Wednesday, February 1, 2012

ထားထား၏ သတင်းစုစည်းမှု

ကြားဖြတ်ရွေးကောက်ပွဲဝင်ရာ၌ ဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြည်သူများအား အကျိုးမဖြစ်စေသည့်အပိုင်းများ ပြုပြင်ပြောင်းလဲရေးတို့ကို ဦးတည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား PDF Print
WEDNESDAY, 01 FEBRUARY 2012 10:11
AddThis Social Bookmark Button

ထားဝယ်ဒေသခံများအား နှုတ်ခွန်းဆက်စကားပြောကြားနေသည့် ဒေါ်အောင်ဆန်းစုကြည်ကို
တွေ့ရစဉ်
ကြားဖြတ်ရွေးကောက်ပွဲဝင်ရာ၌ ဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြည်သူများအား အကျိုးမဖြစ်စေသည့်အပိုင်းများ ပြုပြင်ပြောင်းလဲရေးတို့ကို ဦးတည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဇန်န၀ါရီလ ၂၉ ရက်နေ့တွင် ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က ထားဝယ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ပါတီဝင်များနှင့် ပြည်သူများအား နှုတ်ခွန်းဆက်စကားပြောကြားရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
''ကျွန်မတို့ အခုကြားဖြတ်ရွေးကောက်ပွဲဝင်တဲ့ေ
နရာမှာ အခြေခံအားဖြင့် လိုအပ်ချက်သုံးခုကို အခြေခံမှာ တင်ပါတယ်။ ပထမဦးဆုံး လိုအပ်ချက်ကတော့ ဥပဒေစိုးမိုးရေးပါပဲ။ ဥပဒေစိုးမိုးရေး ဘာဖြစ်လို့ အရေးကြီးသလဲ ဆိုတော့  ပြည်သူလူထုရဲ့ လုံခြုံမှုအတွက်ပါ။ အိပ်နိုးချမ်းသာပေါ့နော်၊ အိပ်တဲ့အခါကျရင် လုံလုံခြုံခြုံ အိပ်ရာဝင်နိုင်ရမယ်။ ငါတို့ရဲ့ရပ်ရွာဟာ အေးချမ်းမယ်၊ သာယာမယ်။ ဓါးပြလည်း လာမတိုက်ဘူး။ ဘယ်အာဏာပိုင်အဖွဲ့မှ လည်း တံခါးမှာ လာပြီးတော့ မခေါက်ဘူး။ ဘယ်သူကမှလည်း ဘယ်သူကိုတရားဥပဒေနဲ့ မကိုက်ညီဘဲနဲ့ အနိုင်ကျင့်လို့ မရဘူး။ ဒီလိုစိတ်ချမ်းသာမှုတွေနဲ့ အိပ်ရာဝင်နိုင်ရမယ်။ နိုးလာတဲ့အခါမှာလည်း ငါတို့ဘ၀ဟာ လွတ်လပ်တယ်၊ လုံခြုံတယ်။ ငါတို့ဟာ ဥပဒေကိုမ ဖောက်သရွေ့ ဘယ်သူကမှ ငါတို့ကို မထိနိုင်ဘူးဆိုတဲ့ ယုံကြည်စိတ်နဲ့ အေးအေးချမ်းချမ်းနဲ့ ကိုယ်ရဲ့တစ်နေ့တာ လုပ်စရာရှိတာတွေကို လုပ်နိုင်တဲ့အခြေအနေမှာ ဖြစ်ရမယ်။ ကျွန်မတို့ ပြည်သူတချို့ကပြောမယ်၊ ဥပဒေစိုးမိုး ရေးအကြောင်း ပြောနေတာကျွန်တော်တို့၊ ကျွန်မတို့ရဲ့ နိစ္စဓူ၀၀မ်းစာအတွက်ရော၊ ၀မ်းရေးအတွက်ရော မြန်မာပြည်သူတွေဟာ ဆင်းရဲပါတယ်ဆိုပြီးတော့ ကျွန်မခဏခဏ ကြားရပါတယ်။ အလုပ်အကိုင်တွေ လုံလုံလောက်လောက် မရှိပါဘူးဆိုတာ လည်း ကျွန်မတို့ ကြားရပါတယ်။ အဲဒီတော့ ဒီလိုပြည်သူတွေ အလုပ်အကိုင်မဲ့မဖြစ်ရအောင် ဆင်းရဲတွင်းကနေပြီးတော့ တက်ပြီးတော့ ထွက်နိုင်အောင်လို့ဆိုတာဟာ အဲဒီမှာလည်း ဥပဒေစိုးမိုးရေးဟာ အရေးကြီးပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်မတို့နိုင်ငံမှာ တချို့ရှိနေတဲ့ဥပဒေတွေဟာ ပြည်သူတွေ လွတ်လွတ်လပ်လပ် လုပ်ကိုင်စားနိုင်ဖို့ အခြေအနေ ဟန့်တားထားတဲ့ ဥပဒေတွေရှိပါတယ်။ ဒါတွေကို ကျွန်မတို့ကနေပြီးတော့ လွှတ်တော်တွင်းကနေပြီးတော့ ဖယ်ရှားချင်တဲ့ ဆန္ဒတွေ ရှိပါတယ်။ နောက်တချို့အနည်းအကျဉ်းသော ဥပဒေတွေကတော့ အသစ်ပြန်ပြီးတော့ ပြဋ္ဌာန်းရမယ့် ဥပဒေတွေလည်း ရှိပါတယ်။ ဒါပေမယ့် ကျွန်မတို့ရဲ့ ဥပဒေရှင်တွေနဲ့ သေသေချာချာ စဉ်းစားကြည့်လိုက်တော့ ကျွန်မတို့နိုင်ငံမှာ ဆိုလို့ရှိရင် မလိုလားအပ်တဲ့ ဥပဒေ၊ ပြည်သူတွေရဲ့ဘ၀တွေကို မလိုလားအပ်ဘဲနဲ့ ချုပ်ချယ်ထားတာ၊ ပြည်သူတွေရဲ့ လုပ်နိုင်ကိုင်နိုင်တဲ့ အခြေအနေတွေကို ကန့်သတ်ထားတာ၊ အဲဒီလို ဥပဒေတွေကနေစပြီးတော့ ကျွန်မတို့က ဖယ်ရှားရမှာဖြစ်ပါတယ်''ဟု အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
ထို့ပြင် ၎င်းက ''နောက်ပြီးတော့ ကျွန်မတို့ အဖွဲ့ချုပ်ကနေပြီးတော့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ကျွန်မတို့ အင်မတန်မှကို ဒီကိစ္စကို အလေးထားပါတယ်။ အခုဆိုရင် အားလုံးသိတဲ့အတိုင်းပဲ ကချင်ပြည်နယ်မှာ ဆိုလို့ရှိရင် အပစ်အခတ်တွေ ရပ်စဲတာ မရှိသေးပါဘူး။ ဒီတော့အဲဒီက ကျွန်မတို့ရဲ့ ကချင်ညီအစ်ကိုမောင်နှစ်မသားချင်းတွေ ဘယ်လောက် ဒုက္ခရောက်နေမလဲဆိုတာ စဉ်းစားကြည့်ကြပါ။ စာနာကြပါ။ ဒါကြောင့်လည်း ကျွန်မတို့ကနေပြီးတော့ ကချင်ဒုက္ခသည်တွေအတွက် တတ်နိုင်သမျှ ကျွန်မတို့ ကူညီထောက်ပံ့တာတွေ လုပ်ပါတယ်။ အားလုံးဟာ အချင်းချင်းပဲ။ ဒီနိုင်ငံတစ်နိုင်ငံလုံးမှာ တစ်နေရာမှာ မအေးချမ်းဘူးဆိုလို့ရှိရင် တစ်နိုင်ငံလုံး မအေးချမ်းဘူးလို့ ဒီလိုပဲ ယူဆရပါလိမ့်မယ်။ လွတ် လပ်ခြင်းဆိုတာ ခွဲခြားလို့ ရတာမဟုတ်ပါဘူး။ တစ်ယောက်မလွတ်လပ်ဘူးဆိုရင် ဒါကျွန်မတို့ နိုင်ငံမလွတ်လပ်ဘူးလို့ ကျွန်မတို့ ဒီလိုပဲကျွန်မတို့အမြင်နဲ့ မြင်ရပါလိမ့်မယ်။ အဲတော့ တစ်ယောက်ဟာ ဥပဒေရဲ့အကျိုးခံစားပိုင်ခွင့်မရှိဘူးဆိုလို့ရှိရင် တစ်တိုင်းပြည်လုံး ဥပဒေရဲ့အကျိုးကို ခံစားပိုင်ခွင့်မရှိတာနဲ့ အတူတူပါပဲ''ဟု ဆက်လက်ပြောကြားခဲ့သည်။

