Friday, March 18, 2011

Gmail Password မျှဝေ​သုံးစွဲ​ခြင်း (G-mail သုံးသူတိုင်း သိသင့်တဲ့ Blog)

*တောင်း​ဆို​ခြင်း*
ကျွန်တော် ဧ​ဒင်​ဉ​ယျာဉ်​မှာ gmail အသုံးပြု​သူ​တစ်​ယောက်​အနေ​နဲ့
သိ​ထား​သင့်​သည်​များ​ကို ဖော်​ပြ​ပေး​ပါ့​မယ်​လို့ ပြောထား​ခဲ့​တဲ့​အတွက်
ဒီ​ပို့စ်​ကို တင်​ပေး​ခြင်း​ဖြစ်​ပါ​တယ်။ ပထမ​ဆုံး​အနေ​နဲ့
ကျွန်တော့်​အကြောင်း​ကို ပြော​ပြ​ထား​ချင်​ပါ​တယ်။ ဘာ​လို့​လဲဆို​တော့
ကျွန်တော့်​ကို တစ်​မျိုး​မြင်​ကြ​မှာ စိုးရိမ်​မိ​လို့​ပါ။ ကျွန်တော်​က
ဆရာ​ကြီး​တစ်​ယောက်မ​ဟုတ်​ပါ​ဘူး။ ကျွန်တော်​တတ်​ထား​တာ သိ​ထား​တာ​လေး​တွေ​ကို
မ​သိ​သေး​သူ​များ သိ​စေ​ချင်​တဲ့ ဆန္ဒ​နဲ့ ပြန်လည်​မျှဝေ​ပေး​ခြင်း​ပဲ
ဖြစ်​ပါ​တယ်။ ဒီ​ပို့စ်​မှာ လို​အပ်​နေ​တာ​တွေ​ရှိ​ကောင်း​ရှိ​နိုင်​ပါ​တယ်။

အဲ​ဒီ​အတွက် သိ​သူ​များ​အနေ​နဲ့ ကိုယ်​သိ​တာ​တွေ​ကို
ပို့စ်​မှာ​လို​အပ်သွား​တာ​တွေ မှား​သွား​တာ​တွေ​ကို comments မှ
ဝေဖန်​အကြံပေး​ပြီး ပြန်လည်​မျှဝေ​ပေး​ပါ​လို့
ကျွန်တော်​တောင်း​ဆို​ချင်​ပါ​တယ်။


