သိထားသမျှ နှစ်လောက
by Thu Ta Aung on Saturday, 26 February 2011 at 15:46
ပြီးခဲ့တဲ့တပတ်က ရေးခဲ့တဲ့ အထဲမှာ “ပြည်ပသတင်းသမားဟာ နိုင်ငံရေးသမားတွေအပြင် နအဖဘက်တော်သားတွေနဲ့ပါ ဒွေးရောယှက်တင် နေကြရတာကြောင့် အနေတတ်ဖို့နဲ့ သတ္တိရှိဖို့လည်း လိုပါတယ်။”လို့ ထည့်ရေးလိုက်တော့ ပြည်တွင်းသတင်းထောက်တဦးက “အထဲကလူတွေလည်း သတ္တိနဲ့ လုပ်နေကြရတာပါ”လို့ ဆိုလာပါတယ်။
သူပြောတဲ့အချက်ဟာ မှန်ပါတယ်။ ပြည်တွင်းသမားတွေဟာ မဆိုစလောက် သတင်းရေးသားခလေးနဲ့ နေ့စဉ် ထောင်နှုတ်ခမ်းလမ်းလျှောက် လုပ်နေကြရသူတွေပါ။ နိုင်ငံရေးနဲ့ မပတ်သက်တာတောင်မှ အာဏာပိုင်တို့ရဲ့ မျက်မာန်ရှခံရရင် နရသိန်သို့ မြန်းကြရတာ ကိုယ်တွေ့ပါပဲ။
၂၀၀၈ ခုနှစ်တုန်းက စောင့်ကြည့် (News Watch) ဂျာနယ်က သတင်းထောက် မနောထွန်းဟာ တရားသူကြီးတွေ လာဘ်စားရင် အရေးယူခံရမယ်ဆိုတဲ့ သတင်းကို ရေးပါတယ်။ ဒီသတင်းကို သူ့ဟာသူ ရှာကြံပြီး ရေးခဲ့တာ မဟုတ်ပါဘူး။ အစိုးရပိုင်သတင်းစာတွေမှာ ဖော်ပြထားတဲ့ တိုင်းနှင့်ပြည်နယ်တရားသူကြီးမျ
ား အစည်းအဝေးမှာ ဗဟိုတရားရုံးချုပ်က တာဝန်ရှိသူပြောလိုက်တဲ့ အမှာစကားကို ကောက်နှုတ်ပြီး သတင်းပြန်ရေးခဲ့တာပါ။
စာနယ်ဇင်းတွေထဲမှာ အစိုးရအလိုမကျတာတွေ မပါရလေအောင်ဆိုပြီး ထွက်သမျှ စာနယ်ဇင်းတိုင်းကို ကိုင်တွယ်တည်းဖြတ်နေတဲ့ စာပေစိစစ်ရေးအဖွဲ့ကြီးကလည်း ဒီသတင်းကို ထည့်သွင်းခွင့်ပြုလိုက်ပါတယ်။
ဒါပေမယ့် ဂျာနယ်လည်း ထွက်လာရော ဒီသတင်းပါလို့ဆိုပြီး သတင်းရေးသူနဲ့ အယ်ဒီတာကို ထောင်သုံးလစီ ချမှတ်ခဲ့ပါတယ်။ ဒီသတင်းကို ကိုင်တွယ်စိစစ်ခဲ့တဲ့ စိစစ်ရေးကလူတွေကိုတော့ ဘာတခုမှ အရေးယူသံမကြားရပါဘူး။
စိစစ်ရေးက လွှတ်ပေးလိုက်ပြီး ဂျာနယ်ထွက်လာမှ ပြဿနာအရှာခံရတဲ့ ဖြစ်ရပ်တွေဟာ ဒုနဲ့ဒေးပါပဲ။
ဒါ့ကြောင့်လည်း ပြည်တွင်းသတင်းသမားတွေဟာ ထောင်နှုတ်ခမ်းလမ်းလျှောက်နေသူေ
တွပါလို့ ပြောရတာပါ။
အာဏာပိုင်တွေ မဆင်မခြင်လုပ်လို့ ပြည်ပရောက်လာတဲ့ သတင်းသမားတယောက်ရဲ့ အတွေ့အကြုံကလည်း စိတ်ဝင်စားစရာပါပဲ။
