Friday, October 10, 2014

သစ်ထူးလွင် သတင်းစုစည်းမှု (၁၀-၁၀)

သစ်ထူးလွင်


Posted: 10 Oct 2014 07:32 AM PDT
တောင်ကိုရီး ယားနိုင်ငံက တက်ကြွ လှုပ်ရှား သူတွေက ၀ါဒဖြန့်ချိရေး စာတွေ လွှတ်တင် လိုက်တဲ့ မိုးပျံ ပူဖောင်း တွေကို မြောက်ကိုရီး ယား ဘက်က သောကြာနေ့မှာ ပစ်ချ လိုက်ရာက တောင်နဲ့မြောက်ကို ရီးယား နှစ်ဘက် လက်နက်ငယ် တွေနဲ့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်သွား ခဲ့ပါတယ်။ မြောက်ကိုရီးယားဖက်က ပစ်လိုက်တဲ့ ကျည်ဆံတချို့ တောင်ကိုရီးယားနိုင်ငံအတွင်းကို ကျလာတဲ့အတွက် သူတို့ဖက်ကလည်း ပြန်လည် ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယား
Posted: 10 Oct 2014 07:26 AM PDT
ကွန်မြူနစ် မြောက်ကိုးရီးယား နိုင်ငံရဲ့ အရေးကြီးတဲ့ နှစ်ပတ်လည် အခမ်းအနား တခုမှာ မြောက်ကိုးရီးယား ခေါင်းဆောင် ကင်ဂျုံအွန်း တက်ရောက်လာခြင်း မရှိတဲ့ အတွက် သူ့ရဲ့ ကျန်းမာရေးနဲ့ နိုင်ငံရေး အခြေအနေ အပေါ် ထင်ကြေးပေး ပြောဆိုချက်တွေ ဟာ သောကြာနေ့မှာ ပိုပြီး ခိုင်မာလာခဲ့ပါတယ်။ အသက် ၃၁ နှစ် အရွယ် ကင်ဂျုံအွန်း ဟာဆိုရင် စက်တင်ဘာလ ၃ ရက်နေ့က တေးဂီတဖျော်ဖြေပွဲ တခု တက်ရောက်ခဲ့ပြီးနောက် မတွေ့ရတော့တာကြောင့်
Posted: 10 Oct 2014 07:22 AM PDT
ဆီးရီးယား နယ်စပ်က ကိုဘာနီ မြို့တွင်းမှာ အသက် ကြီးသူတွေ အများစု ပါဝင်တဲ့ လူ ၇၀၀ လောက် ပိတ်မိနေဆဲ ဖြစ်တယ်လို့ ကုလ သမဂ္ဂရဲ့ ဆီးရီးယား အထူး သံတမန်က သတိပေး လိုက်ပါတယ်။ ကိုဘာနီ မြို့ကိုIS အဖွဲ့ရဲ့ သိမ်းပိုက်မှု ကနေ ကာကွယ် နိုင်ဖို့ တူရကီ အနေနဲ့ စေတနာ့ ဝန်ထမ်း စစ်သားတွေကို ဆီးရီးယားထဲ ဝင်ခွင့် ပေးသင့်တယ် လို့လည်း အထူး သံတမန် Staffan de Mistura က ပြောပါတယ်။ ကိုဘာနီ မြို့ထဲက ကာ့ဒ် တွေရဲ့ ရုံးချုပ်ကို IS
Posted: 10 Oct 2014 07:20 AM PDT
ထိုင်းနိုင်ငံ တောင်ပိုင်း ဗြိတိသျှ ၂ ဦး သတ်ခံရမှုနဲ့ ပတ်သက်လို့ ထိုင်းရဲတပ်ဖွဲ့ရဲ့ ကိုင်တွယ် ဆောင်ရွက်မှု အပေါ် ထိုင်းနိုင်ငံက ထင်ရှားတဲ့ ပြစ်မှုဆေးသိပ္ပံ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က မှုခင်းဆေး သိပံ္ပဆိုင်ရာ လုပ်ထုံး လုပ်နည်း အတိုင်း မဆောင်ရွက်ခဲ့ဘူးလို့ ထောက်ပြ လိုက်ပါတယ်။ ထိုင်းရဲတပ်ဖွဲ့က ဒီလူသတ်မှုနဲ့ ပတ်သက်လို့ မြန်မာလူငယ် ၂ ဦးက ဖြောင့်ချက် ပေးပြီး ဖြစ်တယ်လို့ တရားဝင်
Posted: 10 Oct 2014 05:02 AM PDT
