အတ္တကာကွယ်ရေး ရိုက်ချက်
ပညာရှင်တပါး
အတ္တခုခံကာကွယ်ရေးတရား
ဟောကြားနေရပုံများ
တရားပါ၏
တရားလည်းကျပါ၏။
ပညာရှင်ဆိုသူကြီးရေ
သေချာပြီလားဟ
သဘာဝသိပံ္ပနဲ့ လူမှုဗေဒ
ထပ်တူမမျှနိုင်မှန်း
ဓါတ်ခွဲခန်းတွေ၊ စစ်တမ်းတွေနဲ့
ပညာရှင် အဆိုအရပါပဲ
စပါးဘယ်လောက်ရမယ့် မျှော်လင့်ချက်သာ
မပြင်းပြရိုးမှန်ပါရင်
ဘယ်နှပုံးစာတောင်ယာ
ခုတ်ထွင်ခြင်းအပါအ၀င်
ဆူးထိုး ပေါင်းသင်နဲ့
တောင်ယာစောင့်ရှောက်ရေး လုပ်ငန်းစဉ်တွေဟာ
အသက်ဝင်နိုင်ပါ့မလား ဗျာ။
တခုထပ်ရှိဦးမယ်
အဖျင်းမများဖို့ကိစ္စ
ထိန်းသိမ်း စောင့်ရှောက်ရုံတင်မက
မျိုးဗီဇရော၊ ပတ်ဝန်းကျင်ပါ
လိုမယ်ထင်ပ။
လောင်းရိပ်တခုခု ကွယ်မနေဖို့ကိုလည်း သတိထား။
နောင်အနှစ် ၁၀ သာမက
အနှစ်တရာသည့်တိုင်
အတ္တာဟိအတ္တနော နာထောဆိုတာကို
ကျနော်လည်း ယုံတယ်။
ပြဿနာက
တနေ့တလံ ပုဂံဘယ်ပြေးမလဲ မူနဲ့
လားရာလွဲပြေးနေသူရဲ့
အပြစ်တစုံတရာတော့ မဖြစ်တန်ရာ
စေတနာကဲ ညွှန်မိသူရဲ့ အပြစ်မျှသာ။
ရလဒ်အဖြစ်
ငါ့ မအဘူးများထင်သလား ဟူသော
ဒေါသသင့်ကြုံးဝါးသံ သဲ့သဲ့ကိုသာ
ကြားလိုက်ရသလိုလို။ ။
၂၇ ၊ ၇ ၊ ၀၇
ညိုထက် (လမ်းသစ်ဦး) ၏
၁၀ နှစ်စာကိစ္စကဗျာမှ ခံစားမှု
0 comments:
Post a Comment