Friday, February 24, 2012

အနာဂတ်ပညာရေး ရင်လေးစရာ (သို့) (အထကအေးရိပ်ငြိမ်မှ ကျောင်းအုပ်ဆရာကြီး၏ စားကြော/၀ါးကြောဖန်တီးပုံများ)


Inline images 2
သို့/
     ဦးဦးမှော်ဆရာနှင့်အဖွဲ့သူ/သားများခင်ဗျာ ....
အထက(အေးရိပ်ငြိမ်)က ကျောင်းအုပ်ကြီးအကြောင်းရင်ဖွင့်ပါရစေ။
အထက(အေးရိပ်ငြိမ်)ကျောင်းအုပ်ကြီးနာမည်က ဦးကျော်မြင့်ပါ။ ဆရာ/ဆရာမတွေကို အချင်းချင်းရန်တိုက်ပေးသူ၊ ကိုယ်တိုင်းလည်းစည်းကမ်းမရှိ၊ ကျောင်းတွင်းရှိ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများကိုလည်း စည်းကမ်းရှိအောင်မသွန်သင်သူ၊
ရပ်ကွက်မိဘတစ်ဦးမှ သစ်(၅)တန်လှူဒါန်းသည်ကို ခိုးရောင်း၍ ကိုယ်ပိုင်ငွေအဖြစ် မတရားသိမ်းဆည်းသူ၊ စသည်ဖြင့် ဂုဏ်သတင်းမွှေးလေသူပါ။

   အဓိက ကတော့ ဇာတ်တူသားများဆီက လာဘ်စားမှုပါပဲ။
ယခုလို ပညာသင်နှစ်ပြီးဆုံးခါနီးဆိုလျှင် လာမည့်ပညာသင်နှစ်အတွက် .... ဆရာ/ဆရာမများကို အတန်းပိုင်လိုချင်လျှင် မြန်မာငွေ (၅) သောင်းနှင့်အထက် (သို့) ဘတ် (၂၀၀၀) ပေးမှရမည်ဖြစ်ကြောင်း၊ တိတ်တဆိတ်ပြောကြားလေ့ရှိပါတယ်။ ဘာသာရပ်များကိုလည်း မေဂျာနဲ့မကိုက်ညီစေဘဲ
လာဘ်ပေးသော ဆရာ/ဆရာမများကိုသာ ဘာသာရပ်ကောင်းကောင်းပေးသင်လေ့ရှိပါတယ်။ ဆရာ/ဆရာမများဆီမှလည်း လစဉ်
တစ်ဦးလျှင် (၃၀၀၀)ကျပ်နှင့်အထက် ပေးဆောင်နေရပါတယ်။ မပေးသေးသောဆရာ/ဆရာမ များကို လိုက်လံတောင်းပါသည်။
ဆရာ/ဆရာမများမှာ အောင့်သက်သက်နှင့်ပေးနေရပါသည်။ အချို့သောဆရာ/ဆရာမများမှာ ကျူရှင်သင်နေရသော်လည်း
ကလေးများဆီမှ မရရှိသူကများပါသည်။ မည်သို့ပင်ဖြစ်စေကာမူ ဆရာ/ဆရာမများမှာ လစဉ် ဆက်ကြေးလို ပေးနေရပါသည်။
သို့သော်လည်း အထက်လူကြီးက ဖြစ်စေ မိဘတစ်ဦးဦးကဖြစ်စေ ဆရာ/ဆရာမများအပေါ်တွင် တိုင်ကြားစစ်ဆေးမှုပြုလျှင်
ဆရာ/ဆရာမများဘက် က နေခြင်းမရှိပါ။
           ကျောင်းအုပ်ကြီးဦးကျော်မြင့်အနေနဲ့ ငွေရရေးကိုသာ အလေးထားနေပါသည်။

                   Inline images 3

             ကျောင်းသား/သူ များကိုလည်း ထင်ရာလွှတ်ထားပါသည်။ လုံးဝထိန်းသိမ်းခြင်းမရှိပါ။ ယခုမြင်နေရပုံမှာ သင်တန်းချိန်တွင် ကျောင်းသား/သူများ စိတ်ကြိုက် အပြင်ထွက်ကာ
နေချင်သလိုနေခွင့်ပြုထားပါသည်။ ယခုလို ပညာရေးမြှင့်တင်နေချိန်မှာ မဖြစ်စေသင့်လှပါ။ ကျောင်းအုပ်ကြီးကတော့ မြို့ထဲသို့ထွက်ပြီး ကျောင်းကိုလိုက်လံ မကြည့်ရှုဘဲ လျစ်လျူရှုကာ
လာဘ်ရရေးကိုသာ အာရုံပြုနေသည်မှာ မျက်မြင်ပင်ဖြစ်ပါသည်။ ကျောင်းတော်ကြီးမှာလည်း စုတ်ပြတ်နုံချာနေပါသည်။


             Inline images 4

             ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူသုံး အိမ်သာမှာ လည်း လုံးဝ ပျက်စီးနေပါသည်။ ပြင်ဆင်ခြင်းမရှိပါ။ ပြင်ဆင်စရာလည်း ဘဏ္ဍာငွေမရှိပါ။ အဘယ့်ကြောင့်ဆိုသော်
ကျောင်းအုပ်ကြီးသည် သူလုပ်ထားသမျှအပြစ်များ မပေါ်စေရန် အထက်လူကြီးများကို ကျွေးမွေး၊ ပြီး တံစိုးလက်ဆောင် ပေးပါသည်။ သို့သော် ထိုငွေသည် ကျောင်းကပင်စိုက်ပေးရပါသည်။
တစ်ခါတစ်ရံ ဆရာ/ဆရာမများဆီမှအချိုးကျ ငွေကောက်ခံပါသေးသည်။ နှစ်စဉ် ကျောင်းဘဏ္ဍာငွေမှာ အကြွေးနှင့်ပင် နှစ်ပါးသွားနေရပါသည်။
တခြားသူဆီမှအကြွေးမဟုတ်ပါ။ ဦးကျော်မြင့်ဆီက အကြွေးဖြစ်ပါသည်။ ဆရာကြီးသည် ဤမျှလောက် ငွေကြေးအလျှံပယ် ချမ်းသာနေတော့သည်။
            သို့ပါသောကြောင့် ဤဘလော့မှတစ်ဆင့် အထက်လူကြီးများ သိစေရန် ဆရာ/ဆရားမများ၏ ကိုယ်စား ရင်တွင်းခံစားမှုများကို တင်ပြအပ်ပါသည်။

            လုံးဝတရားမျှတမှုမရှိပါသောကြောင့် တင်ပြရခြင်းဖြစ်ပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...