Thursday, March 24, 2011

အိဂျစ်တော်လှန်ရေးသမား လုပ်နည်းကိုင်နည်း

by Ye Thurein Min on Thursday, March 24, 2011 at 11:54am
ဂါမဏိ ဘာသာပြန်သည်
၂၀၁၁ ခု ဇန်နဝါရီ ၁၄ ရက်မှာ ကျူးနီးရှားတော်လှန်ရေး အောင်ပွဲခံပြီးနောက်မှာ အိဂျစ်ဒီမိုကရေစီသမားတွေကလည်း အာဏာရှင် မူဘာရတ်ကို လူထုတော်လှန်ရေးနဲ့ ဖြုတ်ချဖို့ ပြင်ဆင်ခဲ့ကြပါတယ်။ ဒီလိုပြင်ဆင်ရာမှာ ဖေ့စ်ဘွတ်နဲ့ တွစ် တာ အင်တာနက်ကွန်ယက်တွေနဲ့ လှုပ်ရှားခဲ့ကြတယ်လို့ အခုအခါ ယေဘုယျသိထားကြပါတယ်။ ဒါပေမဲ့ အဲဒီကွန် ယက်နှစ်မျိုးကိုမသုံးဘဲ အဓိကကျတဲ့ ပြင်ဆင်မှုတခုကို လုပ်ခဲ့တာရှိပါသေးတယ်။ အဲဒါကတော့ "အိဂျစ် တော်လှန်ရေး လက်စွဲ" လို့ခေါ်တဲ့ စာမျက်နှာ ၂၆ မျက်နှာပါ လူထုတိုက်ပွဲနည်းနာ အသေးစိတ်အစီအစဉ်တွေကို အီးမေးနဲ့လဲ ဖြန့်၊ ပုံနှိပ်ပြီး လူကိုယ်တိုင်လဲ ဖြန့်ခဲ့တာဖြစ်ပါတယ်။ အဲဒီကနေ ဇန်နဝါရီ ၂၅ ရက်မှာ အိဂျစ်တော်လှန်ရေးကို စနစ်တကျ ဖောက်ခွဲ ဆင်နွှဲခဲ့ပါတော့တယ်။
ဒီစာတမ်းကို အာရဘီ ဘာသာနဲ့ရေးထားတဲ့အတွက် တိုက်ရိုက်မြန်မာပြန်ဖို့ ခက်ပေမဲ့ အမေရိကန်နိုင်ငံထုတ် အတ္တလတ္တိတ် စာစောင်က စာမျက်နှာ ၁၊ ၂၊ ၃၊ ၄၊ ၁၀၊ ၁၂၊ ၁၃၊ ၂၂ နဲ့ ၂၆ ကို အင်္ဂလိပ်ဘာသာ ပြန်ဆိုပေးခဲ့တာ ကြောင့် အဲဒီ ၉ မျက်နှာကို အခု မြန်မာလိုထပ်ဆင့်ပြန်ဆိုပြီး လက်စွဲစာအုပ်ပါ မူရင်းကိုင်ရိုမြို့မြေပုံတွေ သရုပ်ဖော်ပုံ တွေကို ဖြည့်စွက်ဖော်ပြလိုက်ပါတယ်။


အိဂျစ်တော်လှန်ရေးလက်စွဲ
(ဦးနှောက်ရှိရှိ ဆန္ဒပြနည်း)
အရေးကြီး အချက်အလက်များနှင့် နည်းနာများ
ကျေးဇူးပြု၍ အီးမေး၊ ပုံနှိပ် နှင့် မိတ္တူကူးခြင်းများ ဖြင့်သာ ဖြန့်ဝေပါရန်။
တွစ်တာ နှင့် ဖေ့စ်ဘွတ်ကို စောင့်ကြည့်ထောက်လှမ်းနေပါတယ်။ ရဲ သို့မဟုတ် လုံခြုံရေး (ထောက်လှမ်းရေး) လက်ထဲ ဒီလက်စွဲ စာအုပ် ရောက်မသွားအောင် သတိပြုပါ။
အိဂျစ်ပြည်သူတို့၏ တောင်းဆိုချက်များ
၁။ ဟော့စနီမူဘာရတ် နဲ့ သူ့ဝန်ကြီးတွေ ပါဝင်တဲ့ အာဏာရှင်အစိုးရ ပြုတ်ကျရေး
၂။ အရေးပေါ်ဥပဒေ ထုတ်ပြန်ထားမှု အဆုံးသတ်ရေး
၃။ လွတ်လပ်ရေး
၎။ တရားမျှတရေး
၅။ အိဂျစ်ပြည်သူတို့ရဲ့အကျိုးစီးပွားကို ဦးထိပ်ထားတဲ့ စစ်အစိုးရမဟုတ်သောအစိုးရသစ် ပေါ်ထွန်းရေး
၆။ အိဂျစ်နိုင်ငံရဲ့ အရင်းအမြစ်တွေအားလုံးကို အကျိုးရှိရှိစီမံခန့်ခွဲရေး
အာဏာဖီဆန်ရေး၏ မဟာဗျူဟာရည်မှန်းချက်များ
၁။ အရေးကြီးအစိုးရအဆောက်အဦးများကို သိမ်းပိုက်ရန်
၂။ ရဲ နဲ့ စစ်တပ် ကို ပြည်သူ့ဘက်ပါအောင် ကြိုးစားစည်းရုံးရန်
၃။ တော်လှန်ရေးအတွင်း မိမိတို့ ညီအစ်ကိုများ ညီအစ်မများကို ကာကွယ်စောင့်ရှောက်ရန်
အစီအစဉ်အကောင်အထည်ဖော်ဖို့ ခြေလှမ်းများ
၁။ လုံခြုံရေးတပ်ဖွဲ့များနဲ့ အလှမ်းဝေးတဲ့ လူနေရပ်ကွက်လမ်းတွေပေါ်မှာ ကိုယ့်သူငယ်ချင်းတွေ မိတ်ဆွေတွေ အိမ်နီး နားချင်းတွေနဲ့ စုဝေးပါ။
၂။ အိဂျစ်ပြည်အကျိုး၊ ပြည်သူ့လွတ်လပ်ရေးအကျိုးကို ဖော်ဆောင်တဲ့ ကြွေးကြော်သံတွေတိုင်ပါ (အပြုသဘော positive ကြွေးကြော်သံ ဖြစ်ရမယ်)။
၃။ ရပ်ကွက်ထဲက တခြားလူတွေ ဆန္ဒပြပွဲထဲပါဝင်ဖို့ အားပေးလှုံ့ဆော်ပါ (ဒီမှာလဲ အပြုသဘော positive စကားအသုံး အနှုန်းဖြစ်ရမယ်)။
၎။ ဖြစ်နိုင်သမျှအကြီးဆုံး လူစုလူဝေးဖြစ်လာစေဖို့ အင်အားအင်မတန်များတဲ့အုပ်စုတွေ ဖြစ်လာတဲ့အခါ အဓိက လမ်းမကြီးတွေပေါ် ထွက်ပါ။
၅။ အစိုးရအဆောက်အဦးတွေကို သိမ်းပိုက်နိုင်ဖို့အတွက် အပြုသဘောကြွေးကြော်သံတွေတိုင်ရင်း အရေးကြီးအစိုးရ အဆောက်အဦးတွေဆီ ဦးတည်ချီတက်ပါ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...