ဘာသာကူးပြောင်းခြင်း အမှတ်တရဆွေးနွေးခန်းမှတ်တမ်း
အချိန်ကား ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်၊ အင်္ဂါနေ့ည မင်္ဂလာရှိသော ညချမ်းသမယလေးပါ။ ကျွန်တော်ပါဝင်သော ဓမ္မဆွေးနွေးဝိုင်းလေးတခုရဲ့ တစိတ်တဒေသပေါ့။ လူစုံတက်စုံပါပဲ တရားဓမ္မတွေကို ဆွေးနွေးနေရင်းက ကျွန်တော်တို့ ဆိုဒ်ထဲရှိ ဘာသာခြားတဦး မေးစရာသံသယမေးခွန်းများနှင့်အတူ ရောက်လာရကား အားလုံးကလည်း ဝမ်းသာအားရ ဓမ္မနှင့်လျော်ညီစွာ ပြန်လည်၍ဖြေကြားကြတာ ပီတိဖြစ်စရာကောင်းသဗျာ။ အဲဒီမင်္ဂလာညချမ်းလေး ဆုံးကာနီး၊ နောက်တစ်နေ့သို့ ခြေလှမ်းစခါနီးလေးမတော့ ခရစ်ယာန်ဘာသာဝင်အစ်ကိုကား ဓမ္မကို ကောင်းစွာနှစ်သက်ခြင်းဖြစ်၍ ဗုဒ္ဓဘာသာဝင်အဖြစ်သို့ မိမိကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင်
ဇော်ထက်မောင်။ ။ ဆွေးနွေးကြလေဗျာ၊ နားထောင်နေပါ့မယ်ခင်ဗျာ။
Myo Aung။ ။ ဟာ တကယ့်အခွင့်ကောင်းပဲ၊ လူစုံသကိုး အားလုံးပဲ မင်္ဂလာပါဗျာ။ သိချင်တာလေးရှိလို့ ပြေးလာတာ အတော်ပဲ၊ မေးလို့များ ရနိုင်မလားခင်ဗျာ။
ကောင်းမြတ်မင်း။ ။ မေးပါခင်ဗျာ ရပါတယ်အစ်ကို။
kyaw htet။ ။ သိတဲ့လူဖြေမှာပါခင်ဗျာ။
Myo Aung။ ။ ဟုတ်ကဲ့ ဘုရားမှာ ဆရာမရှိဘူးနော် ဟုတ်ပါသလားခင်ဗျာ။
ကောင်းမြတ်မင်း။ ။ ဟုတ်ကဲ့သစ္စာလေးပါးတရားကိုသိတဲ့ေ
Myo Aung။ ။ ဒါဆို ဒုက္ကရစရိယာ ၆ နှစ်ကျင့်ပြီးတော့ သိကြားမင်းက ဆင်းပြီးတော့ စောင်းသံလေးနဲ့ဥပမာပေးတယ်ဆိုတာ
ဇော်ထက်မောင်။ ။ သြော် ဟုတ်ကဲ့ ကျွန်တော် ဖြေပေးရမလားခင်ဗျာ။
ကောင်းမြတ်မင်း။ ။ ဟုတ်ကဲ့ အဆင်ပြေပါတယ် ဖြေပါခင်ဗျာ။
ဇော်ထက်မောင်။ ။ ဟုတ်ကဲ့ အဲဒါ လူတွေ ရောထွေးပြီးတော့ ပြောတာပါ တကယ်တမ်း သိကြားမင်းက စောင်းဥပမာနဲ့ ပေးတာ လုံးဝမဟုတ်ပါဘူးခင်ဗျာ။
Myo Aung။ ။ ဟုတ်လား ဒါဆို အဲဒါက မဟုတ်ဘူးပေါ့၊ ရှင်းပေးပါဦးဗျာ။
ချာမတ်။ ။ အဲဒါက ဆရာတော်တစ်ပါးရှင်းထားတာရှိပါ
