ပညာသင်ထောက်ပံ့ဆု/ပညာသင်ဆု ချီးမြှင့်ခံရတာ ရှက်စရာလား၊ သိမ်ငယ်စရာလား။
by Htein Lin Aung on Wednesday, 8 February 2012 at 14:14 ·
အခု ကျွန်တော်ရေးတဲ့ Note ဟာ အောက်ပါ Link ရှိ "လှူဒါန်းတတ်ကြပါစေ (ရှင်ရှင်မင်းသား ပြေတီဦး သို့) - ပြတိုက်" ကို ပြန်လည် ချေပရေးသားတာပါ။
ပြေတီဦး လို Celebrity တစ်ယောက် က အခုလိုမျိုး ပညာသင်ဆု ကို ဦးစိးဦးဆောင်လုပ်ပေးလိုက်ခြင်း အားဖြင့်၊ မှတ်တမ်းတင်ထုတ်ပြန်ခြင်းအာြး ဖင့်
မြန်မာပြည်သူ/သားတွေ က ကိုယ်နိုင်ငံပညာရေး အတွက် လှုဒါန်းဖို့လိုတယ်ဆိုတာ
ကို ပိုသတိပြုမိသွားပြီး ဒီလို ပညာသင်ဆုတွေ အများကြိးပေါ်ထွက်လာ မယ်လို
့မျှော်လင့်ပါတယ်။
အခုလိုမျိုး
ပြေတီဦးအနေနဲ့ ပညာသင်ထောက်ပံ့ဆုပေးအပ်ပွဲ အခမ်းအနားလုပ်ပြီး မီဒီယာထဲ
ထည့်တယ် ဆိုတာ သူတို့ ကြွားချင်တာ၊ ဂုဏ်ယူဝင့်ကြွားချင်တာ၊
အလှုရှင်မှန်းသိအောင် မဏ္ဍပ်တိုင်တက်ပြတာ ဖြစ်ကောင်းဖြစ်သလို သူအနေနဲ့ သူ
့အလှူဒါန ကို ဂုဏ်ယူတဲ့အနေနဲ့ ကျင်းပပြီး လူအများကို သိစေတာလည်း
ပါပါလိမ့်မယ်။
ဒီလို လူသိရှင်ကြားလုပ်လိုက်တဲ့အတွက်ေ ကြာင့်
မြန်မာပြည် က တခြားတတ်နိုင်တဲ့ပြည်သူတွေ အနေနဲ့ လည်း ပညာသင်ထောက်ပံ့ဆုတွေ
ပေးရကောင်းမှန်း ပိုသိသွားကြမယ်၊ ကိုယ်နိုင်ငံပညာရေး အတွက်
လှုဒါန်းဖို့လိုတယ်ဆိုတာ ကို ပိုသတိပြုမိသွားပြီး ဒီလို ပညာသင်ဆုတွေ
အများကြိးပေါ်ထွက်လာမယ်လို့ မျှော်လင့်ပါတယ်။
အခု ကလေးတွေ ပညာသင်ထောက်ပံ့ဆု ရတယ်ဆိုတာ သူတို့ ပညာတော်လို့ ရတာပါ။ ဒါ ဆယ်တန်းအောင်တဲ့သူတိုင်း ကို ပေးတာ လည်းမဟုတ်ပါဘူး။
ပညာသင်ထောက်ပံဆု၊ ပညာသင်ဆု ရတယ်ဆိုတာ ကလေးတွေအတွက် ရှက်စရာ မဟုတ်ပါ။ သိမ်ငယ်စရာလည်း မဟုတ်ပါ။
တကယ်လို
့ပညာသင်ထောက်ပံ့ဆု၊ ပညာသင်ဆုယူရတယ်ဆိုတာ ရှက်စရာ၊သိမ်ငယ်စရာလို့ ဆိုရင်
ဟီရိသြတ္တပ ဆိုတဲ့ အရှက်တရား၊ အကြောက်တရား ကို အဓိပ္ပာယ်ဖွင့်ဆိုချက်( Definition) ကို အသစ်ပြန်ဖွင့်ဖို့ လိုနေပါပြီ။
ကျောင်းသားတွေ
အနေနဲ့  ပညာသင်ဆု ဦးစီးပေးတဲ့ ပြေတီဦးဇနီးမောင်နှံ ကို
ကန်တော့တယ်ဆိုတာလည်း ဆိုတာလည်း ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာ နဲ့ အညီ
ကျေးဇူးရှိသူ ကို ကန်တော့တာပါပဲ။
နိုင်ငံတကာမှာလည်း
