Friday, February 3, 2012

ဘယ်နေရာ မောင်နေမတုန်း


Naing Min
  ပရဟိတလုပ်ငန်းလေးတွေကို စွမ်းနိုင်ရာက လုပ်ကိုင်နေကြတဲ့ လူငယ်တစ်စု ကျောင်းကိုရောက်လာကြပါ
တယ်။ နွေရာသီကျောင်းပိတ်ရက်တွေမှာ ယဉ်ကျေးလိမ္မာသင်တန်းကလေးတွေ လုပ်ပေးဖို့ နဲ့  ကိုယ်စွမ်းနိုင်ရာ ဘာသာရပ်အလိုက် တတ်နိုင်သမျှသင်ကြားပေးကြဖို့  အစီအစဉ်ကလေးတွေချမှတ်ပြီး လုပ်ကိုင်ကြဖို့  လောကတ္ထစရိယခရီး ထွက်ခါနီးမှာ သြ၀ါဒနဲ့  အကြံဥာဏ်ရယူဖို့ လာကြတာတဲ့။

            သူတို့ ရဲ့ လုပ်ငန်းစဉ်ကလေးတွေ သူတို့ ရဲ့ စွမ်းဆောင်နိုင်မှုနဲ့  သူတို့ ရဲ့ ရည်ရွယ်ချက်ကလေးတွေ
အကြောင်း ပြောပြီးတဲ့အခါ အဓိကရည်ရွယ်ချက်အနေနဲ့  ကျေးလက်ဒေသမှာ ရှိကြတဲ့ လူငယ်ကလေးတွေ ကို စိတ်ဓာတ်ခွန်အားနဲ့  အသိဥာဏ် ဗဟုသုတလေးတွေ မျှဝေပေးဖို့ ဆိုတဲ့ စေတနာထားပြီး အခုလို လုပ်ကိုင်ကြမှာဖြစ်ကြောင်း သိလိုက်ရပါတယ်။



            မိမိအနေနဲ့  စိတ်ဓာတ်ခွန်အားဖြည့် (ဗလ၀ါနုပ္ပဒါန) စကားပြောကြားပေးစေလိုပါကြောင်း ဦးဆောင်တဲ့ လူငယ်တစ်ယောက်က လျှောက်ထားပါတယ်။


            "အခုမင်းတို့ လူငယ်လေးတွေ ယောင်္ကျားလေတွေရော မိန်းကလေးတွေရောပေါ့လေ၊ မင်းတို့ က သူများကိုအားဖြည့် ပေးကြရတော့မှာဆိုတော့ ပထမဦးဆုံး ကိုယ်တိုင်ကလည်း  အထိုက်အလျောက်တော့  ခွန်အားပြည့်နေဖို့  အရေးကြီးတယ်။ မင်းတို့ ရဲ့ခွန်အားကို စစ်ဆေးတဲ့အနေနဲ့  မင်းတို့ အားလုံးရွေးချယ်ခွင့်ရှိတဲ့နေရာ နှစ်ခုအကြောင်းနည်းနည်းပြောပြကြည့်မယ်။


ကိုယ်ကြိုက်သလို ဆုံးဖြတ်ရွေးချယ်ကြပေါ့" လို့  အစချီပြီး-
            ဒါဟာ ဥပမာတစ်ခုအနေနဲ့  မဟုတ်ဘဲ တကယ့်ကို ရွေချယ်ရမယ့်နေရာနှစ်ခုလို့  မင်းတို့ စိတ်ထဲမှာခံယူပြီး
ရွေးချယ်ရမှာပါ။ နေစရာ နေရာနှစ်ခုရှိတယ်။ ပထမနေရာက အလွန်ခမ်းနားသပ်ရပ်ပြီး အဆင့်အတန်းမြင့်တဲ့ နေထိုင်
စရာ အဆောက်အဦးလည်းရှိတယ်။ အိမ်နောက်မှာ စားသောက်ပင် ၊အိမ်ရှေ့ မှာတော့ ရေကူကန်တို့  ပန်းခြံတို့ က
လည်း တကယ့်ကိုမှ အပျံစား၊အကောင်းစား၊ အဆင့်မြင့် ပန်းမျိုးစုံတို့ နဲ့ ပေါ့။ ဒီအိမ်မှာ မီးမှန်ရေမှန်ဖို့ ဆိုတဲ့ ပြဿနာ
လည်း လုံးဝကိုမရှိဘူး။ ပူချိန်မှာ အေးစရာ၊အေးချိန်မှာ နွေးထွေးစရာ ခေတ်မီ အထောက်အကူတွေလည်း အရန်သင့်။
အဲ.... ပြီးတော့စားစရာ ၀တ်စရာဆိုတာတွေကလည်း အချိန်တန်ရင် ယူစားယူဝတ်ရုံပဲ။ ဘာမှကိုယ်တိုင်အပင်ပန်းခံပြီး
လုပ်စရာမလိုဘူး။ ဘာမဆို လိုတရဆိုတဲ့ နေရာကြီးဆိုပါတော့ကွာ။