ဇော်ထက်မောင်။ ။ ဟုတ်ကဲ့ ဒါပေမဲ့ မြတ်စွာဘုရားက စောင်းဥပမာပေးပြီးတော့ ချွတ်ခဲ့တဲ့ ရဟန္တာမထေရ်မြတ်တစ်ပါးတော့ ရှိခဲ့တယ်ခင်ဗျာ၊ အဲဒါနဲ့ အမှတ်မှားပြောမိလို့ အဲဒီလိုဖြစ်ကုန်တာပါ။
ချာမတ်။ ။ ဟုတ်ပါတယ်အမှတ်မှားနေတာပါခင်ဗျာ
Myo Aung။ ။ အဲဒီအကြောင်းအရင်းလေးကို နည်းနည်းလေး ရှင်းပြလို့ ရနိုင်မလား ကိုဇော်ထက်ရေ။
ဇော်ထက်မောင်။ ။ ဟုတ်ကဲ့ ရပါတယ်ခင်ဗျာ၊ ဒါပေမဲ့ လိုရင်းလောက်ကိုပဲ ပြောမယ်နော်။ ဘုရားရှင်လက်ထက်တော်က သူဌေးတစ်ဦးအိမ်မှာ သားယောက်ျားလေး တစ်ယောက်မွေးတယ်၊ ခန္ဓာကိုယ်က ဘယ်လောက်နူးညံ့သလဲဆိုရင် ခြေဖဝါးမှာပါ မွေးညင်းနုပေါက်တဲ့အထိ နူးညံ့ပါတယ်။ အဲဒါကြောင့် သူ့ကို သောဏကောဠှဝိသ လို့ အမည်ပေးတယ်၊ သာသနာ့ဘောင်ထဲကို ဝင်တော့ အရှင်သောဏကောဠှဝိသလို့ ထင်ရှားတယ်ခင်ဗျာ။ လူ့ဘဝတုံးကတော့ ခြေနင်းနဲ့ အဆင်ပြေတယ် ရဟန်းဝတ်သွားတော့ ခြေနင်း မရှိဘူးလေ။
ချာမတ်။ ။ ဟုတ်ကဲ့ခင်ဗျ ဆက်ပါဦးနော်။
ဇော်ထက်မောင်။ ။ မြတ်စွာဘုရားပေးတဲ့ ကမ္မဋ္ဌာန်းကို စင်္ကြံလျှောက်ပြီးတော့ မှတ်လေရဲ့ဗျာ၊ ပင်ကိုယ်ကမှ အရမ်းနူးညံ့လွန်းလို့ ခြေဖဝါတွေကွဲကုန်တယ်။ ဒါနဲ့ လမ်းလျှောက်မရတော့ လေးဖက်ထောက်လက် စကြံ င်္သွားလို့ မှတ်ပြန်တယ်၊ လက်ဖဝါးနဲ့ ဒူးတွေပါ ကွဲကုန်တယ်။ ကျောင်းပတ်ဝန်းကျင်လည်း သွေးတွေချင်းချင်းကိုနီလို့ဗျာ။ နောက်ဆုံး လုံးဝမတတ်နိုင်တော့ အိပ်ယာထဲ ဘုံးဘုံးလဲရော။ အဲဒါနဲ့ မသိတဲ့ ပုထုဇ္ဇာန်ရဟန်းတွေက ဒီမထေရ်တော့ သူ့အသတ်တွေကို လိုက်သတ်နေတယ်၊ သွေးတွေကို နီရဲလို့ဆိုပြီးတော့ ဘုရားရှင်ကိုတိုင်လို့ မြတ်စွာဘုရားရှင်က အဲဒီမထေရ်မြတ်ရဲ့ ဥာဏ်ရင့်ကျက်ချိန်ကိုရောက်တာနဲ့ မထေရ်မြတ်သီတင်းသုံးရာ ကျောင်းဆီကြွမြန်းတော်မူလာတယ်
Myo Aung။ ။ ဟုတ်ကဲ့အစ်ကို ဆက်ပါဦးဗျာ။