ပညာသင်ဆု၊ ပညာသင်ထောက်ပံ့ကြေးပေးပွဲ အခမ်းအနားတွေ ကို ပေးတဲ့နိုင်ငံရဲ့
ယဉ်ကျေးမှုထုံးတမ်းစဉ်လာနဲ့ အညီ ကျင်းပနေကြတာပါပဲ။
အထက်ပါဆောင်းပါးရှင်
ပြောသလိုသာဆို နိုင်ငံတကာ တက္ကသိုလ်တွေ က ကျွန်တော်တို့ နိုင်ငံ ကို
ပညာသင်ဆု/ပညာသင်ထောက်ပံ့ဆုတွေ ပေးနေတာ ကို ယူပြီးသွားတက်နေတဲ့
ကျောင်းသား/သူတွေ ကရော ရှက်ရမှာလား၊သိမ်ငယ်ရမှာလား။
ဒီနေရာမှာ
ကျွန်တော်လည်း မိဘက ၀န်ထမ်းမို့ လို ပညာသင်ဆုနဲ့ ကျောင်းတက်ခဲ့ရတာပဲ။
ဒါပေမယ့် ဒီအတွက် ရှက်စရာမဖြစ်ပါ။ မိဘအနေနဲ့ လည်း ငါ့သားသမီး ပညာတော်လို့ 
သူ့ ပညာဆက်နိုင်အောင် ပညာသင်ထောက်ပံ့ဆု ရတာပဲလို့ မြင်ပါတယ်။
ဂုဏ်လည်းဂုဏ်ယူပါတယ်။
နိုင်ငံတကာမှာဆို
အသက် ၁၆ နှစ်ပြည့်ပြီးသား လူငယ်တွေ ဟာ ပညာသင်ဆု/ပညာသင်ထောက်ပံ့ဆု ရအောင်
ဖြေရင်ဖြေ၊ ဒါမှမဟုတ် ကိုယ့်ဘာသာ အချိန်ပိုင်းအလုပ်လုပ်ပြီးကျော င်းတက်ရတာပါ။
သူတို့ ဆီမှာ အသက် ၁၆ နှစ်ကျော်ပြီး မိဘဆီက ကိုယ်သုံးဖို့ မုန့် ဖိုးကို လက်ဖြန့် တောင်း နေရရင် ရှက်စရာလို့ မြင်ပါတယ်တဲ့။
ဒီဆောင်းပါးရှင်
ပြောသလိုသာဆို နိုင်ငံတကာ က ပညာသင်ဆု/ပညာသင်ထောက်ပံ့ဆု ရနေတဲ့
ကျောင်းသား/သူတွေ အကုန်လုံး သိမ်ငယ်စိတ်ဝင်ရမလို ဖြစ်နေပါပြီ။
အခု ပညာသင်ထောက်ပံ့ဆု ရတဲ့ ကလေးတွေ ဟာ အလကားနေအလကား သူတို့ မိဘတွေ ဆင်းရဲလို့ ရတာမဟုတ်ဘူးဆိုတာ ပြန်စဉ်းစားဖို့ လိုပါတယ်။
သူတို့ အနေနဲ
့ဆယ်တန်းမှာ ထူးထူးချွန်ချွန်အောင်ခဲ့လို့ တက်ရောက်ခွင့်ရတဲ့
အသက်မွေးဝမ်းကြောင်းတက္ကသိုလ်ကို ဆက်လက်တက်ရောက်ခွင့် ရအောင် ကူညီကြတာပါ။
ဒီပညာသင်ထောက်ပံ့ဆု ဟာ ကလေးတွေ ကြိုးစားခဲ့တဲ့ အောင်မြင်မှုရလာဒ် ကို အသိအမှတ်ပြု ဂုဏ်ပြုချီးမြှင့်တာပါ။
ဒီကလေးတွေ သာ
ဆယ်တန်းမှာ ထိုက်တန်တဲ့ ကြိုးစားအားထုတ်မှု စတဲ့ ၀ီရိယ၊ ညာဏ်၊ ကံ
မလုပ်ခဲ့ရင် ပြေတီဦးဖောင်ဒေးရှင်း က သူတို့ ကို ဒီပညာသင်ထောက်ပံ့ဆု
ချီးမြှင့်ပါမလား။
လီကွမ်းယူရေးတဲ့
From Third World to First World (ဆရာဟိန်းလတ်ဘာသာပြန်တဲ့ အမျိုးသားစာပေ
ဘာသာပြန်သုတစာပေဆုရ "တတိယကမ္ဘာမှ ပထမကမ္ဘာ" ဘာသာပြန်စာအုပ်) မှာ ဆိုရင်
စင်ကာပူနိုင်ငံကို အခုလိုမျိုးဖြစ်အောင်တည်ဆောက်ခဲ့ တာ