            နောက်ထပ်နေရာတစ်ခုကတော့ တောရိုင်းမြေလွတ်ခေါ်ရမလားပဲ ဘာအဆောက်အဦးမှ မရှိဘူး မြက်ရိုင်း
တွေ သစ်ပင်ခြုံပုတ်တွေနဲ့ မြေကွက်ပေါ့။ ဒီနေရာမှာနေမယ့်လူဟာ မြက်ရိုင်းတွေ ခြုံပုတ်တွေကိုလည်း ရှင်းရမယ်၊
မြေကိုလည်း ညှိတန် ညှိရမယ်။ နေစရာ အဆောက်အဦးကလည်း ကိုယ်စွမ်းကိုယ်စနဲ့ ပဲ ဆောက်လုပ်ရမှာ။ ရေတွင်း
ရေကန်ဆိုတာလည်း ကိုယ့်အစီအစဉ်နဲ့  ကိုယ်တိုင်တည်ဆောက်ရမှာ။ စားစရာသောက်စရာရယ်လို့  ဘာမှမယ်မယ်
ရရမရှိလှတဲ့အတွက် ကိုယ်တိုင် စိုက်ပျိုးကြရမှာဖြစ်လို့  မြေကွက်ကတော့ လိုချင်သလောက်လို့  ဆိုရလောက်အောင်
အကျယ်အ၀န်းရနိုင်တဲ့နေရာပေါ့။


            အဲဒီနှစ်နေရာကို မင်းတို့  ဘယ်နေရာနေချင်သလဲဆိုတာ ရွေးချယ်ရမှာ။ ဒီနေရာမှာ အရေးကြီးတဲ့ စည်းကမ်း
ချက်တစ်ခုတော့ရှိတယ်။ အဲဒါကိုလည်း ထည့်စဉ်းစားရမှာပေါ့။ စည်းကမ်းချက်ကတော့ ပထမနေရာကို ရွေးချယ်သူ
ဟာ လုပ်ကိုင်စရာ အလုပ်အကိုင်ရယ်လို့  ဘာမှမရှိတဲ့အတွက် ဘာအတ်ပညာမှ သင်ကြားပေးမှာမဟုတ်ဘူး။ ပညာ
သင်စရာနေရာတို့  ပညာသင်ပေးမယ့်ဆရာသမားဆိုတာလည်း မရှိဘူးပေါ့။ ပြီးတော့ ဒီနေရာမှာက နေကြသူအားလုံး
ဟာ အဆင့်အတန်းတူလို့  ဆိုရလောက်အောင် ချို့ တဲ့မှုမရှိတဲ့နေရာလေး။  အားလုံးဇိမ်နဲ့ ချည်းနေရတာဖြစ်လို့  အား
ကစားတို့ လို  အချင်းချင်းပြိုင်ဆိုင်စရာ ပြိုင်ပွဲဆိုတာလည်းမရှိတဲ့အတွက် အားကစားပညာရပ်ဆိုတာလည်းမရှိဘူး။