ထိုင်းနိုင်ငံ လိပ်ကျွန်းမှာ  ဗြိတိန်နိုင်ငံသား ၂ ဦးကို သတ်မှုနဲ့ မြန်မာနိုင်ငံသား ၂ ဦးကို ဖမ်းဆီးပြီး ရဲက တရားစွဲဖို့ တင်ပြထား ချက်တွေကို အစိုးရ ဥပဒေ အကြံပေး အဖွဲ့က ပယ်ချလိုက်ပါတယ်။ ထိုင်းရဲတပ်ဖွဲ့က  တရားစွဲဖို့ တင်ပြချက်တွေဟာ  မပြည့်စုံတာကြောင့် စွဲချက်ကို ပယ်ချလိုက်တာလို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီး ရန်ကုန်က တရားလွှတ်တော်ရှေ့နေ တချို့ရဲ့အမြင်တွေ ကိုေ
Posted: 10 Oct 2014 04:44 AM PDT
အောက်တိုဘာ ၁၀ရက်၊ ၂၀၁၄ခုနှစ်။ မြန်မာအစိုးရ စစ်တပ်သည် ကချင်လွတ်မြောက်ရေး တပ်မတော်(KIA)နှင့် ပဋိပက္ခ ပြန်လည် ဖြစ်ပေါ်လာ သည့် နောက်ပိုင်းတွင် ကချင်ဒေသ၌ ဘိန်းနှင့် စိတ်ကြွဆေး စသည့် မူးယစ်ဆေးဝါး ပြဿနာ ပိုမိုကြီးထွား စေလာသည့် အခြေအနေများကို သိရှိနိုင်ရန် “အသံတိတ်ထိုးစစ်”အမည်ရှိ အစီရင်ခံစာ သစ်ကို ကချင်အမျိုးသမီး အစည်းအရုံး-ထိုင်းနိုင်ငံ(KWAT)က အောက်တိုဘာ ၈ရက် နေ့တွင် ထုတ်ပြန်ခဲ့သည်။
Posted: 10 Oct 2014 04:30 AM PDT
ပါကစ္စတန်နိုင်ငံမှာ အမျိုးသမီးငယ်များ ပညာသင်ခွင့် ရရှိရေး ဆောင်ရွက်သူ Malala Yousafzai နဲ့ အိန္ဒိယနိုင်ငံမှာ ကလေး အခွင့် အရေး ဆောင်ရွက်သူ Kailash Satyathi တို့ ၂ ဦး အခုနှစ်အတွက် နိုဘဲလ်ငြိမ်းချမ်းရေး ဆုကို ပူးတွဲ ရရှိ သွားပါတယ်။ သူတို့ ၂ ဦးအနေနဲ့ ကလေးသူငယ်များနဲ့ လူငယ်တွေ ဖိနှိပ်ခံနေကြတာကို ဆန့်ကျင် တိုက်ပွဲဝင်သူတွေဖြစ်သလို့ ကလေးငယ်တွေ ပညာသင်ခွင့် ရရှိရေး ကြိုးပမ်း ဆောင်ရွက်မှုတွေကြောင့် အခုလို
Posted: 10 Oct 2014 04:13 AM PDT
၂၀၁၄ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို ပါကစ္စတန်နိုင်ငံက ခလေးပညာရေးလှုပ်ရှားသူ မာလာလာ ယူဆွတ်ဇိုင် (Malala Yousafzai နဲ့ အိန္ဒိယ ကလေးအခွင့်အရေးလှုပ်ရှားသူ ကိုင်လာ့ရှ် ဆက်တိုင်ရတီ (Kailash Satyarthi) တို့က ရရှိသွားကြပါတယ်။ မာလာလာဟာ နိုဘယ်လ်ဆုရချိန်မှာ အသက် ၁၇ နှစ်ပဲရှိသေးတာကြောင့် ကမ္ဘာ့အသက်အငယ် ဆုံး နိုဘယ်လ်ဆုရှင်ဖြစ်လာပါတယ်။ မာလာလာဟာ အမျိုးသမီးပညာရေးအတွက် တက်တက်ကြွကြွ လှုပ်ရှားရင်း ၂၀၁၂
Posted: 10 Oct 2014 04:10 AM PDT
