Thursday, October 9, 2014

ဟာသစုဗူး (၂၀)


တစ်ရက်မှာ ကိုအေးက သူ့ သူငယ်ချင်း ကိုထွန်းထွန်းကိုခေါ်ပြီး ထမင်းကျွေးတယ်။
ငါ့မွေးနေ့ မို့ မင်းကိုခေါ်ကျွေးတာ။ ကောင်းတယ် မင်းတစ်ယောက်ပဲ သူငယ်ချင်းတွေထဲမှာသိတက်တယ်
ငါကတရားနဲ့ နေတာပါ။ အယုတ်အလတ်အမြတ်မရွေး လှူရမယ်ဆိုထားတယ်မဟုတ်လား။
အလတ်နဲ့ အမြတ်ကိုတော့လှူပြီးပြီ။ ခုမင်းကိုခေါ်လှူတာ။ ပြောချင်ရာပြော စားရဖို့ ကအဓိက။

ဒါကဘာဟင်းတွေလဲပြောစမ်းပါဦး။ ဆိတ်လျှာချက်ထားတယ်၊ ပဲဟင်း၊ငရုတ်သီးထောင်း၊ကြက်ဥပြုတ်။
ကြက်ဥနဲ့ ပဲစားမယ် ဆိတ်လျှာကောင်းတယ်။ မစားချင်ပါဘူးကွား အူယားလွန်းလို့  လှုပ်စိလှုပ်စိနဲ့  ပါးစပ်ထဲကထွက်လာတဲ့ဟာကြီး ရွံပါတယ်။ မင်းက ပါးစပ်ကထွက်လာတဲ့ဟာမို့ မစားဘူးပေါ့လေ။ ကောင်းပါတယ် မစားနဲ့ ။
ဒါနဲ့ နေပါဦး ဥကိုတော့ မရွံဘူးပေါ့။ ဥက ဘယ်ကထွက်လာတာမို့ လို့ လဲ.........
(ထွီး)
Credit-ဇင်မင်းစိုး


#‎ဗေဒင်ဟောနည်း‬ နိသျည်း အထူး
ဖွားဦးဖွားစ ကလေးငယ်ကို၊ ရှေ့နောက်ပတ်လည် ကုန်အောင်ရှု၊
တစ်စုံတစ်ခု ကိုယ်မှာကပ်လို့၊ ခဲအိတ် သေနပ် ထိုးတံပါလျှင်၊
ယောက်ျားဟူ၍ ဧကန်ဟောလိုက်။
ငြောင့်ပုန်းခလုပ် တပ်တာခင်းလို့၊ စစ်တလင်းနဲ့ အလားတူ၊
မိန်းမဟူ၍ ဧကန်ဟောလိုက်။
ငါဗေဒင်ကိန်း၊ ငါကျိန်းသေ၊ မမှန်လေလျှင်၊ လျှာကိုဖြတ်တော့။
ရယ်ရွှင်ခြင်းဖြင့် ဘ၀အမောများ ပြေပျောက်ကြပါစေ။
မေတ္တာဖြင့်
Credit-ဧရာနေမင်း


#‎စက်ရုပ်‬
ရှေးခါတုန်းက အင်ဂျင်နီယာ ၊ စာရင်းအင်းသမား၊ ဓာတုဗေဒပညာရှင်နှင့် အစိုးရ၀န်ထမ်းတစ်ဦး စုစုပေါင်းလေးဦးက သူတို့၏စက်ရုပ်များ စွမ်းဆောင်ရည်မြင့်မားမှု၊ကို မိမိတို့နီးပါး လုပ်ကိုင်ဆောင်ရွက်နိုင်မှုများအပေါ် အောက်ပါအတိုင်း ပြိုင်ကြလေသည်။
အင်ဂျင်နီယာ။ ။ ကဲ .. အဆောက်အအုံတစ်ခု ဆောက်လုပ်ဖို့အတွက် ပုံစံရေးဆွဲပြလိုက်ပါ
စက်ရုပ်။ ။ အင်ဂျင်နီယာ၏ စက်ရုပ်က အဆောက်အအုံဒီဇိုင်းတစ်ခုကို စက္ကန့်ပိုင်းအတွင်း ရေးဆွဲပြလိုက်သည်။
စာရင်းအင်းသမား။ ။ အဲဒီ အဆောက်အအုံရဲ့ ကုန်ကျစရိတ်ကို တွက်ပြလိုက်စမ်းပါ။
စက်ရုပ်။ ။ စာရင်းအင်းသမား၏ စက်ရုပ်က စက္ကန့်ပိုင်းအတွင်း အဆောက်အအုံတည်ဆောက်မည့် ကုန်ကျစရိတ်ကို တွက်ပြလိုက်သည်။
ဓာတုဗေဒပညာရှင်။ ။ အဲဒီအဆောက်အအုံမှာ ဆေးသုတ်မှု၊ ဘိလပ်မြေ၊ ထုံး စတာတွေ ဘယ်လိုအချိုးအစားနဲ့ ထည့်သွင်းအသုံးပြုသင့်တယ်ဆိုတာ တွက်ပြလိုက်ပါ။
စက်ရုပ်။ ။ ဓာတုဗေဒပညာရှင်၏ စက်ရုပ်က ချက်ချင်းတွက်ပြလိုက်လေသည်။
အစိုးရ၀န်ထမ်း။ ။ ကဲ ... အဲဒီအဆောက်အအုံ တစ်ခုလုံး အချိန်ဘယ်လောက်နဲ့ အပြီးဆောက်လုပ်နိုင်မလဲ တွက်ပြလိုက်ပါ။
စက်ရုပ်။ ။ ဆရာ .. နောက်နေ့မှလုပ်ပါ၊ အခု ၃နာရီခွဲပြီ၊ ကျွန်တော်တို့ အိမ်ပြန်ရအောင် ..
Credit-Nandar

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...