            ဒုတိယနေရာကတော့ စားစရာ၊ ၀တ်စရာ၊ နေစရာကစပြီး ဘာမဆို လိုအပ်သမျှက ကိုယ်ကြိုးစားမှ
ကိုယ်ပြည့်ုစုံမှာဆိုတော့ ပညာရပ်တွေ အမျိုးမျိုးလည်းရှိသလို ပညာသင်စရာကျေုာင်းတွေ၊ ဆရာတွေဆိုတာလည်း
ရှိမယ်၊ ကိုယ့်ပညာရပ်ကိုယ်သင်ပြီး ကိုယ့်ဘ၀ အဆင့်အတန်ကို ကိုယ်တိုင်မြှင့်တင်ရမယ့်နေရာလေး။ နေထိုင်မှု
အဆင့်အတန်း သပြေးညီတော့ မဖြစ်ဘူး ကြိုးစားသူ တော်သူတွေက အဆင့်အတန်းမြင့်ပြီး ပျင်းရိသူညံ့သူတွေ
အောက်ကျ နောက်ကျနေရတဲ့နေရာ။ ဒီနေရာမှာအဆင့်အတန်း အနိမ့်အမြင့်အတွက် ဇွဲလုံ့ လနဲ့  အရည်အချင်းတွေ
ကို ပြိုင်ရမှာဖြစ်သလို ပြိုင်ပွဲတွေအမျိုးမျိုးလည်းရှိတယ်၊ ဒီအတွက် သင်တန်းတွေ အမျိုးမျိုးနဲ့  အသင်းအဖွဲ့ တွေ
အမျိုးမျိုးဆိုတာလည်းရှိတာပေါ့ အဲဒါတွေပါထည့်တွက် စဉ်းစားပြီးမှမင်းတို့ ကြိုက်ရာကို ရွေးရမှာပါ။
ကဲ.... စဉ်းစားပြီးရွေးကြစမ်းပါ။ ဘယ်နေရာနေကြမတုန်း " ဆိုပြီး မိမိက စကားကို ခဏရပ်လိုက်ပါတယ်။


            လူငယ်တစ်စု ခဏလောက်ငြိမ်နေကြတယ်။ စဉ်းစားရွေးချယ်နေကြတာဖြစ်မှာပေါ့။ ပြီးတော့မှာ တစ်
ယောက်က ပထမနေရာကိုပဲ ရွေးမှာပေါ့လို့ ဖြေလိုက်တယ်၊ နောက်ထပ်သုံးလေးယောက်ကလည်း ဒီအတိုင်းပဲ
ဖြေလိုက်ကြတော့ ကျန်တဲ့ လူများက အသံမထွက်တော့ဘူး။ သူတို့ ကတော့ ရွေးချယ်ရခက်နေကြတာပဲလား မြန်မာ
ပီပီ ရှေ့ လူက အသံကျယ်လာရင် ကျန်တဲ့လူက သဘောမတူပေမဲ့ အားနားပြီးပြောမထွက်ကြတော့တာလား တော့
မသိဘူး။


            အေးပေါ့လေ....... မောင်ရင်တို့ က တွက်ခြေကိုက်ဖို့  စဉ်းစားကြတာဆိုရင်တော့ ပထမနေရာက ဘာမှ
အရင်းစိုက်စရာမလိုဘဲ အပြည့်အစုံရမှာဆိုတော့ တွက်ခြေကိုက်တယ်လို့ ပဲ ဆိုနိုင်တာပေါ့။ ဒါကြောင့် ရွေးချယ်လိုက်
ကြတာထင်ပါရဲ့နော်။


             လောကမှာ  အာဇာနည်ပုဂ္ဂိုလ်လို့ သိမှတ်လေးစားထိုက်တဲ့ ပုဂ္ဂိုလ်တွေကတော့ ကိုယ့်အတွက်တွက်ခြေ
ကိုက်တဲ့ အလုပ်ထက်  အများအတွက်အကျိုးရှိမယ့် အလုပ်တွေကိုပဲ ရွေးပြီးလုပ်ကြသတဲ့။ အဲဒီတော့ မောင်ရင်တို့ 
ကတော့ ဘယ်လိုလဲ ၊ ကိုယ်ကျိုးတွက်ခြေကိုက်ဖို့ လုပ်ကြမှာလား၊ အများအတွက်အကျိုးရှိဖို့ လုပ်ကြမှာလား ဒါကို
ပြတ်ပြတ်သားသား သုံးသပ်ပြီး ဆုံးဖြတ်ကြပါ။ လောကမှာ အချောင်လိုက်ရင် အကြပ်ဆိုက်တတ်တယ်၊ အကြပ်ကို
လိုက်နိုင်မှ အချောင်ဆိုက်မယ်" ဆိုတဲ့ ရှေးလူကြီးသူမတို့ ဆိုရိုးစကားတော့ရှိတယ်နော်။ အဲဒါကိုလည်း သတိထားပါ။