ဒီနိုင်ငံတစ်နိုင်ငံလုံးမှာ တစ်နေရာမှာ မအေးချမ်းဘူးဆိုလို့ရှိရင် တစ်နိုင်ငံလုံး မအေးချမ်းဘူးလို့ ဒီလိုပဲယူဆရပါလိမ့်မယ်။ လွတ်လပ်ခြင်းဆိုတာ ခွဲခြားလို့ရတာ မဟုတ်ပါဘူး။ တစ်ယောက်မလွတ်လပ်ဘူးဆိုရင် ဒါကျွန်မတို့နိုင်ငံ မလွတ်လပ်ဘူးလို့ ကျွန်မတို့ ဒီလိုပဲ ကျွန်မတို့အမြင်နဲ့ မြင်ရပါလိမ့်မယ်။ အဲတော့ တစ်ယောက်ဟာ ဥပဒေရဲ့ အကျိုးခံစားပိုင်ခွင့်မရှိဘူးဆိုလို့ရှိရင် တစ်တိုင်းပြည်လုံးဥပဒေရဲ့ အကျိုးကိုခံစားပိုင်ခွင့်မရှိတာနဲ့ အတူတူပါပဲ . .

''နောက်ကျွန်မတို့အနေနဲ့ ဥပဒေစိုးမိုးရေးနဲ့ တန်းတူညီမျှ အရေးကြီးတဲ့ကိစ္စတစ်ခုကတော့ ပြည်တွင်းငြိမ်းချမ်းရေးပါပဲ။ အခုနိုင်ငံထဲမှာဆိုရင် ကျွန်မတို့နိုင်ငံမှာ လွတ်လပ်ရေးရပြီးကာလက အခုထိ၊ လွတ်လပ်ရေးရပြီးတာ လည်း နှစ် ၆၀ ကျော် သွားပါပြီ။ အခုထိ လုံးဝပြည်တွင်း စစ်ငြိမ်းတယ်ရယ်လို့ မရှိခဲ့သေးပါဘူး။ ဒီဟာကို ကျွန်မတို့ ဦးတည်ရပါမယ်။ ကျွန်မတို့ဟာ ပြည်ထောင်စုပါ။ ပြည်ထောင်စုဆိုတာ တိုင်းရင်းသားပေါင်းစုံနဲ့ ဖွဲ့စည်းထား တဲ့ နိုင်ငံကြီးတစ်ခုဖြစ်ပါတယ်။ ကျွန်မတို့ ဗမာ တွေဆိုတာလည်း ဒီတိုင်းရင်းသားထဲက တစ်စုပဲ။ ဒါပေမယ့် လူများစုပေါ့။ အခု တနင်္သာရီဟာ ကျွန်မတို့ တနင်္သာရီသူ၊ တနင်္သာရီသားတွေဟာ ဒီဟာကို အများကြီးပိုပြီး ကျွန်မတို့ထက် နားလည်ပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ တနင်္သာရီဟိုဘက် ရော၊ ဒီဘက်ရောဆက်စပ်နေတယ်လို့ ကျွန်မကထင်တယ်။ တနင်္သာရီဟာဆိုရင် တိုင်းဖြစ်တယ်။ ပြည်မနဲ့ ဆက်စပ်နေတယ်။ ဒီမျိုးရိုးအရ ဗမာတွေနဲ့ နီးစပ်နေတယ်။ သို့သော်ငြားလည်း တနင်္သာရီသူ၊ တနင်္သာရီသားတွေဟာ ပြည်မက ဗမာတွေနဲ့လုံးဝ ထပ်တူတူတာတော့မဟုတ်ဘူး။ ခြားနားချက်ကလေးတွေတော့ ရှိတယ်။ ဒါကြောင့်မို့လို့ တိုင်းရင်းသားတွေရဲ့ လိုအပ်ချက်တွေ၊ မျော်လင့်ချက်တွေကို ပိုပြီးတော့စာနာနိုင်မယ်လို့ ကျွန်မတို့ ထင်ပါတယ်''ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
''တတိယမြောက် ကျွန်မအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲဝင်တဲ့အခါမှာ အရေးကြီးတဲ့ ဦးတည်ချက်တစ်ခုဆိုပြီး သတ်မှတ်ထားတာကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ပြည်သူတွေကို အကျိုးမဖြစ်စေ တဲ့ အပိုင်းတွေကို ပြုပြင်ပြောင်းလဲဖို့ပါပဲ။ ဒါကျွန်မတို့ လုပ်ကိုလုပ်ရမယ်။ ရင်ဆိုင်ရဲရမယ်။ အဲတော့ ဒီလိုပြောတဲ့အခါမှာ အခြေခံဥပဒေကို လေ့လာကြပါလို့ ကျွန်မက တိုက်တွန်းချင်တယ်။ ဒီဥပဒေကို မလေ့လာထားဘဲနဲ့ မဖတ် ရှုထားဘဲနဲ့ သိနားမလည်ဘဲနဲ့ ပြောင်းချင်တယ်ဆိုပြီးတော့ ဒီလိုပဲပြောလို့ မရပါဘူး။ ဘာဖြစ်လို့ ပြောင်းဖို့လိုတာလဲ။ ဘယ်အစိတ်အပိုင်းတွေကို ပြောင်းဖို့လိုတာလဲဆိုတာ၊ ကျွန်မတို့ရဲ့ အဖွဲ့ဝင်တွေ တစ်ဦးချင်း၊ တစ်ဦးချင်း ဟာ သိဖို့လိုပါတယ်။ ဒါမှတစ် ဆင့်ပြည်သူတွေကို ပြန်ပြီးတော့ ရှင်းပြနိုင်မှာပါ။ နိုင်ငံရေးပါတီတွေ ဖွဲ့စည်းထားတယ်ဆိုတာ ဒါအတွက်ပဲ။ ပြည်သူတွေက အချိန်ပြည့်နိုင်ငံရေး ကိစ္စတွေကိုလေ့လာနေဖို့ဆိုတာ မဖြစ်နိုင် ပါဘူး''ဟုဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် လွှတ်တော်အသီးသီးတွင် လွှတ်တော်ကိုယ်စားလှယ် လစ်လပ်နေသော မဲဆန္ဒနယ် ၄၈ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲများကို ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။
ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ကျင်းပပြုလုပ်မည့် မဲဆန္ဒနယ်များမှာ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၄၀၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ခြောက်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် နှစ်နယ်တို့ ဖြစ်ကြသည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် ကြားဖြတ်ရွေးကောက်ပွဲများအတွက် မိမိအမည် မဲစာရင်း၌ ပါရှိစေရေး ပြည်သူများ သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများနှင့် ဆက်သွယ်ရန် အသိပေးနှိုးဆော်ထားပြီး ပါတီများအနေဖြင့်လည်း မိမိတို့ စည်းရုံးထားသည့် မဲဆန္ဒရှင်များ၏ အမည်များကို သက်ဆိုင်ရာမဲစာရင်းတွင် ပါရှိစေရေး ပူးပေါင်းဆောင်ရွက်ပေးကြရန်လည်း နှိုးဆော်ထားသည်။

နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရန် လှုပ်ရှားခဲ့သူ GWလူငယ်များ ဖမ်းဆီးခံထားရဆဲ

by Burma VJ Media Network on Tuesday, 31 January 2012 at 22:47
By ဇာဏီ ၊ ဇန္နဝါရီလ ၃၁ ရက်နေ့ ၊၂၀၁၂ ခုနှစ်

နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ပိုစတာ ကမ်ပိန်းပြုလုပ်ခဲ့လို့ ဖမ်းဆီးခံခဲ့ရသူ မျိုးဆက်သစ်လူငယ်များ အစည်းအရုံး(GW)မှ ကိုဝေဖြိုး နှင့် ကိုဇာနည်ထွန်း တို့ကို ပြည်မြို့နယ် တရားရုံးမှ စီရင်ချက် ချဖို့ ဒီကနေ့ ရုံးချိန်းခေါ်ထားပြီး စီရင်ချက် မချဖြစ်ပဲ လာမည့် ဖေဖော်ဝါရီလ ၂ ရက်နေ့သို့ ရွှေ့ပြောင်းလိုက်ပါတယ်။

