Monday, February 20, 2012

ဗိုလ်ချုပ်မသေ

> သခင်မျိုး
> (၁)
         ‘ ဗိုလ်ချုပ်အောင်ဆန်းက တကယ်မသေဘူးကွ’ ဘ ပြောစကားကြောင့်
> ကျွန်တော် ထိတ်လန့်အံ့သြ သွားသည်။  ‘ဗျာ….ဟုတ်ရဲ့လား’
> ‘အေးကွတကယ်သေတာမဟုတ်ဘူး’ ဘကအတည်ပြုသည်။ ဘ အမည်က ဘကျော်ရေး။ ထိုင်လိုက်
> လျှင် ဒူးနှစ်လုံးကြား ခေါင်းဝင်သွားအောင်ခါးက ကိုင်းနေရာ ခေါင်း (၃)လုံးနှင့် အဘိုးအိုဟု ပြောရပေမည်။ ဘနေရပ်က နတ်မောက်မြို့ တောင်ရွာကြီး ယခုသော် အောင်ဆန်းရပ်။ ဘအသက်က အမေစု (ဗိုလ်ချုပ်မိခင်) တို့နှင့် မတိမ်းမယိမ်း ဖြစ်မည်။ ကျွန်တော်က ‘ဦး’ ဟုခေါ်သော
> ဦးတော်အောင်၏ဖခင်။ ဦးတော်အောင် ဇနီးက ဒေါ်ရွှေဆင် ကျွန်တော်ကအမ ဟုခေါ်သည်။
> သူတို့အိမ် က ဗိုလ်ချုပ်အောင်ဆန်းဝိုင်း (ယခုပြတိုက်)
> ၏တောင်ဘက်ကပ်လျက်မှာနေသော တောင်သူကြီး များ။ အမ၏အကိုကဦးကြီးဟံဟု ခေါ်သော
> ကျောင်းအုပ်ဆရာကြီး ဦးဟံသ။ ဗိုလ်ချုပ်နှင့် ကျောင်းနေဘက်  သူငယ်ချင်း။

>             ဘကျော်ရေးထိုစကားပြောတော့ ဗိုလ်ချုပ်တို့ကျဆုံးပြီးအနှစ်၂ဝခန့်အကြာ။ ကျွန်တော်ကကျောင်းသားပေါက်စ။ ဘ ပြောစကားကိုကျွန်တော်နားမလည်။ လက်မခံပါ။ ပြန်ပြီး စောဒနာသည်။
>             ‘ မဖြစ်နိုင်ပါဘူး ဘ ရာ။ ဗိုလ်ချုပ်
> တို့ကျဆုံးသွားတဲ့အကြောင်း ကျောင်းမှာလဲသင်ရတာပဲ ဘ ရဲ့။ နောက်ပြီး
> အမေကြီး (အမေ၏အမေ။အဖွား) ကလဲပြောတယ်။ ဗိုလ်ချုပ်တို့အသုဘကို အမေစုခေါ်လို့
> အမေကြီးတောင် ရန်ကုန် လိုက်သွားရသေးတယ်။ ဂျူဗလီဟောမှာတဲ့ ဘ ရဲ့။’
>
>             ကျွန်တော့်စကားကို ဘ ကပယ်ချသည်။
> ‘မင်းနားမလည်နိုင်သေးပါဘူးကွာ။ ကဲ….ဗိုလ်ချုပ်ကို ဂူသွင်းပြီး ဘယ်သူ
> ပြန်ဖွင့်ကြည့်လို့လဲ။ အေး ဘယ်သူမှမသိနိုင်ဘူး။ ဗိုလ်ချုပ်က
> ထွက်သွားပြီကွ။ အဲဒါပဲ။’
>
>             ဘကို ဆက်ပြီးမမေးဖြစ်တော့ပါ။ ထိုညက ဘ အိမ်အပေါ်ထပ်
> ရေနံဆီမီးခွက် အလင်းရောင်မှိန်မှိန် အောက်တွင် ဘပြောသော စကားကို
> မှုံဝါးဝါး ကျွန်တော်နားမရှင်းခဲ့။ ခေါင်းသုံးလုံးနှင့် အဘိုးအိုက မူလတန်း
> ကျောင်းသားနှင့်မတန်သော စကားတွေ ကျွန်တော့်ကိုဘယ်လို
> ရည်ရွယ်ချက်နှင့်များ ပြောခဲ့တာပါလိမ့်။ ‘ ဗိုလ်ချုပ်တကယ်မသေ’ တဲ့။
>
> (၂)
>
>             ‘ဗိုလ်ချုပ်အောင်ဆန်းကအဘတို့နယ်ကို လာပြီးတရားဟောတယ်။