ဇော်ထက်မောင်။ ။ အဲဒီမထေရ်မြတ်ဟာ လူ့ဘဝတုံးက စောင်းအတတ်မှာ တစ်ဖက်ကမ်းခတ် ကျွမ်းကျင်လို့ စောင်းကြိုးဥပမာနဲ့ ပမာတင်ဟောလေမှ တရားသဘောကို ကောင်းစွာသိပြီးတော့ ပဋိသမ္ဘိဒါပဋနှင့်တကွ ရဟန္တာဖြစ်တော်မူတယ်။ နောင်တစ်ချိန် ရဟန်းများ စုံလင်တဲ့အချိန်မှာ မြတ်စွာဘုရားက ချစ်သားတို့ ငါဘုရားဟောကြားခဲ့တဲ့ သစ္စာလေးပါး တရားကို ကောင်းစွာသောဝီရိယနဲ့ ကြိုးစားအားထုတ်ကြတဲ့ ငါဘုရားရဲ့ တပည့်သာဝကတွေထဲမှာ အရှင်သောဏကောဠှဝိသမထေရ်မြတ်ဟာ အသာဆုံးအမြတ်ဆုံးပဲ ဆိုတဲ့ ဧတဒဂ်ကို ရတော်မူတယ်ဗျာ။ ဒီလောက်ဆို အဆင်ပြေလောက်ပြီနဲ့တူတယ်နော်။
Myo Aung။ ။ ဟုတ်ကဲ့ နားလည်ပါပြီဗျာ၊ မလျော့မတင်းစောင်းကြိုးညင်းဆို
ကောင်းမြတ်မင်း။ ။ ကျွန်တော်တခုလောက်ပြောချင်တယ်
ဇော်ထက်မောင်။ ။ အဲဒါမဟုတ်ပါဘူးအစ်ကို။ ကျင့်ပြီးတော့ ခွေလဲကျသွားတယ် သတိလစ်သွားတယ်ခင်ဗျာ၊ အဲဒီအချိန်မှာ နတ်သားတပါးက အလောင်းတော်သေပြီအောက်မေ့တာနဲ့ သုဒ္ဓေါဓနမင်းကြီးကို သွားပြီးတော့ အရှင်မင်းကြီးရဲ့သားတော်ဟာ ဘုရားမဖြစ်ခဲ့ဘူး ခုကျင့်ကြံနေရင်းနဲ့သေလွန်သွား
ကောင်းမြတ်မင်း။ ။ ဟုတ်ကဲ့ နားလည်ပါပြီဗျာ။
Myo Aung။ ။ မေးတာက နည်းနည်းလေးရယ် အများကြီးသိရတယ် ကျေးဇူးကမ္ဘာပဲဗျာ။ ဒါနဲ့ဗျာ မြင်းမိုရ်တောင်ဆိုတာ တကယ်ရှိသလားခင်ဗျာ။ တချို့ကလည်း လေနဲ့ ခိုင်းနှိုင်းကြတယ် အဲဒါက အဆင်မပြေဘူးခင်ဗျ လေကို မမြင်နိုင်တာပဲရှိတယ်၊ ကျွန်တော်တို့တွေ လေရှိကြောင်း သိနိုင်တယ် လေတိုက်ရင်သစ်ပင်တွေလှုပ်တယ် ကျွန်တော်တို့ကိုလည်း ပွတ်တိုက်သွားတယ်၊ အဲဒါကိုကြည့်ခြင်းအားဖြင့် လေရှိကြောင်းသိနိုင်တယ်နော်၊ မြင်းမိုရ်တောင်ဆိုတာ တကယ်ရှိမယ်ဆိုရင် မမြင်ရဘူးပဲထားဗျာ သွားနေတဲ့ လေယဉ်တွေ ဝင်မတိုက်ကြဘူးလား။
ဇော်ထက်မောင်။ ။ ဟုတ်ကဲ့ သေသေချာချာနားထောင်နော်၊ မြင်းမိုရ်တောင်ဆိုတာ တကယ်ရှိပါတယ် ကျွန်တော်တို့တွေ မမြင်နိုင်လို့ မမြင်ရတာပါ၊ ရှေးတုံးကလည်း ဘယ်သူမှ မမြင်ခဲ့ကြပါဘူး။ အဲဒါကို မြင်ချင်ရင်တော့ ပဉ္စမဈာန်ကို ရအောင်အားထုတ်ပါ ပြီးရင် အဘိဥာဏ်ကို ရအောင်အားထုတ်ပြီးတော့ ဒိဗ္ဗစက္ခုအဘိဥာဏ်နဲ့ ကြည့်မယ်ဆိုရင် မြင်နိုင်ပါပြီခင်ဗျာ၊ အဲဒီမြင်းမိုရ်တောင်ရယ်မှမဟုတ်