*Gmail Password မျှဝေ​သုံးစွဲ​ခြင်း*
[image: gmail by google]
အင်တာနက် သုံးစွဲ​သူ​များ​အနေ​နဲ့ အင်​တာ​နက်​ကို အကျိုး​ရှိ​စွာ
အသုံးပြု​မယ်​ဆို အလွန်​အကျိုး​ပြု​အသုံးဝင်​ပါ​တယ်။ အလွန်​အကျွံ​သုံး​ပြီး
အကျိုး​မ​ရှိ​တာ​တွေ​လုပ်​မယ်​ဆို​ရင်​လဲ ဆိုး​ကျိုး​တွေ​ဖြစ်ပေါ်​စေ​ပါ​တယ်။
အင်​တာ​နက်ပေါ်​မှာ ဝန်​ဆောင်​မှု​တွေ​အများ​အပြား​ရှိ​ပါ​တယ်။
ကောင်း​တာ​တွေ​ကော ဆိုး​တာ​တွေ​ကော​ပေါ့​ဗျာ။ နေရာ​တိုင်း​မှာ အဆိုး​နဲ့
အကောင်း​ဆို​တာ ဒွန်တွဲ​နေ​တတ်​တာ​ပဲ။
အခု​ပြဿနာ​ကတော့ ချစ်​သူ​များ​ကြားမှာ အဖြစ်​များ​တဲ့ email password ကို
ယုံကြည်​စွာ​ပုံ​အပ်ပေး​ထား​ခြင်း​ပဲ​ဖြစ်​ပါ​တယ်။ ကျွန်တော့်
ပတ်ဝန်းကျင်​မှာ​ကို ဒု​နဲ့​ဒေး​နဲ့​ပါ။ ဆိုး​ဆိုးဝါး​ဝါး​ဖြစ်​တာ​ကတော့ email
account password ကို​ချိန်း​လိုက်​တာ​လောက်​ပဲ​ကြုံ​ဖူး​ပါ​တယ်။
ဘယ်​လို​ပဲ​ဖြစ်⁠ဖြစ်​ပါ အဲ​လို​တော့​မ​လုပ်​သင့်​ပါ​ဘူး။ အခု​ကျွန်တော်
ဧ​ဒင်​ဉ​ယျာဉ်​မှာ ဖတ်​ရ​တာ​ကတော့ မိန်း​ကလေး​အတွက် စိတ်​မ​ကောင်း​စရာ​ပါ​ပဲ။
ဒါ​ပေ​မယ့်​လဲ သူ​တို့​ရဲ့ ပြဿနာ​ကို သေသေချာချာ​မ​သိ​ပဲ​နဲ့​တော့
ဝေဖန်​မှု​မ​ပေး​ချင်​ပါ​ဘူး။ အဲ​ဒီ ပြဿနာ​တွေ လျော့​နည်း​သွား​အောင်
ဘယ်​လို​ကာ​ကွယ်​မ​လဲဆို​တာ​ကို​ပဲ ကျွန်တော်​သိ​သ​လောက် တတ်​သ​လောက်​ကို
မျှဝေ​ပေး​ပါ့​မယ်။ သင့်​အနေ​နဲ့ ဧ​ဒင်​ဉ​ယျာဉ်​က ဇာတ်​လမ်း​လေး​ကို
ဖတ်​ချင်​တယ်​ဆို​ရင်​တော့
ဒီမှာကလစ်လုပ်< http://www.facebook.com/l/b1803gTV9Y7p65kGNtqXzyRp1RA/www.edinooyin.com/profiles/blog/show?id=4347155%3ABlogPost%3A988575&xgs=1&xg_source=msg_share_post>ဝင်
ရောက်​ဖတ်​နိုင်​ပါ​တယ်။
မြန်မာ​နိုင်ငံ​မှာ email ကို​အများ​ဆုံး​သုံး​တာ​ကတော့ gmail ပဲ​ဖြစ်​ပါ​တယ်။
gmail ဆို​တာ google က ဝန်​ဆောင်​မှု​ပေး​ထား​တဲ့ google mail ပါ။
အတိုကောက်​အနေ​နဲ့ gmail ဆို​ပြီးခေါ်​ဆို​ခြင်း​ဖြစ်​ပါ​တယ်။ gmail မှာ
ဝန်​ဆောင်​မှု​တွေ​အများ​ကြီး​ရှိ​ပါ​တယ်။ အဲ​ဒီ​အထဲ​က gmail grant
access< http://www.facebook.com/l/b1803uzOxdrntcOzVk3EArwsEQw/homeless.isgreat.org/gmail-grant-access/>ဆို​တာ​ကို
ကျွန်တော်​ပို့စ်​တင်​ပေး​ပြီး​သွား​ပါ​ပြီ။ ဒီ​ပို့စ်​ဟာ​လည်း​ပဲ
gmail grant access နဲ့​သက်ဆိုင်​နေ​ပါ​တယ်။

*မှတ်ထား​သင့်​သည့် အချက်​များ*
Gmail သုံး​သူ​တစ်​ယောက်​အနေ​နဲ့ အရေးတကြီး မှတ်ထား​ရ​မှာ​တွေ​ကို
ဖေါ်​ပြ​ပေးလိုက်​ပါ​တယ်။
အဲ​ဒါ​တွေ​ကတော့