> ဘုန်းကြီးကျောင်းအပေါ်ထပ်စင်္ကြန်မှာ ရပ်ပြီး တရားဟောတယ်။ ကျောင်းအောက်မှာ
> ပရိတ်သက်က ညို့နေတာပဲ။ အဲဒီအချိန်မှာ လေ ယာဉ်ပျံ ကလာပြီး စက်သေနတ်နဲ့
> လာပစ်တယ်။ ဘုန်းကြီးတွေရော လူတွေရော ပြေးလိုက်ဝပ်လိုက်ကြ တာမပြောနဲ့။
> လူအသေအ ပျောက်မရှိပေမဲ့၊ ဘုန်းကြီး ကျောင်းကြီး တစ်ကျောင်းလုံးကျည်ထိလို့
> ရစရာမရှိ အောင်ဖွာလံကျဲသွားတာပဲ။ ဗိုလ်ချုပ်ကတော့လေယာဉ်ပျံက စက်သေနတ်နဲ့
> ပစ်တာဂရုတောင်မစိုက်ဘူး။ သူ့နေရာမှာသူရပ်လျက်ပဲတဲ့။ သိပ်သတ္တိ ကောင်းတာ။’
>
>             လွန်ခဲ့သော ၁၅ နှစ်ကျော်က အဘမြပြောပြခဲ့သောစကားဖြစ်သည်။
> အဘမြက ဟင်္သတနယ်မှဟုထင်သည်။ အဂ္ဂိရတ်နှင့် တိုင်းရင်းဓါတ်ဆေးပညာတွင်
> ဗဟုသုတအလွန်များသော ဆရာအိုကြီး။ အသက်က(၇ဝ)ကျော်။ အဘစကား ကို နားထောင်ရင်း
> ဗိုလ်ချုပ်၏သတ္တိကိုလေးစားရိုသေစိတ်တဖွားဖွားဖြစ်ခဲ့သော်လည်း
> အဖြစ်အပျက်ကို ဂဃဏန မမေးမိ။ ယခုမှ သိချင်နေသည်။ ဆရာမြကြီးကတော့
> ဆုံးပါးသွားရှာပြီ။ ဆရာမြကြီး နှင့် ဆရာဒကာဖြစ်သော
> ဘောက်ထော်ကျိုက်လတ်ပစ္ဆိမာရုံ ဆရာတော်ကြီးကတော့ ကျန်းကျန်းမာမာရှိသေးသည်။
> ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည် တို့ လက်ထက်က
> စကိုးကွယ်ခဲ့သောကျောင်းဖြစ်သည်။ ဆရာမြကြီးပြောခဲ့သော
> စကားအတွက်သဲလွန်စရတန်ကောင်း ပါရဲ့။
>
> အဘမြကျွန်တော့်ကိုပြောပြစဉ်က စကားကုန်ဟုတ်ဟန်မတူပါ။
> ကျွန်တော့်ဥာဏ်နုသေးသဖြင့် ချန်ထားခဲ့သော စကားများရှိခဲ့ပုံရပါသည်။
> အဘမြချန်ထားခဲ့ပုံရသောစကားကိုမဟာဗောဓိမြိုင်ဆရာတော်ထံမှကြားသိရသည်။
> လွန်ခဲ့သော (၁၅)နှစ် ကျော်က ဆရာတော်ဘုရားကြီးက
> ကျွန်တော့်ကိုမိန့်ဘူးပါသည်။ “ဒကာကြီးတို့ ဗိုလ်ချုပ်ကို ရာကျော်ဆရာတော်
> ကြီးက ဓါတ်လုံး(၁)လုံးချီးမြှင့်ထား တာဗျာ…။ အဲဒီနေ့ (ကျဆုံးသည့်နေ့)က
> ရုံးသွားတာယူမသွားမိဘူးတဲ့ဗျ… လက်ကိုင် ပုဝါလေးနဲ့ထုတ်ပြီး ဘုရား
> စင်ပေါ်မှာ ကျန်ခဲ့တယ်လို့ တို့ဆရာ ကပြောဘူး တယ်ဗျ”…
>
>              ဆရာတော်သည် ဝေဘူဆရာတော်၊ မဟာစည်ဆရာတော်၊
> ရွှေတောင်ကုန်းဆရာတော်ကြီးများထံမှ နိဿရည်း ခံယူ၍ တောတောင်များတွင်
> ဧကစာကျင့်သုံးနေသော ပုဂ္ဂိုလ်ထူးတစ်ပါးဖြစ်ကြောင်း ပရိသတ်အများ သိကြပါသည်။
> ဆရာတော်ဘုရားကြီး၏ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်ဖြင့် ထောက်ဆလျှင်