ပြည်တွင်းမှာ သူနောက်ဆုံး လုပ်ခဲ့တဲ့ ဂျာနယ်တိုက်ဟာ ၂၀၀၇ စက်တင်ဘာအရေးအခင်းအပြီး ၂၀၀၈ နှစ်စပိုင်းမှာ အာဏာပိုင်တွေက ထုတ်ဝေခွင့်ပိတ်လိုက်တဲ့ မြန်မာနေရှင်းဂျာနယ်ပါတဲ့။
သူတို့ဂျာနယ်တိုက်က တာဝန်ခံအယ်ဒီတာ ကိုသက်ဇင်နဲ့ ရုံးအဖွဲ့မှူးဦးစိန်ဝင်းမောင်တု
ိ့ကို ဖမ်းဆီးထောင်ချခဲ့တဲ့အပြင် ထုတ်ဝေခွင့်ကိုပါ ပိတ်သိမ်းခံလိုက်ရတာပါ။
ဖြစ်ရတဲ့အကြောင်းကတော့ သူတို့ ဂျာနယ်တိုက်က စက်တင်ဘာအရေးအခင်းမှာ သတင်းဓါတ်ပုံလိုက်ရိုက်တာတွေကို မြင်ပြီး အစိုးရအလိုတော်ရိ စာနယ်ဇင်းသမားတဦးဦးက တိုင်တန်းလိုက်တာကြောင့် ဖြစ်မယ်လို့ သူက ဆိုပါတယ်။
ဂျာနယ်တိုက်ကို အာဏာပိုင်တွေ ၀င်ရောက်ရှာဖွေစဉ်မှာ သူရှိနေပြီး ရှာဖွေသူတွေက အထက်အရာရှိကို ဖုန်းနဲ့ ပြန်လည်တင်ပြနေတဲ့စကားတွေအရ တစုံတယောက်ရဲ့ တိုင်တန်းချက်ကြောင့်ဖြစ်မယ်လို
့ သူယူဆတာလို့ ရှင်းပြပါတယ်။
တကယ်တော့ သူတို့ ဂျာနယ်တိုက်ဟာ စက်တင်ဘာအရေးအခင်းသတင်းတွေကို စိစစ်ရေးက ခွင့်မပြုနိုင်ဘူးဆိုတာ သိပေမယ့် နောင်တချိန်မှာ ရေးခွင့်သာခဲ့ရင် အချက်အလက်မှတ်တမ်း ကျန်ခဲ့အောင် သတင်းသမားတို့ ထုံးစံအရ လိုက်လံမှတ်တမ်းယူခဲ့တာသာဖြစ်
တယ်လို့လည်း သူက ဆိုပါတယ်။
ဒါပေမယ့် တစုံတယောက်ရဲ့တိုင်တန်းချက်ကြော
င့် အာဏာပိုင်တွေက အယ်ဒီတာနဲ့ရုံးအဖွဲ့မှူး ဖမ်းဆီးခံခဲ့တဲ့အပြင် ထုတ်ဝေခွင့်ကိုပါ ရပ်ဆိုင်းလိုက်တဲ့အတွက် ကျန်သတင်းသမားတွေပါ ဒုက္ခများကြရပါသတဲ့။
ထုတ်ဝေခွင့်ပိတ်ခံလိုက်ရတဲ့ ဂျာနယ်တိုက်ထွက် သူတို့ သတင်းထောက်တွေကို တခြားဂျာနယ်တိုက်တွေက အလုပ်ခန့််ရမှာ ၀န်လေးကြတဲ့အပြင် အပြင်ကနေ စာမူရေးပို့ရင်တောင် လက်မခံချင်ကြတာကြောင့် စားဝတ်နေရေးပါ ခက်ခဲလာပြီး နောက်ဆုံးမှာ ပြည်ပကို ထွက်လာရတဲ့အတွက် သူ့ကို ပြည်ပရောက်ပြီး အတိုက်အခံသတင်းတွေ ရေးနိုင်အောင် တွန်းပို့လိုက်သူတွေဟာ အာဏာပိုင်တွေ ကိုယ်တိုင်ပါပဲလို့ သူက ရယ်ရယ်မောမော ရှင်းပြပါတယ်။