၁။ Secondary Email Address Gmail account တစ်​ခု​ကို create လုပ်​ပြီ​ဆို​ရင်
secondary email address တစ်​ခု​ထည့်​ပေး​ရ​ပါ​တယ်။ password recovery
လုပ်​ဖို့​အတွက်​ပါ။ သင့်​အနေ​နဲ့ အကောင့် password မေ့​သွား​ခဲ့​ရင်
သင်ပေး​ထားခဲ့​တဲ့ secondary email address ဖြင့် password recovery
ပြန်​လုပ်​နိုင်​ပါ​တယ်။ အကယ်၍ သင့်​မှာ အခြား email account မ​ရှိ​ဘူး​ဆို​ရင်
မ​ထည့်​ပါ​နဲ့​လို့ တိုက်တွန်း​ချင်​ပါ​တယ်။ ဘာ​လို့​လဲဆို​တော့
သင်ပေး​လိုက်​တဲ့ အကောင့်​က​နေ သင် create လုပ်​လိုက်​တဲ့ gmail ကို
အချိန်​မ​ရွေး password recovery လုပ်​နိုင်​တဲ့​အတွက်​ပဲ ဖြစ်​ပါ​တယ်။
အဲ​ဒီ​အတွက် သင့်​အနေ​နဲ့ secondary email address ပေး​ခဲ့​မယ်​ဆို​ရင်
သင်ပေး​ခဲ့​တဲ့ email address ကို​တော့ လုံခြုံ​မှု​စွာ​သုံး​ပြီး address
ကို​အသေ​အချာ​မှတ်ထား​ဖို့ လို​အပ်​ပါ​တယ်။

၂။ Security Question Security question က​လဲ​ပဲ secondary email address
လို​ပါ​ပဲ။ gmail password recovery လုပ်​ဖို့​အတွက်​ပါ။ security question
ကို​တော့ မ​ထည့်​မ​နေ​ရ​ထည့်​ကို​ထည့်​ပေး​ရ​ပါ​မယ်။ question
အတိုင်း​မှန်​မှန်ကန်​ကန် ထည့်​ပေး​စရာ​မ​လို​ပါ​ဘူး။ သင့်​အနေ​နဲ့
လုံခြုံ​မှု​ရှိ​ပြီး မှတ်မိ​နိုင်​မည့် အဖြေ​တစ်​ခု​ကို
ပေး​နိုင်​ရင်​ရ​ပါ​ပြီ။ ချစ်​သူ​အမည်၊ ကိုယ်​ပိုင်​နံပါတ် စ​သည်​တို့​ကို
အသုံး​မ​ပြု​ဖို့​တိုက်တွန်း​ချင်​ပါ​တယ်။ မည်​သူ​မှ​မ​သိ​နိုင်
မ​ခန့်​မှန်း​နိုင်​တဲ့ အဖြေ​မျိုး​ပေး​သင့်​ပါ​တယ်။ Security question
နဲ့​ပတ်သက်​ပြီး ဥပမာ​တစ်​ခု​ပေး​ချင်​ပါ​တယ်။ ကျွန်တော်​သင်​တန်း​တက်​တုန်း​က
သင်​တန်း​မှာ​ဖြစ်​တာ​ကို ဆရာ​က​ပြော​ပြ​ဖူး​တာ​ပါ။ ကောင်​မ​လေး​တစ်​ယောက်​နဲ့
ကောင်​လေး​တစ်​ယောက်​အကြောင်းပါ။ သူ​တို့​နှစ်​ယောက်​က အတွဲ​တွေ​ဆို​ပါ​တော့
ကောင်​မ​လေး​က ကမ္ဘာကျော်​ဘော​လုံး​သမား​တစ်​ယောက်​ကို အရမ်း​ကြိုက်​တာ​ပါ။
အဲ​ဒါ​နဲ့​ပဲ သူ့ gmail security question မှာ အဲ​ဒီ​ဘော​လုံး​သမား​နာမည်​ကို
ထည့်​ထား​လိုက်​တယ်​ပေါ့။ တစ်​နေ့​မှာ သူ့​ကောင်​လေး​က
ကောင်​မ​လေး​အကောင့်​ကို​လိုချင်​တာ​နဲ့​ပဲ ကောင်​မ​လေး​ရဲ့ gmail address ကို
password recovery လုပ်​ပါ​လေ​ရော။ ကောင်​မ​လေး​အကောင့်​မှာ secondary email
မ​ရှိ​တာ​လား မ​သိ​လို့​လား​မ​သိ​ဘူး။ ကောင်​လေး​က security question နဲ့
ကောင်​မ​လေး​အကောင့်​ကို hacking လုပ်​တယ်​ဆို​ပါ​တော့။ အဲ​ဒီ​မှာ ကောင်​လေး​က
ကောင်​မ​လေး အရမ်း​သဘောကျ​တဲ့ ဘော​လုံး​သမား​အမည်​ကို​ထည့်​ပေးလိုက်​တာ
password ကို​ပြောင်း​လို့​ရ​သွား​တယ်​တော့​တာ​ပါ​ပဲ။