            အခုမောင်ရင်တို့  အဲ..... မောင်ရင်ရော မယ်ရင်ရောပေါ့လေ .... မောင်တို့ မယ်တို့ ပေါ့ ကိုယ့်ကိုကိုယ် ပွင့်
ပွင့်လင်းလင်းပြတ်ပြတ်သားသား ပြန်ပြီးမေးပါ။ ဒီလုပ်ငန်းကို (၁) နေရာရချင်လို့ လုပ်မှာလား၊ (၂) နာမည်ကောင်းရဖို့ 
ဂုဏ်သတင်းကျော်ဇောဖို့ လုပ်မှာလား၊ (၃) ကိုယ်ကျိုးတွက်ခြေကိုက်ဖို့ လုပ်မှာလား၊ (၄) အများအကျိုးသည်ပိုး
ဆောင်ရွက်ဖို့ လုပ်မှာလား၊ အေး ၁+၂+၃ သမားဆိုရင်တော့ တခြားစီးပွါးရေးလုပ်ငန်းတစ်ခုခုရှာပြီးလုပ်ကြပါ။


ပရဟိတလုပ်ငန်းအမည်ခံပြီး ကိုယ်ကျိုးမရှာချင်ကြပါနဲ့ လို့ အကြံပေးချင်တယ်။ နံပါတ်(၄)သမားဆိုရင်တော့ မင်း
တို့ မှာ အများယုံကြည်ထိုက်တဲ့ အရည်အချင်းရှိလို့  အခြေခံကောင်းတယ်လို့ ပဲ သတ်မှတ်ပါတယ်။


              အေး...... နံပါတ်(၄) ပရဟိတသမားဆိုတာ လောကတ္ထစရိယသမားဖြစ်တယ်။ တို့ ကိုးကွယ်ရာဖြစ်တဲ့
မြတ်ဗုဒ္ဓရဲ့ အလောင်းတော် ပါရမီဖြည့်တယ်ဆိုတာ ပထမဆုံး အခြေခံလုပ်ငန်းအနေနဲ့  '' လောကတ္ထစရိယာ =
လောကရဲ့ကောင်းကျိုး သက်သက်ကိုသာ ကြည့်ပြီး စွမ်းနိုင်ရာက လုပ်တာပေါ့ " ။ ဒီလိုပုဂ္ဂိုလ်မျိုးကို အာဇာနည်
သူရဲကောင်းလို့ ခေါ်တာ။ ဒီလို အာဇာနည် သူရဲကောင်းများဟာ ဘယ်လိုကိစ္စမျိုးကိုပဲ ဆောင်ရွက်ဆောင်ရွက် " လော
ကဂုဏ်သိန် ၊ စည်းစိမ်မဖက် ၊ သက်သက်အလှူ၊ခံယူသူသာ ၊ ချမ်းသာစေကြောင်း ၊ ငဲ့ညှာရှောင်း၊ အလောင်းတော်တို့ 
ဒါနမှတ် " ဆိုတဲ့ တောင်မြို့  မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး( အရှင်ဇနကာဘိဝံသ) ရဲ့ လင်္ကာအတိုင်း စိတ်ထားရ
မယ်။ ဒီလင်္ကာမှာ အစဆုံးပါရမီဖြစ်လို့  " ဒါန " ကို ဆိုလိုက်တာပါ။ အမှန်ကတော့ ဒါနမှ မဟုတ်ပါဘူး သီလ စတဲ့
ပါရမီတွေကို ပြုလုပ်ရာမှာလည်း အလောင်းတော်ရဲ့ စိတ်ထားက ဒီအတိုင်းချည်းပါပဲ။