“သိထားသမျှ နှစ်လောက” ဆိုပြီး ပြည်တွင်းက သတင်းသမားတွေ မေးမြန်းဆွေးနွေးလာတာတွေကို အခြေခံပြီး စာရေးဖြစ်နေတော့ ပြည်တွင်းမှာ ကျင်လည်ခဲ့ဖူးတဲ့သူ့ကိုလည်း အခြေခံကွာခြားချက်တွေက ဘာတွေရှိမလဲလို့ မေးကြည့်ဖြစ်ပါတယ်။
သတင်းသမားစစ်စစ်တွေအတွက် နှစ်ဘက်စလုံးမှာ ခြိမ်းခြောက်ခံရမှုတွေ ရှိနေနိုင်တာဖြစ်ပြီး ၊ မတူတဲ့အခြေခံအချက်ကတော့ ပြည်ပက သတင်းသမားဟာ ရေမီးအစုံနဲ့ လူတန်းစေ့နေနိုင်ပေမယ့် ပြည်တွင်းမှာတော့ ထမင်းတောင်မ၀ခဲ့ဘူးလို့ သူက ရိုးရှင်းစွာပဲ ပြောဆိုပါတယ်။
သို့သော်လည်း ပြည်ပရောက် သတင်းသမားတွေမှာ မိဘ ၊ ဆွေမျိုးသားခြင်းနဲ့ ခွဲခွာရခြင်းဆိုတဲ့ မွန်းကြပ်မှုကို ခံစားကြရတဲ့အတွက် ကိုယ့်နိုင်ငံဖွံ့ဖြိုးတိုးတက်ပြီး လွတ်လပ်စွာသတင်းရေးသားနိုင်မှပဲ နှစ်လောကစလုံးက သတင်းသမားတွေ သက်သာရာရနိုင်မှာပါဆိုတဲ့ သူ့ပြောကြားချက်ကို ပြန်လည်ပြောပြရင်း နောက်တပတ်မှာ သူနဲ့အတူ ပြည်တွင်းပြည်ပ သတင်းလောကအတွင်းက တူညီချက် မတူညီချက်တွေအကြောင်း ဆက်လက်ဆွေးနွေးထားတာကို ဖောက်သည်ချပါဦးမယ်ခင်ဗျား။
http://www.facebook.com/note.php?note_id=201965379828893&id=1559771904
ထီပေါက်တဲ့ စာရေးဆရာ...
''တက္ကသိုလ်စိန်တင် ထီပေါက်တယ်ဆို''
''အလို ဘယ်က သတင်းရ လာတာလဲဗျာ။ တိုးတိုးတိတ်တိတ် လုပ်ပါဆရာရယ်။ တော်တော်ကြာ ပွဲတောင်းတဲ့ သူငယ်ချင်းကောင်းတွေ ရောက်လာလို့ ဒုက္ခများနေပါ့မယ်''
''ကျုပ်ကလဲ အရပ်တကာ လည်ပြီး မောင်းတီးမှာ မဟုတ်ပါဘူးဗျာ။ ပြောပါဦး။ ဘယ်လောက်ဆုကြီး ပေါက်တာလဲ။ ကျပ်သိန်း ငါးရာလား။ ကျပ်သိန်း တစ်ထောင်လား''
''အဲဒီလောက် မများပါဘူးဗျာ''
''ဟုတ်လား၊ ဒါဖြင့် သိန်း တစ်ရာလား''
''အဲဒီလောက်လဲ မဟုတ်သေး ပါဘူး''
''ဒါဖြင့် ကျပ်သိန်း ငါးဆယ်လား။ ခင်းဗျားကလဲ သိပ်လျှို့ဝှက် နေလိုက်တာ''
''လျှို့ဝှက်တာ မဟုတ်ပါဘူးဗျာ။ တက္ကသိုလ်စိန်တင်ဆိုတဲ့ လူမွဲ စာရေးဆရာ ထီပေါက်တယ်ဆိုတာက မသေမချင်း မှတ်ထား ကျပ် ၁၅ဝဝ ဆုဖြစ်ပါသဗျား''
''ဟင်-ဒါဖြင့် ကိုယ့်ဆရာ ထီပေါက်တယ်ဆိုတာ အခု ပေါက်တာ မဟုတ်ဘူးပေါ့။ ဂွမ်တီး ဂွမ်တီးတုန်းက ထီပေါက်တာပေါ့''
''ဟုတ်ပါသဗျား။ မှန်လှပေသဗျား''