> အခြေအမြစ်မဲ့စကား မဆိုရာပါ။ လွန်ခဲ့သောလက ဆရာတော်၏တပည့်
> သင်္ကန်းကျွန်းကျောင်းဆရာကြီး ဦးချစ်လှိုင်က ဆရာတော်မှတ်တမ်းများ
> ကော်ပီကူးထားရာ ကျွန်တော်ကိုလည်းပေးခဲ့ပါသည်။
> ထိုမှတ်တမ်းဆရာတော့်လက်ရေးမူတွင် ရာကျော်ဆရာတော် ဗိုလ်ချုပ်ကို
> ဓါတ်လုံးပေးခဲ့ပုံကိုလည်း တွေ့ရှိရပါသည်။  မဟာဗောဓိမြိုင်ဆရာတော်က
> “အဲဒီတုန်းက ရာကျော်ဆရာတော် ဆိုတာ ဘိုးဘိုးအောင်ဝင်ဆောင်ထားတာဗျ”…
> ဟုလည်းပြောခဲ့ဘူးပါသည်။
>
> ဗိုလ်ချုပ်သည် ဘုရားတရားကို ရိုသေ ကိုင်းရှိုင်းသော
> မိဘမျိုးရိုးမှဆင်းသက်ခဲ့သည်။ ဒီပင်္ကရာဆရာတော်ကြီး ဦးသောဘိတ၏ကျောင်းတွင်
> ဗုဒ္ဓစာပေကိုလည်း အခြေခံကောင်းများရအောင်တတ်မြောက်ခဲ့သည်။
> ဗိုလ်ချုပ်ငယ်စဉ်ကမူ တိုင်းပြည်လွတ်လပ်ရေးရယူရန် နည်းလမ်းအမျိုး မျိုးကို
> ကြံဆခဲ့ရာ “ပြဒါးရှင်လုံး” ရရင်ကောင်းမှာပဲဟူသော အတွေးမျိုးရခဲ့ကြောင်း
> ဗိုလ်ချုပ်ကိုင်တိုင်ရေးသားသည်ကိုလည်း သတိထားမှတ်သားမိပါသည်။
>
> ဘုရားသိကြားမလို့ ဗိုလ်ချုပ်ကို ဘိုးဘိုးအောင်ကယ်သွားပါစေ။
>
> (၃)
>
> ဗိုလ်ချုပ်အကို ဦးအောင်သန်းရေးသားသော ရသေ့ထူး ဦးစံသိန်းက အမေစုကို
> ကန်တော့ပုံ၊ ဗိုလ်ချုပ်၏ဦးကြီး ဘုန်းကြီး မန္တလေးအာဇာနည်ရဟန်းတော်
> ဆီမီးထွန်း တိုက်အုပ်ဆရာတော် မှတ်တမ်း၌ ဘိုးဘွားစဉ်ဆက် ကိုင်ဆောင်ခဲ့သော
> “ရန်ကြီးအောင်ဓါး” ကို ရှာဖွေတူးဖော်ပြီး ဗိုလ်ချုပ်အားပေးခဲ့ပုံများကို
> ဖတ်ရှုရသောအခါ စဉ်းစား စရာတွေ တိုးလာပါသည်။
>
>             ဗိုလ်ချုပ်၏မိဘနှစ်ပါးအနက် ဒေါ်စုသည်အနော်ရထာမင်း၏အဆက်
> ပုဂံမင်းရိုးမှ ဆင်းသက်လာသူဖြစ်သည်။ အနော် ရထာမင်းကြီး ပုဂံထီးနန်း
> ကိုပြန်လည်ရယူစဉ်က ပုပ္ပါးနယ်တွင် လူသူစုဆောင်းခဲ့ကြောင်း
> ရာဇ၀င်ကြီးများတွင် ဖော်ပြထားသည်။ ထိုခေတ်ပုပ္ပါးတောင်ရိပ်မှ
> အနော်ရထာ၏တပ်မတော်ကို စတင်ဖွဲ့စည်းရာတွင် ပင်းနတ်မောက် နယ်သား စစ်သည်တော်
> များရှေ့ဆုံးက ဗိုလ်ဝင်ခံ၍ သက်စွန့်ကြိုးပမ်းတိုက်ပွဲဝင်ခဲ့သည်။
> အနော်ရထာအောင်ပွဲရသည့်အခါ နတ်မောက်ကိုပြန်၍ ကျေးဇူးပြုခဲ့သည်။
> ပိဋကတ်(၃)ပုံကို သထုံမှပင့်ဆောင်လာပြီးနောက်တွင် နတ်မောက်ကိုပြန်လည်၍
> မြို့ပြအသစ်တည်ထောင်သည်။
>
>             “သီဟဗာဟော်၊ လင်းကြက်ဆော်၊ မြို့တော်နတ်မောက်တည်သတည်း”ဟု