အခြေခံလူတန်းစားတွေ၊ အစိုးရ၀န်ထမ်းတွေ ရဲ့ သားသမီးများ ဖြစ်တဲ့
ပညာတော်ပြီးဆင်းရဲတဲ့ ကျောင်းသား/သူများ ကို စင်ကာပူအစိုးရပညာတော်သင်ဆု
ချီးမြှင့်ပြီး နိုင်ငံခြားပညာတော်သင်လွှတ်ခြဲ့ ပီး ပြန်လာတဲ့သူတွေ နဲ့ တည်ဆောက်ခဲ့တာ လို့ ရေးထားပါတယ်။
ကျွန်တော် အနေနဲ
့ရုပ်ရှင်မင်းသား/မင်းသမီးတွေ အခုလိုမျိုး လူမှုရေးပရဟိတ လုပ်ငန်းတွေ
လုပ်တာကို ကိုပြေတီဦး အပြင် အန်တီဆွေဇင်ထိုက်၊ ဦးကျော်သူ၊ သျှားညို၊
ရဲတိုက်တို့ လုပ်နေတာ ကို ကြားနေမြင်နေရပါတယ်။ သူတို့ အားလုံးအတွက်
လေးစားဂုဏ်ယူပါတယ်။
အထက် Link က
ဆောင်းပါးရှင် ကတော့ ကိုယ်ကိုယ်တိုင် လည်း ကျောင်းသားတွေ ကို ပညာသင်ဆု
မပေးနိုင်၊ ပေးနိုင်တဲ့သူတွေ ကို လည်း အသားလွတ်ဝေဖန်ထားပြီး အလှူရှင် ရဲ့
လှူပြီးစေတနာပီတီကို ပျက်စီးအောင် လိုက်ဖျက်ဆီးလိုက်တာပါ။
ဘာပဲပြောပြော
ပြေတီဦးမောင်နှံ အပါအ၀င် ကောင်းတာလုပ်နေတဲ့သူတွေ ဟာ ဘယ်သူတွေဘယ်လို
အပြစ်ရှာဝေဖန်ဝေဖန် သူတို့ အနေနဲ့ ကောင်းတဲ့ အလုပ်တွေ ကို
ဆက်လုပ်သွားကြမှာပါ။
စကားချပ်။ ကျွန်တော် အနေဖြင့် ပြေတီဦးဖောင်ဒေးရှင်းပညာသင်ဆု ရထားသူလည်း မဟုတ်ပါ။
ရုပ်ရှင်မင်းသား အကယ်ဒမီ ပြေတီဦး ရဲ့ ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေဖြစ်ဖို့ နေနေသာသာ အပြင်မှာတောင် မမြင်ဘူးပါ။
အကယ်ဒမီရရင် ရတဲ့ အကယ်ဒမီကြယ်ကို ဖောင်ဒေးရှင်း ကို ထပ်လှူမယ်ဆို တဲ့ ကိုပြေတီဦး
၂၀၁၀ပြည့်နှစ်အတွက် အမျိုးသား ဇာတ်ဆောင်ဆု ကို
အာဒံရယ် ဧ၀ရယ်
ဒဿရယ် ဇာတ်ကား ဖြင့် ရရှိခြင်း ကို ဂုဏ်ပြုပါတယ်။ သာမန်
ရုပ်ရှင်မင်းသားမင်းသမီး အကယ်ဒမီရတာထက် နိုင်ငံ့ပညာရေး ကို
ဝိုင်းဝန်းကုညီနေတဲ့ သူ ရတာမို့ လို့ ပိုပြီး ၀မ်းမြောက်ဝမ်းသာဖြစ်မိပါတယ်။
နိုင်ငံတကာ မှာ ပညာသင်ဆုပေးအပ်ပွဲအခမ်းအနား ကျင်းပပုံများ ကို ထည့်သွင်းလိုက်ပါတယ်။
First Tang Yau Suk Yan Scholarship Awarding Ceremony Held
November 24, 2011
CMA and Donors Scholarship Presentation Ceremony 2011/12
December 2011
Award Ceremonies at UKC2011: KUSCO-KSEA Scholarship Awards | Print |
The 2011
KUSCO-KSEA Scholarship Award ceremony was followed in the same location.