Myo Aung။ ။ အဲဒါတော့ နည်းနည်းရှင်းလားပြီခင်ဗျာ ဒိဗ္ဗစက္ခုဆိုပေမဲ့ ကျွန်တော်တို့ဘာလို့ အဲဒါကို ဝင်မတိုက်မိကြတာလဲခင်ဗျာ၊ တိုက်တော့ရော ဘာမှမဖြစ်ဘူးလားခင်ဗျ။ ရဟန္တာရော မမြင်နိုင်ဘူးလားဗျာ။
ဇော်ထက်မောင်။ ။ ဟုတ်ပြီအစ်ကို အဲဒီမြင်းမိုရ်တောင်ဆိုတာက ရုပ်တရားထဲမှာပါတယ်ခင်ဗျာ ပထဝီရုပ်ပါပဲ၊ ဒါပေမဲ့ နူးညံ့သိမ်မွေ့တယ် ဝင်တိုက်ရင်လည်း ဖောက်ထွက်သွားတယ်၊ ကြည်လင်နေတဲ့မှန်ကို အလင်းဖောက်နိုင်သလိုကို ဖောက်သွားနိုင်တယ်ဘာမှမဖြစ်ဘူး
Myo Aung။ ။ သြော် ဟုတ်ကဲ့ ဒါဖြစ်မယ်နော် နတ်သြဇာကို လူတွေစားလို့ အစာမချေနိုင်တာ အလွန်နူးညံ့လို့၊ အစာရှိမှန်းကိုမသိပဲ အစာမချေလို့ အစာမကြေဖြစ်ပြီးတော့ သေတယ်ဆိုတာ အဲဒါကြောင်းလားခင်ဗျာ။
ကောင်းမြတ်မင်း။ ။ မှန်ပါတယ်ခင်ဗျာ။
ဇော်ထက်မောင်။ ။ ရဟန္တာဆိုတာ နှစ်မျိုးရှိတယ်အစ်ကို၊ ပဋိသမ္ဘိဒါပဋဆိုတာ အရဟတ္တမဂ္ဂ်အပါအဝင် ဈာန်ကိုပါ တခါတည်းရတယ်။ နောက်တစ်မျိုးကတော့ ဈာန်မရတဲ့ရဟန္တာပဲခင်ဗျာ၊ စာလိုတော့ မေ့သွားလို့ဗျာနော်။ အရဟတ္တမဂ္ဂ်ပဲသီးသန့်ရသွားတာပါ ပဋိသမ္ဘိဒါပဋနှင့်တကွဆိုရင်တော့ ဘာမှမလိုဘူး တစ်ခါတည်းမြင်တယ်၊ အဲဒါမဟုတ်ဘူးဆိုရင်တော့ အဓိဋ္ဌာန်နဲ့ ကြည့်မှ မြင်နိုင်မယ်အစ်ကို၊ သာမန်အားဖြင့်တော့ မမြင်နိုင်ပါခင်ဗျာ။
Myo Aung။ ။ ဒါဆို ဇဝေဇဝါဖြစ်စရာလေး နည်းနည်းထပ်မေးဦးမယ်ဗျာ။ ဘုရားဟောထားတယ်နော် စကြဝဠာဆိုတာ အနန္တကျယ်ပြောတယ်လို့။ ဒါပေမဲ့ စကြဝဠာတံတိုင်းဆိုတာလည်း ကြားဖူးတယ်။ ဒါဆို တံတိုင်းရှိတယ်ဆိုရင် Infinity ဆိုတာ ဘယ်လိုလဲဗျာ။