> ရှေးသမိုင်းပေစာများတွင် မော်ကွန်း ထိုးခဲ့သည်။ (လင်းကြက်ဆော် ၄၂၃။
> ပိဋကတ်တော်များပင့်သည်က ၄၂၁) နတ်မောက်မြို့တွင် အနော်ရထာမင်း
> ကောင်းမှုတော် စေတီပုထိုးများရှိသည်။ ရှင်အရဟံသိမ်ရှိသည်။
> ဗိုလ်ချုပ်၏ဘကြီး၊ ဦကြီးများကျောင်း ထိုင်ခဲ့သည်။
> ရှင်အရဟံပင့်ဆောင်ခဲ့သော မဟာဗောဓိပင်ကို နတ်မောက်နယ်ပင်းတွင်
> စိုက်ပျိုးခဲ့သည်။ မင်းတုန်းမင်း လက်ထက် မန္တလေးရွှေနန်းတော်ကြီးတည်သည့်အခါ
> “မန်းမြို့တောင်ညောင်ပင်ကြီး” ဟူသော ကိန်းခမ်းတဘောင်အရ ဗောဓိပင်
> စိုက်ရာတွင် ပင်းနတ်မောက်မှ ရှင်အရဟံဗောဓိကိုင်းကို
> ပင့်ဆောင်စိုက်ပျိုးခဲ့ပါသည်။ စကြာဒေ၀ီမိဘုရားခေါင်ကြီး ကိုးကွယ်သော
> ပင်းဆရာတော်ကြီးတိပိဋကဓရအာစာရာဘိဝံသကို အရဟံဗောဓိသမိုင်းကျမ်း
> ပြုစုရန်တောင်းပန်လျှောက် ထားသဖြင့် ကျမ်းထင်ရှား ရှိခဲ့ပါသည်။
>
> ပုဂံအပျက်တွင် မင်းသမီး(၂)ပါးထွက်ပြေးလာရာ ပင်းနတ်မောက်နယ်သို့ရောက်သည်။
> သာကီဝင် ပင်းမြို့စား၊ နတ်မောက်မြို့စား တို့နှင့် လက်ဆက်ကြသည်။
> ထိုမျိုးနွယ်စုမှ အလောင်းဘုရားခေတ် ပင်းမင်းကြီးဦးမြတ်၊ ထိုမှ
> သားဦးမင်းအောင်၊ ၎င်းသားဦးခြင်၊ ၎င်းသားဦးရွှေနီ၊ ၎င်းသမီး မယ်သူဇာ၊ ၎င်းသမီး မယ်စု
> တို့မှ ဗိုလ်ချုပ်အောင်ဆန်းကိုမွေး ဖွားသည်။
> ဗိုလ်ချုပ်သက်ရှိထင်ရှားရှိစဉ်က ဦးကြီး ဘကြီးများ
> ဆွေတော်မျိုးတော်များအကြောင်းပြောဆိုကြရာ ကျွန်တော် တို့က
> ဘုရင့်မျိုးနွယ်တွေပဲဟု ရယ်မောပြောဆိုခဲ့သည်။ ဗိုလ်ချုပ်၏
> ကိုယ်တိုင်ရေးအထုပ္ပတ္တိတွင်မူ ကျွန်တော်တို့က ဆွေကြီး မျိုးကြီး
> ဟုသာဖော်ပြခဲ့သည်။ ဗိုလ်ချုပ်ကဂုဏ်ဖော်လိုဟန်မရှိပေ။ နောင်သော်
> ဗိုလ်ချုပ်၏ ဆွေမျိုးများဖြစ်သော မန္တလေး ဆီမီးထွန်းတိုက်အုပ်ဆရာတော်နှင်
> တက္ကသိုလ်           ဆုမြိုင်တို့က ထုတ်ဖော်ရေးသားခဲ့သည်။ (စာညွှန်း
> ဆရာကြီးသခင်ကိုယ် တော်မှိုင်း တည်းဖြတ်သော ဗိုလ်ချုပ်အောင်ဆန်းအထုပ္ပတ္တိ။
> ဦးတေဇဝန္တ၏အရဟံဗောဓိသမိုင်း)။ မည်သို့ပင်ဖုံးကွယ်စေကာ မူ ဗိုလ်ချုပ်သည်
> ကုန်းဘောင်နေသွေးဖြစ်ကြောင်း သူ့သမိုင်းက ဖွင့်ဆိုပြလျက်ရှိပေသည်။
> (ယခုအခါ ဗိုလ်ချုပ်၏ကိုယ်ရံ တော် ဗိုလ်ဖုန်းကျော် (စာရေးဆရာ နတ်မောက်
> ဘုန်းကျော်) ၏သမီးစာရေးဆရာမ နတ်မောက်အနီချို ကဆွေစဉ်မျိုးဆက်