"ဗီနိုင်းစ ဆိုတာ မြန်မာပြည်မှာ ကြော်ငြာတွေ ပိုစတာတွေ အများကြီး ထုတ်ကြတယ်။ ကလေးတွေက နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ဗီနိုင်းစတွေကို ပြည်မှာရော ၊ အင်းမ ဘက်မှာရော ကပ်တယ်။ ဘာဖြစ်လို့ ကပ်လဲ ဆိုတော့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်ချင်လို့ ကပ်တယ်။ အဲတာကို ကပ်ပေမယ့် ပုံနှိပ်ထုတ်ဝေမှုနဲ့ မငြိဘူး။ ဘာလို့လဲဆိုတော့ ပုံနှိပ်ဆိုတာ စာရွက်ပေါ်မှာပဲ ပုံနှိပ်လို့ရတာ အခုဟာက ဗီနိုင်းစ ဖြစ်တဲ့အတွက် ဗီနိုင်းစက်ပေါ်မှာပဲ လုပ်လို့ရတယ်။ အဲစက်က ဘယ်ကရလဲဆိုတော့ ဒီကလေးတွေမှာ မရှိဘူးလေ။ GW က ဇေယျာသော် ပေးလို့ ကျနော်တို့ ကပ်တယ်ဆိုတာ ဝန်ခံတယ်။ အဲတာကို ပုံနှိပ်ဥပဒေအရ မငြိဘူးဆိုတာကို ဒီနေ့ ငြင်းထားတယ်လေ ။အဲတော့ သဘက်ခါကို အမိန့်ချမယ်။ ၁၉၆၂ခုနှစ်၊ ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင် ဥပဒေဆိုတာ စာရွက်၊စာတမ်း စသည်ဖြင့် အဲတာတွေပေါ်မှာပဲ ချလို့ရတာ။အဲတာကြောင့် ပုံနှိပ် ထုတ်ဝေခွင့်ကို ငြင်းထားတယ်။ အဲတာကို ဒီနေ့ အမိန့်ချမယ်ဆိုပြီး လုပ်တယ်။ ရုံးချိန်းသို့ Generation Wave (မျိုးဆက်သစ်လူငယ်များ အစည်းအရုံး)မှ ကလေးတွေအပါအဝင် လူ ၃၀၊၄၀ လောက် လာရောက်နားထောင်ကြပါတယ်။ အဲလို လူတွေများတော့ သူတို့ အမိန့်မချဖြစ်ပဲ တရားရုံးက ရုံးချိန် မရှိဘူးဆိုပြီး  ဖေဖော်ဝါရီ ၂ ရက်နေ့ကို ပြောင်းလိုက်တယ်။ " လို့  တရားခံ၏ အကျိုးဆောင် ရှေ့နေဦးမြင့်အေးက ဘားမား ဗီဂျေကို ပြောပါတယ်။

" သူ ထောင်ကျသွားပစေ။ ကိစ္စ မရှိဘူး။ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ သူ ကပ်တယ်။ အဲဒီ ကပ်တာမှာ သူ မလွတ်ဘူး။ ဒါပေမယ့် နိုင်ငံရေး အကျဉ်းသားတွေ လွတ်နေတယ်။ အဲတာကို သူ ဝမ်းသာတယ်"လို့  ကိုဇာနည်ထွန်းက ရုံးချိန်းထွက်လာစဉ် သူရဲ့ရှေ့နေ ဦးမြင့်အေးကို ပြောခဲ့ပါတယ်။  

" အခု နိုင်ငံရေး အကျဉ်းသားတွေကို သမ္မတကြီးက လွှတ်နေတယ်။ လာမည့် ၁၃ ရက်နေ့မှာလဲ လွှတ်မယ်လို့ ကြားနေရတယ်။ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်စေချင်တဲ့ ဆန္ဒနဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ဗီနိုင်းပိုစတာတွေ လိုက်ကပ်တဲ့ ကျနော့ အမှုသည်နှစ်ယောက်က မလွတ်သေးတာတော့ ကျနော်တော်တော် စိတ်မကောင်းဘူး။ ဒီအမှုမှာ တရားဥပဒေက စိုးမိုးလိမ့်မယ်လို့ ကျနော်ယူဆတယ်။  တရားသူကြီးချုပ် ဦးမြင့်ဆွေကလည်း တရားဥပဒေအတိုင်း ဆောင်ရွက်လိမ့်မယ်။ တရားသေ လွှတ်ရတော့မယ်လို့ ကျနော် ယူဆပါတယ်။"လို့ တရားခံ၏ အကျိုးဆောင် ရှေ့နေဦးမြင့်အေးက ဘားမား ဗီဂျေကို ပြောပါတယ်။

ကိုဝေဖြိုးနှင့် ကိုဇာနည်ထွန်းတို့သည် ၂၀၁၁ ခုနှစ်  သြဂုတ်လ ၁၂ ရက်နေ့က ပြည်မြို့နှင့် အင်းမမြို့တို့တွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျသူများ လွတ်မြောက်ရေး ဗွီနိုင်းပိုစတာများကို ကပ်ခဲ့သူများဖြစ်ပြီး  အင်းမ ရဲစခန်းမှ ဖမ်းဆီးခဲ့တာဖြစ်ပြီး ၁၉၆၂ခုနှစ်၊ ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင် ဥပဒေ ပုဒ်မ ၁၇ နှင့် တရားစွဲဆို ခံထားရတာ ဖြစ်ပါတယ်။ ပုံနှိပ် ဥပဒေ ပုဒ်မ ၁၇ သည် အနိမ့်ဆုံး ထောင်ဒဏ် ၁ နှစ်မှ အမြင့်ဆုံး ထောင်ဒဏ် ၇ နှစ်ထိ အပြစ်ဒဏ် ချမှတ်လို့ရပါတယ်။

တရားခံ၏ အကျိုးဆောင် ရှေ့နေဦးမြင့်အေးမှ အပြီးသတ် လျှောက်လဲချက်
Generation Wave (မျိုးဆက်သစ်လူငယ်များ အစည်းအရုံး)