အောက်တိုဘာ ၁၀ရက်၊ ၂၀၁၄ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် အတွင်းရှိ ကောင်းမှုရွာ အနီးတွင် ယနေ့နံနက် ၁၀နာရီမှစ၍ ၁၁နာရီခွဲ အထိ ဒီမိုကရေစီအ ကျိုးပြု ကရင့် တပ်မတော်(ဒီကေဘီအေ) ကလို့ထူးဝါး ဗျူဟာမှ တပ်ဖွဲ့ဝင်များနှင့် မြန်မာ အစိုးရ စစ်တပ် စစ်ကွပ်ကဲရေးဌာနချုပ် (စကခ-၁၂) လက်အောက်ခံ တပ်ဖွဲ့ဝင်များ အကြား ပစ်ခတ်မှု ဖြစ်ပွားနေသည်ဟု ဒီကေဘီအေ ကော့ကရိတ် ဆက်ဆံရေးရုံးက ပြောသည်။ ဒီကေဘီအေ ကော့ကရိတ်
Posted: 10 Oct 2014 04:05 AM PDT
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်မှာ အစိုးရတပ်နဲ့ ဒီကေဘီအေ တပ်တို့အကြား  ဒီကနေ့ တိုက်ပွဲဖြစ်ပွား ခဲ့ပါတယ်။ အစိုးရတပ် စကခ ၁၂ လက်အောက်ခံတပ်နဲ့ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (ဒီကေဘီအေ) တို့ ကော့ကရိတ်မြို့နယ် ရွာသစ်ကုန်းကျေးရွာအနီးမှာ မနက် ၁၀ နာရီကနေ နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွား ခဲ့တယ်လို့ ကော့ကရိတ်မြို့ ဒီကေဘီအေ ဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်မှူး သရက်နီက ဒီဗွီဘီကို ပြောပါတယ်။ အစိုးရတပ်ဘက်က
Posted: 10 Oct 2014 04:02 AM PDT
ရန်ကုန်၊စက်တင်ဘာ ၈ တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော် (DKBA)နှင့် အစိုးရ စစ်တပ်တို့ စက်တင်ဘာ ၂၆ ရက်တွင် ကျိုက်မရောမြို့နယ်၌ တိုက်ပွဲဖြစ်ခဲ့စဉ် DKBA က အစိုးရစစ်တပ်ထံမှ သိမ်းယူခဲ့သော လက်နက်များကို အစိုးရ တပ်မတော် ထံ ပြန်လည် ပေးအပ်ခဲ့သော်လည်း အစိုးရက သိမ်းယူခဲ့သော DKBA ကလိုထူးဘော စစ်ဗျူဟာမှူး ဗိုလ်မှူးစောဆန်းအောင်၏ လက်နက်များ အား ပြန်လည် ပေးအပ်ခြင်း မရှိသေးကြောင်း ဗိုလ်မှူး စောဆန်းအောင် က အောက်တိုဘာ
Posted: 10 Oct 2014 03:56 AM PDT
သထုံ အောက်တိုဘာ ၁၀ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အရက်ပျံ ချက်စက်ရုံ ဆိုင်းဘုတ်အရှေ့တွင် ယာဉ်မဆင်မခြင် မောင်းနှင် သောကြောင့် ခရီးသည်တင်မှန်လုံယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသို့ တိမ်းမှောက်ကာ ယာဉ်ပေါ် ပါခရီးသည်များ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ အောက်တိုဘာလ ၉ ရက်၊ ည ၇ နာရီခွဲအချိန်က ရန်ကုန်မှ ထားဝယ်သို့ ယာဉ်မောင်း အောင်အောင် မောင်းနှင် လာသော ကောင်းသစ်စံ ခရီးသည် တင်မှန်လုံ ယာဉ်သည်
Posted: 10 Oct 2014 03:48 AM PDT