> အကြောင်းသုတေသနပြုလုပ်လျက်ရှိကြောင်းသိရပါသည်။ မကြာမီတိုင်းပြည်က
> သိခွင့်ရှိမည်ဟုမျှော်လင့်ရပါသည်။)
>
>             အမေစုသည် နန်းတွင်းသူတို့တတ်သည့် ကြိုးဗေဒင်ကို
> ကောင်းစွာတတ်မြောက်ပါသည်။ ဗိုလ်ချုပ်ကို ငယ်စဉ်ကတည်းက ဘုန်းကြီးမည့်သူဟု
> ဟောကိန်းထုတ်ခဲ့သည်။ နီးစပ်ရာဆွေမျိုးများက အမေစုထံကြိုးဗေဒင် မေးခဲ့
> ဘူးသည်။ သိမှီသောသူများ ယနေ့ထိသက်ရှိထင်ရှားရှိကြပါသေးသည်။
>
>             ဗိုလ်ချုပ်ဖခင် ဦးဖာ၏ မျိုးရိုးစဉ်ဆက်ကို မသိရသေးသော်လည်း
> မျိုးကောင်းရိုးကောင်းမှ ပေါက်ဖွားသည်။
> အလွန်ရိုးသားဖြောင့်မတ်တည်ကြည်ပြီး ဥာဏ်ပညာကြီးသူဖြစ်သည်။
> ငါးပါးသီလစင်ကြယ်စွာ စောင့်ထိမ်းသည်။ ကြွားဝါပလွှား မှုမရှိ။ ဘုရားတရားကို
> လွန်စွာကြည်ညိုကိုင်းရှိုင်းသူဖြစ်သည်။ အတိတ်နိမိတ် စနည်းတဘောင်များကို
> တတ်ကျွမ်းပြီးနိုင်ငံ၏ ရှေ့ရေးကိုပါကြိုတင်ဟောကိန်းမှန်ကန်အောင်
> ထုတ်နိုင်သူဖြစ်ပါသည်။ ဦးဖာအကြောင်းကို သူ့မိတ်ဆွေစာရေးဆရာကြီး
> စစ်ကိုင်းဦးဖိုးသင်းက ကိုယ်တိုင်ရေးအထုပ္ပတ္တိတွင် မှတ်တမ်း တင်ထားပါသည်။
>
> (၄)
>
>             ဗိုလ်ချုပ်အောင်ဆန်း မွေးဖွားစဉ်က ပုခက်တင်မင်္ဂလာပွဲသည်
> ထူးခြားဆန်းကျယ်လှပါသည်။ ယင်းပွဲသို့နောင် ငယ်ဆရာဖြစ်လာမည့်
> ဒီပင်္ကရာဆရာတော်ဘုရားဦးသောဘိတနှင့် သီပေါမင်းနှင့် စာသာသင်ဘက်ပဋ္ဌမ ကျော်
> ဦးမေဃ၀ဏ္ဏစာရီတို့ ကြွရောက်ချီးမြှင့်ခဲ့သည်။ ဦးမေဃသည်
> ခန်းပတ်မင်းကြီးဦးယာ၏ မြေးဖြစ်သည်။ ဆရာ တော်ကြီးက “တကောင်းက
> ဒေါင်းကြွလာမည်”… ဟူသော တဘောင်အရ၊ ငစဉ်းလဲဗျိုင်းဘုရင်(အင်္ဂလိပ်)ကိ
> ခွပ်မည့် ဒေါင်းမှာ စနေသားရှင်တေဇခေါ် ထိန်လင်းဖြစ်ကြောင်း
> ဗိုလ်ချုပ်ကိုတိတိကျကျနိမိတ် ဖတ်ခဲ့ပါသည်။ ဗိုလ်ချုပ်၏ ပုခက်တင် မင်္ဂလာ
> အချိန်ကို နိမိတ်ကောင်းယူပြီး “တောရကျင့်စဉ်ကို စတင်ဆောက်တည်ပြီး
> ပေါက်မြောက်အောင်မြင်ခဲ့သော ပုဂ္ဂိုလ် ထူးတစ်ပါးရှိပါသည်။
> နယ်ချဲ့တော်လှန်ရေးသမားကြီး ကင်းတားဗိုလ်ရွှေဘော်၏
> တပ်မှတော်လှန်ရေးတပ်သားကြီး ဦးဖြိုးသာဖြစ်သည်။ မဟိဒ္ဓိဆရာဖြိုးဟု
> ထင်ရှားသည်။ နရွဲတောရွာမတောင်ကုန်း (ရေနံချောင်းနှင့် ချောက်ကြား)တွင်
> သီတင်းသုံးသည်။  မန္တလေးတောင်ရသေ့ကြီး ဦးခန္တီတို့နှင့် ဆက်စပ်၍
> သာသနာပြုခဲ့ သော ပုဂ္ဂိုလ်ကြီးဖြစ်သည်။
>