Gmail မှာ password ကို​သိ​အောင်​လုပ်​ဖို့​ဆို​တာ သာမန်​လူ​တွေ​အဖို့
မလွယ်​ပါ​ဘူး။ တစ်​ခု​ရှိ​တာ​ကတော့ keylogger လို software
တွေ​သုံး​မယ်​ဆို​ရင်​တော့ ဖြစ်​နိုင်​ပါ​တယ်။ အဲ​လို software
တွေ​သုံး​ထား​တဲ့ စက်​တွေ​မှာ​မ​ထိုင်​မိ​ဖို့​တော့ သတိထား​ပေါ့။ ဘယ်​စက်​မှာ
ရှိ​တယ်​ဆို​တာ​ကတော့ တိတိ​ကျ⁠ကျ​ပြော​လို့​မ​ရ​ဘူး။ သင်​စာ​ရိုက်​တဲ့​အခါ​မှာ
သတိထား​ကြည့်​လို့​တော့ ရ​နိုင်​ပါ​တယ်။ mouse pointer
က​စာ​ရိုက်​လိုက်​တိုင်း​လိုလို​မှာ အလုပ်​လုပ်​နေ​သ​လို​ဖြစ်​နေ​တယ်​ဆို​ရင်
အဲ​ဒီ​စက်​မှာ spyware တစ်​ခု⁠ခု​ရှိ​နေ​တယ်​ဆို​တာ သိ​နိုင်​ပါ​တယ်။ အဲ​လို
software တွေ​က​အများ​ကြီး​ပါ တစ်​ခု​နဲ့​တစ်​ခု မ​တူ​နိုင်​ပါ​ဘူး။
အရင်​က​တွေ့​ဖူး​ပါ​တယ်။ keylogger ရှိ​တဲ့​စက်​မှာ task manager ခေါ်​ကြည့်​ရင်
ဘာ နာမည်​နဲ့ process ဆို​လဲ​မ​သိ​ဘူး​ရှိ​တယ်​တဲ့ အဲ​ဒါ​ကို end task
ပေးလိုက်​ရင် အလုပ်​မ​လုပ်​တော့​ဘူး​လို့ fwd တွေ​မှာ​ပါလာ​တာ​တွေ့​ရ​ပါ​တယ်။
ဟုတ်​မဟုတ်​တော့ မ​သိ​ဘူး။ သေချာ​တာ​ကတော့ အဲ​လို process name တွေ​ကို program
ရေး​သူ​အနေ​နဲ့ သူ​ကြိုက်​တာပေး​လို့ ရ​နိုင်​တယ်​ဆို​တာ​ပဲ သိ​တယ်။ portable
drive တွေ​သုံး​တဲ့​သူ​တွေ​ကို​အတွက်​ကတော့ process XP တို့​လို portable
process manager တွေ​ဆောင်​ပြီး ကွန်ပျူတာ​မ​သုံး​ခင် process
တွေ​အရင်​ကြည့်​ဖို့​တိုက်တွန်း​ချင်​ပါ​တယ်။ ကိုယ်​မ​သင်္ကာ​တာ​တွေ့​ရင်
ပိတ်​သာ​ပိတ်​ပလိုက် :-) ကိုယ့်​စက်​မဟုတ်​ဘူး။ ဟီး​ဟီး။… (နောက်​တာ)
ဘာ​ပြဿနာ​မှ​မ​ရှိ​ပါ​ဘူး။ တစ်​ခု​ခု မှား​ပိတ်​မိ​လို့ ကွန်ပျူတာ
သုံး​မ​ရ​တော့​ဘူး​ဆို​ရင် restart လုပ်​လိုက်​ပါ။
အကုန်​ပုံ​မှန်​အတိုင်း​ပြန်​ဖြစ်​သွား​မှာ​ပါ။ (ကျွန်တော်​လဲ