            ဒီလင်္ကာထဲမှာ" လောကဂုဏ်သိန် စည်းစိမ်မဖက် "ဆိုတာ လောကထဲမှာ ရရှိခံစားနိုင်တဲ့ ရာထူးဂုဏ်သိန်
စည်းစိမ်ဥစ္စာတို့  ဂုဏ်သတင်းကျော်ဇောခြင်းတို့ ၊ ယုတ်စွအဆုံး ချီးမွမ်းတာတို့  ကျေးဇူးတင်တာတို့ အထိပေါ့။ အဲဒီလို
ဂုဏ်သိန်ကိုရော စည်းစိမ်ဥစ္စာကိုရော ဘာမျှမဖက်ဘူး။ လောကကြီးဆီက ကိုယ်ကျိုးတွက်ခြေကိုက်စရာ ဘာမျှကို
မမျှော်ဘူး။ ရှေးလူကြီးများ ပြောသလိုဆိုရင်တော့ " ပြန်ဂဏန်း မမျှေဘူး " ပေါ့ကွာ။ အဲဒီလို စိတ်ထားတာ လောက
ကို လောဘနဲ့ မကြည့်ဘူး၊ စွန့် လွှတ်မှုအတွက်သက်သက်နဲ့ ပဲကြည့်တယ်လို့  ဆိုလိုတာ။


            "သက်သက်အလှူ ၊ ခံယူသူသာ၊ ချမ်းသာစေကြောင်း ၊ ငဲ့ညှာရှောင်း " ဆိုတာကတော့ သူတစ်ပါးချမ်းသာ
ရေးအတွက်သက်သက်ပဲ ရှေးရှုတာပေါ့။ ဒါကတော့ လောကကို ဒေါသနဲ့ မကြည့်ဘူး မေတ္တာစိတ်သက်သက်နဲ့ ပဲ
ကြည့်တယ်လို့  ဆိုလိုတာ။ ဒါဟာ အာဇာနည်တို့ စိတ်ထားပဲ။ ကဲ..... မောင်တို့ မယ်တို့ ကရော လောကကြီးကို
ဘာနဲ့ ကြည့်မှာလဲ အဲဒါကို   ဖြေကြည့်ပါ။


            အာဇာနည်တို့ ရဲ့လုပ်ငန်းဆိုတာ ကိုယ်ကျိုးကို ငဲ့ပြီးလုပ်လို့ မရဘူး။ ကိုယ်ကျိုးစွန့် ပြီးတော့မှ လုပ်လို့ ရတာ
" အာဇာနည်ဖြစ်ချင်ရင် ပထမဆုံးရှိရမည့် သတ္တိက ကိုယ်ကျိုးစွန့် ရဲတဲ့ သတ္တိပဲ " လို့ ဆိုလိုက်တော့ အားလုံးက "
ကိုယ်ကျိုးစွန့် ဖို့ ပါ " ဆိုပြီးပြိုင်တူဖြေကြပါတယ်။


            အေး..... ဒါဆိုရင် စောစောကပြောခဲ့သလို အခြေခံအားဖြင့်တော့ ကောင်းပါပြီ ဒါပေမဲ့ အာဇာနည် ပုဂ္ဂိုလ်
ဖြစ်ဖို့ ဆိုတာ
              (၁)ယုံကြည်ထိုက်သူဖြစ်အောင်လည်း ရိုးသားရမယ်။
              (၂)အားကိုးထိုက်သူဖြစ်အောင်လည်း ကြိုးစားရမယ်။
              (၃)လေးစားထိုက်သူဖြစ်အောင်လည်း ဖြူစင်(စင်ကြယ်)ရမယ်။
            အခုမင်းတို့ ရပြီးသားလိုဖြစ်နေတဲ့ " မကောင်းမှုရှောင်၊ ကောင်းမှုဆောင် ၊ ဖြူအောင်စိတ်ကိုထား " ဆိုတာနဲ့ 
တစ်သဘောတည်းပဲပေါ့။


