Monday, February 6, 2012

ဖိုးသိကြားရဲ့ အကယ်ဒမီ ရင်တွင်းစကား

by ဖိုး သိကြား on Monday, February 6, 2012 at 9:04pm
 
ရုပ်ရှင် အကယ်ဒမီ ဆုပေးပွဲကြီး နီးလာချေပြီ..။ မိမိအရေးထက် သူများအရေး ပိုပြီး စိတ်ဝင်စားတတ်
ကြသော လူတို့၏သဘာဝအရ ကြိုတင်ရင်ခုန် စိတ်ဝင်စားနေကြသူများကလည်း တိုးတိုးတမျိုး ကျယ်
ကျယ်တဖုံ ခန့်မှန်းကြ ပြောဆိုဝေဖန်ကြနှင့်..


မီဒီယာများကလည်း အကယ်ဒမီနှင့် ပတ်သက်သော သတင်းစကားများ ရေးသားနေကြသည်..။ ဖိုးသိကြား
အမေကတော့ တရားအားထုတ်သူ ဖြစ်သည်ကတကြောင်း၊ အသက်အရွယ်လည်း ကြီးသူ ဖြစ်သည်က
တကြောင်းမို့ စိတ်မ၀င်စား.. "သူတို့ရတာ ကိုယ်ရတာမှမဟုတ်တာ" ဟုပြော၏..။ ဖိုးသိကြားလည်း အမေ့
လိုပင် ပြောချင်ပါသည်.။ ငယ်စဉ်ကလေးဘ၀တုန်းကတော့ စိတ်ဝင်စား ရင်ခုန်ခဲ့ဖူးသည်..။ ယခုတော့
မည်သို့မှ မခံစားရတော့ပေ..။ မည်သူမည်ဝါရရ ဖိုးသိကြားတို့ အတွက် ထူးပြီး အကျိုးခံစားခွင့်မရှိ..။

တကယ်တော့ ရုပ်ရှင်အကယ်ဒမီဆိုသည်မှာ သရုပ်ဆောင် အနုပညာ ထူးချွန်သော အနုပညာရှင်များနှင့်ဒါ
ရိုက်တာများ ရိုက်ကူးရေးသမားများ တေးဂီတပညာရှင်များ ကို ဆုချီးမြှင့်ခြင်း ဖြစ်သည်..။ ပွင့်ပွင့်လင်းလင်း
ပြောရသော် ထိုသူတို့ ဖန်တီးသော ပညာရပ်များအတွက် ထိုက်တန်သည့် ဆုတခု အနေဖြင့် ပေးအပ်ခြင်းသာ
ဖြစ်လေသည်..။ ထိုသူတို့ရရှိသော ဆုမှာ သူတို့နှင့်သာ သက်ဆိုင်သည်..။ သူတို့ကိုသာ ကိုယ်စားပြုသည်..။
ထို့အတွက် အကယ်ဒမီရရှိသူတို့၏ အောင်မြင်မှုကို အသိအမှတ်ပြုသင့်သည်ကို လက်ခံပါသည်..။ သို့သော်
မိမိရရှိဘိအလား သည်းသည်းလှုပ် ငြင်းခုံ ဝေဖန်ခြင်းမျိုးတော့ မဖြစ်သင့်ပေ..။ (ထိုသည်မှာ ဖိုးသိကြားရဲ့
ထင်မြင်ယူဆချက် သက်သက်သာဖြစ်သည်..။ သဘောထား ကွဲလွဲကောင်း ကွဲလွဲမည်ဖြစ်သည်.။)

သရုပ်ဆောင်ဆိုသည်မှာ ၀တ္ထု ဇာတ်ညွှန်းဆရာ ဖန်တီးထားသောဇာတ်ကောင် ကို အသက်သွင်းခြင်း ဖြစ်
သည်..။ ပြင်ပတွင် ထိုဇာတ်ကားမှ ထပ်တူညီသည့်သူ မရှိချေ..။ သရုပ်ဆောင်မှာလည်း ထိုဇာတ်ကောင်
နေရာမှာခဏ၀င်၍ ဟန်ဆောင်ခြင်းပင်..။ ဥပမာ ဇာတ်လမ်းထဲတွင် မင်းသားမှာ စိတ်ထား နူးညံ့သိမ်မွေ့
သော်လည်း ပြင်ပလက်တွေ့မှာ စိတ်ထား နူးညံ့ချင်မှ နူးညံ့ပေလိမ့်မည်..။ ဇာတ်လမ်းထဲမှ မင်းသမီးသရုပ်မှာ စိတ်ထားကောင်းလွန်းသော်ငြား အပြင်မှ လက်ရှိ ကာရိုက်တာမှာ စိတ်ထား ကောင်းချင်မှ ကောင်းပေမည်..။
ဇာတ်လမ်းထဲမှ လူကြမ်းနေရာမှ သရုပ်ဆောင်သူမှာ ပြင်ပတွင် စိတ်ကြမ်း၊လူကြမ်း ဟုတ်ချင်မှ ဟုတ်ပေမည်..။

