၈၈ အပိုင်း ၂ - ၃ သို့မဟုတ် ရောက်တတ်ရာရာစကားများ---
ကျွန်တော်က ရန်ကုန်မှာ သေကံမရောက် သက်မပျောက် ဖြစ်နေပေမယ့် နယ်က ကျွန်တော့ရွာလေးမှာတော့ ကျွန်တော်က သေလူ ဖြစ်နေပြီ---------- ။
ဖြစ်ပုံက ဒီလိုဗျ---
အဲဒီတုန်းက ဖုန်းတွေ တီဗီတွေ လုံးဝမရှိဘူး တစ်ခုတည်းသော ဆက်သွယ်ရေးက ရေဒီယိုပဲ။ ရေဒီယိုမှာ သတင်းကြေညာတယ်။ ရန်ကုန်မှာ ကျောင်းသားအရေးအခင်းဖြစ်တယ်။ အဲဒီအရေးအခင်းမှာ ကျောင်းသား ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့သေတယ်။ ကျွန်တော့နာမည်က စိုးနိုင် --အဲဒီသတင်းနားထောင်မိတဲ့ ရွာသားက --
---- သွားပြီ ဒေါ်ကြီးတင်ရေ----- ခင်ဗျားသား သေပြီ။ ဦးညွန့်မောင် ခင်ဗျားသားသေတာ ရေဒီယိုမှာ ကြေညာတယ်ဗျ ----
ရွာသူရွာသားတွေဗျာ စက်မှုတက္ကသိုလ်ကျောင်းသားနဲ့ အထက်တန်းကျောင်းသား မှားရတယ်လို့။ အမေဆိုတာ ရင်ကွဲမတတ်ပဲ။ ဟိုး အဝေးကြီးကိုကျောင်း သွားထားတဲ့ အဖေ့ကိုလဲ ရန်လုပ်တယ်။ ငိုလဲငိုတယ်။ နောက်ရက်ကြတော့ ရွာနားနီးတွေပါ မသာလာမေးကြတယ်။ လူတွေဟာ ခြံထဲမှာ အပြည့်။ ပထမ သိပ်မယုံဘူး သို့လော သို့လော ပေါ့ . ။ အဖေက လည်း ဆွမ်းသွတ်တာတွေ ဘာတွေမလုပ်သေးနဲ့ဦး ငါရန်ကုန်ကို အခုချက်ချင်းလိုက်သွားပါ့မယ်။ နေကြပါဦးဟ . နာမည်တူမရှား လူတူမရှား။ မဟုတ်လောက်ပါဘူးကွ။ အဖေက သားဇောနဲ့။
ဖြစ်ချင်တော့ ညနေမှာ ကျွန်တော့ယောက်ဖ တောကအပြန် သူရဲပူးပါလာပါရော--- ခြံထဲက နွားတွေလည်း ထူးထူးဆန်းဆန်းအုန်းဒိုင်းကြဲေ
ကားတွေ ရထားတွေ အားလုံးဆက်သွယ်ရေးပြတ်တောက်နေတဲ
အဲဒီအချိန်မှာ စစ်တပ်က အာဏာသိမ်းပြီးသွားပြီ မာရှယ်လော ထုတ်ထားတယ်။ ညဘက်အပြင်မထွက်ရ အပြင်ထွက်လို့လမ်းပေါ်မှာတွေ့ရင် အစစ်အဆေး အမေးအမြန်းမရှိပစ်သတ်စေ-- နေ့ဘက် လူငါးယောက်အထက် စုပြီးလမ်းပေါ်မထွက်ရ တွေ့ရင် တစ်ခါတည်းပစ်သတ်စေ-- အဲဒီအမိန့် တကယ်လုပ်တယ် တကယ်လုပ်တော့လဲ ဘယ်သူမှ မလုပ်ရဲတော့ဘူး။ အာဏာသိမ်းတဲ့ညက ရေဒီယိုကအသံလွှင့်တယ်။ မခံချင်တဲ့သူက ထွက်တယ်။ ထွက်တော့တကယ်ပစ်တယ်။ တကယ်ပစ်တယ်ဟ ဆိုပြီးနောက်တော့မထွက်တော့ဘူး။
ဒီမှာတင် မင်းမဲ့စရိုက်တွေပျောက်ကုန်တယ်။ ကြားဖြတ်ပြောရဦးမယ် ကျွန်တော်တို့ရပ်ကွက်ထဲမှာ နာမည်ကြီးလူမိုက်တစ်ဦး ရှိတယ်။ လမ်းထိပ်မှာ အဲဒီလူ ထိုင်နေတုန်း ရပ်ကွက်ထဲက ကောင်လေးတစ်ယောက်က လမ်းသွားရင်း အမှတ်တမဲ့ ကြည့်မိလိုက်တယ်။ အဲဒီလူက မင်းငါ့ကိုဘာကြည့်တာလဲ ဆိုပြီး လက်လိမ်ချိုးလိုက်တာ အရိုးကျိုးပါရောလား အဲဒါ ကောင်လေးမိဘတွေက ဘာမှပြန်မတုန့်ပြန်ရဲတဲ့အပြင် အဲဒီလူမိုက်ကိုတောင် ပြန်တောင်းပန်လိုက်ရသေး.။ ခေတ်ကအဲသလို ပါ။ ကြောက်စရာကောင်းတယ်။ အရေးခင်းကာလ က မခြူးနာမည်ကြီးတယ်။ ခေါင်းပြတ်နှစ်လုံးကိုင်ပြီး ဘဲရီးဂွတ် ဘဲရီးဂွတ် လို့ဗီဒီယိုအရိုက်ခံတဲ့လူ လဲရှိတယ် ကမ္ဘာကျော်သွားတယ်။
