Sunday, October 12, 2014

((ဆားအတုစားသူများ))

(((ဆားအတုစားသူများ)))

အင်တာနက်တရိုးမှာလ
အစဉ်လာဖက်ဆိုးလာကြပါတဲ့
ဖျက်ပိုးများရဲ့ဘ၀င်။

တပိုင်းကြောင် စာပေအသိရယ်နဲ့
တဏှာတွေအတိ မာနထောင်လို့
စာအရ ဘယ်ဒင်းဘယ်ဟာနဲ့
အပါယ်ဆင်းစရာ ရိက္ခာအများကိုမှ
မိတ်သဟာများနဲ့ ရှာစုကြပါတဲ့
စာသုတရှင်။

ဘယ်ရိပ်သာ ဘယ်နည်းနဲ့
ဘယ်ဘုန်းကြီး ဘာတရားတွေက
ဘာအမှား ဘယ်လောက်ရှိတယ်ရယ်လို့
အပါယ်ရောက်မည့် ဥာဏ်တစလယ်လောက်နဲ့
အသံကျယ်ဟောက်ကာ အမှားပြင်
တရားရှင်လို့သူတို့ကြွား။

စာကျက်ကာဆော်
ဒါအတွက်အဖော်ရရင်ဖြင့်
တဏှာဖက်ပျော်ကြ အမှားအတိဂေါက်တဲ့ပြင်
စာရွက်ပေါ်က ဆားအသိလောက်ရယ်နဲ့
တရားမသိ အဆဲအဖော်ရရင်ဖြင့်
အစွဲပျော်ကျ အမှားအပြစ်ပြင်လို့
စားပွဲပေါ်က ဆားအစစ်မြင်ကြပါတဲ့
တရားအစစ်သခင် အရိယာများကိုမှ
သွားအပြစ်တင် အသိဗလာနွားတွေက
တရားအားထုတ်ဖို့တော့ စိတ်မ၀င်စားပါပဲ
သိပ်ဖင်ယားစွာ အမျက်ပွားဆိုစကားတွေနဲ့
မဂ်တားဖိုလ်တား အန္တရာယ်လောက်မှမသိ
မာန်စွယ်ပေါက်သမျှ အစွယ်မချိုးတဲ့ပြင်
အပါယ်ဒိုးမဲ့ ဘ၀င်အစဉ်များစွာနဲ့
အော်.. ဒယ်အိုးရဲ့အရှင်သခင်များ။ ။

ငြိမ်းသစ္စာ… ၁၁.၁၀.၁၄

အင်တာနက်တရိုးမှာလ
အစဉ်လာဖက်ဆိုးလာကြပါတဲ့
ဖျက်ပိုးများရဲ့ဘ၀င်။

တပိုင်းကြောင် စာပေအသိရယ်နဲ့
တဏှာတွေအတိ မာနထောင်လို့
စာအရ ဘယ်ဒင်းဘယ်ဟာနဲ့
အပါယ်ဆင်းစရာ ရိက္ခာအများကိုမှ
မိတ်သဟာများနဲ့ ရှာစုကြပါတဲ့
စာသုတရှင်။
ဘယ်ရိပ်သာ ဘယ်နည်းနဲ့
ဘယ်ဘုန်းကြီး ဘာတရားတွေက
ဘာအမှား ဘယ်လောက်ရှိတယ်ရယ်လို့
အပါယ်ရောက်မည့် ဥာဏ်တစလယ်လောက်နဲ့
အသံကျယ်ဟောက်ကာ အမှားပြင်
တရားရှင်လို့သူတို့ကြွား။
စာကျက်ကာဆော်
ဒါအတွက်အဖော်ရရင်ဖြင့်
တဏှာဖက်ပျော်ကြ အမှားအတိဂေါက်တဲ့ပြင်
စာရွက်ပေါ်က ဆားအသိလောက်ရယ်နဲ့
တရားမသိ အဆဲအဖော်ရရင်ဖြင့်
အစွဲပျော်ကျ အမှားအပြစ်ပြင်လို့
စားပွဲပေါ်က ဆားအစစ်မြင်ကြပါတဲ့
တရားအစစ်သခင် အရိယာများကိုမှ
သွားအပြစ်တင် အသိဗလာနွားတွေက
တရားအားထုတ်ဖို့တော့ စိတ်မ၀င်စားပါပဲ
သိပ်ဖင်ယားစွာ အမျက်ပွားဆိုစကားတွေနဲ့
မဂ်တားဖိုလ်တား အန္တရာယ်လောက်မှမသိ
မာန်စွယ်ပေါက်သမျှ အစွယ်မချိုးတဲ့ပြင်
အပါယ်ဒိုးမဲ့ ဘ၀င်အစဉ်များစွာနဲ့
အော်.. ဒယ်အိုးရဲ့အရှင်သခင်များ။ ။

ငြိမ်းသစ္စာ… ၁၁.၁၀.၁၄

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...