This year, the top 20 graduate students from 68 applicantswere selected
to receive scholarships from KUSCO (15) and KSEA (5). The scholarship
winners received their awards ($1,500 scholarship and a certificate) at
the ceremony. At the end of the ceremony, all the award recipients
enjoyed the group photo session on a red carpet.
WebRepOverall rating
14 October 2011, Singapore –
More opportunities are now available for persons with disabilities to
broaden their network and meet potential employers. The Microsoft
Unlimited Potential Scholarship award presentation and IT Apprenticeship
graduation ceremony returned this year with the inclusion of two key
establishments to connect scholarship recipients and graduates with
prospective companies for employment possibilities – the Tripartite
Alliance for Fair Employment Practices (TAFEP) and Singapore National
Employers Federation (SNEF).
The 2010 Singapore Scholarship Award Ceremony
The 2010
Singapore Scholarship Award Ceremony was held on 15 July 2010 at 3:00pm
at Intercontinental Hotel. This year, there are 3 Cambodian students
awarded the undergraduate scholarship by 3 different universities in
Singapore:
WebRepOverall rating
ဒီမယ်ဗျ..ရှည်ရှည်ဝေးဝေးလျှောက်မပြောပါနဲ့..
ReplyDelete၁) ပညာသင်ထောက်ပံ့ကြေးအား ရှုတ်ချခြင်းမဟုတ်ပါ..
၂) ထောက်ပံ့ခြင်းသည် အင်မတန်ကောင်းပါသည်..
၃) ထိုကဲ့သို့ဖောင်ဒေးရှင်းများ (များများ) ပေါ်လာဖို့လည်း အလိုရှိပါသည်..
၎) ပြေတီဦးကိုလည်း ကျေးဇူးတင်ပါသည်..
သို့သော်..သို့သော်..
သို့သော် ဆိုတာ နားလည်ရဲ့လား.. သို့သော်ဆိုတဲ့ ကိတ်စ ကိုပဲ ရေးတာ.. တခြားဘာမှမပါဘူး..
ကန်တော့တာလည်း မင်္ဂလာ ဆိုတာသိတယ်..
လိုရင်းမသိပဲနဲ့ လျှောက်မပြောနဲ့..
ကျုပ်သာဆို ဒီ နည်းလမ်းမျိုးကို မသုံးဘူးဆိုတာ ကျိန်တွယ်ပြီးတောင် ပြောဝံ့ပါရဲ့.. ဒီလိုဆို ရှင်းပြီထင်ပါရဲ့..
ReplyDeleteme: ပျောက်နေပါလား..
ReplyDeleteThan: ဟုတ်ပါ့ အစ်ကိုရာ
အလုပ်လေး ဘာလေး လုပ်နေတာ
Sent at 2:02 PM on Friday
me: အမယ်..အလုပ်လေး..ဘာလေး ဆိုပါလား..