ရုပ်ပျက်ဆင်းပျပ် အလောင်းကောင်ကို ထမ်းစင်ပေါ်တင်ပြီး ဓါးလွတ်တွေကိုင်ကာ အော်ဟစ်ပြီးလှုံ့ဆော်ကြတယ်း လမ်းဘေး ခေါင်းဖြတ်ခံထားရတဲ့အလောင်းတွေး ဂိုဒေါင်ဖောက်ကြ ဖောက်ထွင်ပစ္စည်းတွေရောင်းချကြ။ မင်္ဂလာတောင်ညွန့် (၆) လမ်းငံပြာရည်စက်ရုံ ဝင်လုကြတော့ ငံပြာရည်ကန်ထဲ မိန်းမကြီးတစ်ဦးကျသေ။ ကောင်းဦးမယ် ငံပြာရည်-----
အဖေက ဒီညပဲ ရွာကိုပြန်မယ် တစ်ရွာလုံးက မင်းကိုသေပြီလို့သတ်မှတ်ထားတာ ဒီည ရထားစထွက်မယ်လို့ပြောတယ် ဟုတ်ကဲ့ အရေးအခင်းဖြစ်နေတုန်းက မိဘကိုလုံးဝ သတိရတာမဟုတ်ဘူး။ ပတ်ဝန်းကျင်နိုင်ငံရေး လှိုင်းထဲမျောနေတာ နောက်က မိဘတွေစိုးရိမ်ပူဆွေးနေကြတယ်ဆို
ဒါနဲ့ မနက်အစောကြီးဘူတာကြီးကိုလက်မှတ်
`` ဒီည ရထားမထွက်ဖြစ်ဘူးတဲ့``
``ဒုက္ခ ပဲ ဘယ်လိုလုပ်ကြမလဲ ဘူတာထဲလဲ ညအိပ်လက်မခံဘူး``
``နောက်ပြန်မလှည့် ချင်ဘူး``
`` အဖေ-- ဘူတာနားမှာ အဖေ့ဇာတိရွာက လူတစ်ယောက်ရှိတယ်။ ကျွန်တော်တစ်ခေါက်
ရောက်ဖူးတယ် အဲဒီမှာ ပြောပြီးတည်းကြမလား``
``ဟုတ်လား ငါ့ရွာက ဆိုရင်သိလောက်တယ် အဲဒီလိုပဲလုပ်ကြတာပေါ့``
ရပ်ဆွေ ရပ်မျိုးဆိုတော့ အရေးကြုံတော့ အားကိုးရတယ်။ ဖော်ဖော်ရွေရွေပါပဲ။ မနက် ၁၀ နာရီလောက် ဘူတာရုံကို ချေလျှင်သွား ရထားလက်မှတ်ဖြတ်ဘို့ ရထားဂုံးကျော်တံတားကအဆင်း မင်းသားကြီးတေးသံသွင်းရှေ့ ---------
``ဒိုင်း``
လုံထိမ်းက ကစားဝိုင်းဒိုင်ကို ပစ်ထည့်လိုက်တာ။ မှောက်ရက်ကြီးသေရော-- ဗိုက်အောက်က သွေးတွေစီးဆင်းလာတာ ရေအိုးကျကွဲရင် ရေတွေစီးဆင်းသလိုပဲ။ မျက်စိရှေ့မှာ ကားလမ်းပဲခြားတယ်။ လမ်းဘေးမှာ လောင်းကစားဝိုင်းလုပ်ကြတယ်။ လုံထိမ်းလာတော့ ပရိသ၁တ်ကထွက်ပြေးတယ်။ ဒိုင်က ပိုက်ဆံကိုကျူံးသိမ်းနေတုန်း နောက်က ပစ်လိုက်တာ။ အဖြူရောင်ဝတ်ထားတဲ့ လုံထိမ်းသုံးရောက် အေးဆေးပဲ။ စကားတစ်ပြောပြောနဲ့ ။ အပျော်တမ်း အမဲပစ်ထွက်နေသလိုပဲ။ အလယ်ကလူကပစ်လိုက်တာ။ခဏနေ ကားရောက်လာတယ် အလောင်းကို ကားပေါ်ပစ်တင်လိုက်တယ်။ ပြီးပြီ။ ဒါပဲ။
အဲဒီနေ့က လည်းရထားကမထွက်ပြန်ဘူး။ အားနာနာနဲ့ တည်းတဲ့အိမ်ပြန်ရပြန်ရော။
ညဘက်ကျတော့ ရေဒီယိုက အဲဒီသတင်းပါလာတယ်။ မြန်မာ့အသံက ခုခံလို့ပစ်သတ်လိုက်ရကြောင်း ။ ဒိုင်ဟုယူဆရသူတစ်ဦး သေကြောင်း။ သတင်းထုတ်ပြန်တယ်။ BBC ကတော့ သေတာတစ်ယောက်မကဘူး (၇)ဦးအထက်ရှိကြောင်း ။ အနားမှာ ကွမ်းယာရောင်း နေတဲ့ ကုလားကြီးလဲပါကြောင်း။ မိန်းမပျိုလေးတွေလည်း ကားပေါ်ဇွတ်ဖမ်းတင်သွားကြောင်း မျက်မြင်သမားတစ်ဦးက သတင်းပေးပို့ကြောင်း-----------
အဲဒီကတည်းက နိုင်ငံရေးသမားတွေပြောတဲ့စကားဆိ