ထိုသို့ သဏ္ဌန်လုပ်သရုပ်ဆောင်ထားသော ရုပ်ရှင်ဇာတ်လမ်းများကို ကြည့်ရှု့ပြီး မင်းသားမင်းသမီးများကို
အားပေးကြ၊ ချစ်ခင်ကြသေးလျှင်.. အပြင်လက်တွေ့ဘ၀မှာ အများအကျိုး တိုင်းပြည်အကျိုးအတွက် စိတ်
သဘောထားကြီးစွာ ကိုယ်ကျိုးစွန့်အနစ်နာခံကာ လက်တွေ့ ဆောင်ရွက်နေကြသူများကို ပိုပြီး အားပေး
ချစ်ခင် မေတ္တာဝင်ရမည်မှာ ဆိုဖွယ်ရာမရှိပြီ..။

အမေစုတို့လို ကိုမင်းကိုနိုင်တို့လို နှစ်နှစ်ဆယ်ကျော် တိုင်းပြည်အတွက် ပေးဆပ်နေကြသူများကို ယခု
ထက်ပိုမို၍ ရဲရဲဝံ့ဝံ့ အာပေး ထောက်ခံကြသင့်သည်..။ ယခုဆိုလျှင် အမေစုဦးဆောင်သည့် NLD ပါတီသည်
ပြည်သူကို ကိုယ်စားပြုပြီး ပြည်သူ့အကျိုး ဆောင်ရွက်ဖို့အတွက် လာမည့် ဧပြီတရက်နေ့မှာ ရွေူးကောက်ပွဲ
ဝင်ပြိုင်မည် ဖြစ်သည်..။ ရုပ်ရှင်တကား အောင်မြင်လို့ အကယ်ဒမီရသွားခြင်းမှာ ဖိုးသိကြားတို့လို ပြည်သူ
တွေရဲ့ ဘ၀တွေအတွက် မည်သို့မျှ သက်ဆိုင်ခြင်းမရှိပေမယ့် ဖိုးသိကြားတို့ ပြည်သူတွေ ဘ၀တလျှောက်လုံး
အတွက် လွန်စွာ အရေးပါသည့် ရွေးကောက်ပွဲဟာ အားလုံးသော ပြည်သူတွေနဲ့ လုံးဝ သက်ဆိုင်လှပေသည်.။

အမေစုသည် မြန်မာ့နိုင်ငံရေး သမိုင်းကြောင်းမှာ သဏ္ဌန်လုပ် သရုပ်ဆောင်ခဲ့ခြင်းမဟုတ်.. အမုန်လုပ် အကျိုး
ဆောင်ခဲ့ခြင်း ဆောင်နေဆဲ ဆောင်လိမ့်ဦးမည်ပဲ ဖြစ်သည်..။ သဏ္ဌန်လုပ် သရုပ်ဆောင်ကောင်းတဲ့ အနုပညာ
ရှင်တွေတောင် ထိုက်တန်တဲ့ ချီးမြှင့်မှုတွေနဲ့ ဂုဏ်ပြုခံရသေးလျှင် အမေစုတို့လို အမှန်သရုပ်နဲ့ တိုင်းပြည်နဲ့
လူမျိုးအကျိုး ကိုယ်ကျိုးစွန့် အနစ်နာခံခဲ့ကြသူများဟာလည်း ထိုက်ထိုက်တန်တန် ဂုဏ်ပြုခံရသင့်ပေ၏..။

ထို့အတွက်ကြောင့် ဖိုးသိကြားတို့ ပြည်သူလူထု ဘ၀များနဲ့တိုက်ရိုက် ပတ်သက်ဆက်နွယ်နေသည့် လာမည့်
ရွေးကောက်ပွဲမှာ အမေစုဘက်မှ ရပ်တည်၍ အမေစုကို ထောက်ခံလို့ NLD ကို မဲပေးရင်း အမေ့ကို ထိုက်ထိုက်
တန်တန် ဂုဏ်ပြုကြပါစို့...

(မြန်မာ့ ရုပ်ရှင်အကယ်ဒမီနှင့် ပတ်သက်ပြီး တွေးတောမိသော အတွေးများအား ဖိုးသိကြား ခံယူချက်ဖြင့် ပေါင်းစပ်
ရေးချလိုက်ခြင်းသာ ဖြစ်ပါသည်..။ မည်သူ တဦးတယောက်၊ မည်သည့် အနုပညာရှင်ကိုမှ မရည်ရွယ်ပါ)

အားလုံးးကို ချစ်ခင်လေးစားသော...ဖိုးသိကြား (06/02/2012)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...