Than: ဟိဟိ
စာရိုက်ကူပေးနေတာ
Sent at 2:05 PM on Friday
Than: ထမင်းပြန်စားလိုက်ဦးမယ် အစ်ကိုရေ .. ခဏ တာ့တာ
Sent at 2:20 PM on Friday
Than: http://www.lubo601.com/2012/02/blog-post_3119.html#more
အစ်ကို တွေ့ပြီးသွားပြီလား
Sent at 5:40 PM on Friday
me: အခုကြည့်မယ်..
Than: ဟုတ်
Sent at 5:43 PM on Friday
me: ဖတ်ပြီးပြီ.
သူရေးတာတွေမှန်သားပဲ.. အရင်ကတည်းကသိသားပဲ..ဆိုလိုတာက..
Than: ဟုတ်
me: ပပလည်းသိမှာပါ..
Than: ဟုတ်
me: အဟက်.
ဟုတ်..ဆိုတာက ဘာတုန်း..
Than: ခေါင်းညိမ့်တာလေ
စကားထောက်တာ
me: ထင်သားပဲ.
စကားထောက်တာလို့..
Than: :)
အစ်ကို ဆက်ပြောမှာကို နားထောင်ဖို့ စကားထောက်ပေးတာ
Sent at 5:50 PM on Friday
me: အင်းဗျာ..မှန်တယ်၊ မှားတယ်ထားပါတော့.အစ်ကိုသာဆို.. ဒီနည်းလမ်းမျိုးကို မသုံးဘူးဆိုတာတော့.ကျိန်တွယ်ဝံ့ပါရဲ့ဗျာ..
Than: ဟုတ် ..
သူတို့ စေတနာ သူတို့အသိဆုံးပဲ ဖြစ်မှာပါလေ ..
သူတို့ သေချာပြန်သုံးသပ်ရင်ပေါ့
me: ဟုတ်ကဲ့..
Than: ညီမလည်း အဲဒီအပြုအမူကို မကြိုက်ဘူး
me: ဟုတ်ကဲ့..
Than: သူတို့ သတိမမူမိတာပဲလား တမင်လုပ်တာလားတော့ မပြောတတ်ဘူး
me: ခက်တာက စကားလုံးအများကြီးကို သုံးပြီး..ပြန်ခြေပတဲ့သူတွေကခြေပ..
နိုင်ငံတကာနဲ့နှိုင်းလို့နှိုင်း..
ဘာပဲဖြစ်ဖြစ် မကောင်းဘူးလို့ ဘယ်သူမှ မပြောပါဘူး..
ထောက်ပံ့ကြေးပေးတာကို..
အစ်ကိုလည်း ၀မ်းသာပါတယ်..
Than: ဟုတ်
me: ဒါပေမယ့်.. သူတို့က မင်းသား၊ မင်းသမီးတွေဆိုတော့..ပိုဆင်ခြင်သင့်တယ်ဗျ..
ဘာကြောင့်ဆိုတော့..သူတို့အဓိကအလုပ်က နာမည်ကြီးလေ.. ပိုက်ဆံရလေ..မဟုတ်လားခင်ဗျ..
Than: ဟုတ်
me: အခုဆိုရင် ဆွမ်းဆန်ထဲ ကြွက်ချေးရောသလို.. ကဲ့ရဲ့စရာ ဖြစ်ကုန်တော့တာပေါ့..
Sent at 5:55 PM on Friday
me: တဖက်ကလည်း..ဘေးလူနေရာကနေ ကြည့်တော့.. အလှူငွေပေးပြီး နာမည် အမြတ်ထုတ်သလို ဖြစ်ကရော..
Than: ဘာပဲဖြစ်ဖြစ် အခုလို မင်းအုပ်စိုးရေးလိုက်တာ သူတို့လည်း နည်းနည်းတော့ သတိထားဖြစ်သွားမှာပါ
me: ဟုတ်ပါ့..
Than: ဒါမှ နောက်ပိုင်း ဆင်ခြင်ဖြစ်မှာပေါ့
me: ပြန်ခြေပတဲ့လူတွေကိုပြောချင်တာကလည်း.. သူရေးတာတွေ မသိမှ မဟုတ်တာ..အကုန်သိတာပဲ..