ဒီလိုရေးတော့ ဒီကောင်လည်း အစိုးရဘက်တော်သားလို့ ဝိုင်းပြီးဆဲမလား။ သာမန် နိုင်ငံသား တစ်ယောက်ပါဗျာ။ ဒါပေမယ့်ကျွန်တော်က ကျွန်တော်မွေးဖွားလာတဲ့ ဒီနိုင်ငံကိုချစ်တယ်။ ခေါင်းဆောင်တွေညံ့ဖျင်းခဲ့လို့ လွတ်လပ်ရေးရပြီးကတည်းက ဒီနေ့အထိ စီးပွားရေးတွေနောက်ကောက်ကျ။ ပညာရေးတွေနောက်ကောက်ကျ။ နည်းပညာတွေနောက်ကောက်ကျ ။ အရာရာ နောက်ကောက်ကျခဲ့ပေမယ့် --
ကျွန်တော်ဒီနိုင်ငံကို အချစ်မလျှော့ဘူး။
ကျွန်တော်ဒီနိုင်ငံကို အထင်မသေးဘူး။
အနာဂတ်မှာ ကျွန်တော်တို့နိုင်ငံ လက်မပြန်ထောင်နိုင်ဘို့ မျိုးဆက်သစ်လေးတွေကို ကျွန်တော်ပြောချင်တယ်။
ခံစားချက်ကို အလွယ်တကူ ရှေ့တန်းမတင်ပါနဲ့
အမှားအမှန်ကို ဝေဖန်ခွဲခြားသိနိုင်တဲ့ဥာဏ်ကို ရင့်သန်အောင်ကြိုးစားရင်း
နိုင်ငံတော်ကြီး ရဲ့သားကောင်းရတနာများဖြစ်အောင်ြ
ဒုက္ခပဲ--- မေးလ်ရှည်တာနဲ့ သူများတွေ အနှောင့်အယှက်ဖြစ်မှာစိုးပြီး အပိုင်းခွဲလိုက်တာပါ။ အပိုင်း ၃ ကိုမျှော်နေတယ်ဆိုတော့ ကြုံတွေ့ခဲ့ရတာလေးတွေ ကောက်သင်းကောက်ပြီး နိဂုံးချုပ်ပါ့မယ်။ အရေးအခင်းဖြစ်တာက -(၈-၈-၈၈) ကနေ (၁၈-၉-၈၈) နေ့ထိဆိုတော့ ရက်ပေါင်း (၄၂) ရက် တစ်လခွဲလောက်ပေါ့။ ဒီအတွင်းမှာ တုန်လှုပ်ခြောက်ခြားခဲ့ရတာလည်း တကယ်ပါ။
ကျွန်တော့်ဆီကို ညီငယ်တစ်ယောက်က မေးလ်တစ်ဆောက်ပို့လိုက်ပါတယ်။ ၈၈ သမိုင်းကြောင်းရေးထားတာပါ။ အဲဒီမေးလ်ကမီဒီယာသမားရေးတာမဖြစ်နိုင်ပါဘူး။ နိုင်ငံရေးသမားတစ်ယောက်ရေးထားတာ
လို့ ကျွန်တော်မြင်ပါတယ်။ မီဒီယာသမားရေးရင် အမြင်ကို အမြင်အတိုင်း အကြားကို အကြားအတိုင်း လိုတိုး ပိုလျှော့ မလုပ်ပဲ ပြည်သူသိအောင် ရေးမှ မီဒီယာကျင့်ဝတ်နဲ့ညီပါတယ်။
နိုင်ငံရေးသမားဆိုရင်တော့ ဖုံးသင့်တာဖုံး ချဲ့သင့်ရင်လဲပုံကြီးချဲ့ ကိုယ်လိုသလို ပြုပြင်တည်းဖြတ်ပြီးမှ ကိုယ်ဖြစ်စေချင်တာကို ပြည်သူတွေဖြစ်အောင် ရေးသားတာပါ။ အဲဒီမေးလ်ထဲမှာ အဲဒီလိုမျိုး မြှုတ်ကွက်တွေ။ ဖွကွက်တွေ တွေ့ရပါတယ်။ ကျွန်တော့အနေနဲ့ကတော့ မေးလ်ဂရုက ညီငယ် ညီမငယ်တွေကို ကိုယ်သိထားတဲ့အတိုင်း အမှန်တရားကိုပဲပြောချင်ပါတယ်။ သိစေချင်ပါတယ်.။ ၈၈ အရေးခင်းဟာ ကျောင်းသားတွေဦးဆောင်ခဲ့တာ မှန်ပါတယ်။ ဒါပေမယ့် ၁၉၂၀ ပထမကျောင်းသားသပိတ်လို တက္ကသိုလ် အက်ဥပဒေကိုမကျေနပ်လို့ မတရားလို့ စနစ်တကျ အစီအမံရှိရှိ ရည်ရွယ်ချက်ခိုင်ခိုင်မာမာနဲ့ ဆန္ဒပြခဲ့ကြတဲ့ သပိတ်မျိုးနဲ့ နိုင်းယှဉ်ရင်တော့ တန်းမဝင်ဘူးလို့ မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အစမကောင်းခဲ့လို့ပါ။
အဲဒီကာလ ပညာတတ်ကျောင်းသားအချို့ရဲ့ ရင်ထဲမှာ နိုင်ငံကိုအုပ်ချုပ်နေသူတို့ရဲ့ မတရားမှု အသိဥာဏ်နည်းမှု တွေကို မကြိုက်တဲ့ခံစားချက် ရင်ထဲမှာရှိနေမယ်လို့တော့ ယုံပါတယ်။ ဒါပေမယ့် တက္ကသိုလ်ကျောင်းသား အများစုကတော့ အဓိပတိလမ်း နဲ့ ကံ့ကော်တန်း ။ ဂျက်ဆင်နဲ့ ကွန်မိုဂေးရှင်း ဦးချစ် ဆိုင်။ ပုဂံလမ်း ။ သစ်ပုတ်ပင်။ အင်းယားကန်ဘောင် နဲ့ မြကျွန်းသာ စတဲံ့ တက္ကသိုလ်ရဲ့ ပျော်စရာဘုံတွေကြားမှာ နစ်မြောနေပါတယ်။