>             ဗိုလ်ချုပ်သခင်ဘဝ၊ သခင်လေးတာနှင့် အတူစစ်ကိုင်း၊ မုံရွာ၊
> ရွှေဘို တွင် တို့ဗမာအစည်းအရုံးထူထောင်ရန် တရားဟောပြီး အပြန်တွင်
> မန္တလေးဆီမီး ထွန်းကျောင်းသို့ ရောက်ရှိသည်။
> ဆရာကြီးဦးဖြိုးသာကသခင်အောင်ဆန်းကို ချီးမြှောက်သောမတ်စေ့(၅)စေ့ နှင့်
> ဆေးခြင်္သေ့ရုပ်ပေးလိုက်ကြောင်း ဦးတေဇဝန္တ၏ မှတ်တမ်းတွင် ဖတ်ရှုရပါသည်။
>
>             ပဋိပတ်အကျော် ဇာလီတောင်ဆရာတော်ဘုရားကြီးက ဗိုလ်ချုပ်ကို
> “ဘုရားအလောင်းတော်နဲ့တူတယ်” ဟုသ မုတ်ခဲ့သည်။ လောကတ္ထစရိယံ
> လောက၏ကောင်းကျိုး၊ ဥာတတ္ထစရိယံ ဆွေတော်မျိုးတော် မြန်မာပြည်ထောင်စုသား
> အားလုံး၏ ကောင်းကျိုးကိုသားမယားနှင့် စည်းစိမ်ဥစ္စာ၊ အင်္ဂါခြေလက်၊
> ကိုယ့်အသက်ကို မငဲ့ကွက်ပဲ ဆောင်ရွက်ခဲ့သည့် ပုဂ္ဂိုလ်ကြီးအား ဗုဒ္ဓတ္ထစရိယံ
> မဟုတ်ဟု ငြင်းဆိုရန် အဘယ်သို့သော အကြောင်းရှိပါမည်နည်း။
>
> (၅)
>
> အများသိကြပြီး ဖြစ်သည့်အတိုင်း ဗိုလ်ချုပ်သည် အင်းအိုင်ခလှည့်
> လက်ဖွဲ့တို့ကို ယုံကြည်သူမဟုတ်ပါ။ မြောင်းမြသား ဆရာချို
> (အာဇာနည်ခေါင်းဆောင်ကြီး ဒီးဒုတ်ဦးဘချို)ကမူ လောကီပညာရပ်များကို
> ယုံကြည်လိုက်စား သူဖြစ်ပါသည်။ “ဆရာချို ကလဲဗျာ…လောကဓါတ် ပညာကို
> လေ့လာပြီးဒါတွေယုံရသလား” ဟုဗိုလ်ချုပ်က ညည်းခဲ့ သည့်နည်းတူ ဆရာချိုကလည်း
> “ဗိုလ်ချုပ်က ဒါတွေမယုံတော့ ခက်တယ်” ဟု အပြန်အလှန်ညည်းခဲ့ကြပါသည်။
> သို့သော် အောင်ဆန်းအက်တလီစာချုပ်ချုပ်ရန် လန်ဒန်သို့အသွားတွင်
> နတ်မောက်သားဗေဒင်ပညာရှိ…၏အကြံပေးချက်အရ လန်ဒန် နှင့် ကက်ကင်းမိသော
> ဒလကမြေကို ခြေအိပ်တွင်ထည့်ယူသွားကြောင်းလည်း မှတ်တမ်းရှိပါသည်။
>
>             ကျွန်တော်သည် မြန်မာ့လောကီပညာရပ်များကို
> နှံ့စပ်ကျွမ်းကျင်သူမဟုတ်ပါ။ ဗိုလ်ချုပ်နှင့်ပါတ်သက်သည့်
> ထူးဆန်းသောအကြောင်းအရာများကို ကြားသိဖတ်ရှုရ၍ တင်ပြခြင်းသာဖြစ်ပါသည်။
> မည်သို့ဆိုစေ ဘကျော်ရေး တို့ကဲ့သို့ ရှေးရိုးစွဲ မြန်မာကြီးများက
> ဗိုလ်ချုပ်တွင် သေနတ်ဒဏ်ရာတွေဗလပွနှင့် ကျဆုံးသွားခဲ့သည့်တိုင် တကယ်မသေဟု
> ယူဆစွဲလန်းမှုတွေရှိနေကြောင်းကို အသိအမှတ်ပြုရပါမည်။ ကျွန်တော်တို့၏
> ခေတ်သိပ္ပံပညာရပ်များနှင့် လက်လှမ်းမမှီသေး သည့်တိုင် မတူကွဲပြားသည့်
> အယူအဆတစ်ခုရှိနေသေးသည်ကို ဒီမိုကရေစီကျင့်စဉ်အရ အသိအမှတ်ပြုရပါမည်။
