်။


တစ်ခါတစ်ရံ သူမကိုယ် သူမ လွန်စွာ ရှက်ရွံမိသည်။ သူမကို ချစ်သော ပရိသတ်တို့အား ရင်ထဲမှ ကြိမ်ကြိမ်
တောင်းပန်၍ သူမခန္ဓာကိုချစ်သော ပုရိသတ်မုဆိုးတို့ရဲ့ အလျှံညီညီ မီးတောက်တွေထဲ သူကိုယ်ကိုယ် သူမ
ထိုးကျွေးခဲ့ရသည်။ 


ဘယ်သူမပြု မိမိမှု။ သူမချစ်တာ အနုပညာ။ သို့သော် ထိုအနုပညာအတွက် ပေးဆပ်ခဲ့ရသည့် အရင်းအနှီက
အရှက်မဲ့ မျက်နှာပေးနှင့်ခန္ဓာအလှ။ အသိုင်းအဝန်းမဲ့ သူမအတွက် ထိုသူတို့ ပြောသော ဒါဟာ အနုပညာဆိုတဲ့
စကားလုံးအောက် သရုပ်က လိုက်ရင်းအချိုးအဆစ် ထုတ်ပြခဲ့ရသည်။

သူမ ရင်ထဲ အမှန်တကယ် ဖြစ်ချင်နေသည့် ဆန္ဓတစ်ခုမှာ သူမရဲ့ ဗီဇ သူမရဲ့ မွေးရာပါ ဝါသနာတွေနှင့် တကယ့်
သရုပ်ဖော် သရုပ်ဆောင်တစ်ယောက်ဘဝပါ။ အဖော်အချွတ် မပါသည့်သဘာဝ ပီပြင် သရုပ်ဆောင်တစ်
ယောက်ပါ။ ဖြစ်ချင်တိုင်း မဖြစ်ရသေးသည့် သူမလို အနုပညာလမ်းခရီးကို စမ်းတဝါးဝါး လျှောက်နေရသေးသည့်
ခေတ်သစ် မင်းသမီးတစ်ယောက်အဖို့ ကျရာနေရာကို သရုပ်ဆောင် စေညွှန်ချက်တွေအတိုင်း ကောက်ကာ ကွေးလို့
ခန္ဓာအလှ ပြကာနေရအုံးမည်။ 




သရုပ်ဆောင်နှင့် သရုပ်ပြ မှားယွင်းနေသည့် အသိုင်းအဝန်း တစ်ခုထဲ သူမ ဝင်ရောက်ခဲ့မိသည်လား။ ယဉ်ကျေး
မှုကို မြတ်နိုးနေသည့် ပရိသတ်ကို ရင်ထဲ တိုးတိတ်စွာတောင်းပန်ရင်း သူမရင်ထဲမှ တီးတိုးဆန္ဒတစ်ခုကတော့


“တစ်နေ့ သူမ စစ်မှန်သော သရုပ်ဆောင်အဖြစ်နှင့် ပြည်သူတွေကြားထဲ ထိုးဖောက်ခွင့် ရလိုပါ၏ ။ သူမ၏
ကိုယ်တွင်းမှာ ကိန်းအောင်နေသော ပီပြင်သည့် အနုပညာသရုပ် ဖန်တီးကာ ပြခွင့်ရှိပါစေ ” ။


ခုတော့ နာမည်လေး တစ်ခုရဖို့ စေခိုင်းသူတို့ရဲ့ နောက်က လိုက်ရင်း မတင့်မတယ် သရုပ်ဆောင်ရပေအုံးမည်။
စိတ်တွေ မွန်းကြပ်လာတဲ့ အခါ သူမအတွက် အလုံခြုံဆုံး သူမ ပိုင်ဆိုင်ရာမြေလေးမှာ ခုလိုလာရောက်ပုန်း
အောင် အားသစ်တွေမွေးရင်း နောက်တစ်နေ့ အတွက် မျက်နှာပြောင် တိုက်ရပေအုံးမည်။ 



ဖြစ်ချင်တာ ဖြစ်ခွင့်မရသေးသည့် ဘဝမှာ ဆန္ဒကို သိမ်းကာ ထုတ်ပိုး ဘဝသရုပ် ပြကာ နေရအုံးမည်။
ခွင့်လွတ်ကြပါ ကျွန်မကို ချစ်သော ပရိသတ်တွေရယ်...............။






..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်
http://www.mmcfamily.org/profiles/blogs/3003595:BlogPost:1431835

  1 comment:

  1. အောင်မြင်ပါစေ....ဖြစ်ပါစေ. မလုပ်ချင်တာမလုပ်၇ပါစေနဲ.. ဖြစ်ပါစေ

    ReplyDelete

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...