ကျွန်တော်တို့ကိုယ်တိုင် တက္ကသိုလ်ဆိုတာ လူငယ်တွေရဲ့မျှော်လင့်ချက် အိပ်မက်ဘုံပါ။ ရသစာပေ ဝတ္ထုတွေကတစ်ဆင့် ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ဇြစ်ခဲ့ပါတယ်။ ဒါကြောင့် ကျောင်းသားခေါင်းဆောင် တစ်ချို့ရဲ့ ရင်ထဲမှာ နိုင်ငံရေးခံစားချက်ရှိတယ်ဆိုတာ ယုံနိုင်ပေမယ့် ကျောင်းသားအများစုဆိုရင်တော့ မယုံပါဘူး။ စက်မှုတက္ကသိုလ်ကျောင်းသား နဲ့ အရပ်သား ရန်ဖြစ်တော့ ကျောင်းသားနှစ်ယောက်သေတာကို ကျောင်းသားထုက မခံချင်လို့ လူစုပြီး ရပ်ကွက်ကို အဲဒီတရားခံထုတ်ပေးဘို့ ပြောတယ် ။ မရတော့မီးရှိဲု့တယ်။ မီးသတ်ကားအဝင်မခံဘူး။ ကျောင်းသားထုနဲ့ဝိုင်းထားတယ်။ ၈၈ အရေးခင်းက အဲဒီကစတာ အမှန်ပဲ။ ဒါပေမယ့်နိုင်ငံရေးသမားတွေက အဲဒါကို မပြောချင်ဘူး။
အဲဒီအချိန်တုန်းက ရန်ကုန်ရော နိုင်ငံအနှံ့မှာ ဦးနေဝင်းအစိုးရကို ပြုတ်အောင်ဖြုတ်ချင်နေကြတဲ့ မြေပေါ်မြေအောက် နိုင်ငံရေးသမားတွေရှိကြတယ်။ ဒီနေရာမှာ အကြောင်းရှိလို့ ကြားဖြတ်ပြီးပြောစရာတစ်ခုရှိတယ်။ န-ဝ-တ လက်ထက် အတွင်းရေးမှုး(၃) ဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်ဝင်းမြင့် က ကျွန်တော်တို့ရွာသား။ သူရွာပြန်လာရင် ကျွန်တော်တို့ကလေးတွေကို သကြားလုံးတွေ မုန့်တွေ တစ်ရွာလုံးက ကလေးတွေကို ဝေပေးတယ်။ မုန့်စားရတော့ပျော်ကြတယ် မျှော်ကြတယ်။ သူက စစ်ဘက်တိုက်ခိုက်ရေးမှာ တော်တော်လက်သံပြောင်တယ်။ သူ့တပ်ရှိတဲ့နယ်မြေဆိုရင် ရန်သူက သူ့တပ်ကို အတတ်နိုင်ဆုံးရှောင်တယ်။ စစ်တပ်မှာ ဥပဒေရှိတယ် ရန်သူ့ဘက်က သုံ့ပန်း မိလာရင် မသတ်ရဘူး ။နောက်တန်းစစ်ခုံရုံးကို ပို့ပေးရတယ်။ သူက ဥပဒေအတိုင်း မသတ်ဘူး ။ နောက်တန်းမပို့ခင် အဲဒီရန်သူနဲ့ ရက်အတော်ကြာနေရတော့ သူတို့ကိုမှတ်မိနေတယ်။ နောက်တန်းစစ်ခုံရုံးကို ရန်သူကိုပို့ပြီး လပိုင်းအတွင်းမှာ အဲဒီရန်သူကို ပြန်ပြီးစစ်သုံ့ပန်းအဖြစ်ဖမ်းမိပြန်တယ်။ တော်တော်အံ့သြသွားတယ် ။ ဘာဖြစ်လို့လဲစစ်ကြည့်လိုက်တော့ နောက်တန်းက အရာရှိတွေက ပိုက်ဆံရရင် ရန်သူကိုရွေးလို့ရနေတာကိုး။ ကောင်းရောကွာ-- ငါတို့ကတော့ ရှေ့တန်းမှာ သူသေ ကိုယ်သေ အသက်ချင်းလောင်းကြေးထပ်ပြီးတိုက်လိုက်ရတာ။ သူတို့က နောက်ကနေအေးဆေး ပိုက်ဆံယူပြီး ရန်သူကိုတောထဲပြန်လွတ်ပေးတယ်---
-- အဲဒီနေ့က စပြီး ဦးဝင်းမြင့်စစ်တပ်က ဘယ်တော့မှ ရန်သူစစ်သုံ့ပန်း အရှင်မမိတော့ဘူး။ လက်နက်ဘယ်လောက် အသေဘယ်လောက် အဲဒီလိုပဲ သတင်းပို့ရတော့တယ်။ ရန်သူကိုနှစ်ခါမတိုက်တော့ဘူး။ ကလေးဘဝ လူကြီးတွေကပြန်ပြောပြလို့သိတာ။