ကနဦးတပ်ဆင်ခ မြန်မာငွေနဲ့ (၁၅)သိန်းဝန်းကျင် (ဖုန်း+အင်တာနက်+ရုပ်သံ)လစဉ်ကြေး (၅၁၂-လိုင်း) တစ်လ(၆)သောင်း၊ တစ်ခါသွင်း သုံးလစာ တစ်သိန်းရှစ်သောင်း ကြိုတင်ပေးသွင်းရပါမည်။

နှစ်စဉ်ကြေး (၅)သောင်း

မယူမနေရ ပါလာတဲ့ ဖုန်းက ပြောပြော မပြောပြော တစ်နှစ်မှာ အနိမ့်ဆုံး နှစ်ခါလောက်တော့ ဘီလ်ကို တောင်းယူလေ့ရှိပါတယ်။ နှစ်စဉ်ကြေး (၅)
သောင်းကတော့ မသုံးလဲ ပေးကိုပေးရမှာပါ။

သတ်မှတ်ရက်ကို တစ်ရက်ကျော်သွားလို့ အပိတ်ခံရဖူးပါတယ်။ တစ်ပတ်အတွင်း ငွေလာသွင်းမှ နောက်ရက်ကို လိုင်းပြန်ဖွင့်ပေးပါသတဲ့။
ခရီးသွားနေတဲ့ ကျနော် တစ်ပတ်ထက် ၂-ရက်ကျော်ပြီးမှ ပြန်ရောက်လို့ ငွေသွားသွင်းတော့ (၃)သောင်း အပိုဒဏ်ရိုက်ခံရပြီး နောင် ရက်-၂၀
ကြာထိအောင် လိုင်းမပွင့်တာနဲ့ မြို့နယ်ကိုယ်စားလှယ် RSP ကို သွားပြောတော့ ကိုယ်စားလှယ်က ဆားဗစ်ထွက်တဲ့လူတွေ ပြန်ရောက်ရင်
လွှတ်လိုက်မယ်ပြောပြီး ညမိုးချုပ်မှ လာရောက်ကြည့်ရှုပေးပါတယ်။

နောက်ရက်ထိလဲ လိုင်းက ပွင့်မလာသေးတာနဲ့ ထပ်လိုက်သွားပြီး သွားမေးတော့မှ ရုံးချုပ်ကို ဆက်သွယ်ပေးပါမယ် ပြောတာကြောင့် ကိုယ်တိုင်ပဲ
ဆက်မေးကြည့်မိတော့ ရုံးချုပ်က ငွေမသွင်းသေးလို့ မဖွင့်ပေးသေးတာလို့ ပြောပြန်တာကြောင့် ငွေသွင်းပြီးကြောင်း အသေအချာ ပြန်ပြောပြတော့
RSP ကို ပြန်မေးကြည့်ပေးမယ်လို့ ပြောပြန်ပါတယ်။

ဒါနဲ့ ကိုယ်တိုင်ပဲ ကိုယ်စားလှယ် RSP ကို ထပ်ပြီးသွားပြောတော့ ရုံးချုပ်ကို သူတို့က ငွေးသွင်းတဲ့နေ့ကတည်းက ဖက်စ်ပို့ထားတာကို ရုံးချုပ်က
ဖက်စ်လက်ခံသူက လိုင်းဖွင့်မဲ့သူကို အကြောင်းမကြားပေးမိလို့ မဖွင့်ပေးမိတာတဲ့။

စုစုပေါင်း ၂၂-ရက်ကြာမှပဲ လိုင်းကို ပြန်ဖွင့်လိုက်လို့ ကျနော် နစ်နာသွားရတဲ့ ၂၂-ရက်အတွက် ငွေ (၄)သောင်း(၄)ထောင်ကို ဘယ်လိုလုပ်ပေးမလဲ
မေးမြန်းတော့ ဒါက ရုံးချုပ်ကမူအတိုင်းပဲတဲ့။ အဲ့ဒါကို မကြိုက်ရက် မသုံးနဲ့တဲ့။ သူတို့လဲ ဘာမှ မတတ်နိုင်ဘူးတဲ့။ နောက်ဆို ငွေကို အချိန်မှန်
လာသွင်းဆိုပြီး ပြန်ပြောလွှတ်လိုက်ပါတယ်။

အခုတော့ လိုင်းက သုံးမယ်ဆိုရင်လဲ ညပိုင်းလောက်ပဲ နဲနဲကောင်းတတ်ပါတယ်။ တစ်နေကုန် ဘာမှကို သုံးမဖြစ်လောက်အောင် ဆိုးဝါးလွန်းပါတယ်။

Upload ကို ဓာတ်ပုံတစ်ပုံလောက်ပင် တင်လို့မရအောင်ကို လုပ်ထားပါတယ်။ RFA, VOA, ဧရာဝတီ၊ မဇ္စိမ၊ MPT(ဆက်သွယ်ရေးရဲ့စာမျက်နှာ) နဲ့

မြန်မာပြည်ရဲ့ အခြားလိုင်းတွေမှာ လူတိုင်းကြည့်လို့ရတဲ့ Site တွေကိုလဲ ပိတ်ထားပါသေးတယ်။ gtalk နဲ့ gmail တွေကို သုံးမရခဲ့တာ (၆)လ

ကျော်တောင် ကြာခဲ့ပါပြီ။
စတတ်ပြီး သုံးစဉ်ကတည်းက ဒီနေ့အထိ တစ်နှစ်လောက် ကြာလာခဲ့ပေမဲ့ ဒီလိုင်းကြောင့် နေ့စဉ်နဲ့အမျှ စိတ်ဒုက္ခသာ ရောက်နေရပြီး

ပြန်ဖြုတ်ချင်ရင်လဲ ငွေ(၁၅)သိန်းနဲ့ အသုံးပြုထားတဲ့ ပစ္စည်းတွေက အဆုံးပါ။ မဖြုတ်ဘဲဆက်နေပြန်တော့လဲ လစဉ်ကြေးတွေ သုံးလတစ်ကြိမ်