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ငပလီမြို့၊ မြပြင်ရပ်ကွက် ငပလီ ပင်လယ်ကမ်းခြေရှိ စားသောက်ဆိုင် ၂၈ ဆိုင်ကို ကမ်းခြေတွင် ဈေးမရောင်းရန် ဟိုတယ်လုပ်ငန်းရှင်များက ဒေသအာဏာပိုင်များနှင့် ပူးပေါင်း၍ တားမြစ်နေကြောင်း သိရသည်။ ယင်းသို့တားမြစ်ခြင်းမှာ ဒေသခံများ ရောင်းချသော စားသောက်ဆိုင်များကြောင့် ဟိုတည်များ၏ စီးပွားရေးကို ထိခိုက်၍ ဖြစ်ပုံရသည်ဟု စားသောက်ဆိုင် လုပ်ငန်းပိုင်ရှင်များက ဆိုသည်။ “အစ်မတို့မှာ
Posted: 09 Oct 2014 09:28 PM PDT
ရန်ကုန်၊ အောက်တိုဘာ ၉ နိုင်ငံတော် ဘတ်ဂျက်ကိစ္စ၊ အစိုးရ၏ ပြုပြင်ပြောင်းလဲရေး ကိစ္စများကို မီဒီယာများနှင့် တွေ့ဆုံ ရှင်းလင်းခဲ့သည့် နိုင်ငံတော် သမ္မတရုံး ၀န်ကြီးဦးစိုးသိန်းနှင့် အခြားပြည်ထောင်စု ၀န်ကြီး(၂)ဦးတို့၏ ရှင်းလင်းပွဲသို့ တက်ရောက် ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၏ အိပ်ငိုက်နေသည့်ပုံများ ““အိပ်မက်ဆုံရာ”” ခေါင်းစဉ်ဖြင့် ယခုရက်ပိုင်းတွင် လူမှုကွန်ရက်စာ မျက်နှာများ၌
Posted: 09 Oct 2014 09:21 PM PDT
အကောင်အထည်ဖေါ် တည်ဆောက်ရေး လုပ်ငန်းတွေ အလွန် နှေးကွေး နေတဲ့ ထားဝယ် ရေနက်ဆိပ်ကမ်းနဲ့ အထူး စီးပွားရေး ဇုန်စီမံကိန်း ပြန်လည်သက်ဝင် လှုပ်ရှားလာနိုင်အောင်၊ ထိုင်း စီးပွားရေး လုပ်ငန်းတွေကို စီမံကိန်းရဲ့ ပိုမိုကြီးမားတဲ့ အခန်း ကဏ္ဍကနေ ဆောင်ရွက်ခွင့်ပြုဖို့ သမ္မတ ဦးသိန်းစိန်နဲ့ ထိုင်း စစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ် ချန်အိုချာတို့ သဘောတူညီ လိုက်ကြပါတယ်။ လုပ်ငန်းပမာဏ အလွန်တရာကြီးမားတဲ့ ထားဝယ်
Posted: 09 Oct 2014 09:19 PM PDT
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နဲ့ မြန်မာ ၊ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကြား ဆက်သွယ်ရေးလမ်းမတွေ ဖေါက်လုပ်ရေး စီမံကိန်းကို မနေ့က စတင်လိုက်ပါတယ်။ ကမ္ဘာ့ဘဏ်ရံပုံငွေ အမေရိကန်ဒေါ်လာ ၁၀၇ သန်း ကုန်ကျမယ့် အဲဒီစီမံကိန်းကို မီဇိုရမ်ပြည်နယ် ၀န်ကြီးချုပ်က ဖွင့်လှစ်ပေးခဲ့တာပါ။ ဖေါက်လုပ်မယ့်လမ်းတွေဟာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးစခန်းတွေနဲ့ ဆက်သွယ်မှုပိုပြီး တိုးတက်ကောင်းမွန်စေရေးအတွက် ဖြစ်ပါတယ်။
Posted: 09 Oct 2014 08:46 PM PDT
 ယီမင်နိုင်ငံ ဆာနာမြို့တော်မှာ ရှီယားမွတ်စလင် ဟူတီမျိုးနွယ်စုတွေကို ပစ်မှတ် ထားတဲ့ အသေခံဗုံးခွဲမှု ဖြစ်ခဲ့ပြီး သေဆုံးသူ ၄၂ ဦးထိရှိလာပြီလို့ ဆေးရုံသတင်းရင်းမြစ် တွေက ဆိုပါတယ်။ အများအပြားလည်း ဒဏ်ရာပြင်းထန်ကြတာကြောင့် သေဆုံးသူဦးရေ ထပ်တိုးလာဖို့ ရှိပါတယ်။ ဟူတီမျိုးနွယ်စုတွေ ဆန္ဒပြပွဲတခုအတွက် ပြင်ဆင်နေတဲ့နေရာမှာ အခုလို အသေခံဗုံးခွဲခဲ့တာ ဖြစ်ပြီး လောလောဆယ်တော့ တာဝန်ခံသူ မရှိသေးပါဘူး။ ဟူတီတွေဟာ