ဇော်ထက်မောင်။ ။ တယ်မေးတတ်သကိုးဗျ။ ဖြေမယ်နော် ကျွန်တော်တို့ဗုဒ္ဓဘာသာမှာ စကြဝဠာကိုသုံးတာ အဓိပ္ပါယ်နှစ်မျိုးရှိတယ်ခင်ဗျာ။ တစ်မျိုးကတော့ အဲဒီ Infinity ပဲ အဆုံးမရှိကျယ်ဝန်းတယ်။ နောက်တစ်မျိုးကတော့ ကျွန်တော်တို့ ကျွန်းလေးကျွန်းနဲ့ နေ ပါဝင်တဲ့ တစ်အုပ်စုကိုလည်း စကြဝဠာလို့ သုံးတယ်ခင်ဗျာ၊ အဲဒီအတွက် တံတိုင်းဆိုတာတော့ မရှိဘူး၊ ဒါပေမဲ့ ဟိုဘက် ဒီဘက် ခြားနားသတ်မှတ်ချက်လေးတော့ရှိ
Myo Aung။ ။ ကျေးဇူးတင်ပါတယ်ဗျာ ဒါဆို ကျွန်တော်တို့ကံကောင်းတာပေါ့နော
ဇော်ထက်မောင်။ ။ မှန်ပါတယ်ခင်ဗျာ။
Myo Aung။ ။ ကျေးဇူးတကယ်တင်ပါတယ်ခင်ဗျာ။ ဘာလို့လဲဆိုတော့ ကျွန်တော်ခုလိုမေးတာက အကြောင်းရှိပါတယ်ခင်ဗျာ။ အဖြေကိုတော့ ကျွန်တော်တကယ်မသိပါဘူးနော်။ မေးရတဲ့အကြောင်းအရင်းကတော့ ကျွန်တော်ကိုယ်တိုင် ဒီဘာသာကို မယုံကြည့်ခဲ့ဘူး။ ဘာလို့လဲဆိုရင် လူအများပြောနေတဲ့ ယုံမှားသံသယတွေကြောင့်ပါ။ အဲဒါတွေကို မရှင်းနိုင်တော့ မယုံဘူးလေ။ အဲဒီလိုပဲ သဒ္ဓါတရားနည်းပါးတဲ့ ဗုဒ္ဓဘာသာဝင်တွေ ခေါင်းပြောင်းကြတာလည်း ဒီလိုအရာတွေနဲ့ပဲ ဒီလို ဘာမဟုတ်တဲ့ အရာတွေကြောင့် တကယ့်သစ္စာတရားတွေလည်း မှားမှာပဲလို့ သံသယဝင်ကြလို့ နတ်ယောင်ယောင်တွေဖြစ်ကုန်တယ်၊ သွားပြီးမေးရင်လည်း တကယ့်အနှစ်တရားတွေပဲ ဟောလွတ်လိုက်ကြတော့ ဘယ်လိုသက်ဝင်နိုင်မလဲ ဘယ်ယုံမလဲ နဂိုကတည်းကမှ ဒီလိုသံသယတွေကြောင့် မသက်ဝင်တာ။ တကယ်တော့ ဗုဒ္ဓဟောခဲ့တဲ့အရာတွေဟာ သစ္စာတရားတွေမှမဟုတ်ဘူး တခြားအရာတွေလည်း အားလုံး အမှားမရှိဘူး၊ လက်ဆင့်ကမ်းရာက ပါးစပ်ရာဇဝင်ဆန်ဆန်ဖြစ်ကုန်လို့ အငြင်းပွားစရာတွေဖြစ်ကုန်တာလို့ ထင်တယ်။ ဥပမာအားဖြင့် ငတ်ပြတ်နေတဲ့ သူဆင်းရဲတစ်ယောက်ကို အရမ်းကောင်းတဲ့ ဘုရင့်ပွဲတော်အုပ်ကို သူအရမ်းဆာနေချိန်မှာကျွေးလိုက်
ကောင်းမြတ်မင်း။ ။ သာဓုဗျာ အစ်ကို့မှာ ဒီလိုအကြံအစည်လေးရှိလို့ ကျွန်တော်တို့ ဝမ်းမြောက်ကြရပါတယ်။
Myo Aung။ ။ ကဲ ကိုဇော်ထက်မောင်ရေ ဒီနေ့တော့ ကျွန်တော့ကို ဒီဘာသာထဲဝင်ခွင့်ပြုပါခင်ဗျာလို