Than: သူတင်မဟုတ်ဘဲ အခြားနာမည်ကြီး အနုပညာရှင်တွေရောပေါ့
me: နိုင်ငံတကာမှာလည်း ရှိတာပဲ..
ဒါပေမယ့်.. လက်ခံတဲ့သူတွေက ပြူံးနေတာပဲ..
စနစ်ချင်းမတူဘူးလို့ထင်တာပဲ..
Than: ဟုတ်
me: လိုရင်းခြုံကြည့်ရင်.. အမြတ်ထွက်တာက ပြေတီဦးပေါ့..
ကလေးတွေက ဇာတ်ပို့တွေ ဖြစ်သွားတယ်..
မုဒိတာက ပွားပြီးသားပါ..
Than: ဟုတ်
ဟုတ်
ဘာပဲဖြစ်ဖြစ် အဲဒီဆောင်းပါးက ရေးသင့်ပါတယ်
ဖေ့ဘွတ်မှာ ညီမ စပြီး ဖတ်မိတော့ ပြေတီဦးအတွက်ရည်ရွယ်ပေမယ့် ကိုယ့်ကိုယ်ကိုပါ သတိထားဖြစ်သွားတယ်
Than is typing…
နေပါဦးဗျ
ReplyDeleteအဲဒီပြေတီဦးဟာ ပကာသနစိတ်ရင်းခံရှိလားမရှိလားဆိုတာ မင်္ဂလာဆောင်
ပွဲကို ၆ ပွဲတိတိ ဘုရင့်သားတွေလို ကြီးကြီးကျယ်ကျယ် လုပ်သွားတာ
ကိုကျတော့ဘာပြောဦးမလဲ။ သူ့စိတ်ရင်းဟာ ပကာသနမက်တယ်မမက်ဘူး
ပေါ်ပြူလာဖြစ်ချင်တယ်မဖြစ်ချင်ဘူးဆိုတာရှင်းနေတာပဲမဟုတ်လားဗျ။
မပြေးသော်ကန်ရာရှိပါတယ်ဗျာ။စားကောင်းသောက်ကောင်းအောင်
အတင်ကြီးလည်းမိုးကြိုးပစ်ထန်းလက်နဲ့ကာလုပ်မနေကြစမ်းပါနဲ့။
"အခု ကျွန်တော်ရေးတဲ့ Note ဟာ အောက်ပါ Link ရှိ "လှူဒါန်းတတ်ကြပါစေ (ရှင်ရှင်မင်းသား ပြေတီဦး သို့) - ပြတိုက်" ကို ပြန်လည် ချေပရေးသားတာပါ။
ReplyDeletehttp://onlinepyadaik.com/profiles/blogs/4021190:BlogPost:413541"
နှင့်ပါတ်သက်၍ ပြတိုက်ထဲမှ ကွန်မင့်တစ်ခုကိုကူးယူတင်ပြပေးလိုက်ပါသည်။
ပြတိုက်သေးသေးလေးထဲမှ တဆင့်ကူးယူတင်ပြထားသည်ကိုချေပရန်လိုမည်မထင်ပါ။
ကွန်မင့်ပါအတိုင်းမင်းအုပ်စိုးက ပြတိုက်ထဲသွားရေးတာမဟုတ်ပါ။ တိုင်းသိပြည်သိ ပုံနှိပ်မီဒီယာတစ်ခုမှ စိမ်ခေါ်၍ထောက်ပြ
ရေးသားတာဖြစ်၍ အကယ်ဒမီမင်းသားတို့ဖက်မှလည်း တိုင်းသိပြည်သိ ပုံနှိပ်မီဒီယာများမှနေ၍သော်၎င်း
သတင်းစာမှသော်၎င်း ပြန်လည်ချေပသင့်သည်ဟုထင်မြင်မိပါသည်။
လူကြားထဲအော်ကြီးဟစ်ကျယ်ပြောခံရသည်ကို မီးဖိုချောင် ထဲမှာလိုက်ရှင်းပြ ချေပလုပ်နေသည်မှာ