Posted: 09 Oct 2014 08:46 PM PDT
မက္ကဆီကို နိုင်ငံ Guerrero ပြည်နယ်မှာ အရင်လက ရဲက ဖမ်းသွားတဲ့ ကျောင်းသား တွေရဲ့ ရုပ်အလောင်း တွေ မြှုပ်ထားရာ လို့ ယူဆရတဲ့ ကျင်းသစ်ကြီး ၄ ကျင်းကို ထပ်ပြီးတော့ ရှာတွေ့တယ် လို့ မက္ကဆီကို အာဏာပိုင် တွေက ပြောကြား လိုက်ပါတယ်။ အဖမ်းခံရတဲ့ ကျောင်းသား ၄၃ ယောက်ကို ရှာတွေ့ဖို့ Iguala မြို့နဲ့ အနားတဝိုက်မှာ ပိုက်စိပ်တိုက် ရှာဖွေ ခဲ့ရပါတယ်။ မီးလောင် ကျွမ်းထားတဲ့ အလောင်း ၂၈ လောင်းကို ခပ်တိမ်တိမ် တူးထားတဲ့ ကျင်း ၆
Posted: 09 Oct 2014 08:46 PM PDT
မြန်မာနိုင်ငံကို ​ရောက်ရှိနေတဲ့ ​ထိုင်းနိုင်ငံ ​ဝန်ကြီးချုပ် ​Prayuth ​Chan-ocha ​က ​မနေ့တုန်းက ​သမ္မတ ​ဦးသိန်းစိန်နဲ့ ​နေပြည်တော်မှာ ​တွေ့ဆုံခဲ့ပါတယ်။ ထိုင်းဝန်ကြီးချုပ်အဖြစ် ​သြဂုတ်လကတည်းက ​စတင် ​တာဝန်ထမ်းဆောင်ပြီးနောက် ​ပထမဆုံး ​နိုင်ငံခြား ​ခရီးစဉ်အဖြစ် ​မြန်မာနိုင်ငံကို ​လာရောက်ခြင်း ​ဖြစ်ပါတယ်။ ချစ်ကြည် ​ရင်းနှီးမှု ​ရှိပြီးသား ​မြန်မာနဲ့ ​ထိုင်းနိုင်ငံအကြား ​ပိုပြီး ​ရင်းနှီးမှု 
Posted: 09 Oct 2014 08:46 PM PDT
ထိုင်းနိုင်ငံ လိပ်ကျွန်း လူသတ်မှုမှာ စွပ်စွဲ ဖမ်းဆီး ခံထားရတဲ့ မြန်မာ အလုပ်သမား ၂ ဦး လွတ်မြောက်ရေး မြန်မာ့ လူမှုဘ၀ တိုးတက် မြင့်မားရေး အဖွဲ့က အောက်တိုဘာ ၁၀ ရက်နေ့ မနက်က ရန်ကုန်မြို့တော် ခန်းမရှေ့ ဆန္ဒပြ တောင်းဆို ခဲ့ကြပါတယ်။ စက်တင်ဘာ ၁၅ ရက်နေ့က အသက်နှစ်ဆယ်ကျော် ဗြိတိသျှလူမျိုး လူငယ်အမျိုးသမီးတဦးနဲ့ အမျိုးသားတဦး ခိုတောင် ကျွန်းကမ်းစပ်မှာ သတ်ဖြတ်ခံခဲ့ရမှုနဲ့ပတ်သက်ပြီး မြန်မာလူငယ် ၂ ဦး
Posted: 09 Oct 2014 08:46 PM PDT
ရန်ကုန်၊ အောက်တိုဘာ ၈ သံသယများစွာ၊ အငြင်းပွား ဖွယ်ရာများစွာဖြင့် ထိုင်းနိုင်ငံ၊ လိပ်ကျွန်း(Kho Tao)တွင် ဖြစ်ပွားခဲ့ သည့် ဗြိတိန် နိုင်ငံသား စုံတွဲ အသတ်ခံရခြင်းတွင် ၀န်ခံခဲ့သည့် မြန်မာနိုင်ငံသား နှစ်ဦး၏ ဖြစ်စဉ်မှာ ယခု ရက်ပိုင်းများအတွင်း ကမ္ဘာ့မီဒီယာများ၊ မြန်မာ့မီဒီယာများနှင့် လူမှုကွန်ရက် စာမျက်နှာများတွင် အကြီးကျယ်ဆုံး သတင်းတစ်ပုဒ် အဖြစ် ကျယ်ပြန့်သထက် ကျယ်ပြန့် လာနေသည်။ ထိုင်းနိုင်ငံေ
Posted: 09 Oct 2014 08:45 PM PDT