ကောင်းမြတ်မင်း။ ။ အစ်ကို့သဘောပဲဗျာ ကျွန်တော်တော့ သာဓုခေါ်ပါတယ်ခင်ဗျာ။ ဦးဇင်းဘုရား ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်ရန်အလို
ဦးခေမာစာရ။ ။ ဒကာတော်မျိုးအောင်ရေ သရဏဂုံသုံးပါးနှင့်အတူ ငါးပါးသီလခံယူမလား။ ဗုဒ္ဓဘာသာဝင်ဖြစ်ဖို့က ဒီသရဏဂုံ တည်မှ အဆင်ပြေမှာပါ။ ဒကာ့အနီးမှာ ဦးဇင်းကိုယ်တိုင် လာရောက်ပို့ချပေးတယ်လို့ အာရုံပြုထားနော်။
Myo Aung။ ။ ဟုတ်ကဲ့ဦးဇင်းဘုရား တပည့်တော်အား ဂရုဏာရှေ့ထားပြီးတော့ သရဏဂုံသုံးပါးနှင့်တကွ ငါးပါးသီလအား ပေးပါရန် ဘုရားတပည့်တော် ရိုသေစွာနဲ့ လျောက်ထား တောင်းပန်ပါတယ်ဘုရား…..။
ဦးခေမာစာရ။ ။ ကဲ လိုက်ဆိုနော်ဒကာတော်..။
နမော တဿ ဘဂဝတော အရဟတော သမ္မာ သမ္ဗုဒ္ဓဿ မှစ၍ ငါးပါးသီလပေးခဲ့လေသည်။
ဦးခေမာစာရ။ ။ ဒကာတော် ခုချိန်ကစပြီးတော့ ဗုဒ္ဓဘာသာဝင်စစ်ဖြစ်သွားပြီကွာ အရမ်းမွန်မြတ်တယ်၊ ပီတိလဲဖြစ်တယ်၊ လိုအပ်တဲ့အကူအညီပြောပေါ့။
ကောင်းမြတ်မင်း။ ။ ကိုမျိုးအောင်ရေ....သာဓု...သာဓု
Aungaung။ ။ ....သာဓု...သာဓု...သာဓုပါ…
Whitecolor။ ။ ....သာဓု...သာဓု...သာဓု…ဦးဇင်း
ကိုညီညီတင်။ ။ သာဓု..သာဓု..သာဓု..ပါ..သံသရာဝဋ်
ဇော်ထက်မောင်။ ။ ....သာဓု...သာဓု...သာဓုပါအစ်ကို
ကိုရန်ပြေ။ ။ သာဓု...သာဓု...သာဓုပါကိုမ်ဳိးေ
Myonainghtoon။ ။ သာဓု သာဓု သာဓု ပါ
Than htike soe။ ။ သာဓု သာဓု သာဓု ဗ်ာ။ ၀မ်းမြောက်ဝမ်းသာကြိုဆိုပါတယ်ညီ
ဦးမောင်မောင်ထွန်း။ ။ တကယ့် အာဂလူ တစ်ယောက်အတွက် သာဓု သာဓု သာဓု ပါ
ရွာသူလေးချမ်းချမ်း(ရင်တွင်ြး
Myo Aung။ ။ ဟုတ်ကဲ့ ကျွန်တော့အဖို့တော့ တကယ့်နေ့ထူးနေ့မြတ်ပါပဲခင်ဗျာ။ တကယ်ကို ဝမ်းမြောက်မိပါတယ်။ မျက်ရည်တောင် ကျလာပြီဗျာ။ ခုချိန်ကစလို့ ကျွန်တော်ဟာ ခရစ်ယာန်ဘာသာဝင် လုံးဝမဟုတ်တော့ပါဘူးခင်ဗျာ။ ဗုဒ္ဓအဆုံးအမအပေါ်ကောင်းစွာသက်ဝင်