အလွန်ပင်သတ္တိနည်းရာ ကြောက်ရွံ့ နေရာကျသည်ဟုထင်မြင်မိပါသည်။
"ကိုထူးဆန်း 1 နာရီ အကြာက မှတ်ချက်ပေးခဲ့သည်
Delete Comment
"ဒီပြတိုက်သာ တရားရုံးဖြစ်မယ်ဆိုရင် မင်းအုပ်စိုးရဲ့ ပို့စ်တောင်တင်ခွင့်ပေးမယ်မထင်..နော်"
ကိုလေသွေး မျက်စေ့ရှမ်းတယ်ထင်ပါရဲ့။
လှူဒါန်းတတ်ကြပါစေ (မင်းအုပ်စိုး၊ သရပါ မဂ္ဂဇင်း ဇန်နဝါရီ ၂ဝ၁၂)
မင်းအုပ်စိုးဒီထဲမှာလာရေးသွားတာလည်းမဟုတ်ရပါ။ တိုင်းသိပြည်သိမဂ္ဂဇင်းထဲမှာပုံနှိပ်ဖေါ်ပြပြီးရေးသွားတာဖြစ်ပါတယ်။
ကိုကြီးမိုင်းက ဒီပိုစ်လေးကိုစိတ်ဝင်စားစရာလို့ယူဆပြီး မျှဝေပါတယ်။ ကျွန်တော်တို့တွေကအမြင်လေးတွေ တင်ပြကြတာပါ။
"သူ.ဆီကိုတိုက်ရီုက်ပြောလို့ရရင် ဒီလိုလူသိရှင်ကြား ပြောဘို့ရည်ရွယ်ချက်မရှိပါနော်"
ကိုလေသွေးတို့အနေနဲ့ မင်းအုပ်စိုးကို အဲဒီမဂ္ဂဇင်းတိုက်ကနေတစ်ဆင့်ကန့်ကွက်လို့ရပါတယ်။
မင်းအုပ်စိုးကိုယ်တိုင်လည်း စိမ်ခေါ်ထားတာပဲမဟုတ်လားဗျာ။ ပုံနှိပ်မီဒီယာကနေ ပြန်ခုခံကာကွယ်ဖြေရှင်းကြပေါ့။
နိုင်ငံကျော်အကယ်ဒမီမင်းသားကြီးပဲ။သူတို့ဖက်ကပြန်ရေးပြီးပို့ရင်လည်း မီဒီယာအားလုံးက ထည့်သွင်းပုံနှိပ်ပေးမှာပါ။ ဒီပြတိုက်သေးသေးလေးထဲကနေ ကွန်မင့်လေးနဲ့ လာပြန်ခုခံကာကွယ်နေတာတော့သိပ်ပြီးထိရောက်မယ်မထင်ပါဘူး။
မင်းအုပ်စိုးကတိုင်းသိပြည်သိ ပုံနှိပ်မီဒီယာကြီးကနေ ဝေဖန်ထောက်ပြတာကို သူ့လိုပုံနှိုပ်မီဒီယာကြီးကနေ
တိုင်းသိပြည်သိ ပြန်မရှင်းရဲလို့များဒီပြတိုက်ချောင်ချိုချောင်ကြားထဲလိုက်လာပြီး တိုးတိုးတိတ်တိတ်လေးလာရှင်းပြနေကြသလား လို့တော့ထင်စရာဖြစ်နေတယ်ဗျ။အဲဒါကတော့တကယ်ကိုအံ့သြစရာကြီးနော်။
"ဒီစာစု ကိုဖတ်ပြီး စိတ်ထဲမှာ တစ်ခုခုခံစားသွားရလို့ ကျွန်တော့ဘက်ကိုတုန့်ပြန်ချင်တဲ့ ဆန္ဒရှိတဲ့ ဘယ်လို လူမျိုးမဆို
ကျွန်တော့်ကို တုန့်ပြန်ဖြေရှင်းလို့ ရပါတယ်။ ဘယ်လို ပုံသဏ္ဍာန်မျိုးနဲ့ပဲ တုန့်ပြန်တုန့်ပြန်၊ ဖြေရှင်းဖြေရှင်း ကျွန်တော့်
ဘက်ကတော့ အားလုံးအတွက် အဆင်သင့် ပါပဲ။""