မြန်မာနိုင်ငံရဲ့ ငွေကြေး ဖောင်းပွ မှုနှုန်းကို လျော့ချနိုင်မှသာ ပြည်တွင်းဘဏ် တွေရဲ့ အတိုးနှုန်းကိုလည်း လျော့ချနိုင်မှာ ဖြစ်တယ်လို့ ဘဏ်လုပ်ငန်း ဆိုင်ရာ ကျွမ်းကျင်သူတွေက ထောက်ပြပြောဆို လိုက်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ ဘဏ်အတိုးနှုန်းတွေက အိမ်နီးချင်းနိုင်ငံတွေနဲ့ ယှဉ်ရင် အတိုးနှုန်းတွေက ကြီးမြင့်နေပါတယ်။  မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွ မှုနှုန်းကလည်း ၇ ရာခိုင်နှုန်းမှာ ရှိတာကြောင့် ဘဏ်အတိုးနှုန်းတွေ
Posted: 09 Oct 2014 08:44 PM PDT
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရဲ့  သက်တမ်း (၆) လအတွင်း လာဘ်ပေးလာဘ်ယူမှုနဲ့ ပတ်သက်တဲ့ တိုင်ကြားစာ (၅၀၀) ကျော် လက်ခံရရှိခဲ့ပေမဲ့ (၃) စောင်ကိုသာ အရေးယူနိုင်ကြောင်း စက်တင်ဘာလ (၁၉) ရက်နေ့က သတင်းထုတ်ပြန်တဲ့ အတွက် လွှတ်တော်မှာရော သတင်းမီဒီယာ လောကမှာရော မေးမြန်းစရာ ဝေဖန်စရာ ဖြစ်လာပါတယ်။ လစာနဲ့ မစားလောက်လို့ လာဘ်စားတဲ့ ဝန်ထမ်းနဲ့ ချမ်းသာချင်လို့ လာဘ်စားတဲ့ ဝန်ထမ်းဆိုပြီး ဝန်ထမ်းနှစ်မျိုး ရှိပါတယ်။
Posted: 09 Oct 2014 08:44 PM PDT
မော်လမြိုင်၊ အောက်တိုဘာ ၅ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရင်းရယ်ကျေးရွာနေ စိတ်ရောဂါ ဝေဒနာ ရှင်တစ်ဦးက အိမ်နီးချင်းများအား ရဲဒင်းဖြင့် လိုက်ခုတ်မှုကြောင့် တစ်ဦးဒဏ်ရာရရှိခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးက သွားရောက်တားမြစ်ခဲ့ရာမှ တူမီးသေ နတ်ထိမှန်ပြီး အဆိုပါစိတ်ရောဂါဒေ၀နာရှင် သေဆုံးမှု တစ်ရပ်ဖြစ်ပွားခဲ့သည်။ အောက်တိုဘာ ၄ ရက် နံနက် ၁ နာရီက စိတ်ဝေဒနာ ခံစားနေရသူ ဦးအဖ(၄၀)နှစ်က ၎င်း၏ အိမ်နီးချင်းများ ဖြစ်သူ
Posted: 09 Oct 2014 08:43 PM PDT
ဆီးရီးယားနိုင်ငံ ​ကိုဘာနီမြို့ ​နေရာတချို့ကို ​IS ​အစ္စလာမ်မစ် ​စစ်သွေးကြွတွေ ​သိမ်းပိုက်နိုင်ခဲ့ပေမယ့် ​အခုအခါမှာ ​အမေရိကန် ​ဦးဆောင်တဲ့ ​ဝေဟင်တိုက်ခိုက်မှုနဲ့ ​Kurdish ​အဖွဲ့ရဲ့ ​ထိုးစစ်ဆင်မှုတွေကြောင့် ​IS ​အဖွဲ့တွေ ​ရှုံးနိမ့်နေတဲ့ ​အခြေအနေ ​ရောက်ရှိနေပါတယ်။ ကိုဘာနီမြို့ရဲ့ ​သုံးပုံ ​တစ်ပုံကို ​IS ​တပ်ဖွဲ့က ​သိမ်းပိုက်နိုင်ခဲ့တယ်ဆိုတဲ့ ​သတင်းတွေ ​ထွက်ပေါ်ခဲ့ပေမယ့် ​အခုအခါမှာ ​Kurdish ​တပ်ဖွဲ့က 

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...