(၂)
မှန်ပါပေ၏။ တက္ကသိုလ်စိန်တင် ဆိုသည့် ငနဲ၊ လူမွဲ စာရေးဆရာ၊ ထီပေါက်သည်မှာ ကြာတော့ ကြာခဲ့ပြီ။ မှတ်မှတ်ရရ ပြောရမည်ဆိုလျှင် လွန်ခဲ့သော ၂၉ နှစ်ကာလ။ ၁၉၈၂ ခုနှစ်ကတည်းက။ တက္ကသိုလ်စိန်တင် ဆန်ဖိုး၊ ဆီဖိုးရအောင် ဝတ္ထု ဘက်လှည့်ရေး၏။ သိင်္ဂီဆောင် အခန်း အမှတ်-၃ စသည့် ဘဝသရုပ်ဖော် ဝတ္ထုမျိုး ပြောင်းလဲရေးသား ထုတ်ဝေ၏။ စပယ်ဦးစာပေတိုက် ဦးတင်စိုးက သဒ္ဓါထက်သန်စွာဖြင့် ကူညီ ထုတ်ဝေပေးပါ၏။ စာအုပ်လည်း ရောင်းကောင်း၏။ စာမူခလည်း ရရှိပါ၏၊ သို့သော် သိင်္ဂီဆောင် ဝတ္ထုမှာ ရန်ကုန်မြို့နေ မိန်းကလေး ဘော်ဒါဆောင်များမှ မိန်းမပျို ကလေးများ၏ အပျော်လွန် ဘဝသရုပ်ဖော် ဝတ္ထုဖြစ်ရာ သရုပ်ဖော် ရေးသားပုံ ပီပြင်လှ၍ သုတလိုင်း၊ စာပေပရိသတ်က ဝိုင်း၍ ဆူပွက်ဝေဖန် စာတွေရေးတော့၏။ ထို့ကြောင့် ဝတ္ထုရှည် လုံးချင်း တစ်အုပ်နှစ်အုပ် ဆက်ရေးပြီး ရပ်လိုက်ရသည်။
နောက်ထပ် အကြံရ၍ ရုပ်ရှင် ကြေးမုံတင်ထုတ် မဂ္ဂဇင်း လုပ်ပြန်သည်။ စာမူကလေးတွေစု၊ တင်ပြ ပြီးခွင့်ပြုချက်ရမှ ထုတ်ဝေရသော မဂ္ဂဇင်း အတုဆိုပါစို့။ သို့သော် ရုပ်ရှင်လိုင်းကလည်း မကျွမ်းကျင်၍ စာအုပ်ရောင်း မကောင်းလှပါ။ စာအုပ်ဖိုး ငွေတွေကလည်း တောင်း၍ မရတစ်ချက်၊ ရတစ်ချက်၊ အရင်းငွေ ပြန်မပေါ်သဖြင့် စက္ကူထုပ်အကြွေးဖြင့် ဝယ်ရ၏။ စက္ကူထုပ်ဖိုးကြွေးတွေ ဆပ်တစ်လ၊ မဆပ်တစ်လ၊ မျက်နှာဖုံး ပုံနှိပ်ခ၊ အတွင်းသား ပုံနှိပ်ခ အကြွေးငွေတွေကလည်း တစ်လနှင့် တစ်လ မပေးဆပ်နိုင်တာ များနေ လေတော့ သိပ်ပြီးအဆင်မပြေလှ။
ထိုအချိန်တွင် တက္ကသိုလ်စိန် တင် စီးနေသော ဖီးယက် Fiat အမျိုး အစား ဆလွန်းကားလေးဓာတ်ဆီပို့ ကိရိယာ၊ ကာဗျူရေတာ၊ ကားသမား အခေါ် ကာဘရိုက်တာ ပြင်ဆင်ရန် ငွေ ၇၅ ကျပ်ကုန်ကျမည်တဲ့။ ငွေမလည်၍ ကားရပ်ထားလိုက်ပြီးကို စိန်တင် ဘတ်စ်ကားတိုးစီးလေသတည်း။
(၃)
ထိုအချိန် ထိုကာလ ၁၉၈၂ ခုနှစ်၊ ဧပြီလတွင် တက္ကသိုလ် စိန်တင် ဗိုလ်ချုပ်အောင်ဆန်းဈေးရှေ့ ၂၇ လမ်းထဲက လမ်းဘေးထီဆိုင် တစ် ဆိုင်မှ ငွေနှစ်ကျပ်ပေးပြီး ထီတစ် စောင်ထိုးခဲ့၏။