ပင်ပင်ပမ်းပမ်း ချွေးသွေးနဲ့ ရင်းပြီး ရှာထားသမျှကို လုံးခနဲ့ပုံပေးပြီး သူတို့ကို အလုပ်အကျွေးပြုရတဲ့ ၀တ်ကိုပဲ ခံရတော့မှာပါ။

ဘာလုပ်ရမှန်းကို မသိတော့တဲ့ စုပ်လဲဆူး စားလဲရူးဆိုတဲ့ ကျွန်ုပ်ရဲ့ဘ၀ကို အများသိအောင်သာ အွန်လိုင်းကနေ ရင်ဖွင့်ရပါတော့မည်။

မှတ်ချက်။ ကျနော်၏ ရေးသားမှုအတွက် အပြည့်အ၀ တာဝန်ယူပါသည်။ စကိုင်းနက်မှ တာဝန်ရှိသူများ မကျေနပ်ပါက ကျွန်ုပ်နှင့် အချိန်မရွေး

လာရောက်ဆွေးနွေးနိုင်ပါသည်။ ကျွန်ုပ်၏ ဤပို့စ်ကို ပြန်လည်လက်ဆင့်ကမ်း Share ပေးခြင်းဖြင့် ကူညီကြပါ။
  | News |  13 hours ago
မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေးကော်မတီမှ သတ်မှတ်ချက်များနဲ့ကိုက်ညီပြီး ဘဏ်စာရင်းတွင် အနည်းဆုံး အမေရိကန်ဒေါ်လာ ၁၀၀၀၀ ရှိသူ သင်္ဘောသားများကို ၂၀၀၇ မော်ဒယ်အထက် ကားများအားတင်သွင်းခွင့်ပြုခဲ့ပြီး ယာဉ်အစီးရေ ၃၀၀၀ အထိ သတ်မှတ်ပေးခဲ့ပါသည်။ ယခုအခါ ဇန်န၀ါရီ ၂၆ရက်တွင် သတ်မှတ်ထားတဲ့ အစီးအရေ ၃၀၀၀ အားလုံးပြည့်မှီသွားပြီဖြစ်ကြောင်း သိရပါတယ်။
ယခုလို မြန်မြန် သတ်မှတ်ထားတဲ့ Quota ပြည့်သွားခြင်းမှာ တရားဝင် သတ်မှတ်ချက်များနဲ့ကိုက်ညီသည့် သင်္ဘောသားများအား ကားတင်သွင်းပေးသည့် အကျိုးဆောင်ကုမ္ဗဏီများတိုးပွားလာခြင်းကြောင့်လဲ တစ်စိတ်တစ်ဒေသပါပါတယ်။
ယင်းအကျိုးဆောင်များက ကားသွင်းရန်အခက်အခဲရှိသည့် ဘဏ်ထဲတွင် သတ်မှတ်ထားသော ဒေါ်လာ ၁၀၀၀၀ အောက်နည်းသည့် သင်္ဘောသားများအတွက် Money Changer မှတစ်ဆင့် ငွေလဲလှယ်ကာ ဘဏ်ထဲသို့ ထည့်ပေးပြီး သင်္ဘောသားများမှာရှိသည့် SECD မှ သင်္ဘောသားဖြစ်ကြောင်း သက်သေခံအခွန် ဆောင်ထားတဲ့ ထောက်ခံချက်နဲ့အတူ စီးပွားကူးသန်းတွင် ပါမစ်စလစ်များသွားလျှောက်ပေးတယ်လို့သိရပါတယ်။ အမှန်တကယ်စီးနှင်းချင်သူတွေအတွက် အင်မတန်ကောင်းမွန်တဲ့ ၀န်ဆောင်မှုတစ်ခုဖြစ်ပါတယ်။ သို့သော် အချို့အကျိုးဆောင်များမှာ သင်္ဘောသားများဆီမှ SECD ထောက်ခံချက်ကို ငွေ ၁၆သိန်းခန့်ပေးဝယ်ပြီး စလစ်ရအောင်ထုတ်ကာ အခြားကားသွင်းချင်သူများကို စလစ်ကိုတစ်ဖန် သိန်း ၆၀ ခန့်ဖြင့် ပြန်ရောင်းသောလုပ်ငန်းများကိုလဲ ၀န်ဆောင်မှုပေးကြောင်း ကြားသိရပါတယ်။
ထို့ကြောင့် Free Market တို့၏ သဘောသဘာဝအတိုင်း ၀ယ်လိုအားများသည့်အတွက်သတ်မှတ်ထားသည့် ကားတင်သွင်းခွင့်အရေအတွက် ၃၀၀၀ ခန့်သည် အချိန်ကာလတိုအတွင်းမှာပင် ပြည့်နှက်သွားခဲ့ပါတယ်။ ယင်းအတွက်ကြောင့် ထောက်ခံချက်များကို ငွေကျပ် ၁၆သိန်းနဲ့ဝယ်ကာ စလစ်ထုတ်ပေးရန်စီစဉ်နေသည့် အကျိုးဆောင်များလဲ ယခုအခါ စလစ်ထပ်ထုတ်မရတော့သည့်အတွက် အဆိုပါ ကုန်ကျစရိတ်များ ရှုံးသွားပါတယ်ဟု အကျိုးဆောင်အချို့မှ ရှင်းပြပါတယ်။ ပိုပြီးထိခိုက်သွားသည်မှာ အမှန်တကယ်စီးနှင်းချင်၍ ကားသွင်းရန်ကြံစည်နေသည့် သဘောင်္သားများအတွက် ပါမစ်မကျန်ရှိတော့ခြင်းဖြစ်ပါသည်။ လက်ရှိတွင် တရားဝင်မှတ်ပုံတင်ထား သော နိုင်ငံခြား သင်္ဘောသားများမှာ သောင်းနှင့် ချီရှိနေကြောင်း သိရှိရသည်။ လက်ရှိအတွက် အကောင်းဆုံးပြေလည်အောင်ဖြေရှင်းနိုင်မဲ့နည်းများထဲမှတစ်ခုကတော့ စီးပွားကူးသန်းမှ သင်္ဘောသားများ အတွက် ထပ်မံကားတင်သွင်းခွင့်များထပ်ချပေးမလားဆိုတာပါပဲ။
အခြားအကြံဥာဏ်များရှိလျှင်လဲ ကျွန်တော်တို့ရဲ့ Forums မှာပဲဖြစ်ဖြစ် ၀င်ရောက်ဆွေးနွေးနိုင်ပါတယ်။
(ကိုးကား| ထွန်းလင်း – မြန်မာပို့စ် သတင်းဂျာနယ်)
 

