Thursday, March 24, 2011

"ခေတ်နဲ့ညီတဲ့ ပညာရေး".

ပြီးခဲ့တဲ့အပတ်တုန်းက စင်္ကာပူထုတ်သတင်းစာထဲမှာ ယခုနှစ် စင်္ကာပူမှ GCE ‘O’ Level ပြီးသူအများစုဟာ ၊ ကောလိပ်ဆက်တက်ပြီး GCE ‘A’ Level ကိုဖြေမယ့်အစား ၊ နည်းပညားဒစ်ပလိုမာပေးတဲ့ polytechnic တွေကို ဦးစားပေးလျှောက်လာကြတာ တွေ့ ရပါတယ် ။ စင်္ကာပူမှာရှိတဲ့ polytechnic ၅ ခုလုံးမှာ ဒီနှစ်အတွက် ကျောင်းသားခေါ်ဦးရေမြင့်လာသလို ၊ အမှတ်ကောင်းသူတွေ လျှောက်ကြတဲ့အတွက် တချို့ သော ရေပန်းစားတဲ့ course တွေရဲ့ ၀င်ခွင့်အမှတ်ဟာလည်း မြင့်တက်သွားပါတယ် ။

ဥပမာ … ဒီနိုင်ငံမှာ GCE ‘O’ Level ပြီးရင် ၊ ကောလိပ် (သို့မဟုတ်) polytechnic ကိုဝင်ဖို့ point system ကို သုံးပါတယ် ။ အင်္ဂလိပ်စာ ၊ သင်္ချာ ၊ science, arts & humanities စတဲ့ မပါမဖြစ် ဘာသာလေးခုရယ် ၊ နောက်ထပ် ဘာသာနှစ်ခုရယ်ကို ပေါင်းပြီး ၊ point တွက်ပါတယ် ။
ဂရိတ်ပေးရာမှာ A1, A2, B3, B4, C5, C6, D7, F9 (D7 & F9 ဆိုတာ စာမေးပွဲကျပါတယ်) စသည်ဖြင့် အဆင့်လိုက်ခွဲထားပါတယ် ။ ဂရိတ် A1 ဆိုရင် ၇၅မှတ်အထက်ကို ခေါ်တာမျိုးပါ ။ ၆ဘာသာလုံးမှာ အမြင့်ဆုံးအမှတ်တွေရတဲ့သူဟာ ၆ဘာသာပေါင်း 6 points ရတယ်လို့ ခေါ်ပါတယ် ။ ၆ဘာသာပေါင်း total number of points က နည်းလေ ကောင်းလေပါပဲ ။


ကောလိပ်ကိုဝင်မယ်ဆိုရင် ၆ဘာသာပေါင်း below 20 points ရမှ ၀င်နိုင်ပါတယ် (ဒီ သတ်မှတ်ချက်ကတော့ တနှစ်နဲ့တနှစ် ပြောင်းနေသလို ၊ ကောလိပ်တကျောင်းနဲ့ တကျောင်းလည်း မတူပါဘူး ။ နာမည်ကြီးကော်လိပ်ကျောင်းတခုမှာ 10 points ထက် ကျော်ရင် ၀င်ခွင့်မရပေမယ့် ၊ သိပ်နာမည်မကြီးတဲကောလိပ်ကျောင်းမှာ ၀င်လို့ရပါတယ် ။ polytechnic ကိုဝင်မယ်ဆိုရင်တော့ ပျမ်းမျှ ၅ ဘာသာပေါင်း 36 points ထက် မကျော်ရပါဘူး ။ polytechnic ၀င်တယ်ဆိုတာ လွန်ခဲ့တဲ့ ဆယ်စုနှစ်လောက်ကတော့ စင်္ကာပူမှာ စာညံ့လို့ ၀င်တယ်လို့ ပဲ သတ်မှတ်ကြပါတယ် ။ ခုဆိုရင်တော့ တချို့ နာမည်ကြီး course တွေရဲ့ ၀င်ခွင့်သတ်မှတ်ချက်ဟာ below 10 points အောက်ကို ရောက်တဲ့အထိ ၊ သတ်မှတ်ချက် မြင့်တက်နေပါတယ် ။

polytechnic ရဲ့ အောက်ပါအားသာချက်များကြောင့် polytechnic ပညာရေးကို စင်္ကာပူမှကျောင်းသားများ ပိုရွေးချယ်ကြပါတယ် ။

