Wednesday, February 22, 2012

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ ၀င်ရောက်လာနိုင်ရေး တည်ဆဲဥပဒေများပြင်ရန်လို

by Yangon Press International on Wednesday, February 22, 2012 at 7:11pm ·
ဖေဖေါ်ဝါရီ ၂၂၊ ၂၀၁၂ (YPI)

ဈေးကွက်စီးပွားရေးစနစ်ကို စတင်ကျင့်သုံးလျက်ရှိသော မြန်မာနိုင်ငံအနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ ၀င်ရောက်လာစေရန်အတွက် အခြေအနေနှင့်မကိုက်ညီသော တည်ဆဲဥပဒေများကို ပြင်ဆင်ဖြည့်စွက်ရန်လိုအပ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ယနေ့ ပြောကြားလိုက်သည်။


ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ခန်းမ၌ ယနေ့  ပြုလုပ်သည့် ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် တွေ့ဆုံပွဲ တွင်သူရဦးရွှေမန်းက ယခုကဲ့သို့ပြောကြားခြင်း ဖြစ်သည်။

ယခုအချိန်တွင် မြန်မာနိုင်ငံသို့လာရောက် ရင်းနှီး မြှုပ်နှံလိုသူများစွာရှိသည်ဟု ကြားသိရကြောင်း သို့သော် တည်ဆဲဥပဒေများကို လေ့လာပြီးနောက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံရန် အခက်အခဲရှိသည်ဟု ပြည်ပမှ ရင်းနှီးမြှုပ်နှံလိုသူများက ပြောကြားသည်ဟု ၎င်း ကဆိုသည်။
“ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ  ၀င်လာဖို့ဆိုရင် နိုင်ငံတကာ စံချိန်စံညွှန်းမီတဲ့၊ ကိုယ့်နိုင်ငံနဲ့လက်တွေ့ကျမယ့် ဥပဒေတွေကို ပြဋ္ဌာန်းနိုင်ဖို့လိုပါတယ်” ဟု သူရ ဦးရွှေမန်း ကဆိုသည်။

၎င်းကထပ်မံ၍ ဥပမာအားဖြင့် ၁၉၄၇ ခုနှစ်ကတည်းက ပြဌာန်းထားသော ယာယီသွင်းကုန် ထုတ်ကုန် ဥပဒေကို ယနေ့အထိ ကျင့်သုံးနေဆဲဖြစ်ကြောင်း၊ ယင်းဥပဒေသည် ယနေ့ခေတ်အခြေအနေနှင့် မလျော်ညီသဖြင့် ပြည်သူများနှင့် နိုင်ငံတကာမှ လာရောက်ရင်းနှီးမြှုပ်နှံလိုသူများအတွက် အခက်အခဲဖြစ်ရကြောင်း၊ ထိုဥပဒေများကို ပြင်ဆင်ရန် ကြိုးပမ်းရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိုသို့ဥပဒေများ ပြင်ဆင်ရန်မှာ သက်ဆိုင်ရာဝန်ကြီးဌာနများတွင် တာဝန်ရှိကြောင်း၊ ယင်း ၀န်ကြီးဌာနများမှ ပြင်ဆင်ရန် နှောင့်နှေးနေပါက လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် တွန်းအားပေးရန်လိုအပ်ကြောင်း သူရဦးရွှေမန်းကဆိုသည်။

“ပြုပြင်ပြောင်းလဲရေးကို ကြိုက်ပါတယ်ဆိုပြီး နှောင့်နှေးနေတဲ့အတွက် ကျွန်တော်အားမလို အားမရဖြစ်ရပါတယ်။ ရွေတဲ့ဘက်က မရွေ့ရင် ကျွန်တော်တို့ တွန်းတဲ့ဘက်က ပိုတွန်းရမယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ စီးပွားရေးတက္ကသိုလ်မှ အငြိမ်းစားပါမောက္ခချုပ် ဦးမော်သန်းက “ဥပဒေတွေက ရှိပြီးသားပါ။ လက်ရှိဥပဒေတွေကလည်း နိုင်ငံတကာမှာကျင့်သုံးနေတဲ့ ဥပဒေတွေနဲ့ အခြေခံခြင်းတူပါတယ်။ ဖော်ဆောင်တဲ့အပိုင်းကပဲ လိုနေတာပါ။ ဥပဒေကို ဥပဒေအတိုင်း အာမခံချက် မပေးနိုင်တာကမှ တကယ့်ပြဿနာပါ” ဟု သူ၏ အမြင်ကိုပြောကြားသည်။

လက်ရှိ တွင် ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် အနေဖြင့် ယခုအချိန်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် နိုင်ငံသားရင်းနှီးမြှုပ်နှံမှု  ဥပဒေများအပါအ၀င် စီးပွားရေးဆိုင်ရာ ဥပဒေအချို့ကို ပြုစုလျက်ရှိသည်။      ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...