ယုံကြည်မှု တည်ဆေက်ခြင်း

 
by မြန်မာ့ အရေး on Wednesday, 1 February 2012 at 12:53
အမှန်တကယ် ရှိခဲ့တဲ့ သားအဖအကြောင်း ရေးပြီးနောက်ပိုင်းမှာ… ဟိုးအရင်ကကြားဘူးတဲ့ သားအဖ အကြောင်းလေးတစ်ခု ကျွန်တော့ခေါင်းထဲ ၀င်လာပါတယ်…။
ဖခင်ဖြစ်သူက သူ့သားကို သင်ကြားပေးတာပါပဲ..။
လူ အတော်များများလည်း ကြားဘူးကြမှာပါ..။
  
ဖခင်ဖြစ်သူက ၅နှစ်အရွယ်ခန့် သားဖြစ်သူကို လူတစ်၇ပ် မရှိတရှိ ဗီရိုပေါ် တင်ထားလိုက်ပြီး ခုန်ချခိုင်းပါတယ်..။လက်ကိုဆန့်တန်းထားပြီး အောက်ကနေ ဆီး ဖမ်းမဲ့ ပုံမျိုးနဲ့ပေါ့..။
သားဖြစ်သူကကြောက်နေပါတယ်..။မခုန်ချရဲ ဘူးပေါ့..။ဒါပေမဲ့ ဖခင်က အတင်း သူ့ဆီ ခုန်ချဖို့ကိုသာ တွင်တွင်ပြောနေပါတယ်..။ သားဖြစ်သူကလည်း အောက်မှာ ဆီးဖမ်းမဲ့သူဟာ ဖခင်ပဲ(ယုံကြည်ရမည့်သူ) ဆိုတဲ့အသိနဲ့ ခုန်ချလိုက်ပါသတဲ့…။

အဲ့သည်အချိန်မှာ ဖခင်ဖြစ်သူဟာ ဆန့်တန်းထားတဲ့ လက်ကို ရုတ်သိမ်းပြီး မဖမ်းပဲ လွှတ်ပေးလိုက်ပါတယ်..။
သားဖြစ်သူကတော့ ကြမ်းပေါ်ကို ဘုတ်ကနဲ မည်အောင်ကို ကျသွားတာပေါ့..။
နာလည်းနာကျင်သွားပါတယ်..။နာကျင်မှုကြောင့် ဖြစ်တည်လာတဲ့မျက်ရည်၊ ဖခင်က လာပွေ့ချီမလားဆိုပြီး မျှော်လင့်နေတဲ့မျက်လုံးနဲ့ ဖခင်ကို မော့ကြည့်လိုက်ပါတယ်..။
ဖခင်လုပ်သူဟာ သူ့ကိုလာမထူပဲ ခပ်စိမ်းစိမ်း စိုက်ကြည့် နေပြီး ...
“မှတ်ထား မင်းကိုယ်မင်းကလွဲပြီး ဘယ်သူ့ကိုမှ မယုံနဲ့” ဆိုတဲ့… ..စကားတစ်ခွန်းပဲ ပြောဆိုကာ ထွက်သွားပါသတဲ့..။

ဒါပါပဲ…။

တချို့ကတော့ ဒါအမှန်ပဲလို့ ဆိုကြပါတယ်..။

ကျွန်တော်ကတော့ လက္မခံပါဘူး..။

စဉ်းစားမိတာက … မည်သူ့ကိုမှ မယုံကြည်ရဘူး ဆိုလျှင် သူ ဘယ်လိုရပ်တည်ရှင်သန်မလဲ…?
သူတင်မဟုတ်၊ကျွန်တော်တို့ လူအဖွဲ့ အစည်းပင် ရပ်တည်ရှင်သန်နိုင်မည်မဟုတ်ပေ…။

အခြေခံ ကျကျ စဉ်းစားကြည့်ရင် လူတစ်ယောက် လူ့လောကမှာ ပျော်ရွှင်စွာ ရပ်တည်ရှင်သန်ဖို့ သူ့ကို၊ သူ့ခံစားချက်ကို စာနာနားလည်ပေးနိုင်မဲ့.. သူ ယုံကြည်ရသူတစ်ဦး  မဖြစ်မနေ လိုအပ်ပါတယ်..။

ကျွန်တော်တို့ ၇ှင်သန်ကျင်လည်နေကြတဲ့ လူ့အဖွဲ့အစည်း အတွင်းမှာ တည်ဆောက်ကြရမဲ့ စီးပွားရေး ၊လူမှုရေး အစ… ကမ္ဘာလောကငြိမ်းချမ်းလှပရေး တည်ဆောက်ဖို့အဆုံး… ကျွန်တော်တို့တစ်ဦးချင်းကြားမှာ တစ်ဦးကိုတစ်ဦး အပြန်အလှန်ယုံကြည်မှုရှိနေဖို့ လိုအပ်ပါတယ်..။

