အရက်ကြော်ငြာများရဲ့.... နောက်ကွယ်က ယနေ့...ရွှေမြန်မာ -
by Chan Myae on Thursday, March 24, 2011 at 12:07am
ကားရပ်နားနိုင်ခွင့်ကိုလည်း အခမဲ့ရပ်နားနိုင်တယ်၊ ကျန်ုပ်တို့ရွှေမြန်မာများလို '' ဘာကြောင့်ရပ်ရပ် ငွေပေးပြီးမှရပ် '' ဆိုသလိုမျိုး မဟုတ်ပါ (စည်ပင်တွေတကယ်အလုပ်လုပ်နိုင်ကြတာပါ)။ အစစအရာရာမြန်မာပြည်နဲ့ကွာခြားတာတော့ မပြောချင် တော့ပါဘူး၊ ပြောင်းလဲ တိုးတက်ပေမယ့် ကျွန်ုပ်တို့ " ရွှေမြန်မာ '' နိုင်ငံကြီးကို မမှီတာတွေလဲ ရှိသေးသဗျ.၊ ချင်းမိုင်ကို ခဏတာလေး ရောက်သွားချိန်မှာ မိတ်ဟောင်း ဆွေဟောင်းတွေနဲ့တွေ့ကြပြီး နံမည်ကြီး '' Airport Plaza " ထဲကိုသူငယ်ချင်းတွေရဲ့ကောင်းမှုကြောင့် ရောက်သွားခဲ့တယ်၊ '' Car Parking " ကွင်းကြီးဟာဧရာမ အကျယ်ကြီးပါဘဲဗျာ..၊'' ၀ယ်ချင်ရင်တော့(၁၀)..လီတာပြည့်အောင် ၀ယ်မယ်ဆိုရင်တော့...ရောင်းခွင့် ရှိပါတယ် '' တဲ့၊ ဒါမှမဟုတ်ရင်တော့ ညနေ(၅)နာရီကျော်မှ ၄င်းတို့မှာ ရောင်းခွင့်ရှိ သတဲ့... ဆိုဘဲ။
အရက်၊ ဘီယာထက် ဘာကိုအသားပေး ဖော်ပြထားမှန်း မသိတဲ့ ကြော်ငြာတွေက အကန့်အကွက်မရှိကြပါ၊ ချင်းမိုင်မှသူငယ်များ ကလည်း ထောက်ခံကြပါသည် '' ဟုတ်တယ်.. သူငယ်ချင်းတို့ ..ငါတို့လည်း... ပြောဘို့မေ့သွား တယ်ကွာ.. ဒီမှာ..မ၀ယ်ပါနဲ့ တော့ကွာ ညကျမှ.. မင်းတို့နဲ့ အဆင်ပြေမယ့်.. အပြင်ဆိုင်မှာ အေးအေး ဆေးဆေး.. ထွက်သောက်ကြ တာပေါ့ '' ဟုဆိုသဖြင့် ရှက်ရှက်ဖြင့် ပြန်လာခဲ့ ရပါတယ်၊။ ထိုင်းနိုင်ငံ တစ်နိုင်ငံလုံးတွင် ညနေ(၅)နာရီ မထိုးမချင်း မည်သည့် အဖျော်ယမကာ၊ အရက်၊ဘီယာ၊၀ိုင်များကို ရောင်းခွင့် မရှိဟု အစိုးရမှဥပဒေထုတ် ပြန်ထားခြင်း သည်လည်း ပြည်သူများအတွက် တစ်မျိုးကောင်းလေသည်၊
သံဃာတွေက အောက်ကကြွပေါ့၊စီးပွားရေး၊မိသားစုဝမ်းစာရေးတွေ အဆင်မပြေသော အိမ်ထောင်ဦးစီး ပုရိသလူငယ် များသည် ဘ၀အမောတွေ ကိုလမ်းဘေး အရက်ဆိုင်တွေမှာ ပက်ချိန်မော့ရင်း မကြားတကြား တီးတိုးပွင့်အန် ရင်ဖွင့်လေ့ရှိကြသည်၊ မြန်မာပြည်မှာလမ်းကြိုလမ်းကြားများတွင် အရက်ပုန်းဆိုင်များ လက်ညိုးထိုး မလွဲသလို ကျန်ုပ်တို့ရွှေမြန်မာများက အလုပ်လက်မဲ့သာဖြစ်နေကြတာ အရက်သောက်နှုံး ဦးရေကတော့ ထိုင်းထက် များမယ်လို့ ထင်မိပါတယ်၊ အချိန်မရွေး နေရာမရွေး စိတ်ကြိုက် ၀ယ်ယူ သောက်သုံး ပိုင်ခွင့် ရှိကြလေသည်၊