> အငြင်းပွားဖွယ်အနည်းဆုံး ကောက်ချက်တစ်ခုကို ဆွဲကြည့်ရလျှင်တော့
> ရှေးရိုးမြန်မာတို့သည် သူတို့ချစ်သော ခေါင်းဆောင် ကိုတကယ်မသေစေချင်ကြ။
> အမြဲတန်းမျှော်လင့်နေကြသည်ဟု ဆိုနိုင်ပါမည်။
>
> (၆)
>
>             မြန်မာတို့သည် ကိုယ့်ခေါင်းဆောင်ကို ချစ်မြတ်နိုးတတ်သော
> ဓလေ့ရှိသည်။ လူထုအချစ်တော် ခေါင်းဆောင်များ သေသွားလျှင်တောင်မှ
> အသက်ရှင်နေသေးသည်ဟု ယုံကြည်တတ်သောသမိုင်းကြောင်းလည်းရှိသည်။
>
> ကုန်းဘောင် ခေတ်နှောင်း သာယာဝတီမင်း လက်ထက်က ဘကြီးတော် စစ်ကိုင်းမင်း၏သား
> လုထုက စကြာမင်း ဟုယုံကြည်သူ ညောင်ရမ်းမြို့စားမင်းသားကို ကုန်းဘောင်
> ၅(ည)ဖြင့် ရေမှာဖျောက်ခဲ့သည်။ ကတ္တီပါ အိပ်စွပ်ပြီးရေနှစ် သတ်ခဲ့ခြင်း
> ဖြစ်သည်။ သို့ရာတွင် လူထုက သေသည်ဟုမယုံ။ “ကတ္တီပါရွှေအိတ်နှင့်
> ရေဆိပ်မှာသေဟန်ဆောင်” ခဲ့ပြီး ဘိုးဘိုး အောင်ကလာကယ်သွားသည်။
> စကြာမင်းကလေးသည် ရွှေလ ရောင်မြင်းကြီးကိုစီးပြီး ဘိုးဘိုးအောင်နောက်သို့
> လိုက်သွားသည်။ တစ်နေ့တော့ပြန်လာမည်ဟု မျှော်လင့်ခဲ့ကြပါသည်။ အထူးသဖြင့်
> အင်္ဂလိပ်လက်အောက် မြန်မာတို့ရောက်ခဲ့သည့်ခေတ်တွင် ဗုဒ္ဓရာဇာ
> စကြာမင်းကလေးကို ပို၍မျှော်ကြသည်။ နန်းတော်ရှေ့ဆရာတင် ၏
> “မင်းလောင်းမျှော်” ရွှေတိုင်ညွန့်၏ (စကြာသိုက်) တေးသံများ
> တစ်နိုင်ငံလုံးပြန့်လွင့်ခဲ့သည်။ “စကြာရေချဇာတ်”ကို ကြည့်၍ မျက်ရည်မစဲကြ။
> ယနေ့အထိ မြစ်ဝကျွန်းပေါ် ဒေသတွင် ကရင်ဇာတ်ပွဲများက စကြာဇာတ်ကို ကရင်
> ဘာသာဖြင့် ကပြနေ ကြဆဲဖြစ်သည်။ စကြာမင်းလေး၏ မိခင် ဘကြီးတော်
> (စစ်ကိုင်းမင်း)၏ မိဖုရား ဆင်ဖြူမယ်သည် မြောင်းမြရေတွင်းရေကန်သူ ကရင်မလေး
> နန့်ဂီးသိမ်ဟု အစဉ်အလာမှတ်သားချက်ကြောင့်လည်း ပို၍စွဲလန်းနှစ်သက်
> ပုံရပါသည်။
>
>             ကုန်းဘောင်ခေတ်(၁၁)ဆက်မြောက် သီပေါဘုရင်လေးကို နယ်ချဲ့တို့
> ဖမ်းဆီး၍ အိန္ဒိယသို့ ပါတော်မူခဲ့သော သီပေါဘုရင်သည် သီပေါမင်းနှင့်
> ရုပ်ခြင်းဆင်သူ မောင်ချိုကို ဘုရင်လုပ်၍ထည့်လိုက်သည်။ သီပေါဘုရင်သည်
> ပတ္တမြား ငမောက် အပါအ၀င် နန်းစဉ်ရတနာများ သယ်ဆောင်ပြီးနန်းတော်မှ
> တိတ်တဆိတ်ထွက်ခွာသွားခဲ့သည်ဟု ဆိုသည်။ မြန်မာများသာမက ထားဝယ်မှ
> ရှေးဆရာတော်ကြီးများကလည်း ပါတော်မူသော သီပေါဘုရင်မှာအတုဟုပြောလေ့