ဟုတ်ကဲ့ ကျွန်တော် ကျေးဇူးတင်ကြောင်း အထူးပြောကြာလိုပါတယ်ခင်ဗျာ…။ ခုလို ကျွန်တော့အား သရဏဂုံသုံးပါးနှင့်တကွ ငါးပါးသီလကို ဂရုဏာရှေ့ထား ပေးတော်မူသော ဦးဇင်း ဦးခေမစာရအား ကျေးဇူးတင်ပါတယ်ဘုရား…။
အစစ အရာရာမေးခွန်းများကို သည်းခံဖြေကြားပေးသော ဒီဗုဒ္ဓကမ္ဘာ ဓမ္မဆိုဒ်လေးထဲက ဓမ္မမိတ်ဆွေသူတော်စင်အစ်ကို၊ အစ်မများကိုလည်း ကျေးဇူးတင်ပါတယ်ခင်ဗျာ…။
ဒီလို ဓမ္မတရားတွေကို ယုံကြည်လာစေရန်အလို့ငှာ မေးလာသမျှသော သံသယမေးခွန်း၊ ဒွိဟမေးခွန်း၊ ပြဿနာဖြစ်စေနိုင်သော အများစုကို ဒေါသရှေ့မထားပဲ သဒ္ဓါတရားတိုးပွားလာစေရန် ခက်ခက်ခဲခဲ ဖြေကြားပေးခဲ့သော ကိုဇော်ထက်မောင်နှင့် ညီမလေးမဂျူး(တောသူမလေး) တို့အားလည်း ကျေးဇူးတင်ပါကြောင်း…။
ဒီလို တရားဓမ္မတွေကို သိခွင့် နာခွင့် မေးမြန်းခွင့်ရအောင်အလို့ငှာ ဆိုဒ်တည်ထောင်သူ ကိုကောင်းမြတ်မင်းအား အမှူးပြု၍ အားလုံးသော ဆိုဒ်အက်ဒ်မင် အစ်ကို၊ အစ်မများအား အထူးကျေးဇူးတင်ပါကြောင်း ကျွန်တော် မျိုးအောင်မှ ပြောကြားပါတယ်ခင်ဗျာ…။
Whtitcolor။ ။ သိတဲ့သူတွေကလည်း နားဝင်အောင်ပြောပြဖို့၊ ဒေါသရှေ့မထားမိစေဖို့၊ ဒါလေးတွေ အရေးကြီးတယ်။ အားလုံးသိအောင် ဘလော့ခ်တင်လိုက်ပါလား…။
ကောင်းမြတ်မင်း။ ။ ကိုမျိုးအောင်ခင်ဗျာ…ဒီည ကျွန်တော်တို့ရဲ့ဆွေးနွေးဝိုင်း
Myo Aung။ ။ အာ အစ်ကို အဆင်ပြေပါတယ်ခင်ဗျာ ခွင့်ပြုပါတယ်အစ်ကို၊ တင်နိုင်ပါတယ်ခင်ဗျာ။
ကောင်းမြတ်မင်း။ ။ ကျေးဇူးတင်ပါတယ်အစ်ကိုမျိုးအော
Than htike soe။ ။ အင်း ညတိုင်း မင်္ဂလာရှိအောင် ကြိုးစားနေပါတယ်ဗျာ။ အားလုံးလဲ ကြိုးစားဖို့ တိုက်တွန်းပါရစေနော်….။
မှတ်ချက်။ ။ကာယကံရှင်ကိုတိုင်ကခွင့်ပြုပါ
ဦးဇင်းပို့စ် အမြဲတင်ပြီး အမေးအဖြေများလုပ်ပေးနေသော ဗုဒ္ဓကမ္ဘာဆိုဒ်တွင် တင်ထားတာကို အများသိအောင် ပြန်လည်မျှဝေလိုက်ပါသည်။
http://www.kzarboworld.com/

0 comments:
Post a Comment