လူကိုလူကဖန်ဆင်းခြင်း
ယနေ့ခေတ် ဆေးသိပ္ပံပညာမှာ အလွန်အံ့ဩ
စရာကောင်းတဲ့ ပုံတူမျိုးပွားခြင်းဆိုင်ရာ အတတ်
ပညာတစ်မျိုးရှိတယ်။ဆေးပညာအရ ကလုန်းနင်း
(Cloning)လို့ခေါ်တယ်။ထိုပညာက အဖြူရောင်
ရှိတဲ့ ဝက်တစ်ကောင်ရဲ့ စတမ်းမ်ဆဲလ် (Stem
Cell) ကိုယူပြီး အဲဒီအဖြူရောင်ဝက်နဲ့ ချွတ်စွတ်တူ
တဲ့ ဝက်ဖြူတစ်ကောင်ကို မွေးထုတ်ပေးတဲ့အတတ်
ပညာဖြစ်တယ်။
ဝက်ဖြူနဲ့ချွတ်စွတ်တူတဲ့
နောက်ထပ်ဝက်ဖြူ အကောင်ပေါင်းများစွာ
ကိုလည်း မွေးထုတ်ပေးနိုင်တယ်။
အမည်းရောင်ရှိတဲ့ သိုးတစ်ကောင်ကို
လည်း ချွတ်စွတ်တူအောင် မွေးထုတ်ပေးနိုင်တယ်။
ခန္ဓာကိုယ်ကအညိုရောင်ရှိပြီး ထိပ်မှာအဖြူကွက်
ပါတဲ့ မြင်းကိုလည်း ချွတ်စွတ်တူအောင် မွေးထုတ်
ပေးနိုင်တယ်။အခြားသော တိရိစ္ဆာန်တွေကိုလည်း
ပုံတူမျိုးပွားပေးနိုင်တယ်။
ဆေးသိပ္ပံပညာရှင်လူသားတွေဟာ
တိရိစ္ဆာန်သာမကပဲ လူကိုပါ ပုံတူမျိုးပွားနိုင်စွမ်း
ရှိကြတယ်။တိရိစ္ဆာန်တွေကို ပုံတူမျိုးပွားတာ
ပြသနာမဟုတ်ပေမယ့် လူကိုပုံတူမျိုးပွားတဲ့အခါ
ပြသနာနှစ်ရပ်ပေါ်လာတယ်။
ပထမပြသနာက.......ရွှေအိုရောင်ဆံပင်၊
အပြာရောင်မျက်လုံး၊နှုတ်ခမ်းပါးပါး၊အရပ်
အမောင်း ငါးပေဆယ်လက်မရှိတဲ့ မောင်ဘလို
လူမျိုး ဆယ်ယောက်လောက်ပုံတူမျိုးပွားလိုက်
ရော။မောင်ဘ ဆယ်ယောက်ထဲက တစ်ယောက်
က ဘဏ်တစ်ဘဏ်ကို ဖောက်ထွင်းလုယက်သွား
ကြောင်း စီစီတီဗွီကင်မရာမှ တဆင့်သိရတယ်။
အဲဒီမှာပြသနာကစပြီ။မောင်ဘဆယ်ယောက်ထဲ
က ဘယ်မောင်ဘကို ဖမ်းမှာလဲ။ဟိုကောင်တွေက
လည်း သူလုပ်တာ၊ငါမလုပ်ဘူးဆိုပြီးငြင်းကြမှာ။
တစ်ယောက်ကိုတစ်ယောက် စွပ်စွဲကြမှာ။
မောင်ဘကမလှနဲ့ ရည်းစားဖြစ်ရင်လည်းပြသနာ
ပေါ်မှာပဲ။မောင်ဘက မလှနဲ့အိမ်ထောင်ကျသွား
ရင်တော့ ပြသနာက ပိုကြီးသွားပြီ။ဒီလိုပဲ.......
ချောမောလှပတဲ့ မိန်းကလေးတစ်ယောက်ကို
ဆယ်ယောက်လောက် ပုံတူမျိုးပွားရင်လည်း
ပြသနာများစွာ ပေါ်လာမှာပဲ။
ဒုတိယပြသနာက...တစ်ချို့ဘာသာတွေမှာ
လူကို ဘုရားသခင်က ဖန်ဆင်းတယ်လို့ဆိုထား
တယ်။လူကို ပုံတူမျိုးပွားနိုင်ပြီလို့လည်းဆိုရော
ဘာသာရေးဆရာတွေ ယောက်ယက်ခက်ကုန်
ရော။ဘာလို့လဲဆိုတော့ သူတို့ဘာသာက လူကို
ဘုရားသခင်က ဖန်ဆင်းတယ်လို့ဆိုထားတာ။
ခုဟာက လူကိုလူကဖန်ဆင်းတာကိုး။အဲဒီမှာ
ဘာသာရေးဆရာတွေက လူကိုပုံတူမျိုးပွားတဲ့
ပညာကို ဆက်မလုပ်ဖို့ တားမြစ်ပိတ်ပင်တော့
တာပဲ။
ထို့ကြောင့် လူကိုလူကဖန်ဆင်းတဲ့ပညာ
ကို လူကပဲ ဆက်မလုပ်ဖို့ပိတ်ပင်လိုက်တဲ့အတွက်
လူတွေကြားထဲ တိတ်ဆိတ်သွားခဲ့ရတယ်။
လူသားတိုင်း တန်ဖိုးရှိသောလူ့ဘဝလေးမှာ
အကောင်းဆုံးသောလူ့စွမ်းရည်၊အမြင့်ဆုံးသော
လူ့စွမ်းအားတို့ကိုအသုံးချပြီး အအောင်မြင်ဆုံး
သော လူ့ဘဝကို ရရှိပိုင်ဆိုင်နိုင်ကြပါစေ။
ဦးတိုးအောင်
( မေမြို့တွင် ဟောကြားတော်မူသော
ဆရာတော် အရှင်အာဒိစ္စရံသီ၏
တရားတော်ကို မှီငြမ်းထားသည်)
( မေမြို့တွင် ဟောကြားတော်မူသော
ဆရာတော် အရှင်အာဒိစ္စရံသီ၏
တရားတော်ကို မှီငြမ်းထားသည်)
0 comments:
Post a Comment