ဘာကိုပြောချင်တာလဲဆိုတော့ ရန်ကုန်မှာနိုင်ငံရေးဒါရိုက်တာ တွေအများကြီးရှိတယ်။ ဇာတ်လမ်းမှာ ဝင်ကမယ့် ဇာတ်ကောင်တွေမရှိသေးလို့ စောင့်နေကြတာ။ ဟော-- ခုတော့ ထန်းသီးကြွေခိုက် ကျီးနင်းခိုက်ဖြစ်ပြီ။ ဦးနေဝင်းလည်း ကမ္ဘာမှာ “ သူတောင်းစားနိုင်ငံ“ လက်မှတ်ယူပြီး ပြန်လာခါစ။ ကမ္ဘာ့ဘဏ်က အကြွေးတွေ လျှော်ပစ်ဘို့ဆိုရင် ဒီလက်မှတ်ရှိမှ လက်ခံတယ် ။ အကြွေးမဆပ်နိုင်တော့ သိက္ခာသွားရောင်းရသလိုပေါ့။
၈၈ အေ၇းခင်းမတိုင်ခင် ဦးနေဝင်းကိုယ်တိုင် တစ်ပါတီစနစ်နဲ့ ဆက်သွားမလား ။ ပါတီစုံဒီမိုကရေစီစနစ် ပြောင်းရင်ကောင်းမလား ဆိုပြီး စိတ်ဓါတ်တွေယိုင်နေတဲ့အချိန်။ အဲဒီစကားက ဦးနေဝင်းကိုယ်တိုင်ပြောတာ တခြားလူပြောရင်တော့သေပြီ။
သြော်---ဒါနဲ့ ၈၈ မှာထင်ရှားတဲ့ အရေးပါခဲ့တဲ့ ဗိုလ်မှုးသော်က အကြောင်းလဲ ပြောရအုံးမယ်။ အရိုင်း ကာတွန်းဆွဲတဲ့ ကာတွန်းသော်က မဟုတ်ဘူးနော်။ တိုက်ရေယဉ် ၁၀၃ စာအုပ်ရေးတဲ့ ရေတပ်က ဗိုလ်မှုးသော်က. ။ ဒီလိုဗျ ဗိုလ်မှုးသော်က တိုက်ရေယဉ် ၁၀၃ နဲ့ ကင်းလှည့်နေတုန်း မုန်တိုင်းမိတယ် ။ တိုက်ရေယဉ် ပင်လယ်ထဲနစ်မြုတ်သွားတယ်။ အုပ်စုနှစ်စုခွဲပြီး သက်ကယ်ဘောလှေလေးနဲ့ ပင်လယ်ထဲမျောသွားတယ်။ တစ်ဖွဲ့ကတော့ အားလုံးသေသွားတယ်ထင်တယ် သတင်းမရတော့ဘူး။ ဗိုလ်မှုးသော်က ပါတဲ့ သက်ကယ်လှေပေါ်မှာတော့ တစ်ချို့သေပြီး လူနည်းနည်းပဲ အစာငတ် ရေငတ် ငါးစိမ်းတွေစား ဇင်ယော်ငှက်အစိမ်းစား နောက်ဆုံးသေတဲ့လူရဲ့ အလောင်းကိုတောင်စားရတော့မယ့် ကိန်းဆိုက်နေတယ်။ ရေငတ်လို့ ကျင်ငယ်ရေကိုလဲစမ်းသောက်ကြည့်ြ
ကတယ်။ ဒါပေမယ့် ဂျပန်ပင်လယ်ကူးသင်္ဘောကမြင်ပြီး ကယ်တင်လိုက်တယ်။ မသေပဲ အမိမြေပေါ်ချေချမိမှ ထောင်ထဲတန်းသွင်းလိုက်တယ်။ တိုက်ရေယဉ် ဆုံးရှုံးသွားလို့တဲ့။ အဲဒီလို ဦးဏှောက် ပျက်နေတဲ့ အစိုးရကို သူဘယ်ကျေနပ်တော့မလဲ။ ဒီတော့ ၈၈ မှာသူဒါရိုက်တာလုပ်ပြီပေါ့။
အရေးခင်းကာလ တစ်ရက်မှာ ရပ်ကွက်ထဲ မင်းလောင်းပေါ်သလို လူတွေ အုတ်အော်သောင်းနင်း ပြောဆိုနေကြတယ်။ ဘယ်သူထင်လဲ။ ဦးအောင်ဆန်းဦး --- ဦးအောင်ဆန်းဦး တဲ့ ။ ဗိုလ်ချုပ်အောင်ဆန်းသား ခေါင်းဆောင်မယ်တဲ့။ ဒါရိုက်တာတွေက နိုင်ငံရေးဇာတ်ခုံပေါ် ဝိုင်းပွေ့ပြီးတင်တယ်။ ဦးအောင်ဆန်းဦးက မလုပ်ဘူး မလုပ်ဘူး ဆိုပြီး ဟိုဘက်ကနေ ခုန်ချသွားတယ်။ဥပမာပြောတာနော်--
။ ရပ်ကွက်တိုင်းမှာတကယ်ကို အုတ်အော်သောင်းနင်းဖြစ်သွားတဲ့ ကိစ္စ ။ မီတဲ့လူတိုင်းသိတယ်။ နှစ်ရက်လောက်ကြာမှ မဟုတ်ဘူးတဲ့။ ဦးအောင်ဆန်းဦးမဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်တဲ့။ ဗိုလ်ချုပ်သမီးလေ။