> ရှိကြောင်း ဒေါက်တာဦးဖေဥာဏ် ပြောသည်ကိုလည်း မှတ်သားမိပါသည်။
> သီပေါဘုရင်သည် နောင်တော့ ရသေ့ကြီး ဦးခန္တီ အဖြစ်ပြည်တော်ဝင်ကာ သာသနာ
> ပြုခဲ့သည်ဟုဆိုသည်။ အင်္ဂလိပ်စုံထောက်များ ဦးခန္တီနောက် တကောက်ကောက်
> လိုက်ခဲ့သည်မှာ ဤကောလဟလကြောင့်များလားဟု တွေးစရာဖြစ်ပါသည်။ ထို့ထက်ပို၍
> အတွေးနက်စရာကောင်းသည်မှာ ဦးခန္တီနှင့်
> ဗိုလ်ချုပ်အောင်ဆန်းတွေ့ဆုံခဲ့ခြင်းပင်။ ဦးခန္တီ နှင့်
> ဗိုလ်ချုပ်အောင်ဆန်းတို့ တွဲရိုက်ထားသော ဓါတ်ပုံကို
> မြန်မာသမိုင်းအဖွဲ့ဝင် ဆရာကြီးဦးမောင်မောင်တင် (မဟာဝိဇ္ဇာ) ကပြသဘူးပါသည်။
> ပြန်ရှာ၍လည်းရနိုင်မည်ထင်ပါသည်။
>
>
>
> (၇)
>
>             ရှေးရိုးမြန်မာတို့က ရှေးရိုးစဉ်လာအတိုင်း
> စကြာမင်းလေးမသေဆိုသကဲ့သို့ ဗိုလ်ချုပ်တကယ် မသေဟု ယူဆ စွဲလန်း နေကြပါသည်။
> စကြာမင်းကလေးကို ဘိုးဘိုးအောင် ကယ်သဖြင့် ရွှေလရောင်မြင်းကြီးစီးပြီး
> တစ်နေ့သော အခါပြန်လာမည်ဟု ဆိုကြသလို ဗိုလ်ချုပ်လည်း စီးတော်မြင်း
> ရွှေလုံး(တပ်ကြပ်မောင်ထူး၊ ဗိုလ်မြင့်ဦးနှင့် မြင်းစီးရာဝယ်
> ရွှေလုံးပယ်လော့ဟု စာချိုးရ သည့်မြင်းကြီး) ကို
> စီးပြီးပြန်လာစေချင်ကြပါသည်။
>
>             အထူးသဖြင့် ယခုလို ခေတ်အခါသမယမျိုး….တရားမျှတခြင်း
> လွတ်လပ်ခြင်း၊ ခွင့်တူညီမျှခြင်းတို့ဖြင့် တိုင်းသစ်ပြည်
> သစ်ပြန်လည်တည်ဆောက်နေသည့်အချိန်၊ ငြိမ်းချမ်းခြင်း ညီညွတ်ခြင်းတို့
> လိုအပ်နေသည့်အချိန်၊ သည်လိုအချိန်မျိုးမှာမို့ ဗိုလ်ချုပ်ကို လူထုက
> ပိုမျှော်ကြပါသည်။
>
> ဗိုလ်ချုပ်တကယ်မသေပါ။ ဗိုလ်ချုပ်ပြန်လာဖို့ တိုင်းပြည်က မျှော်နေကြပါသည်။
> ပြန်လာပါဗိုလ်ချုပ်…။
>
> ဗိုလ်ချုပ်မလာအားတောင်မှ ကိုယ်စားလှယ်တော့လွှတ်ပေးဖို့မျှော်လင့်ပါသည်။
>
> လူထုကစောင့်ကြိုနေပါသည်။
>
>
>
> (နတ်မောက်မြို့၊ ဗိုလ်ချုပ်အောင်ဆန်းအထိမ်းအမှတ်
> အစိုးရအထက်တန်းကျောင်းသို့အမှတ်တရစာစု။)
>
>
>                                                  သခင်မျိုး
>
>
>                                                      10.2.2012

  1 comment:

  1. အရမ်းကောင်းပါတယ်။ စာရေးသူကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။

    ReplyDelete

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...