ထီထိုးခဲ့ပြီး လဆန်းရက်ထီဖွင့် ချိန်၌ ထီပေါက်စဉ် မဝယ်ဖြစ်။ ထီမတိုက်မိ။ နောက်တစ်လကျော် ကြာမှ ထီပေါက်စဉ် ပုံနှိပ်သော ရန်ကုန်မြို့၊ ၂၉ လမ်း၊ တိုးတက်စန်း ပုံနှိပ်တိုက်က အုတ်နံရံကြားတွင် ထိုး ညှပ်ထားသည့် ထီပေါက်စဉ် အနွမ်း အဟောင်းတစ်ရွက် ရှာဖွေရရှိခဲ့၏။ ထီပေါက်စဉ်ကိုယူ၊ ကိုယ်ထိုးထားသော ထီလက်မှတ်နှင့် တိုက်ကြည့်ရာ ထီပေါက်နေပြီ။ ကျပ် ၁၅ဝဝ တိတိကြီးများပင်။
တိုတိုပင်ဆိုပါရစေတော့ ငွေ ကျပ် ၁၅ဝဝ ဆိုသည်ကား ထိုခေတ်က အများကြီးပါခင်ဗျာ။ မော်တော် ကား ကလေး ကားဘရိုက်တာ ၇၅ ကျပ်ဖိုးပြင်ပြီးပြီ။ ဘုန်းကြီးသုံးပါး ဆွမ်းကပ်လှူပြီး ၃၅ဝ ကျပ်တန် သင်င်္ကန်းတစ်စုံလည်း ကပ်လှူနိုင်ပြီ။ အို-တော်တော်ဟုတ်ပါတဲ့ ငွေ ၁၅ဝဝ ကျပ်ပါလား။ ထိုစဉ်က မင်းဘူးမြို့မှ ရန်ကုန်မြို့သို့ အလည်အပတ် ရောက်နေသော ဖခင်ကြီး ဆရာညွှန့်နှင့် မိခင်ကြီး ဒေါ်စုစုကို ရွှေတိဂုံ ဘုရား၊ ဗိုလ်တထောင် ဘုရား၊ဆူးလေ စေတီ၊ ကမ္ဘာအေး စေတီသို့ ဘုရား ဖူးပို့။ ဆူးလေဘုရားလမ်းရှိ လက်ရွေး စင်ကဖီးမှာ အဖေနှင့် အမေ့ကို အအေးတိုက်၊ မုန့်ကျွေး။ သြော်- ပြန်စဉ်းစားကြည့်သော် ပျော်စရာကြီး ပါလား။ ငွေကျပ် ၁၅ဝဝ။ ဆောင်းပါး နိဂုံးမချုပ်မီသည်တုန်းက ကိုစိန် တင်ရေးခဲ့တဲ့ ထီလက်မှတ်ပေါ်က အတိတ် စာတန်းလေးအကြောင်း ပြောပြချင်သေး၏။
ထီဆုငွေထုတ်ရန် ၂၇ လမ်းက ထီရုံးချုပ်ကို သွားတော့ တက္ကသိုလ် စိန်တင် နာမည်ကြားသည်နှင့် ထီရုံး စာရေးမကလေးတွေက ဝိုင်းမေးကြ ၏။
''ဦးက စာရေးဆရာဆိုတော့ ထီလက်မှတ်ပေါ်မှာ အတိတ် ဘယ်လိုရေးသလဲရှင့်''
မိန်းကလေးတစ်စုက တက္ကသိုလ် စိန်တင် ကမ်းပေးသော ထီလက်မှတ်ကို အလုအယက် ယူပြီးဖတ်ကြည့် ကြ၏။
မပေါက်ဘူးဆိုရင် ငိုချင်တယ် တဲ့။ ထီလက်မှတ်ပေါ်က အတိတ် စာတန်းကို ဖတ်ပြီး သမီးကလေးတွေ တဝါးဝါး ရယ်မောကြသည်။
ဟုတ်ပါ့ဗျာ။ ထီမပေါက်ရင် ငိုမယ်ဆိုလို့များ သနားပြီး ငွေကျပ် ၁၅ဝဝ ဆုကြီးချီးမြှင့်လိုက်တာလား အောင်ဘာလေရယ်။
တက္ကသိုလ်စိန်တင်
0 comments:
Post a Comment