ဒေါ်အောင်ဆန်းစုကြည် အဲဒီအချိန်မှာ ဒီမိုကရေစီခေါင်းဆောင်ဖြစ်လာတယ်။ ဒါရိုက်တာ ဦးသော်က နဲ့ ဦးတင်ဦးတို့တင်လိုက်တာပြောကြတယ်။ သေချာတော့မသိဘူ။ အော် သတိရတုန်းပြောရအုံးမယ် အဲဒီကာလက ဦးနေဝင်း ပြည်သူကို ရေဒီယိုကနေ တိုက်ရိုက်မိန့်ခွန်းပြောတဲ့အထဲမှာ “သေနတ်ဆိုတာ မိုးပေါ်ထောင်ပစ်တဲ့အရာ မဟုတ်ဘူး “လို့ ခြိမ်းခြောက်ပြောသွားတယ်ဗျ။ ပြည်သူကို ။ အဲဒါသာကြည့် ဘယ်လောက်ဦးဏှောက်ပျက်စီးနေတယ်
ဆိုတာ။
ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးစင်မြင့်ပေါ် တတ်ပြီးရက်ပိုင်းအတွင်းမှာပဲ စစ်တပ်က အာဏာသိမ်းပြီး မာရှယ်လောဥပဒေထုတ်ပြီး အုပ်ချုပ်လိုက်တယ်။ အရေးအခင်းလဲပြီးဆုံးသွားတယ်။
ဗိုလ်ချုပ်မှုးကြီးစောမောင်= ဂျိုကုတ် ဒူးကြီး ကျောပြောင် တဲ့
နှဖူးပြောင် ဒူးချောင်
ဦးမောင်မောင်
အရူးထောင်ကို ပို့လိုက် ပို့လိုက် တဲ့
ရရင် ရ မရရင်ချ ရရ မရရ ချ တဲ့ အိုး စုံနေတာပဲ။ ။
ရင်ထဲ အမှန်တိုင်းရှိသလိုပြောမယ်နော်
နောက်မှ လူကိုလာမဆဲကြနဲ့ ဟဲဟဲ ကြိုတားထားတာ။ ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးနိုဘယ်လ် ဆုရတာတော့ တော်တော် တန်တယ်ဗျ။ သူဘာမှ သိပ်မပင်ပန်းလိုက်ရဘူး။ သူနိုင်ငံရေးစင်ပေါ်ရောက်တယ် ခဏကြာတော့ စစ်တပ်ကအာဏာသိမ်းတယ်။ မာရှယ်လောထုတ်တယ် အဲဒီကျမှ တကယ်ပစ်တယ်။ အရေးခင်းပြီးသွားတယ်။ ကမ္ဘာက အံ့သြတုန်လှုပ်သွားစေတဲ့ လူအချင်းချင်း ခေါင်းဖြတ်သတ်တာတွေ မရှိတော့ဘူး။ ဒေါ်အောင်ဆန်းစုကြည် အဲဒီနှစ်မှာ ပူးတွဲ ငြိမ်းချမ်းရေးနိုဘယ်ဆုရတယ်။ ဒါပဲ။
စကားကတော့ အစီအစဉ်ကျမှာမဟုတ်ဘူး။ ဟိုရောက်ဒီရောက်နဲ့ဖြစ်နေမှာပဲ။ ၈၈ ဆန္ဒပြကောင်းနေတဲ့ အချိန်မှာ သမဂ္ဂတွေ မှိုလိုပေါက် ပေါ်လာတယ်။ အဲဒီအထဲက နာမည်ကြီးတဲကသမဂ္ဂက တော့ အိမ်ရှင်မများ သမဂ္ဂပါပဲ။ အိမ်ရှင်မ အမျိုးသမီးတွေစုပြီး သမဂ္ဂထူထောင်ပြီးတော့ အုပ်စုလိုက်လူစုပြီး ဆန္ဒပြစစ်ကြောင်းထွက်တယ်။ အိုးတွေ. ယောင်းမတွေ .ပုဂံ ခွက်ယောက်တွေကို ကိုင်ပြီးတော့ ရီဘို့လည်းကောင်း ပျော်ဘို့လည်းကောင်းတယ်ဗျ။ နောက်ထပ် ထူးဆန်းတဲ့သမဂ္ဂနှစ်ခုကတော့ ``သူတောင်းစား သမဂ္ဂ `` နဲ့ `` အခြောက်များ သမဂ္ဂ ``ပါပဲ။ တစ်ကယ်ပြောတာ လုပ်ကြံပြောတာတစ်ခု မှမပါဘူး။ ၈၈ မတိုင်ခင်က ရန်ကုန်မှာ သူတောင်းစား အရမ်းပေါတယ်။ ညဘက် ပန်းဆိုးတန်းဆိုတာ ညငှက် မိန်းမသားတို့ရဲ့ ဌာနချုပ်ပဲ။
ကျွန်တော်တို့က နေ့တိုင်းတော့ ဆန္ဒပြမထွက်နိုင်ဘူး။ တစ်နေကုန် လမ်းလျှောက်ရတာဆိုတော့ ပင်ပန်းတယ်။ နေ့တိုင်း မထွက်နိုင်ဘူး။ တစ်ရက်ခြားတော့ မပျက်ကွက်ဘူး။ ပျော်ဘို့ကောင်းတယ်။ စားဘို့မပူရဘူး။ နေရာတိုင်းမှာ အလှုရှင်အပြည့်ရှိတယ်။ ကိုယ့်အုပ်စုနဲ့ကိုယ် ကိုယ့်စစ်ကြောင်းနဲ့ကိုယ်ဆိုပါေ