ဆိုင်လေးထဲကို ၀င်လိုက်သည်နှင့် ညာဘက် နံရံထက်တွင် ကျန်ုပ်တို့ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည်တို့ မင်္ဂလာဆောင် သည့်နေ့က၀တ်စုံကလေးနှင့် ဇနီးမောင်နှံ၏ ဓါတ်ပုံသည်ခန့်ညား ၀ံ့ထယ်စွာ နေရာယူ ချိတ်ဆွဲထားခြင်းက ဆိုင်ကလေး၏ ကျက်သရေကို ဖော်ဆောင်ပေး နေပါသည်၊
မြန်မာနိုင်ငံတွင်ချိတ်ဆွဲခွင့်သိပ် မရှိတော့သော ဗိုလ်ချုပ်ခင်မြာ ပြည်ပနိုင်ငံများရောက်မှ ဂုဏ်ပြုခံထားရသည့်နှယ် ကြေကွဲစိတ် ကလေး ပေါ်ခဲ့မိ လေသည်။
'' ဒီလို'' ဆိုင်ကလေးသည်သပ်ရပ်သည်၊ချင်းမိုင်ရောက် မြန်မာလူမျိုးများ၊ ပြည်ပ သတင်းထောက် မီဒီယာအဖွဲ့များ အတွက် အပန်းဖြေစရာ အနားယူစရာ အလွန် ကောင်းသည့် ဗိမာန်ဘုံ ဆိုင်ကလေး ဆိုရင် မမှားပါ၊ဒီလိုနဲ့ညနေ(၇)နာရီခွဲလောက်မှာဘဲ ချင်းမိုင်မြို့၊ ဟွေ့ကရောက်(Huai Kaeo Road) ဒွိုင်ဆူထေ့ပ် ဘုရားသို့ သွားရာ လမ်း ညာဘက် လမ်းထောင့် လေးမှာရှိတဲ့ '' ဒီလို '' မြန်မာထမင်းဆိုင် လေးထဲ ၀င်ထိုင်ကာ သူငယ်ချင်းများဆုံ ဆည်းတဲ့အမှတ်တရပွဲလေး အဖြစ်ကျင်းပခဲ့ပါတယ်၊
ထိုကြောငြာထဲကအရက်များကိုတော့ကျန်ုပ်တို့အာဏာရှင်ကြီးများ သောက်သုံးလိမ့်မည်မဟုတ်ပါ၊သောက်ချင်စိတ်များ ရှိခဲ့ပါကလည်း ကြိတ်မှိတ်မျိုသိပ်ကာ မြန်မာပြည် ပြန်ရောက်မှဘဲ မှိုလိုပေါက်နေသော လမ်းဘေးကြော်ငြာ ဆိုင်းဘုတ်များကို စိတ်ကြိုက် ငေးမောရင်း မည်သည့် နေရာမည်သည့် အချိန်မဆို လွတ်လပ်စွာဝယ် ယူ သောက်သုံးခွင့် ရှိသော '' ရွှေမြန်မာ '' လောက် ဘယ်နိုင်ငံမှ သဘောထား မကြီးကျပါလားလို့ တွေ့းမိ ပါလေတော့သည်၊
(ငရွှေ...စစ်သည်ဟောင်း)
-19,Mar, 2011
အတွေးပေါင်းစုံနှင့် အတူ.. ချင်းမိုင်မြို့ ကလေးသည်.. တဖြေးဖြေး.. ဝေး၍.. ဝေး၍သာ ကျန်ခဲ့လေတော့ သတည်း.....။
0 comments:
Post a Comment