ဆေးကုသနေချိန်မှာ လူနာဟာ ဆရာဝန်ကို အသက်နဲ့ရင်းပြီး ယုံကြည်နေရမှာ ဖြစ်သလို ၊တရားခွင်မှာ တ၇ားခံဟာ သူ့ကိုကာကွယ်ပေးနေတဲ့ေ၇ှ့နေကို ဘ၀နဲ့ရင်းပြီး ယုံကြည်နေရမှာ ဖြစ်ပါတယ်..။
နောက်ဆုံးပြောရရင် နေ့စဉ် ခရီးသွားလာရာမှာတောင် ယာဉ်မောင်းတွေအပေါ်မှာ အသက်ကိုဝကွက်အပ် ယုံကြည်မှုထားပြီး ခ၇ီးသွားလာနေ၇တာဖြစ်ပါတယ်..။ဒီယာဉ်မောင်းတွေကိုမှ မယုံကြည်ရင်လည်း ကျွန်တော်တို့ လိုရာခရီးကို ရောက်နိုင်စရာမရှိပါဘူး..။ တစ်စုံတစ်ဦးနှင့် ယုံကြည်မှုပျက်စီးပြီ ဆိုလျှင် အရာရာပျက်ဆီးဖို့သာ ရှိပါတယ်…။ 

ဒီနေရာမှာ မေးစရာရှိလာတာက ကျွန်တော်တို့ ဘယ်လိုလူတွေကို ယုံကြည်မှုထားမလဲ….?   ဆိုတာပါပဲ..။ 

ယုံကြည်မှုကို အလွဲသုံးစားလုပ်သူတွေ၊ ရရှိတဲ့အခွင့်အာဏာတွေကို အလွဲသုံးစား ပြုမူသူတွေ ရှိနေသမျှ ကာလပါတ်လုံး ကျွန်တော်တို့ မည်သူတစ်ဦးတစ်ယောက်ကိုမျှ  အပြည့်အ၀ယုံကြည်နိုင်မှာမဟုတ်ပါဘူး…။ ဒီလိုလူတွေကလည်း လူ့အဖွဲအစည်းအတွင်း နေရာစုံ အလွှာစုံမှာ ရှိနေဦးမှာပါပဲ…။ 

ဒီလူတွေကြောင့်ပဲ ကျွန်တော်တို့လူ့အဖွဲအစည်းကြားမှာ ယုံကြည်မှု မတည်ဆောက်တော့ပဲ နေသွားကြရတော့မှာလား….?
ဒီလူတွေကြောင့် လူ့အဖွဲအစည်း ငြိမ်းချမ်းလှပမှု ပျက်ဆီးကြရတော့မှာလား…?

မဖြစ်နိုင်ပါဘူး…။ အဖြစ်မခံနိုင်ပါဘူး..။
ကျွန်တော်တို့လူ့အဖွဲအစည်း ငြိမ်းချမ်းလှပအောင် မရှိမဖြစ်လိုအပ်နေတဲ့ ယုံကြည်မှုတည်ဆောက်ြခင်းကို ပြုလုပ်ကြရပါလိမ့်မယ်..။ 

ယုံကြည်မှုကို ဘယ်လိုတည်ဆောက်မလဲ…? 

ကျွန်တော်တို့က အခြားသူတွေကို မယုံကြည်ရဲဘူး၊ ကျွန်တော်တို့ရဲ့ယုံကြည်မှုကို အလွဲသုံးစား အလုပ်မခံနိုင်ဘူးဆိုရင်……. အခြားသူတွေက ကျွန်တော်တို့ကို ယုံကြည်လာအောင်၊ ယုံကြည်မှုထားချင်လာအောင် လုပ်ကြရပါလိမ့်မယ်..။

အဲ့ဒီအတွက် ကျွန်တော်တို့ကိုယ်၌က ပုံပြင်ထဲကဖခင်လို မဖြစ်ဖို့ အရေးကြီးပါတယ်..။ကလေးကိုခုန်ချခိုင်းပြီး မဖမ်းဆီးတဲ့(တာဝန်မယူတတ်တဲ့) ဖခင်မျိုး မဖြစ်ဖို့လိုပါတယ်..။
ပြောရရင် ကလေးရဲ့ ယုံကြည်မှုကို မဖောက်ဖျက်တတ်တဲ့သူ ဖြစ်နေရမှာပါ..။

ကျွန်တော်တို့ တစ်ဦးချင်းသည် (redemption)ကတိပေးထားသည့်အတိုင်းပြုလုပ်တတ်သော၊ (obligation)တာဝန်သိစိတ်၊(responsibility)တာဝန်ယူစိတ်ရှိသော သူမျိုး ဖြစ်နေရမှာပါ…။
ကျွန်တော်တို့ ကိုယ်တိုင်သည်ပင် ထိုစိတ်ဓာတ်မျိုးမွေးမြူနိုင်သည်…ဟု မိမိကိုယ်မိမိ ယုံကြည်နေရမည်ဖြစ်ပါသည်..။

ကိုယ်နဲ့ နှိုင်း မရိုင်း …ဟု မြန်မာစကားပုံရှိပါသည်..။
မိမိကိုယ် မိမိ ယုံကြည်မှုမရှိသောသူသည် အခြားသူများနှင့် ယုံကြည်မှု တည်ဆောက်နိုင်မည်မဟုတ်ပေ....။
မိမိကိုယ်မိမိ ယုံကြည်မှသာ အခြားသူများကိုပါ ယုံကြည်နိုင်မည် ဖြစ်သည်..။
ယုံကြည်မှုကို အရင်းတည်ထားသော နွေးထွေးသည့် ဆက်ဆံမှုဖြင့်သာ ကျွန်တော်တို့ ပတ်ဝန်းကျင်လူ့အဖွဲ့အစည်းကို သာယာလှပအောင် တည်ဆောက်နိုင်မည် ဖြစ်ပါကြောင်း လေးနက်စွာယုံကြည်မိပါတော့သည်..။

 (မြန်မာ့ အရေး)­­­­

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...