တာ့။ တစ်အုပ်စုမှာ လူဦးရေကနည်းတာမဟုတ်ဘူး။ ဘာအန္တရယ်မှ မရှိပါဘူး။ စစ်တပ်ကလည်း သူ့သတ်မှတ်ဝင်းထဲမှာပဲနေတယ်။ တစ်ရက် အခြောက်များသမဂ္ဂ စစ်ကြောင်းနဲ့တွေ့တယ်။ အခြောက်တစ်ယောက်က တိုင်ပေးတယ်-----
``ဒီမိုကရေစီ ရရှိရေး ------`` အများစုက သံပြိုင်လိုက်ဆိုတယ်
``ဒို့ အရေး ပါလို့ဆို------``
``ဒို့ အရေး ပါလို့ဆို------`` ကနွဲ့ကလျ နဲ့ ။ ဘေးက စစ်ကြောင်းတွေက အားလုံး တဟားဟားနဲ့ ရီကြတယ်။ သူတောင်းစား သမဂ္ဂ စစ်ကြောင်းနဲ့လည်းဆုံဘူးတယ်။ ခွက်ကလေးတွေ ကိုယ်စီကိုင်လို့ပေါ့။ ဟီးး ဟီးးးး ။ စစ်တပ်ကလည်း စစ်ဝတ်စုံတွေနဲ့ ဆန္ဒပြပါဝင်လာတယ်။ ယူနီဖောင်းစုတ်စုတ်နွမ်းနွမ်းေ
လးတွေနဲ့။ အားလုံးက အဲဒီစစ်ကြောင်းတွေနဲ့ တွေ့ရင် သောင်းသောင်းဖြဖြ ကြိုဆိုကြ ။ လက်ဆွဲနှုတ်ဆက်ကြ။ လက်နက်တော့မပါဘူး။ စစ်သားအဆင့်တွေပဲဖြစ်မယ်။ အဲဒါတွေအားလုံးက အိုးကပ်စား ခွက်ကပ်စား အားလုံးမို့ လက်ခံကြိုဆိုပါတယ်။ ဒါပေမယ့် ယူနီဖောင်းအဖြူ ဦးထုတ်တွေစမတ်ကျကျ နဲ့ လမ်းပေါ်ထွက်ပြီး ဆန္ဒပြလာတဲ့ အကောက်ခွန်ဦးစီးဌာနကိုတော့ ကျွန်တော်နားမလည်ဘူး။ အဲဒီခေတ်က တကယ့်အဆီအနှစ်စားနေရတဲ့ မလိုင်စား လူတန်းစားတွေလေ။
နိုင်ငံရေးသမားတွေက စစ်အစိုးရကိုစိတ်နာအောင် စစ်အစိုးရကိုပြည်သူတွေက မုန်းတီးစပ်ဆုတ်ရွံရှာလာအောင် ရည်ရွယ်ချက်နဲ့ အချို့ဖြစ်ရပ်တွေကိုတော့ တကယ့်ဖြစ်ရပ်ထက် ပုံကြီးချဲ့ပြီး လုပ်ကြံသတင်းလွှင့်တာမျိုးတွေ အများကြီးတွေ့လာရတယ်။ ပြည်သူတွေကလည်း လွယ်လွယ်ဒေါသထွက် လွယ်လွယ်လက်သီးလက်မောင်းတန်း လွယ်လွယ်မိုင်ရူးရဲဆန်စွာ တုန့်ပြန်တိုက်ခိုက်ကြ တဲ့ အခါ သေကုန်ကြတဲ့သူတွေလည်း ရှိတယ်။ အဲဒီဖြစ်ရပ်တွေမှာ စစ်တပ် ကိုပိုမုန်းအောင်ဝါဒဖြန့်ကြပြန်
တယ်။ ကိုယ်ဖြစ်ချင်တာ ဖြစ်အောင်ရည်ရွယ်ချက်နဲ့ ပြည်သူတွေကိုစိတ်ဆိုးအောင် မဟုတ်တန်းတရား မြှောက်ပေးတာ သွေးထိုးတာ ဝါဒဖြန့်တတ်တဲ့ နိုင်ငံရေးသမားတွေဆိုရင် သိပ်မုန်းတယ်။ တကယ်သေတော့ပြည်သူက သေတာ။ မြှောက်ပေးတဲ့ သွေးထိုးတဲ့သူတွေက ကွယ်ရာက။ ဒါကြောင့် ကျွန်တော် နိုင်ငံရေးသမားမဖြစ်ချင်ဘူး။ ဖြစ်ချင်တာက မီဒီယာသမား ။ မီဒီယာသမားက ပြည်သူလူထုရဲ့ မျက်လုံး။ ပြည်သူလူထုရဲ့ နား ။ ပြည်သူလူထုကို အမှန်တွေပဲသိအောင်ပြောမယ့် ပါးစပ်။ မီဒီယာကျင့်ဝတ်မှာ သတင်းကို မပြုပြင်ရဘူး။ မသုံးသပ်ရဘူး ။ အရှိကိုအရှိအတိုင်းတင်ပြယုံပဲ။
ကြားတာ မြင်တာကို ကြားတဲ့မြင်တဲ့အတိုင်း ပြည်သူကို အမှန်တင်ပြရင်
မီဒီယာသမား
ကြားတာ မြင်တာကို ကိုယ်လိုချင်တဲ့ပုံစံဖြစ်အောင်ြ
ပုပြင်ပြီး ပြည်သူကို စည်းရုံးရင် နိုင်ငံရေးသမား . ကျွန်တော်ကတော့အဲဒီလို ယုံထားတယ်။