မ​ဆိုင်​တာ​တွေ​ပါ လျှောက်​ပြော​ကုန်​ပီ။ ဘယ်​နား​ရောက်​သွား​ပြီ​လဲ​မ​သိ​ဘူး။
ရေး​နေ​တာ​တွေ :-P )
အဓိက ကတော့ အပေါ်​က​ပြော​ပြ​ခဲ့​တဲ့ secondary email address နဲ့ security
question တို့​ကို​သာ သေချာ​မှတ်သား ဂရုစိုက်​ဖို့​လို​အပ်​ပါ​တယ်။ password
မ​သိ​ပဲ password ကို​ပြောင်း​လို့​မ​ရ​နိုင်​ပါ​ဘူး။ recovery
လုပ်​နိုင်​မှ​သာ gmail password ကို​ပြောင်း​နိုင်​မှာ​ပါ။
ချစ်​သူ​စုံ​တွဲ​တွေ အနေ​နဲ့ တစ်​ဦး​ကို​တစ်​ဦး​အရမ်း​ချစ်​ကြ​လို့၊
ယုံ​ကြည့်​မှု​လိုချင်​ကြ​လို့ gmail password ပေး​စရာ​မ​လို​ပါ​ဘူး။ gmail
grant access မှာ access လုပ်​ပေးလိုက်​ပါ။ သင့်​ချစ်​သူ​အနေ​နဲ့ သင့် gmail
တစ်​ခု​လုံး​ကို ပြောင်းပြန်​လှန်​လို့​ရ​နိုင်​မယ်။ ဒါ​ပေ​မယ့် password
ကို​တော့ ပြောင်းလဲ​ပစ်​လို့​မ​ရ​နိုင်​ပါ​ဘူး။ gmail grent access
လုပ်​နည်း​ကို ပို့စ်​တင်​ပေး​ပြီး​ဖြစ်​ပါ​တယ်။ အပေါ်​မှာ​လဲ
လင့်ခ်​ပေး​ပြီး​သား​ပါ။ အခု​လဲ​ထပ်​ထည့်​ပေးလိုက်​ပါ့​မယ်။
gmail grant access
< http://www.facebook.com/l/b1803uzOxdrntcOzVk3EArwsEQw/homeless.isgreat.org/gmail-grant-access/>ကလစ်လုပ်ပြီးဖတ်နိုင်ပါ
တယ်။ အသေး​စိတ်ဖေါ်​ပြ​ထား​ပေး​ပါ​တယ်။
နား​မ​လည်​တာ​ရှိ​ရင်​လဲ comments ရေးထား​ခဲ့​နိုင်​ပါ​တယ်။

(ဧဒင်ဥယျာဉ် မှ မျှဝေတင်ပြ ခြင်းဖြစ်ပါသည်)


If you can't read the words Click here to
read< http://www.facebook.com/l/b1803JI8toyypxe4Fzw0RwwKi0w/homeless.isgreat.org/email-password-%e1%80%99%e1%80%bb%e1%80%be%e1%80%9d%e1%80%b1%e2%80%8b%e1%80%9e%e1%80%af%e1%80%b6%e1%80%b8%e1%80%85%e1%80%bd%e1%80%b2%e2%80%8b%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8/>

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...