            ဒီသုံးချက်ထဲမှာ (၁) ယုံကြည်ထိုက်သူ ဖြစ်အောင်ရိုးသားရမယ်ဆိုတဲ့ အချက်အရ  အထက်မှာပြောခဲ့
သလို အလောင်းတော်တို့ ၏ ထုံးကို စံနမူနာယူပြီး ကိုယ်ကျိုးငဲ့ကွက်မှုအားလုံးကိုလည်း စွန့် နိုင်ရမှာ။ အနည်းဆုံး
ကျေးဇူးတင်စကားလေး အပြောခံချင်တာတို့ လို ကိုယ်ကျိုးငဲ့မှုမျိုးကို မရှိမှ ဖြစ်မှာနော်။


            ဂျပန်ဘုန်းတော်ကြီးများရဲ့ ထေရုပ္ပတ္တိထဲမှာ ဖြစ်ရပ်ကလေး တစ်ခုရှိတယ်ကွ။ ဘုန်းတော်ကြီးက သီလ
ဂုဏ် သမာဓိဂုဏ်ပညာဂုဏ်လည်း အလွန်ကြီးမားပြီး မင်းရောပြည်သူကပါ လေးစားခံရတဲ့ ဘုန်းကြီးမျိုးပေါ့။
အဲဒီဘုန်းတော်ကြီးကျောင်းမှာ ကျောင်းဆောက်ဖို့  သူဋ္ဌေးကြီးတစ်ဦးက ရွှေဒင်္ဂါး ၅၀၀ ကြီးများတောင် သွားလှူတာတဲ့။


            သူဋ္ဌေးကြီးက ဘုန်တော်ကြီးရှေ့ မှာ ရွှေဒင်္ဂါးထုပ်ကြီးကို ချပြီး " ဒီမှာဆရာတော်ဘုရား ကျောင်း
ဆောက်ဖို့ ရွှေဒင်္ဂါးပြား ၅၀၀ ပါဘုရားလို့ လျှောက်တော့ ဆရာတော်ကြီးက " အေး.... ထားခဲ့ " လို့ ပြောပြီး သူ့ 
အလုပ်သူ ဆက်လုပ်နေတယ်။


            တအောင့်လောက်ကြာတော့ သူဋ္ဌေးကြီးက " ဆရာတော်..... တပည့်တော်လှူတာ ရွှေဒင်္ဂါးတွေ ဘုရား ၊
၅၀၀ တောင်ရှိတယ်ဆိုတော့ ဆရာတော်ကြီးက " အေး.... ခုနက မင်းပြောပြီးပြီလေကွာ ငါသိပြီးသားပါ " ဆိုပြီး
အလုပ်ကို ဆက်လုပ်နေတယ်။ သူဋ္ဌေးကြီးကတော့ သိပ်ဘ၀င်ကျပုံမပေါ်ဘဲ ဆက်ထိုင်နေတယ်၊။


            ပြီးတော့မှ " ဆရာတော်..... ဒီရွှေဒင်္ဂါးတွေဟာ တန်ဖိုးအတော်ကြီးတယ်၊ အရပ်ထဲမှာဆိုရင် ဒါမျိုးရွှေဒင်္ဂါး
သုံးပြားလောက်ဆိုရင်တောင်မှ ရင်းနှီးလုပ်ကိုင်စားလို့ ရတယ် " ဆိုပြီး ထပ်လျှောက်တော့ ဆရာတော်ကြီးက
" အေးပါကွာ..... ဒါတွေ ငါသိပါတယ်။ ဘာလဲ  မင်းက  ကျေးဇူးတင်စကား ပြောစေချင်လို့ လား" လို့  တဲ့တိုးကြီး
မေးလိုက်တော့ " တင်ပါ့ .... အဲဒီလောက်တော့ ပြောသင့်တာပေါ့ ဘုရား" လို့ ပြန်လျှောက်သတဲ့။ ဆရာတော်ကြီး
က " ဘာကွ .... ကျေးဇူးတင်ရမယ် ဟုတ်လား မင်းကို ငါက ဘာဖြစ်လို့ ကျေးဇူးတင်ရမှာလဲ တင်ခြင်းတင်ရင် မင်း
ကတောင် ငါ့ကို ကျေးဇူးတင်ရမှာကွ" လို့  မိန့် ကြားလိုက်ပါသတဲ့။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...