Wednesday, February 8, 2012

ဒီမိုကရေစီ သင်ခန်းစာများ(နိဒါန်း)

by Khin Maung Htway on Wednesday, February 8, 2012 at 7:20pm ·
 
ဒီမိုကရေစီ သင်ခန်းစာများ (ဘာသာပြန် - လွင်အောင်စိုး)

နိဒါန်း
---------
အခြေခံပညာရေး အသင့်အတင့် ရှိသူ တဦးတယောက်က ဒီမိုကရေစီအကြောင်း စတင်လေ့လာတဲ့အခါမှာ ဖတ်ရှု သဘောပေါက်နိုင်လောက်တဲ့ လမ်းညွန်ဖြစ်စေဖို့ ရည်ရွယ်ပြီး ဒီမိုကရေစီ သင်ခန်းစာတွေကို ရေးသားတာဖြစ်ပါတယ်။
ဒီလမ်းညွန် အတွက် လိုအပ်တာတွေ ကို ရှာဖွေ စုဆောင်နေချိန်မှာ ဒီမိုကရေစီအကြောင်း ရှင်းပြရုံနဲ့ စတင်လေ့လာသူတဦးအဖို့ လက်တွေ့ အသုံးချနိုင်မှာ မဟုတ်ဘူးလို့ ကျနော်ရိပ်မိလာပါတယ်။
ဒီမိုကရေစီအပေါ် အဓိပ္ပာယ် တလွဲကောက်မိရင် ပိုဆိုးသွားနိုင်ပါတယ်။ ဒီမိုကရေစီကို ကျင့်သုံးတဲ့အခါမှာ ကြုံတွေ့နိုင်တာတွေကို ကြိုတင်သိထားဖို့ လိုအပ်တာကြောင့် သင်ခန်းစာ ယူလို့ ရရင် ယူနိုင်အောင် ဂဏ္ဍအလိုက် အပိုင်း(၂၀) ခွဲပြီး ရေးသား ပြုစုထားပါတယ်။


ဒီမိုကရေစီအကြောင်း သိရှိနားလည်ဖို့ နှစ်မျိုးခွဲ လေ့လာနိုင်ပါတယ်၊ ပထမအမျိုးအစားကတော့ ဒီမိုကရေစီစနစ်မှာ အဲဒီလို အတုယူ မှားနိုင်တာကိုလက်ခံပြီး ရှုပ်ထွေးနက်ရှိုင်းလှတဲ့ ဒီမိုကရေစီအကြောင်း အလုံးစုံ နားလည်သဘောပေါက်တဲ့အထိ ကြိုးစား လေ့လာရတာ ဖြစ်ပါတယ်။

ဒါမဟုတ် ဖြစ်ရာဖြစ် နောက်တော့မှ မအောင်မြင်ရင်လည်း ရှိပါစေတော့။ ဒီမိုကရေစီကို သာမန်ကာလျှံကာ နားလည်ထားအပ်တဲ့ စနစ်တရပ်လို့ ယူဆပြီး လေ့လာတာဖြစ်ပါတယ်။(ဆိုလိုတာက ဒီမိုကရေစီကို မလေ့လာရင် မဖြစ်နိုင်တဲ့အခြေအနေ ရောက်နေတာကြောင့် ဒါကို လေ့လာရတာဖြစ်ပါတယ်။ လုံးဝဥဿုံ သိမထားတာထက်စာရင် အခြေခံလောက် သိထားရင်ဘဲ ဒီမိုကရေစီကို တည်ဆောက်ထိန်းသိမ်းဖို့ အထောက်အကူ ဖြစ်စေနိုင်ပါတယ်။)

ဒုတိယအမျိုးအစားဟာ လူထုပညာပေးရေးတွေနဲ့ စနစ်တကျလေ့လာတဲ့ပုံစံမျိုး မဟုတ်ပါဘူး။ တကယ်တော့ ဒီမိုကရေစီစနစ်မှာ ဒီမိုကရေစီကို တန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက်ကြမယ့် သူတွေအတွက် ကြိုတင်ဖြည့်ဆည်းထားရမယ့် သတ်မှတ်ချက်တွေ ရှိနေပါတယ်။ ဥပမာ - ဒီမိုကရေစီစနစ်ရဲ့ အခြေခံမူဖြစ်တဲ့ လူထုက အစိုးကို ရွေးချယ်တင်မြှောက်ရတဲ့ ကိစ္စမှာ အစိုးရဆိုတာ ဘယ်လိုမျိုးဖြစ်နေရမလဲ ၊ လူထုက ဘယ်လိုရွေးချယ်ရသလဲ ၊ အဲဒါမျိုးတွေကို လူထုက ကောင်းကောင်းကြီး သိနေအောင် လူထုပညာပေးရေးနဲ့ စနစ်တကျ ကျယ်ကျယ်ပြန့်ပြန့် ကြိုတင်လုပ်ဆောင်ရပါတယ်။

ဒီမိုကရေစီ သင်ခန်းစာတွေဟာ ဒီမိုကရေစီရဲ့ အခြေခံလမ်းညွှန် ဖြစ်တယ်လို့ ပိုပြီးတိကျအောင် ခေါ်ဆိုနိုင်ပါလိမ့်မယ်။ ဒီသင်ခန်းစာတွေမှာ ဒီမိုကရေစီစနစ်ရဲ့ အခြေခံအချက်တွေ ၊ တွေးခေါ်ပုံတွေ ၊ ဆက်စပ်တာတွေအားလုံး ပါဝင်ပါတယ်။ ဒါအပြင် ဒီမိုကရေစီကို အခြေပြုထားရတဲ့ မရှိမဖြစ် အရေးပါတဲ့ စိတ်ကူးတွေ ၊ မူဝါဒတွေကို အခြေခံကျကျ လေ့လာနိုင်မယ် ဗဟုသုတ ဟင်းလေးအိုးကြီးလည်းဖြစ်ပါတယ်။ ဒီလောက်နဲ့တောင် မကသေးပါဘူး။ ဒီမိုကရေစီနဲ့ပါတ်သက်ပြီး လောလောဆယ်မှာ ဟိုလိုလို ဒီလိုလို ရှုပ်ထွေးနေတာတွေကိုလည်း ဒီသင်ခန်းစာတွေကို ဖတ်လိုက်ရင် ရှင်းသွားပါလိမ့်မယ်။

Roland O. Watson 2008
မြန်မာဘာသာပြန် - လွင်အောင်စိုး

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...