• Arts or Science General subjects such as Economics, Physics, Chemistry စသော ဘာသာရပ်တွေကိုသင်ကြားစရာမလိုဘဲ ၊ ကိုယ်စိတ်ဝင်စားရာ ဘာသာရပ်ကိုပဲ အသေးစိတ် သင်ပြပေးတဲ့အတွက်
• ‘A’ Level certificate လောက်ပဲ ရတဲ့ ကောလိပ်ကျောင်းကို တက်မယ့်အစား ၊ အသက်မွေးဝမ်းကျောင်းဖြစ်ဖို့ ဒစ်ပလိုမာလက်မှတ်တခု ပေးတဲ့အတွက်
• polytechnic တွေမှာ သင်ပြတဲ့ course တွေဟာလည်း ၊ ခေတ်နဲ့အညီ အလုပ်ခွင်မှာ တကယ်အသုံးဝင်နေတဲ့ အတွက်
• ကျောင်းဝတ်စုံမ၀တ်ရတဲ့ ကျောင်းသားတွေကို polytechnic တွေမှာ လူကြီးတယောက်လို ပိုပြီး independent style နဲ့ သင်ကြားပေးတာအတွက်
• သင်ယူနေတဲ့ ဘာသာရပ်နဲ့ဆိုင်တဲ့ ပရောဂျက်တွေကို လုပ်ငန်းခွင်က ကုမ္ပဏီတွေနဲ့အတူ လက်တွေ့ အဖြစ် တွဲလုပ်ခွင့်ရတာအတွက်

အခုလို trend ဖြစ်လာတာရဲ့ ဖြစ်နိုင်ချေရှိတဲ့အချက်တွေကတော့ ၊

• စင်္ကာပူမှ ခုခေတ်လူငယ်တွေဟာ ဘ၀မှာ သူတို့ဘယ်လိုင်းကို စိတ်ဝင်စားတယ်ဆိုတာ သိလာကြပါတယ် ။ ဥပမာ … graphic design ကို ၀ါသနာပါသူဟာ ၊ စာသဘော ပိုဆန်တဲ့ ၊ သူတို့စိတ်ထဲမှာ အဆက်အစပ်လုပ်ပြီး တွေးမရတဲ့ general science subjects တွေကို မသင်ကြားလိုတော့ပါဘူး ။
• ကျောင်းသားတော်တော်များများရဲ့ စိတ်ထဲမှာ ၊ သူတို့စိတ်ဝင်စားတဲ့ဘာသာရပ်ကိုပဲ အချိန်တွေအကုန်ခံ သင်ကြားလိုစိတ်တွေ များပြားလာပါတယ် ။
• “Why are we learning this?” ဆိုတဲ့ မေးခွန်းကိုလည်း မေးတတ်လာကြပါတယ် ။

ခေတ်ရဲ့ စီးဆင်းမှုအရ လူငယ်တွေဟာ ကိုယ့်ဘ၀ကိုယ် ဆုံးဖြတ်ပိုင်ခွင့်ကို ပိုမိုလိုလားလာကြပါတယ် ။ freedom, independence စတဲ့စကားလုံးတွေကို တွင်ကျယ်စွာ အသုံးပြုလာကြတယ် ။ အဲလိုပြောင်းလဲနေတဲ့ လူငယ်တွေရဲ့ စရိုက်အနေအထားကိုလိုက်ပြီး ၊ ခေတ်နဲ့အမှီလိုက်နိုင်တဲ့ ပညာရေးဖြစ်ဖို့ ၊ စင်္ကာပူပညာရေးအသွင်ဟာလည်း ပြောင်းလဲနေတာ ဖြစ်ပါတယ် ။

မြန်မာပြည်မှာလည်း ခေတ်နဲ့အညီ ပြောင်းလဲပေးနေနိုင်တဲ့ ခေတ်မှီပညာရေးအခြေအနေ ရောက်လာနိုင်ပါစေလို့ ဆုတောင်းရင်း ….. ။

စာရေးသူ(အမည်မသိ)

http://educationinmyanmar.blogspot.com/search/label/Education%20System%20-%20Singapore

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...