စစ်တပ်ကအာဏာသိမ်းလိုက်လို့ ၈၈ အရေးအခင်းအပြီးမှာ စစ်တပ်က ခေါင်းဆောင်တွေကို ညဘက်လိုက်ဖမ်းနေတယ်လို့ သတင်းပြန့်လာတယ်။ ဒါကြောင့် ကျောင်းသားတွေရော ခေါင်းဆောင်ခဲ့သူတွေရော တောခိုရှောင်ထွက်ကုန်ကြတယ်။ မိုးသီးဇွန် ဟာအဲဒီကတည်းက နာမည်ကြီးကျောင်းသားခေါင်းဆောင်ပါ။ ခွပ်ဒေါင်းရဲ့ စရိုက်နဲ့ညီတာ ကိုမိုးသီးဇွန်။ ဒေါက်တာအောင်နိုင် ။ ကိုထွန်းအောင်ကျော်။ ကိုမျိုးဝင်း ------ စတဲ့ အေဘီ အက်စ်ဒီအက်ဖ် ကျောင်းသားတပ်မတော်ပါ။ ကိုမင်းကိုနိုင် တို့ ကိုကိုကြီး တို့က ခွပ်ဒေါင်းစရိုက်မရှိဘူး။ သူတို့က မတရားတာကို မကြောက်ပဲပြောမယ်။ ဒါပေမယ့် ဖမ်းမလား ရိုက်မလား သတ်မလား --- ပြန်မတုန့်ပြန်ဘူး ငြိမ်းချမ်းစွာပဲဆန္ဒပြမယ်။ ဂန္ဒီကြီးနဲ့ နေရူး လိုပေါ့။ မတူဘူး။ ရည်ရွယ်ချက်တူတယ်။ တုန့်ပြန်ပုံမတူဘူ။ ခွပ်ဒေါင်းဆိုတာ ရန်မလိုတတ်ဘူးလို့တော့ပြောတာပဲ။ ခက်တာက ဒေါင်းတွေရဲ့သဘာဝကို ကျွန်တော်ကမသိဘူး။ ဒါကြောင့်မညင်းချင်ပါဘူး။ ကျွန်တော်က အညာသားဆိုတော့ တိုက်ကြက်အကြောင်းတော့ ကောင်းကောင်းသိတယ်။ တိုက်ကြက်တွေက ကိုယ့်အုပ်စုထဲက အချင်းချင်းဆိုရင် ဘယ်တော့မှ မခွပ်ဘူး။ အဲ -- အခြားအိမ် အခြားအုပ်စုက တိုက်ကြက်ဆိုရင်တော့ ခွပ်သလားမမေးနဲ့ ။ အသေကိုခွပ်တာ။ မြန်မာဆိုရိုးစကားရှိပါတယ်။ ဘာတဲ့ `` အိမ်ကြက် အချင်းချင်းအိုးမဲသုတ်ခွပ်ခိုင်
းတယ် `` ဆိုတာလေ။ ကြက်တွေရဲ့သဘာဝကိုသိထားတဲ့ လူတွေဟာ အိမ်ကြက်တစ်အုပ်စုထဲက အချင်းချင်းခွပ်စေချင်တဲ့အခါ နှစ်ကောင်လုံးကို အိုးမဲသုတ်လိုက်တယ်။ ဒီတော့ မမှတ်မိတော့ပဲ သဲကြီးမဲကြီး အသေခွပ်ပါလေရော။ လူတွေက အဲလိုယုတ်မာတာ။
အင်း ခွပ်ဒေါင်းတွေလဲ ဘယ်သူက အိုးမဲသုတ်လိုက်လဲ မသိဘူး။ အင်တာနက်ပေါ်ဖတ်ရတဲ့ ``မြောက်ပိုင်းအရိုးတွန်သံ`` ဟာ ဖတ်လိုက်တာနဲ့ ခေါင်းတွေတောင်ကိုက်တယ်။ တကယ်ရက်စက်ကြတဲ့ ၈၈ ရဲ့အရိပ်တွေပဲ။ ဒါ့ကြောင့် ကျွန်တော်ပြောတာ ခွပ်ဒေါင်းကိုကြောက်ပါတယ် လို့။ ။
ကဲတောင်ရောက်မြောက်ရောက် စကားတွေပြောလာတာ ဘယ်တွေရောက်ကုန်ပြီလဲ။ ကျွန်တော် ညီငယ် ညီမငယ်တွေကို တစ်ခုပဲ ဖြစ်စေချင်တယ်။ အွန်လိုင်းမှာဖြစ်ဖြစ် ဂျာနယ်မှာဖြစ်ဖြစ် စိတ်နာစရာ ဒေါသထွက်စရာ ရင်နာစရာ သတင်းတွေကို ကြားရ ဖတ်ရရင် အလွယ်တကူ အမြန်မတုန့်ပြန်ကြပါနဲ့။ မှားတတ်လွန်းလို့ပါ။ လူတိုင်းကိုယ့်လို ရိုးသားတယ်လို့ မတွေးကြနဲ့။ တစ်ချို့က ရည်ရွယ်ချင်ရှိရှိ ကြုံးသွင်းတတ်တယ်။ ဒါကြောင့် စိတ်ဆိုးတော့မယ်ဆိုရင် စဉ်းစားပါ နောက်တစ်ကြိမ်စဉ်းစားပါ နောက်ဆုံးတစ်ခေါက်စဉ်းစားပါဦး လို့ ။ ပြီးမှ သေချာပြီဆိုရင်ကိုယ်ကြိုက်သလို တုန့်ပြန်ပါ။ လောကဓံကို ခံနိုင်ရည်ရှိမှ အီးကျူ မြင့်မှာပေါ့။ မမှားစေချင်တဲ့စေတနာနဲ့ပါ။
အားလုံးရွှင်လန်းချမ်းမြေ့ပါစေ
သဘောထားမတိုက်ဆိုင်သူများကို အားလုံးပဲတောင်းပန်ပါတယ်။
ကိုစိုးနိုင်
0 comments:
Post a Comment